အောက်ခြေကို ရောက်
Vol. 136 Ch. 4.1547
လုရွှမ်လည်း ယခင်ကိစ္စတွေကြောင်း သင်းခွေချပ်ကို မှားယွင်းသော အကြည့်များဖြင့် ကြည့်ခဲ့ဖူးသည်။ သင်းခွေချပ်က သူ မမြင်နိုင်သော ဘက်ခြမ်း၌ ကြေကွဲနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော်ယခင်က ယွမ်စွမ်းအင် ကူးစက်မှုအတွင်း သင်းခွေချပ်ရဲ့ ကျင့်ကြံထားပုံက အမှန်တကယ် ဆိုးရွားလွန်းတယ်လို့ ခံစားခဲ့ရသေးသည်။ တကယ်တော့ သူက အသက်ကြီးပြီမလို့ အနာဂတ်မှာ အောင်မြင်ဖို့ကလည်း တကယ်ကို ခက်ခဲသွားပြီ။
"မင်းတကယ် အသက်ကြီးပြီ မင်းရဲ့အရည်အချင်းတွေကို ပြောင်းလဲပြီး နောက်တစ်ကြိမ် လေ့ကျင့်မယ် ဆိုရင်တောင် မျှော်လင့်ချက်တွေ အများကြီး ရှိမှာမဟုတ်ဘူး... အများဆုံးတော့ မင်း နတ်ခြေလှမ်းနယ်ပယ်ထဲ ဝင်လိမ့်မယ် ကြီးကြီးမားမားတိုးတက်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး... မဟုတ်ရင်လည်း... "
လုရွှမ်စကားကို ကြားသောအခါ သင်းခွေချပ်လည်း လုရွှမ်မှာ စကားတွေ ကျန်နေသေးကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
"သခင်လေးမှာ ဘယ်လို အကြံများရှိလဲ?"
"မင်း ကောင်းကင်နဲ့ ဆန့်ကျင်ပြီး မင်းရဲ့ ကံကြမ္မာကို မပြောင်းလဲဘဲနဲ့တော့ မရဘူး... ကောင်းကင်နဲ့ ယှဉ်ပြီး မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ရင် အခွင့်အလမ်း ရှိသေးတယ်"
ထို့နောက်တွင် သင်းခွေချပ်သည် အတွေ့အကြုံ ကြွယ်ဝသူပီပီ ခဏလောက် စဉ်းစားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။
"သခင်လေး...ကျွန်တော့်ကို စမ်းသပ်ချင်နေတာပဲ... နောင်မှာ အခွင့်အရေးတွေ ရနိုင်ရင် သခင်လေးနောက်ကို လိုက်ခွင့်ပြုမှာလား?"
"မင်းရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ ကံတရားအပြင် မင်းရဲ့ကြိုးစားအားထုတ်မှုကိုလည်း ကြည့်ဖို့ လိုသေးတယ်...."
