← Chapters

ချီဖြိုခွဲခြင်း လက်ဝါး

Vol. 25 Ch. 336

ချီဖြိုခွဲခြင်း လက်ဝါး

Vol. 25 Ch. 336

ကျောက်တုံးစင်မြင့်ခြောက်ခုမှာ မျက်နှာချင်းဆိုင်လျက်ရှိပြီး ပုံရိပ်ခြောက်ခုစီမှ အကြည့်များသည် မီးစက်မီးပွားများပင် လွင့်စင်မတက်ရှိသည်။

ဝေဖန်ဆွေးနွေးသံများမှာ တိတ်ဆိတ်သွားပြီး တိုက်ပွဲစင်မြင့်ဆီသို့ ကြည့်လိုက်ကြသည်။

ထုံးလုံမှာ စိန်းထိုက်ယွမ်လက်အောက်မှ ပထမတန်း

ရွှေခါးစည်းတပည့်ဖြစ်ပြီး မူလစဦးပဥ္စမအဆင့်တပည့်များအကြားတွင် လက်ရွေးစင်ဖြစ်ကာ ဇူယွမ်နှင့်တိုက်ခိုက်ခ့ဲသော ချောင်းစူည်ထက် များစွာ ပို၍ သန်မာသူဖြစ်သည်။

သူသည် ဂူနန်းယှဥ်ပြိုင်ပွဲတွင် အဖွဲ့၏ခေါင်းဆောင်နေရာအား ရရှိထားသူ ဖြစ်သည့်အလျှောက် ခေတ္တမျှ တွေးတောချိန်ဆကာ ဖန်းစုန်အားကြည့်၍ ပြောလိုက်သည်။ "မင်းအရင်သွားလိုက်"

ဖန်းစုန်သည် သူပြီးလျှင် ဒုတိယမြောက် စွမ်းအားအပြည့်ဝဆုံးသူ ဖြစ်သည်။ထို့ကြောင့် ဖန်းယု သို့မဟုတ် ချန်းယွင်နှင့် ယှဥ်ပြိုင်နိုင်လောက်ပေသည်။

ဖန်းစုန်သည် ခေါင်းငြိမ့်ပြလိုက်ပြီးသည်နှင့်တစ်ပြိုက်နက် သူ၏အမူအယာမှာ လေးနက်တည်ကြည်သွားကာ ဤဂူနန်းယှဥ်ပြိုင်ပွဲသည်

မည်မျှပင် ပြင်းထန်သောတိုက်ပဲွဲဖြစ်လာမည်ကို မှန်းဆလျက်ရှိသည်။သူသည် အရှေ့သို့လျှောက်လှမ်းသွားလိုက်ပြီးနောက် တည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်သည်။ "ငါက ပထမဆုံးယှဥ်ပြိုင်မယ့်သူပဲ။ မင်းတို့ထဲကရော ဘယ်သူက ငါနဲ့ပြိုင်မှာလဲ။"

ဖန်းစုန်၏ပုံရိပ်အား မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက်

ဖန်းယုနှင့်ချန်းယွင်တို့၏ မျက်နှာပေါ်တွင် လျှို့ဝှက်သောအပြုံးများ ပေါ်ပေါက်လာလေသည်။

သူတို့နှစ်ယောက်သည် တည်ငြိမ်စွာပင် ထိုင်နေလျက်ရှိပြီး ဝေယိုရွှမ်းမှအရာအားလုံးကို ဖျက်စီးတော့မည့် အမူအရာဖြင့် ထွက်ပေါ်လာသည်။

ဝေယိုရွှမ်းအရှေ့အား လျှောက်လှမ်းလာသည်နှင့်တကွ များစွာသောတပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ တိုးတိတ်စွာ ထွက်ပေါ်လာခ့ဲသည်။

"အဲ့ဒါ ဝေယိုရွှမ်းမလား။ ငါကြားတာတော့ အကြီးအကဲလုဟုန်းရဲ့အောက်က ရွှေခါးစည်းတပည့်တွေထဲမှာ သူကအသန်မာဆုံးပဲတဲ့။စစပြိုင်ချင်းထဲက

သူကဘာလို့ ထွက်လာရတာလဲ။ ဟိုဖက်ကို အခွင့်အရေးလေးတောင်ပေးဖို့ အစီအစဥ် မရှိဘူးနဲ့တူတယ်။"

"အဟက်.....စစချင်းထဲက အသန်မာဆုံးလူနဲ့ပေါ့လေ။

စိတ်ဝင်စားစရာ ကောင်းသားပဲ။"

".........."

