အစေခံဖြစ်လိုစိတ်
Vol. 136 Ch. 4.1546
လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်သည်။ ယွမ်ယန်စွမ်းအင်ကို တွန်းထုတ်လိုက်ပြီး သလင်းကျောက်နံရံပေါ်တွင် သူ့လက်ကို တင်ထားလိုက်သည်။ ချက်ချင်းဆိုသလိုပဲ လုရွှမ် ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
မြောင်းမြောင်နဲ့ သင်းခွေချပ်တို့ မြေပြင်ပေါ်သို့ မတော်တဆ ပြုတ်ကျပြီး ပတ်ဝန်းကျင်ရှိ သလင်းကျောက်နံရံများကို အလျင်အမြန် ဆုပ်ကိုင်ထားလိုက်ကြသည်။
လုရွှမ် သလင်းကျောက်နံရံရဲ့ စွမ်းအားကို ခံစားမိသည်။ ရွှေကျီးကန်းရဲ့ သတိပေးချက်ကို သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားပြီးသားပါ။ ဤစွမ်းအင်ကို ပြောင်းပြန် ရိုက်ထုတ်တဲ့ နည်းလမ်းကို မကြာခဏ အသုံးမပြုနိုင်သလို အကြာကြီးလည်း မြဲမြံနေမည် မဟုတ်ပေ။
မဟုတ်ပါက ၎င်းသည် သူ့ခန္ဓာကိုယ် အခြေခံအုတ်မြစ်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုကြီးကို ကျန်ခဲ့စေလိမ့်မည်။ ကံကောင်းထောက်မစွာနဲ့ ကောင်းကင်နဂါးပုလဲနှင့် ရွှေဦးချိုတို့ရဲ့ အကူအညီကြောင့် အများကြီး အားထုတ်မှုစရာ မလိုလိုက်ချေ။
သူ့လက်ထဲမှာတော့ ဖွဲ့စည်းထားတဲ့ ထိုက်ကျစ်အခင်းအကျင်း စက်ဝိုင်းပုံစံ တဖြည်းဖြည်းနဲ့ လက်နှစ်ဖက်လုံးမှာ ပေါ်ထွက်လာပြီး သလင်းကျောက် နံရံပေါ်မှာ ရိုက်နှိပ်ထားလိုက်ပေသည်။ သူ သလင်းကျောက်ထဲက အငွေ့အသက်ကို စုပ်ယူနေတာ မှန်သော်လည်း သလင်းကျောက်နံရံရဲ့ နေရာတိုင်းကို စုပ်ယူနိုင်စွမ်း မရှိသည့်အပြင် ခွန်အားကလည်း အကန့်အသတ်နဲ့ ဖြစ်သည်။
မြောင်းမြောင်နဲ့ သင်းခွေချပ်တို့မှာ လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်း ပုံစံကို ကြည့်ရင်း ဆွံ့အနေကြသည်။ ထိုအခိုက် လုရွှမ်နောက်ကွယ်တွင် အနီရောင်နေလုံးက တိတ်တဆိတ် ထွက်ပေါ်လာ၏။ နောက်အခိုက်တွင် အေးစက်သော လရောင်ကြောင့် အနီရောင်နေလုံးက တဖြည်းဖြည်း လပြည့်ညလို ပြောင်းလဲသွားသည်။
ပြီးတော့ သလင်းကျောက်နံရံလေးထဲကနေ အငွေ့အသက် အနည်းငယ် ထွက်လာသည်။ နှာခေါင်းထဲမှာ အနံ့တစ်မျိုး ရှူရှိုက်မိတဲ့အခါ အလွန်သက်တောင့်သက်သာ ဖြစ်သွားသလိုပါ ခံစားလိုက်ရသည်။
"ဒါတွေကို မဖြုန်းတီးနဲ့... ပြောချင်တာက ဒါက ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ ရှုရှိုက်မှုပဲ... သူတို့က မရင့်မှည့်သေးသလို သက်ရောက်မှုတွေက မပြည့်စုံပေမယ့် ငါတို့အတွက် သင့်တော်တယ်"
လုရွှမ် အော်လိုက်သည်။ မြောင်းမြောင်နဲ့ သင်းခွေချပ်လည်း ထိုအငွေ့အသက်ကို စုပ်ယူရန် ချက်ချင်းပင် တင်ပျဉ်ခွေ အမြန်ထိုင်ချလိုက်သည်။