လုရွှမ်ကလည်း ငြင်းလို့မရတဲ့ လေသံနဲ့ ပြန်ပြောလိုက်သည်။
မြောင်းမြောင်ကတော့ ဒါကို လေးလေးနက်နက် သဘောတူတာကြောင့် ခေါင်းညိတ်ပြလိုက်သည်။ ဒါပေမဲ့ အစ်ကိုလုရွှမ်ရဲ့ အဆင့်အတန်းကို သိထားတော့ ဒါဟာ သင်းခွေချပ်အတွက် အခွင့်ကောင်း တစ်ခုပဲဆိုတာ သူမ သိပါ၏။
အစ်ကိုလုရွှမ်နောက် လိုက်ခြင်းက သူ့အတွက် အခွင့်ကောင်းတစ်ခုပဲ ဖြစ်သည်။ လုရွှမ်ရဲ့ စရိုက်ကို သူမ ပြတ်ပြတ်သားသား မြင်ခဲ့ပြီးသားပင်။ သူသည် ကြင်နာတတ်ပြီး ရိုးသားသော သူရဲကောင်းတစ်ဦး ဖြစ်သလို ရက်ရောပြီး သူရဲကောင်းဆန်သူလည်း ဖြစ်သည်။
အစပိုင်းတွင် သူမ လုရွှမ်ကို လုပ်ကြံပစ်ဖို့ ကြံစည်ခဲ့သော်လည်း အစ်ကိုလုရွှမ်က သူမကို လှည့်၍ ကယ်တင်နိုင်ခဲ့သည်။ အတိတ်က ရန်ငြိုးတွေကို ပယ်ချကာ သူမကို နှစ်ကြိမ် ကယ်တင်ခဲ့သည်။ သူ့ရဲ့ အကန့်အသတ်မရှိ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ပြောပြကာ၊ လေ့ကျင့်ခန်းများနှင့် ဓားရေးကျွမ်းကျင်တွေကို လမ်းညွှန်ချက်များကိုလည်း ပံ့ပိုးပေးခဲ့သေးသည်။
သူမဆီက ပြန်လိုချင်တာတွေ မရှိဘဲ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု သက်သက်ကြောင့် ပေးခဲ့တာတွေသာ။ လုရွှမ်လို အစ်ကိုတစ်ဦးကို ပိုင်ဆိုင်ခွင့်ရတာက ကောင်းကင်ဘုံမှ သူမမိခင်နှင့် ဖခင်၏ ကောင်းချီးများသာ ဖြစ်နိုင်မယ်လို့ပင် တွေးနေသေးသည်။
အခု သင်းခွေချပ်ကလည်း လုရွှမ်နဲ့ လိုက်နိုင်ရင် သူ့ရဲ့ ရိတ်သိမ်းမှုက ထူးထူးခြားခြား ဖြစ်လာမှာ သေချာပါ၏။
စမ်းသပ်မှုတစ်ခု လုပ်လိုက်တာက သဘာဝကျပါသည်။ အစ်ကိုလုရွှမ်က ကြင်နာတတ်သူ ဖြစ်သော်လည်း မစမ်းသပ်ခင် ဘယ်သောအခါမှ ရင်းနှီးခွင့်မပြုချေ။
သင်းခွေချပ်က အတွေ့အကြုံ ကြွယ်ဝသောကြောင့် လုံးဝမတုံ့ဆိုင်းဘဲ ခေါင်းညိတ်ကာ "သခင်လေး ပြောတဲ့အတိုင်းပါပဲ" ဟု ထပ်ခါတလဲလဲ ပြောနေခဲ့သည်။
"ကောင်းပြီလေ... ဆက်သွားရအောင် ကိုယ့်ကိုကိုယ် ကာကွယ်ရမယ် အန္တရာယ်ကြုံလာရင် ငါ ဝင်ကာပေးမှာ မဟုတ်ဘူး"
သင်းခွေချပ်က "ဒါ ကျွန်တော့်အခွင့်အရေးပဲလေ...ကျွန်တော် တကယ်သေသွားရင်တော့ သခင်လေးအစေခံ ဖြစ်ဖို့ ကံမျိုးမရှိဘူးလို့ပဲ သတ်မှတ်လိုက်မယ်"
"ကောင်းပြီ ဒါဆို ဆင်းရအောင်"
လုရွှမ် မြောင်းမြောင်လက်ကောက်ဝတ်ကို ကိုင်ထားပြီး သူတို့နှစ်ယောက် ချောက်ကမ်းပါးအတိုင်း လျှောချလိုက်သည်။ သင်းခွေချပ်ကလည်း သူတို့နောက်ကနေ အမြန်လိုက်သွား၏။
ဂူအောက်ခြေက အင်မတန် နက်နဲတဲ့ တွင်းကြီးတစ်ခုလိုပါပဲ။ သူတို့ဟာ ပစ်မှတ်နဲ့ ဆယ်မိုင်ကျော်လောက် ဝေးနေပြီဆိုတော့ အောက်ကို ဆက်ဆင်းဖို့ မလိုတော့ပေ။ ဒီထက်ပိုပြီး နက်နက်နဲနဲ တူးနေမယ်ဆိုရင် အောက်ခြေက ကြည်လင်တဲ့ နံရံကို ဖြတ်ကျော်နိုင်မှာ မဟုတ်။
လုရွှမ်: "နားထောင်... ရေတွေ ကျနေတဲ့အသံပဲ"
ကျန်နှစ်ယောက်ကလည်း ခက်ခက်ခဲခဲ နားထောင်ကြည့်လိုက်သည်။ နောက်ဆုံးတွင် အသံသေးသေးလေး ကြားလိုက်ရသဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။
"ဆိုလိုတာက ငါတို့ နီးနေပြီ"
"အောက်ကို ဆက်သွားရင် နောက်ဆုံး အောက်ခြေကို ရောက်သွားလိမ့်မယ်"
သူတို့နှစ်ဦးလည်း စိတ်လှုပ်ရှားလာကြသည်။ ဒဏ္ဍာရီလာ ဟဲသောက်ပန်းယင့်သုံ့အသီးကို ဤအောက်တွင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရန် စောင့်မျှော်နေ၏။
"သတိထားပါ..."