ထုံးလုံ၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားရသည်။

အကြီးအကဲလုဟုန်း၏အောက်ရှိ ရွှေခါးစည်းတပည့်များထဲတွင် သူအစိုးရိမ်ဆုံးမှာ ဝေယိုရွှမ်းပင်ဖြစ်သည်။သူအစက ယုံကြည်ခ့ဲသည်မှာ ဝေယိုရွှမ်း၏

အဆင့်အတန်းနှင့်ဆိုလျှင် နောက်ဆုံးတိုက်ပွဲမှ ထွက်လာလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤသို့ ပြိုင်ပွဲစလျှင်စချင်းမှာပင် ထွက်ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားပေ။

"ဝေယိုရွှမ်းက ဘာတွေတွေးနေတာလဲ။ သူက ပထမပွဲထဲက ယှဥ်ပြိုင်မယ်ဆိုရင် သူနိုင်တယ်ဆိုရင်တောင်မှ

သူ့ရဲ့စွမ်းအားတွေက အနည်းနဲ့အများတော့ ကုန်ဆုံးသွားမှာပဲ။အဲ့လိုဆိုရင် သူ့အတွက်ရော ဘာကောင်းကျိုးရှိမှာ မို့လို့လဲ။" ထုံးလုံ၏မျက်ဝန်းအစုံမှာ

စိတ်ရှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ပုံမှန်အတိုင်းဆိုလျှင် အသန်မာဆုံးသူမှာ နောက်ဆုံးပြိုင်ပွဲတွင်မှ

ထွက်ပေါ်လာလေ့ရှိကာ စွမ်းအင်များကို ချွေတာမည်သာ ဖြစ်သည်။

"အဟက်...ဝေယိုရွှမ်းက သူ့ကိုယ်သူ အရမ်းစိတ်ကြီးဝင်နေတာပဲ။"

ထုံးလုံမှာ အေးစက်စွာ စကားဆိုလိုက်သည်။ ဝေယိုရွှမ်းသည် သန်မာသည်ဆိုသည်မှာ မှန်ကန်သော်လည်း

သူ့ထက် အနည်းမျှသာ ပို၍သန်မာခြင်း ဖြစ်သည်။

ဝေယိုရွှမ်းကို စိုးရိမ်မိသည်မှာ အမှန်ပင်ဖြစ်သော်လည်း ပထမပွဲတွင် စွမ်းအင် အချို့တဝက် ကုန်ဆုံးဦးမည်ဖြစ်သဖြင့် အရမ်းတော့ စိတ်ပူစရာမရှိပေ။

ထို့အပြင် ဖန်းစုန်သည်လည်း အားနည်းသောသူတစ်ယောက် မဟုတ်ပေ။ထို့အတွက်ကြောင့် ဝေယိုရွှမ်းသည် ဖန်းစုန်အား အနိုင်တိုက်ရန်လည်း ထိုမျှလောက်

မလွယ်ကူပေ။

အတွေးအချို့အား တွေးတောလိုက်ပြီးသည့်နောက်တွင် ထုံးလုံသည် ဖန်းစုန်အားကြည့်ကာ

ခေါင်းငြိမ့်ပြလိုက်သည်။

ဖန်းစုန်သည် အသက်တဝကြီး ရှ္ူသွင်းလိုက်ကာ

သူတို့နှစ်ဖက်၏ အလယ်ရှိ ကျောက်တုံးစင်မြင့်ပေါ်သို့

ခုန်တက်သွားသည်။ထို့နောက် ဝေယိုရွှမ်းအား တည့်တည့်ကြည့်လိုက်ကာ စကားဆိုလိုက်သည်။ "လာခ့ဲ"