လုရွှမ်လည်း အငွေ့အသက်များကို ဝင်ခွင့်ပြုပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှာ အရာတချို့ သန့်စင်ပြီးနောက်တွင် အနက်ရောင် အညစ်အကြေး အနည်းငယ်တောင် ထပ်မံထွက်လာသည်။
အရွတ်များကို ဆေးကြောပြီး ခြင်ဆီဖြတ်တောက်သွားသည်။ ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ အငွေ့အသက် အနည်းငယ်က ဒီအဆင့်အထိ လုပ်နိုင်မယ်လို့ မမျှော်လင့်ထားပေ။ ဒီလိုသန့်စင်ပေးနိုင်တဲ့ အရာက အလွန်ရှားပါးတာကြောင့် လုရွှမ်ပင် အံ့သြမိသည်။
တကယ်တော့ ကျင့်ကြံသူမှု အဆင့်မြင့်လေ ကိုယ်တွင်းမှာ ပုန်းအောင်းနေတဲ့ အညစ်အကြေးတွေက ရိုးတွင်းခြင်ဆီထဲကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားလေပါပဲ။
ဒါတွေက ကျင့်ကြံသူတွေကို နောက်ထပ် နယ်ပယ်တွေကို မသွားနိုင်ရန် တားထားခြင်းသာ ဖြစ်သည်။ ကျင့်ကြံသူမှု တိုးတက်ချင်ရင် ဒီအရာတွေကို ဖယ်ပစ်ရမယ်။ လူတိုင်း ဒီအမှန်တရားကို သိပေမယ့် အခွင့်အလမ်းကောင်းတွေ မရရင် ဒီအရာတွေကို ဖယ်ရှားပစ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။
ဒါကြောင့် လုရွှမ်ဟာ ဤနေရာတွင် သူ့ကြွက်သားများနှင့် ခြင်ဆီများကို သန့်စင်ပေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ခြင်းသာ ဖြစ်သည်။
ခရက်ဆိုတဲ့ အသံတစ်သံ ထွက်ပေါ်လာပြီး သလင်းကျောက်နံရံရဲ့ တောင့်တင်းမှုမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာသည်။ သာမန်မျက်စိဖြင့် ရှုထောင့်မှကြည့်လျှင် သလင်းကျောက်နံရံက တဖြည်းဖြည်း မှုန်ဝါးလာပြီး ယခင်ကလောက် ပွင့်လင်းမှု မရှိတော့ပေ။
"သင်းခွေချပ် အဆင်သင့်ပြင်ထား!"
သူက ဤသလင်းကျောက်နံရံကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။ သူဟာ စက်ဝိုင်းအတွင်းရှိ ဟဲသောက်ပန်းယင့်သုံ့အသီးတို့၏ အငွေ့အသက်ကို စုပ်ယူရန်အတွက် အခင်းအကျင်းကို ယာယီအသုံးပြုရုံသာ ဖြစ်သည်။
မကြာမီတွင် ဤသလင်းကျောက် နံရံက ၎င်း၏ မူလအခြေအနေသို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားလိမ့်မည်။ သင်းခွေချပ်ကလည်း မနှောင့်နှေးပေ။ လုရွှမ် လက်တစ်ဖက်က မြောင်းမြောင်ကို လှမ်းဆွဲကာ တစ်ဖက်က သင်းခွေချပ်ကို လှမ်းကိုင်ထားသည်။ ထို့နောက် သုံးယောက်သား သလင်းကျောက် နံရံကို ဖြတ်ဝင်သွားကြသည်။
အလင်းရောင်တစ်ခု တောက်ပစွာ ဖြာထွက်သွားတဲ့အခိုက် သူတို့ပတ်ဝန်းကျင်တွင် ချုံ့ထားသော ခံစားချက်က ပျောက်ကွယ်သွားတာ ခံစားခဲ့ရသည်။ နောက်ကြောင်း ပြန်လှည့် ကြည့်ရင်တော့ ယခင်က ကြည်လင်သော နံရံနှင့် လုံးဝ မတူကွဲပြားသော အလင်းရောင်ကို မြင်ရလိမ့်မည်။