လုရွှမ် သတိပေးလိုက်သည်။ အကြောင်းပြချက်မရှိတဲ့ သူ့နှလုံးခုန်သံကြောင့် အန္တရာယ်အချို့တော့ ရှိနေမယ် ဆိုတာ သိသာပေသည်။
ထိုစဥ် ရုတ်တရက် သူ့ခန္ဓာကိုယ်က လေးလံလာပြီး အောက်ခြေသို့ ဆက်လက် လျှောကျသွားတော့သည်။ အရှိန်က အရမ်းမြန်၏။ အောက်မှာ အလွန်ကြီးမားတဲ့ စုပ်ယူမှု တွန်းအားတစ်ခု ရှိနေကာ သူ့ကို မရပ်မနား ဆွဲချလိုက်သလိုပါပဲ။
ထိုစွမ်းအားသည် တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ အောက်သို့ တွန်းချလိုက်သလိုမျိုးပင်။ တခဏလောက်တော့ အတွေးတွေကိုတောင် မထိန်းနိုင်ဘဲ ရှုပ်ထွေးသွားကာ နားထဲမှာ ဆူညံသံတွေသာ ထွက်လာ၏။
လုရွှမ် နဂါးဟိန်းသံကို ပြင်းထန်စွာ ဟောက်လိုက်သည်။ စိမ်းပြာနဂါး နှလုံးက ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဟန်ချက်ထိန်းရန် အပြင်းအထန် ကြိုးစားခဲ့သည်။ ဘေးကိုကြည့်လိုက်တော့ မြောင်းမြောင်နဲ့ သင်းခွေချပ်တို့လည်း ပြုတ်ကျနေတာကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်က ပိုလို့တောင် သည်းမခံနိုင်တော့ချေ။ ဦးခေါင်းတွေက အောက်သို့ စိုက်ကျနေရာ အရှိန်သာမထိန်းနိုင်ပါက ကြေမွသွားလိမ့်မည်။ လုရွှမ်ခြေဖဝါးအောက်မှ မီးတောက်များ ပေါက်ကွဲထွက်လာပြီး တောင်ပံနှစ်ဖက်ကို သူ့နောက်ကျောမှ ဆန့်ထုတ်လိုက်သည်။ ထို့နောက် ကျနေတဲ့ အရှိန်ကို နှေးကွေးသွားအောင် ကြိုးစားသည်။
သူသည် ၎င်းတို့နှစ်ဦးကို လက်နှစ်ဖက်စလုံးဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရာ သူ့နောက်ကျောမှ အတောင်ပံများက အနည်းငယ် နှေးနှေးကွေးကွေး ကျဆင်းသွားအောင် ထိန်းထားပေးဖို့ ခဲယဉ်းသွားသည်။
သို့သော် ဖီးနစ်တောင်ပံများ ပြင်းထန်စွာ တုန်ခါသွားသည်။ လုရွှမ် အတောင်များရဲ့ အရှိန်ကို ထပ်တိုးလိုက်တဲ့အခါ အနည်းဆုံးတော့ သူ ထိန်းချုပ်နိုင်ခဲ့သည်။ လက်ဖဝါးမှ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့က သူတို့နှစ်ယောက်ကို အထိတ်တလန့်နဲ့ နိုးလာအောင် လုပ်ပေးလိုက်သည်။
ပြုတ်ကျတဲ့ အရှိန်ကို ခံစားလိုက်ရတော့ မြောင်းမြောင် ထအော်လိုက်သည်။ သင်းခွေချပ်က ပိုတောင် ဆိုးနေသေး၏။ သူ့ခွန်အားက မြောင်းမြောင်လောက်ကို မကောင်းတာကြောင့် မျက်နှာက ဖြူဖျော့သွားကာ လေက အလွန်ပြင်းထန်သဖြင့် မျက်လုံး မဖွင့်နိုင်ပေ။
လုရွှမ်: "မျက်လုံးတွေမဖွင့်နဲ့... ငါ လုပ်သလို မင်းတို့ရဲ့ခွန်အားကို အကုန်လုံး ထုတ်လိုက်!"