ဝေယိုရွှမ်းသည် အနည်းငယ်မျှရီလိုက်ကာ သူ၏

ခြေထောက်အောက်တွင် ချီစွမ်းအင်များ ဖြတ်သန်းသွားပြီး ကျောက်တုံးစင်မြင့်ပေါ်၌ တစ်ခါထဲပေါ်လာလေသည်။

ဖန်းစုန်သည် ဝေယိုရွှမ်းအား သတိထားကာ ဂရုတစိုက် ေစာင့်ကြည့်နေလျက်ရှိသည်။ အချိန်ဆွဲမနေတော့ပဲနှင့် သူ၏ ချီသိုလှောင်ခန်းထဲမှ မူလစဦးချီစွမ်းအင်များကို ခေါင်းပေါ်သို့ ထုတ်လွှတ်လိုက်သည်။

ဖန်းစုန်၏ချီစွမ်းအင်များသည် သူ၏ဦးခေါင်းထက်တွင် အခိုးအငွေ့သဏ္ဍာန်ဖြင့် လှည့်လည်နေလျက်ရှိကာ တောင်များကိုပင် တစ်စစီပြိုကွဲစေနိုင်သော

ဖိအားကို ထုတ်လွှတ်လျက်ရှိသည်။

ဝေယိုရွှမ်းကဲ့သို့ ပြိုင်ဖက်နှင့် ယှဥ်ပြိုင်ရမည့်အချိန်တွင် ဖန်းစုန်သည် သူ၏စွမ်းအင်များကို ထိန်ချန်ထားဖို့ရန် မဝ့ံရဲပေ။ပြိုင်ပွဲ၏အစ၌ပင် ရှုံးနိမ့်၍ အတိုတောင်းဆုံး ယှဥ်ပြိုင်ပွဲတစ်ခု ဖြစ်သွားမည်ကိုပင် စိုးရိမ်လျက်ရှိသည်။

ဖန်းစုန်မှ သူ၏စွမ်းအင်များကို အလုံးစုံ ထုတ်ပြနေသောအချိန်တွင် ဝေယိုရွှမ်းမှာမူ သူရပ်နေသောနေရာမှ တစ်လက်မပင် မရွေ့ပဲ တည်ငြိမ်နေလျက်ရှိသည်။

ဝေယိုရွှမ်းမှ သူ့အားအထင်သေးသောပုံစံကို မြင်တွေ့လိုက်ရသောအခါတွင် ဖန်းစုန်၏မျက်ခုံးများမှာ ရှုံ့တွသွားခ့ဲသည်။ ထိုခဏ၌ပင် ဖန်းစုန်သည် မြေ​ြပင်ပေါ်သို့ ဖြည်းညင်းစွာဆင်းသက်လာပြီး သူ၏ဦးခေါင်းထက်တွင် ရှိနေသော မူလစဦးချီစွမ်းအင်များပါ ရုတ်တရက် ဆင်းသက်လာခ့ဲသည်။

"သွား!"

ကြောက်မက်ဖွယ်အငွေ့အသက်များ ပါဝင်နေသော

မူလစဦးချီများက ဝေယိုရွှမ်းထံသို​ ့ အလွန်လျင်မြန်သောအလျင်ဖြင့် ရောက်ရှိသွားသည်။ချီစွမ်းအင်များသည် လေထုကိုပင် ​ဆုတ်ဖြဲသွားပြီး ကျောက်တုံးစင်မြင့်သည်ပင် ကွဲအက်ကုန်ရသည်။

ဖန်းစုန်သည် စွမ်းအင်အကုန် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ သူ၏တိုက်ခိုက်မှုမှာ ပုံမှန်မူလစဦးပဥ္စမအဆင့်တပည့်အား ရှုံးနိမ့်သွားစေရန် လုံလောက်ပေသည်။