သူတို့ရှေ့တွင် တိမ်ဖြူရောင် ကန့်လန့်ကာတစ်ခု ရှိနေပြီး အားလုံး မှုန်ဝါးနေသည်။ ကောင်းကင်ကြီးကို တိမ်ဖြူဖြူများက ထူထူထပ်ထပ် ဖုံးကွယ်ထားသလိုမျိုး ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
"မင်းတို့ ဘယ်လိုခံစားရလဲ"
သင်းခွေချပ်နဲ့ မြောင်းမြောင်တို့ တစ်ညီတစ်ညွတ်တည်း ခေါင်းယမ်းလိုက်ကြသည်။ သူတို့ ဘာမှမခံစားရသလို အပေါ်စီးမှ ထွက်ပေါ်လာသည့် အသံများပင် မကြားရတော့ပေ။ လုရွှမ်လည်း နားမလည်နိုင်စွာ ထိတ်လန့်သွားသည့် သင်းခွေချပ်ကို ကြည့်လိုက်သည်။
"သခင်လေး... မင်း ဘာလုပ်ချင်လို့လဲ"
လုရွှမ် သူ့လက်ဝါးကို သင်းခွေချပ်ကိုယ်ပေါ်မှာ တင်ထားပေးလိုက်သည်။ လက်ဖဝါးကို ပြန်မြှောက်လိုက်ရာ ကောင်းကင်မီးတောက်လေး ပြန်ပါလာ၏။ လုရွှမ် သူ့ခန္ဓာကိုယ်မှ ခြိမ်းခြောက်မှုကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သင်းခွေချပ်လည်း စိတ်သက်သာသွားသည်။
"ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းပျော်ပါတယ်... ဒါကြောင့် မင်း အခုသွားလို့ရပြီ... ငါတို့နဲ့အတူ စွန့်စားချင်လည်း သွားလို့ရတယ် ဒါပေမဲ့ မင်းလွတ်လပ်တယ်လေ... အောက်မှာရ အန္တရာယ်ရှိတယ်... မြောင်းမြောင်ကို ငါဂရုစိုက်နိုင်တယ် ဒါပေမယ့် မင်းကိုတော့ ဂရုစိုက်လို့ မရဘူး"
သင်းခွေချပ်သည်လည်း လုရွှမ် ဘယ်လောက် တန်ခိုးကြီးကြောင်း မြင်ပြီးနောက် သူ့အသက်ကို အမှန်တကယ် လိုချင်စိတ် မရှိကြောင်း သိနေပါပြီ။ သူ့ရဲ့ ကျင့်ကြံမှု သက်တမ်းသည် မြောင်းမြောင်ထက် များစွာ အသက်ကြီးသော်လည်း အရည်အချင်းနဲ့ ပတ်သက်ရင်တော့ ကောင်းကောင်း မရှိချေ။
ယခု လုရွှမ်ရဲ့ ခွန်အားကို မြင်ပြီးတဲ့အခါ သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များ တောက်ပလာခဲ့သည်။ အထူးသဖြင့် မြောင်းမြောင်ဟာ လုရွှမ်နောက်ကို လိုက်ပြီးနောက် နတ်ခြေလှမ်းနယ်ပယ်ကို တက်နိုင်တော့မည်ဟု စိတ်ကူးထားနိုင်သော်လည်း သူကတော့ တစ်သက်လုံး အလယ်အလတ်သာ ဖြစ်ကာ နတ်ခြေလှမ်းနယ်ပယ်ကို မသွားနိုင်တော့ပေ။
ကံကြမ္မာကို အရှုံးမပေးချင်ဘူး။ သူလည်း ကြီးပွားချင်နေပြီလေ။ ဒီအချိန်မှာ လုရွှမ်က သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးလို့ မြင်နေရသည်။
ရုတ်တရက် သင်းခွေချပ်က ဒူးထောက်ချလိုက်သည်။
"ဘာလုပ်တာလဲ?"
"သခင်ငယ်...သခင်ငယ်မှာ ထူးကဲတဲ့ အရည်အချင်းတွေနဲ့ အကန့်အသတ်မဲ့ အနာဂတ်တွေ ရှိနေတယ်ဆိုတာ ကျွန်တော် မြင်နေရပါတယ်....ဒီပူးယောင်ဆောင်တဲ့ မြွေပါမလေး သခင်လေးနောက်ကို လိုက်နေတာ တစ်နှစ်ခွဲလောက်ပဲ ရှိပေမယ့် ခွန်အားက ပြောင်းလဲနေပြီ... ကျွန်တော်လည်း သခင်လေး နောက်ကို လိုက်ချင်တယ်... ကျွန်တော့်ကို အစေခံ ဖြစ်ခွင့်ပေးပါ!"
