← Chapters

ဓားချက်တစ်ဘီလီယံ

Vol. 10 Ch. 126

ဓားချက်တစ်ဘီလီယံ

Vol. 10 Ch. 126

ကောင်းကင်တောက်ပ ကျောက်တုံးသည် ကောင်းကင်လှေကို ဖုံးအုပ်နေသော အလင်းလွှာကြီးတစ်ခု ထုတ်ဖော်လိုက်သည်။ စစ်သည်တော်များသည် မဟာကျောင်းဆောင်၏ ဒေါသကို ကြောက်သောကြောင့် ယွမ်ရှောင်နှင့် ချန်ရီအနားမှ ခပ်ခွာခွာ နေခဲ့ကြ၏။ ချန်ရီသည် ပဲ့ကို ထိန်းချုပ်မောင်းနှင်နေပြီး ယွမ်ရှောင်က ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်ကာ တိမ်များကို ငေးမောနေသည်။ ထိုအချိန်တွင် ခရမ်းရောင်မျက်လုံးများနှင့် ကျင့်ကြံသူတစ်ယောက်က ချဥ်းကပ်လာကာ​မေးခွန်းထုတ်လိုက်၏။ သူ၏ဆံပင်များက ရှုပ်ပွနေကာ ခန္ဓာကိုယ်မှာ ကြီးမားတုတ်ခိုင်၍ ချီစွမ်းအင်များ သိပ်သည်းနေသည်။

"ဓားကျင့်ကြံသူလား"

"ဟုတ်တယ်"

"ကျုပ်က လန့်ကော်ပါ။ လမ်းဘေးခွေးလို့ အဓိပ္ပါယ်ရပေမယ့် ရှေးဟောင်းဆိုရိုးအတိုင်း မှည့်ထားတာ။ စကြဝဠာက ခြားနားလို့ အရာရာကို လမ်းဘေးခွေးလို သဘောထားရတယ်။ ငါ့ကို အစ်ကိုကော်လို့ ခေါ်နိုင်တယ်"

ထိုလူငယ်က သူ့ကိုယ်သူ မိတ်ဆက်ကာ ရယ်မောလိုက်သည်။

"အစ်ကိုကော် ကျုပ်က မဟာကျောင်းဆောင်ကို ရန်စထားတယ်နော်။ ခင်ဗျား မကြောက်ဘူးလား"

ယွမ်ရှောင်က မျက်ခုံးတစ်ချက်ပင့်၍ မေးလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ငါ့မှာလည်း အစွမ်းထက်နောက်ခံ ရှိပါတယ်"

"ဒါဆိုရင် မိတ်ဖြစ်ဆွေဖြစ် သောက်ကြတာပေါ့ ။ကျုပ်က ယွမ်ရှောင်ပါ"

ယွမ်ရှောင်က သေရည်အိုးတစ်လုံး ထုတ်ယူလိုက်သော်လည်း လန့်ကော်သည် ကျန်းမာရေးအကြောင်းပြကာ ငြင်းဆန်ပြီး လက်ဖက်ရည်ကြမ်းတစ်အိုး ဆွဲထုတ်ခဲ့သည်။ သူက နဂါးတစ်ကောင်ပမာ ကြမ်းတမ်းပုံပေါ်သော်လည်း လက်ဖက်ရည်ကြမ်းကို အရသာခံသောက်နေသဖြင့် ယွမ်ရှောင်ကို ပြုံးမိစေသည်။ ထို့နောက် သူတို့သည် ကုန်းပတ်ပေါ်တွင် သက်ဆိုင်ရာ အဖျော်ယမကာကိုယ်စီဖြင့် ရှုခင်းကြည့်နေခဲ့ကြသည်။

"မင်းရဲ့ ဓားဝိညာဥ်ကို ပြလို့ရမလား။ အများကြီးမတွေးပါနဲ့။ ငါက ဓားသမားတစ်ယောက်မှ မမြင်ဖူးလို့ပါ"