ချီစွမ်းအင်များသည် ဝေယိုရွှမ်းထံသို့ မျက်စိတစ်မှိတ်စာမျှ အချိန်လေးအတွင်းမှာပင် ရောက်ရှိလာခ့ဲသည်။

ချီစွမ်းအင်များမှ ဝေယိုရွှမ်းအား ထိလုထိခင် အချိန်လေးမှာပင် ဝေယိုရွှမ်းမှ ဂရုပင်မစိုက်သော ပုံစံဖြင့် သူ၏လက်အား ေမြှာက်တင်လိုက်ပြီး ရိုက်ချလိုက်သည်။

ဝုန်း!

သူ၏လက်ဖဝါးနှင့်ပင် မူလစဦးချီစွမ်းအင်များအား

ဖြိုခွဲလိုက်သည်။ လူတိုင်းသည် ချီစွမ်းအင်များ ပြိုကွဲသွားခြင်းကို တအ့ံတသြနှင့်ပင် ကြည့်နေကြသည်။

ဝိုး!

ပင့်သက်ရှိုက်သံများဖြင့် ပြည့်နှက်သွားလေသည်။

ဤမူလစဦးချီစွမ်းအင်၏တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်ပြီး အနည်းငယ်လောက် ထိရုံနှင့်မျှပင် ပေါက်ကွဲစေနိုင်ကြောင်း သိရှိကြလေသည်။

ထိုသို့သောတိုက်ခိုက်မှုကို ဝေယိုရွှမ်းမှ အလွယ်တကူပင် ဖြိုခွဲနိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားပေ။

"ဘာ!" ဖန်းစုန်သည်လည်း တအ့ံတသြ ဖြစ်သွားရသည်။ သူ၏အမူအရာမှာ မှောင်မိုက်သွားပြီး လက်နှစ်ဖက်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ သူ၏

ဦးခေါင်းထက်တွင် လှည့်လည်လျက်ရှိသော ချီစွမ်းအင်များမှာ စုဝေးသွားပြီး ပေရာကျော်မျှရှိသော

လက်ဖဝါးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ

ဝေယိုရွှမ်းအား ရိုက်ချလိုက်သည်။

ချီလက်ဝါးကြီးသည် အားပြင်းလွန်းလှသဖြင့် မြေပြင်ကိုပင် ကွဲအက်စေလေသည်။

"ဒီတစ်ကြိမ်လည်း ဖြိုခွဲနိုင်ရင်ဖြိုခွဲလိုက်"

ဖန်းစုန်အော်ဟစ်လိုက်သည်အား ကြားရသည်နှင့်တစ်ပြိုင်နက် ဝေယိုရွှမ်း၏နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားကာ ပျက်ရယ်ပြုလိုက်သည်။ချက်ချင်းဆိုသလိုပင် သူ၏​​ခြေထောက်များဖြင့် မြေပြင်အားဆောင့်နင်းချလိုက်ပြီး လေ​ပေါ်သို့ ခုန်တက်သွားလိုက်သည်။

ဝေယိုရွှမ်းသည် ချီလက်ဝါး၏ အောက်တည့်တည့်တွင် ရှိနေပြီး အရွယ်အစားကွာခြားလွန်းလှသဖြင့်

သေးသေးမျှသာ မြင်ရပေသည်။

သို့သော်လည်း ဝေယိုရွှမ်း၏မျက်ဝန်းများသည်

အကြောက်အလန့်မရှိပဲ တည်ငြိမ်လျက်ရှိကာ

သူ၏လက်ဖဝါးဖြင့် တည့်တည့်ရိုက်ချလိုက်သည်။

အရွယ်အစားခြားနားလွန်းလှသော လက်ဖဝါးနှစ်ခု

လေထဲတွင် တွေ့ဆုံသွားကြသည်။

ဝုန်း!