လုရွှမ်အသံက သူတို့စိတ်ဝိညာဉ်ထဲမှာ ထွက်ပေါ်လာသည်။ အခုအချိန်မှာ နားထဲမှာ လေချွန်သံပဲ ရှိနေ၏။ သူတို့နှစ်ယောက်သည် အထက်သို့ ခက်ခက်ခဲခဲ ပျံသန်းရန် လုရွှမ်ခွန်အားကို အားကိုးနေရသည်။
နှစ်ယောက်သား အစွမ်းကုန် ကြိုးစား ထိန်းချုပ်လိုက်တော့ ဖိအားကို အနည်းငယ် ထိန်းနိုင်သွားကာ လုရွှမ်ကိုလည်း သက်တောင့်သက်သာ ဖြစ်သွားစေလေသည်။ လုရွှမ်မျက်လုံးများက ယခုအခိုက်တွင် နတ်အလင်းများဖြင့် လင်းလက်နေပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားနေသည်။
အောက်ခြေကို ပိုနီးလာသလိုပဲ သူတို့သုံးယောက်ကို တွန်းပို့တဲ့ အထက်က အင်အားကလည်း ပိုလို့တောင် ပြင်းထန်လာသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မူးလဲသွားပြန်၏။
ဒီစွမ်းအားကို သူတို့ ခံနိုင်ရည် မရှိချေ။ ခန္ဓာကိုယ် ၂ခုကို သယ်ထားရတော့ ဖိအားက အဆပေါင်းများစွာ ပြင်းထန်လာလေရာ လုရွှမ်ပါးစပ်ထောင့်မှ သွေးများ ထွက်လာတော့သည်။ ထပ်တွေးမနေတော့ဘဲ ထိုနှစ်ယောက်ကို ကျောက်စိမ်းပြားထဲ ပစ်ထည့်လိုက်သည်။
လူနှစ်ယောက် မရှိတော့တာနဲ့ သူ့ခန္ဓာကိုယ်သည်လည်း ပေါ့ပါးလာသည်။ နောက်ကျောမှ အတောင်များက ပို၍ပို၍ တုန်ခါလာနိုင်ကာ နောက်ဆုံးတော့ သွေးအိုင်ထဲသို့ ဖြည်းဖြည်းချင်း ဆင်းသက်သွားနိုင်ခဲ့၏။
သူ့သွေးတွေတော့ မဟုတ်ချေ။ အရင်က လဲကျသွားတဲ့ လူတွေရဲ့ သွေးအိုင်ကြီးပဲ ဖြစ်လေသည်။
အတွင်း၌ အပင်နှစ်ပင် ရှိသည်။ တစ်ပင်က အရောင်ကိုးရောင် ရှိကာ ကျန်တစ်ပင်မှာ ကျောက်စိမ်းလို တောက်ပသော အလင်းရောင်များအား ထုတ်လွှတ်နေ၏။