လန့်ကော်က တောင်းဆိုလိုက်သောအခါ ယွမ်ရှောင်သည် ခေါင်းညိတ်၍ ဓားစက်ကွင်းများနှင့် ဓားအော်ရာများ လွှမ်းခြုံနေသည့် ဓားဝိညာဥ်ကို ထုတ်ပြခဲ့သည်။ ကောင်းကင်သင်္ချိုင်းဓား၏ အရည်အသွေးကြောင့် သူက အံ့သြမင်သက်သွားကာ လူအများကြားမှ ဘုရင်တစ်ပါး၊ ဓားများအကြားမှ ဓားဧကရာဇ်ဟူ၍ပင် ချီးကျူးကာ လက်ဖက်ရည်ခွက်ဖြင့် ဂုဏ်ပြုခဲ့သည်။

"ဒီခေတ်မှာ မင်းလိုပါရမီရှင်မျိုး ထွက်ပေါ်လာမယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ အရမ်းကောင်းတယ်"

လန့်ကော်သည် ယွမ်ရှောင်နှင့် ခွက်ချင်းတိုက်ကာ တစ်ခုခုကို သတိရသွားပုံပေါ်သည်။

"ဓားသမားတွေက ရှားပါးလို့လား"

တစ်ဖက်လူ၏ စကားကြောင့် ယွမ်ရှောင်က ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ ဓားသမားက တိုက်ခိုက်ရေးစွမ်းအား ပြင်းထန်ပြီး ခံစစ်အရာ၌ အားနည်းသော်လည်း အခြားကျင့်ကြံသူများထက် သန်မာသောကြောင့် လွယ်လွယ် မသေနိုင်ကြပေ။

"ရှားတာပေါ့ကွ။ အင်မော်တယ်အင်ပါယာရဲ့ နယ်မြေ၉၉ခု မှာ ဓားဝိညာဥ် အစွမ်းထက်ရင်တောင် ဘယ်သူမှ ဓားလမ်းစဥ်ကို မလိုက်ရဲဘူး။ မင်းရဲ့သတ္တိက လေးစားထိုက်တယ်။ ငါ့ဘိုးတော် ပြောဖူးတာ ရှိတယ်။ ကျင့်ကြံသူတိုင်းကို သတိထားရမယ်ဆိုပေမယ့် ဓားသမားတစ်ယောက်ကို တွေ့ရင်တော့ မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တယ်"

လန့်ကော်က စိတ်ဓာတ်တက်ကြွစွာ ချီးကျူးလိုက်သည်။ ယွမ်ရှောင်က ဓားလမ်းစဥ်ကို အခြားသူများ မကျင့်ကြံရဲသော အကြောင်းအရင်းကို မသိသဖြင့် မေးခွန်းထုတ်လိုက်ရာ သူ့ကို အံ့သြသွားစေသည်။ ဓားနယ်မြေတွင် လူတိုင်းက ဓားကျင့်ကြံသူများ ဖြစ်သောကြောင့် ဤအချက်က ယွမ်ရှောင်အတွက် မထူးဆန်းပေ။

"ကြည့်ရတာ မင်းက ဘာမှမသိဘူး ထင်တယ်။ အရာအားလုံးက နတ်ဆိုးတွေကြောင့် ဖြစ်လာခဲ့တာ။ မင်းရဲ့ ဓားအော်ရာအတွက် နတ်ဆိုးအရိုးကို အသုံးပြုရတယ်။ ဓားစက်ကွင်း အစွမ်းထက်လာဖို့ နတ်ဆိုးရဲ့ တစ်ကိုယ်လုံးကို သွေးကျောက်အဖြစ် သန့်စင်ရတယ်။ ဒါကြောင့် နတ်ဆိုးတွေနဲ့ ဓားသမားတွေက မဟာရန်သူတွေ ဖြစ်လာကြတယ်။ သူတို့က အခြားကျင့်ကြံသူတွေအပေါ်မှာတော့ ရန်မလိုဘူး။ မင်းရဲ့အသွေးအသားကို လက်နက်တစ်ခုအဖြစ် သန့်စင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ နတ်ဆိုးတစ်ယောက်ချင်းစီက ဓားသမားတွေကို မျိုးရိုးအဆက်ဆက် အရမ်းမုန်းတီးခဲ့ကြတာ"