ချီစွမ်းအင်များသည် ပတ်ဝန်းကျင်အား ပျံ့လွင့်သွားကာ အပျက်အစီးများပင် ဖြစ်ကုန်ကြသည်။

အကြည့်များအားလုံးသည် လေထဲတွင် တိုက်ခို်က်နေမှုအား မျက်စိပင်မခွာနိုင်ပဲ ေစာင့်ကြည့်နေလေသည်။

လူတိုင်းသည် ကြီးမားသော ချီလက်ဝါးကြီး တစ်စတစ်စဖြင့် အက်ကွဲလျက်ရှိသည်ကို တွေ့မြင်နေရသည်။ နောက်ဆုံးတစ်ချက် အက်ကွဲပြီးနောက်တွင်တော့ အသင်္ချေမျှသော အပိုင်းအစများအဖြစ် ပြိုကွဲသွားရလေသည်။

ဖန်းစုန်၏မူလစဦးချီစွမ်းအင်များ အလုံးစုံထည့်ထားသော တိုက်ခိုက်မှုသည် ဝေယိုရွှမ်း၏ လက်ဗလာအောက်တွင် ပြိုကွဲပျက်စီးသွားရသည်။

"မဖြစ်နိုင်တာ!" ဖန်းစုန်မှ မယုံကြည်နိုင်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

သူသည် ဝေယိုရွှမ်းလောက် မသန်မာသည်မှာ မှန်ပင်သော်ငြားလည်း သူ၏စွမ်းအင်အကုန်အစင်ပါသော

တိုက်ခိုက်မှုအား တစ်ဖက်မှ အဘယ့်ကြောင့် အလွယ်တကူ ဖြိုခွဲဖျက်စီး၍ ရနေပါသနည်း။

ဝှစ်!

သူအော်ဟစ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ပုံရိပ်တစ်ခုက သူရှေ့တွင်ပေါ်လာပြီး လေထုကိုပင်ဆုတ်ဖြဲနေသော လက်ဝါးများက သူ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။

သာမန်လက်ဝါးတစ်ခုဟု ထင်ရသော်လည်း ဖန်းစုန်၏

အသက်ဝိဉာဥ်ကိုပါ ဆွဲယူသွားမည့်အလား ခံစားနေမိသည်။

ဖန်းစုန်၏အမူအရာမှာ ချက်ချင်းပင်လေးနက်သွားကာ သူ၏ပါးစပ်အတွင်းမှ သန့်စင်သော မူလချီများ

ထွက်လာသည်။ ထိုချီစွမ်းအင်များသည် စွမ်းအားပြည့်၍ ခုခံအားကောင်းသော ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားကာ သူ့အားဖုံးအုပ်သွား​ေလသည်။

ဝေယိုရွှမ်း၏တိုက်ခိုက်မှုမှာ အလွန်လျင်မြန်လှသဖြင့်

ဖန်းစုန်းမှာ ရှောင်ရှားရန်မဖြစ်နိုင်ပဲ မျက်နှာချင်းဆိုင်ရင်ဆိုင်ဖို့သာ ရွေးချယ်လိုက်ရသည်။

ဝှစ်!

အလွန်လျင်မြန်သောလက်ဝါးဖြင်​့ ရိုက်ချလိုက်သည်နှင့်တစ်ပြိုင်နက် ချပ်ဝတ်တန်ဆာသည် သူ၏ရင်ဘတ်အား ကာကွယ်ထားလိုက်သည်။

တိုက်ခုိက်မှုမှာ ပြင်းထန်ပုံမရပဲ ဖန်းစုန်ပင် အနည်းငယ်မျှ ရွေ့မသွားပေ။

သို့သော်လည်း ဖန်းစုန်၏ မျက်ဆန်များမှာ ကျုံ့ဝင်သွားကာ ကြောက်ရွံ့နေသည့်ပုံစံ ရှိသည်။

တိုက်ခိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ဝေယိုရွှမ်းသည်

ချက်ချင်းပင်အနောက်သို့ဆုတ်ကာ အင်္ကျီလက်ကို ညင်သာစွာ ခါယမ်းလိုက်သည်။

ခရက်!