လုရွှမ် မြောင်းမြောင်ကို ကြည့်လိုက်သော် သူမ၏ မျက်နှာပေါ်တွင် စာနာသော အမူအရာမျိုး ရှိနေတာ မြင်လိုက်ရသည်။
"ကိုကိုလုရွှမ်... ရိုးရိုးသားသား ပြောရရင် တောပြင်မှာ နေရတဲ့သူတွေ၊ ညီမတို့ဘဝတွေက သနားစရာကောင်းတယ်... မျိုးနွယ်စုရှိတဲ့သူတွေ အဆင်ပြေပေမယ့် မျိုးနွယ်မရှိရင်တော့ အရာရာအတွက် ကိုယ့်ကိုကိုယ်ပဲ အားကိုးရတာ... အမွေရတဲ့သူတွေက အနည်းဆုံးတော့ ကိုယ့်ဘာသာကိုယ် လေ့ကျင့်နိုင်တယ်... အမွေမရှိရင်... အမွေမရှိရင် ဘဝက ပိုခက်လာလိမ့်မယ်... အမွေဆက်ခံထားရင်တောင် ရှင်သန်နိုင်တယ်။"
သင်းခွေချပ်: "ဟုတ်ပါတယ် သခင်လေး... ငယ်ငယ်ကတည်းက ကျွန်တော် ရခဲ့တာက တောင်တွေကို တူးပြီး မြေကြီးထဲ တူးဝင်ဖို့ပဲ... အဲဒါတွေကလည်း ကျွန်တော့်ရဲ့ မွေးရာပါ မှော်အစွမ်းတွေပဲ... တခြား သားရဲတွေဆီက ပြန်ယူလာတဲ့ တခြားကျင့်စဥ်တွေက ကျွန်တော့်အတွက်တော့ လုံးဝ မသင့်တော်ဘူး"
"ကျွန်တော် အခု ကျင့်ကြံနေတာ နှစ်ပေါင်း တစ်ထောင်ကျော်နေပြီ... ဒါပေမဲ့ ကျွန်တော် မျှော်စင်နယ်ပယ် အဆင့်ခုနစ်မှာပဲ ရှိနေသေးတယ်... တိုးတက်ဖို့က အရမ်းခက်ခဲနေပါပြီ သခင်ငယ်လေးရဲ့ အနာဂတ်ဟာ အကန့်အသတ် မရှိတာကို ကျွန်တော်မြင်ပါတယ်... အများကြီး မမျှော်လင့်ရဲတော့ဘူး သခင်ငယ်နောက်ကို လိုက်ပြီး ခစားနိုင်ဖို့နဲ့ သခင်ငယ် အားလပ်ချိန်မှာ စကားနည်းနည်း ပြောနိုင်ဖို့ပဲ မျှော်လင့်ပါတယ်"
သင်းခွေချပ် ပြောသည့်စကားသည် အလွန်သနားစရာကောင်းအောင် လုပ်နေပုံပေါ်သော်လည်း စကားလုံးတိုင်းက ရိုးသားတယ်လို့ ပြောနိုင်၏။ သူစကားပြောနေစဉ်တွင် ခေါင်းကိုလည်း ခေါက်ကာ ဆူညံသော အသံများကို ထွက်ပေါ်လာစေသည်။
"ကိုကို?"
မြောင်းမြောင် လုရွှမ်ရဲ့ လက်ဖဝါးကို လှုပ်ခါလိုက်သည်။ သူမ သင်းခွေချပ်ကို မုန်းတီးခဲ့ပေမယ့် အရင်းခံသတ္တဝါတွေရဲ့ သနားမှုကိုလည်း သတိပြုမိပါသေးသည်။ လုရွှမ်ကိုသာ မတွေ့ခဲ့ပါက သူမဘဝကလည်း တခြားသားရဲတွေဆီက အမဲလိုက်ခြင်းခံရသည့် သင်းခွေချပ်လို ဖြစ်ကောင်းဖြစ်သွားနိုင်သည်။