လန့်ကော်က သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်သည်။

"တကယ်လို့ နတ်ဆိုးတွေသာ လူတွေကို ဒုက္ခမပေးရင် အသတ်ခံရမှာ မဟုတ်ဘူးလေ။ ဒါက သူတို့နဲ့ ထိုက်တန်ပါတယ်"

ယွမ်ရှောင်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

"ဒီအချက်ကပဲ ဓားသမားတွေ ကျဆင်းလာရတဲ့ အကြောင်းအရင်းပေါ့ကွာ။ တစ်ချိန်တုန်းက မင်းတို့ဟာ တောက်ပခဲ့ကြပြီး အင်မော်တယ်အင်ပါယာရဲ့ အသန်မာဆုံးနယ်မြေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် သမိုင်းကြောင်းထဲကို ရောက်သွားခဲ့ပြီ"

လန့်ကော်က ကောင်းကင်ကို မော့ကြည့်၍ တွေးဆနေပုံရသည်။

"ဒီအကြောင်းကို ဓားပင်လယ်မှာ ဘယ်သူမှ မပြောကြဘူး။ သိမယ်လည်း မထင်ပါဘူး။ နောက်ထပ် ဘာတွေဆက်ဖြစ်သေးလဲ"

ယွမ်ရှောင်၏မေးခွန်းကို လန့်ကော်က အောက်ပါအတိုင်း ဖြေကြားခဲ့ပြီး အကြောင်းအရင်းမှာ နတ်ဆိုးကုန်းမြေကြောင့် ဖြစ်နေခဲ့သည်။ ၎င်း၏ မူလအရင်းခံကို မသိရသော်လည်း နတ်ဘုရားကုန်းမြေအထက်တွင် ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးများ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။ ဤသို့ဖြင့် နတ်ဆိုးများ အင်အားကြီးမားလာကာ ကျင့်ကြံသူများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်တည်လာ၏။ နတ်ဆိုးကုန်းမြေ၏ အုပ်ချုပ်သူများက လူသားများနှင့် ယှဥ်တွဲနေထိုင်ရန် သဘောတူခဲ့သော်လည်း ဓားသမားများကိုမူ ရှင်းပစ်ချင်ခဲ့သည်။ သူတို့က နတ်ဘုရားကုန်းမြေ၏ အင်မော်တယ်အင်ပါယာများနှင့် နှစ်ပေါင်းထောင်ချီအောင် စစ်မက်ဖြစ်ပွားခဲ့ပြီး လူသားများဘက်မှ အရေးနိမ့်ခဲ့သည်။ ကောင်းကင်နတ်ဆိုးဧကရာဇ်က စစ်ပြေငြိမ်းရန်အတွက် ဓားသမားများကို သတ်ရမည်ဟု တောင်းဆိုခဲ့ပြီး ဓားသမားများမှာ သစ္စာဖောက်ခံလိုက်ရသည်။ လန့်ကော်၏ ပြောကြားချက်အရ နတ်ဘုရားကုန်းမြေ၏ ဂုဏ်ယူရသော ဓားနယ်မြေမှ ဓားသမားတစ်ဘီလီယံကျော် အသတ်ခံလိုက်ရပြီး မျိုးဆက်ပြတ်သွားခဲ့သည့်အပြင် နတ်ဆိုးများထံ ရောင်းစားခံလိုက်ရသည်။ ဤသူရဲကောင်းများက ငြိမ်းချမ်းရေးအတွက် စတေးခံခဲ့ပြီး ကောင်းကင်နယ်မြေတွင် ဓားချက်ပေါင်း တစ်ဘီလီယံကျော် ထင်ဟပ်နေသည့် ဓားတာအိုကျောက်တိုင် တည်ရှိ၏။ ဓားတစ်ချက်ချင်းစီသည် သေဆုံးခဲ့ရသော သူရဲကောင်းတစ်ယောက်ချင်းစီကို ရည်ညွှန်းပေသည်။