ဖန်းစုန်အား ကာကွယ်ထားသော ချီစွမ်းအင်များမှာ

ဖန်သားပြင်တစ်ခု ကွဲအက်သွားသက့ဲသို့ပင် ကွဲအက်သွားပြီးနောက် အခိုးအငွေ့အဖြစ်ပြောင်းကာ ပျောက်ကွယ်သွားရသည်။ ထို့နောက် ကြောက်မက်ဖွယ် သွေးလက်ဝါးရာတစ်ခုသည် သူ၏ရင်ဘတ်ပေါ်တွင် ပေါ်လာခဲ့သည်။

အား!

ဖန်းစုန်သည် သွေးတလုတ်အန်ထုတ်ပြီးသည့်နောက်

မြေပြင်ပေါ်သို့ လဲကျသွားခ့ဲသည်။

ပတ်ဝန်းကျင်သည် ဝေဖန်ဆွေးနွေးသံများဖြင့် ပြည့်နှက်သွားရပြီး များစွာသော တပည့်များမှ ဝေယိုရွှမ်းအား တအ့ံတသြဖြင့် ကြည့်နေခ့ဲကြသည်။ဤမျှလောက် လွယ်လွယ်ကူကူဖြင့် ဝေယိုရွှမ်း အနိုင်ရရှိသွားမည်ဟု မည်သူမျှ မထင်မှတ်ထားခ့ဲပေ။

ယခုနမှ ဖန်းစုန်၏တိုက်ခိုက်မှုသည် အလွန်ပင် အင်အားပြင်းထန်သော်လည်း ဝေယိုရွှမ်းအား အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခ့ဲပေ။ ထိုအစား

ဖန်းစုန်ကတော့ အလွယ်တကူပင် ရှုံးနိမ့်သွားခ့ဲရသည်။

ဝေယိုရွှမ်းသည် တိုက်ခိုက်ချိန်အနည်းငယ်အတွင်းမှာပင် သူ၏အ့ံအားသင့်ဖွယ်ရာကောင်းသော စွမ်းအင်အား ပြသခ့ဲလေသည်။

သူသည် သူ၏စွမ်းအားများအား ဖုံးကွယ်ထားခ့ဲသည်။

တောင်ကုန်းပေါ်တွင် လုဟုန်း၏တပည့်များမှာ ရယ်မောလျက်ရှိပြီး သူတို့၏မျက်ဝန်းများထဲတွင်

ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။ တစ်ဖက်တွင်တော့ စိန်းထိုက်ယွမ်၏ တပည့်များမှာ စိတ်ပျက်အားငယ်စွာဖြင့် ရှိနေကြလေသည်။

လုဟုန်းသည် ဖြည်းညင်းစွာ ရယ်မောလိုက်ရင်း စိန်းထိုက်ယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။

"အကြီးအကဲစိန်း...ကြည့်ရတာ မင်းရဲ့တပည့်က လေ့ကျင့်ဖို့ လိုအပ်နေသေးတဲ့ပုံပဲ။"

စိန်းထိုက်ယွမ်၏ အမူအရာမှာ အလွန်ပင် ဒေါသထွက်နေဟန် ရှိသည်။ သူသည် ကျောက်တုံးစင်မြင့်ပေါ်ရှိ

ဝေယိုရွှမ်းအား ကြည့်နေလျက်ရှိပြီး လက်ဖဝါးသို့အရောက်တွင် အကြည့်များ ရပ်တန့်သွားခ့ဲသည်။တပည့်များမှာ အာရုံခံနိုင်စွမ်း မရှိသော်လည်း သူ့တွင်တော့ ရှိသည်။ ဝေယိုရွှမ်းသည် ဖန်းစုန်၏မူလစဦး ချီများအား

အခါခါဆုတ်ဖြဲနေခဲဲ့ပြီး ခွန်အားပင် မသုံးခ့ဲပါချေ။ သူ၏လက်ဝါးပေါ်တွင် ပါးလွှာ၍ ထူးခြားသော ချီစွမ်းအင်အလွှာတစ်ခု ရှိနေလေသည်။