"ဓားသမားတွေက သူရဲကောင်းလုပ်ဖို့ ဖိအားပေးခံခဲ့ရတာပဲ"

ယွမ်ရှောင်က မှတ်ချက်ပေးလိုက်ပြီး မဟာဖုန်းဆိုးမြေစာချုပ်အပေါ် သံသယဝင်ဖူးသော်လည်း ဤမျှနက်ရှိုင်းသော အကြောင်းတရားများ ရှိနေမည်ဟု ထင်မထားပေ။

"စိတ်ထိန်းပါဦး။ ဒါက နှစ်တွေအရမ်းကြာနေလို့ သမိုင်းတစ်ခု ဖြစ်သွားပါပြီ။ သေခဲ့ရတဲ့ ဓားသမားတွေလည်း ပြန်လည်ဝင်စားနေကြလောက်ပါပြီ။ ကောင်းကင်နယ်မြေမှာ ဓားတာအိုကျောက်တိုင်ကိုတောင် ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတယ်"

လန့်ကော်က ဒေါသထွက်နေသည့် ယွမ်ရှောင်၏ပခုံးကို တစ်ချက်ပုတ်ကာ နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်သည်။

"တကယ်တော့ ပြဿနာရဲ့ အရင်းအမြစ်က အားနည်းမှုဖြစ်နေတာပဲ။ တကယ်လို့ နတ်ဘုရားကုန်းမြေရဲ့ လူသားမျိုးနွယ်ကသာ နတ်ဆိုးတွေကို အနိုင်ရခဲ့ရင် ဒီလိုအဖြစ်မျိုး ရှိလာမှာ မဟုတ်ဘူး။ ငါလည်း မင်းလိုမျိုး နတ်ဆိုးတွေကို မုန်းတီးပေမယ့် အရှိတရားကို လက်ခံရတယ်။ သူတို့က ပိုသန်မာပြီး အင်မော်တယ်တိုက်ပွဲမှာ နတ်ဆိုးပါရမီရှင်တွေ ရောက်လာရင် ငါတို့ မခုခံနိုင်လောက်ဘူး"

"ရန်သူက သန်မာတဲ့အတွက် အချင်းချင်းထိုးကျွေးပြီး အသက်ချမ်းသာဖို့ တောင်းဆိုခဲ့ကြတာပဲ"

"မင်းက တကယ့်ဓားသမား ပီသပါပေတယ်။ မင်းတို့က အဆုံးထိ လက်လျှော့မယ့် လူစားမျိုးတွေ မဟုတ်ဘူး"

လန့်ကော်က တစ်ချက်ပြုံး၍ ချီးကျူးလိုက်သည်။

"ဒါပေမယ့် ဓားသမားတွေက ကုန်းမြေနှစ်ခုရဲ့ တိုက်ပွဲမှာ ထိုးကျွေးခံဖြစ်ခဲ့ပြီး ကျောက်စာတိုင်လေးတစ်ခုနဲ့ ချွေးသိပ်ခံလိုက်ရတယ်လေ"

ယွမ်ရှောင်က မကျေမနပ် ရေရွတ်လိုက်သည်။

"ဒီသမိုင်းကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့။ နှစ်ပေါင်းများစွာကြာလို့ ခေါင်းဆောင်တွေလည်း သေသွားပါပြီ။ ဒီဆုံးဖြတ်ချက်အတွက် တာဝန်ရှိတဲ့ လူတွေလည်း ဘယ်နှခါလောက် ပြန်လည်ဝင်စားနေပြီလဲ မသိဘူး။ ဘိုးဘေးတွေရဲ့ အမှားအတွက် လက်ရှိခေတ်မှာ ရန်လိုနေဖို့ မသင့်တော်ဘူး။ မျိုးဆက်သစ်တွေအနေနဲ့ ခက်ခက်ခဲခဲ ရထားတဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရုံပဲ တတ်နိုင်တယ်ကွာ"

လန့်ကော်သည် ခဏတာ တိတ်ဆိတ်သွားကာ မချိပြုံးပြုံးရင်း ပြောလိုက်လေသည်။

All Chapters