မူလစဦးချီကျင့်စဥ်တစ်ခု ဖြစ်ဟန်ရှိသည်။

ခေတ္တမျှ စဥ်းစားတွေဝေနေပြီးနောက်တွင် စိန်းထိုက်ယွမ် ရေရွတ်လိုက်သည်။ "ချီဖြိုခွဲခြင်းလက်ဝါးပဲ။"

ချီဖြိုခွဲခြင်းလက်ဝါးသည် ရှားပါးသော အဆင့်မြင့်

ကောင်းကင်ဘုံငယ်ကျင့်စဥ်တစ်ခု ဖြစ်သည်။ ထိုကျင့်စဥ်သည် လက်ဖဝါးအား ထူးခြားသော

ချီစွမ်းအင်အလွှာဖြင့် ဖုံးအုပ်စေပြီး အခြားသူများ၏

ချီစွမ်းအင်များကို ဖြိုခွဲနိုင်စွမ်းရှိသည်။

ဤကျင့်စဥ်သည် အလွန်ပင် စွမ်းရည်မြင့်သော်လည်း

ကျွမ်းကျင်ရန် ခက်ခဲလှပေသည်။စိန်းထိုက်ယွမ်သည်

လုဟုန်း၏တပည့်များထဲမှ တစ်ယောက်က ထိုသို့သောကျင့်စဥ်အား အောင်မြင်သည်အထိ သင်ယူကျင့်ကြံနိုင်စွမ်းရှိမည်ဟု မမျှော်လင့်ထားပေ။

တစ်ခါသင်ယူပြီးသည်နှင့် အခြားသူများ၏ချီစွမ်းအင်ကို ဖြိုခွဲနိုင်စွမ်းရှိခြင်းက တိုက်ပွဲအတွင်း  အလွန်ကောင်းကျိုး ရှိ​ေပသည်။

တောင်ကုန်းပေါ်ရှိတပည့်များက စုတ်တသတ်သတ်ဖြင့် ရှိနေသည်။ ကြည့်ရသည်မှာ ဂူနန်းယှဥ်ပြိုင်ပွဲသည် ဇူယွမ်အတွက် အနည်းငယ်မျှပင် အခွင့်အရေးရှိပုံမရပေ။

ဝေယိုရွှမ်းသည် ဖန်းစုန်အား အလွယ်တကူ အနိုင်ယူပြီးသည်နှင့်ပင် မပြီးသေးပဲ သူ၏အင်္ကျီလက်မောင်းအိုးအား ခါယမ်းလိုက်ရင်း ​ထုံးလုံကိုကြည့်၍ ပြုံးကာပြောလိုက်သည်။

"အခုက မင်းအလှည့်ပဲ"

ဝေယိုရွှမ်း၏ စကားကိုကြားရသည်နှင့်တစ်ပြိုင်နက်

ပတ်ဝန်းကျင်သည် ေဝဖန်ဆူညံသံများဖြင့် ပြည့်နှက်သွားရသည်။ ဝေယိုရွှမ်းသည် စိန်းထိုက်ယွမ်၏ တပည့်သုံးယောက်လုံးအား တစ်ယောက်ထဲဖြင်​့ အနိုင်ယူရန် ​အစီအစဥ်ရှိကြောင်း သိလိုက်ကြရလေသည်။

မည်မျှပင် အထက်စီးဆန်လိုက်ပါသနည်း!

သူသာ အောင်မြင်သွားမည်ဆိုပါက စိန်းထိုက်ယွမ်၏

အဖွဲ့အား အကြီးအကျယ် မျက်နှာပျက်စေပေလိမ့်မည်။

လူတိုင်းသည် ဇူယွမ့်အား သနားသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဒီနေ့ပြီးလျှင် သူသည် ဂိုဏ်းစ်ခုလုံး၏ ပျက်ရယ်ပြုစရာတစ်ခု ဖြစ်လာပေတော့ပေမည်။

All Chapters