← Chapters

ပြေး

Vol. 136 Ch. 4.1549

ပြေး

Vol. 136 Ch. 4.1549

ကနဦး နာကျင်မှုကို ခံစားရပြီးနောက် သူတို့နှစ်ဦး ခန္ဓာကိုယ်များ ကျိုးလုမတတ် ခံစားလာခဲ့ရသည်။ ဒါပေမဲ့ အချိန်အတော်ကြာအောင် တောင့်ခံပြီးနောက်မှာတော့ ကောင်းကင်နဲ့ မြေကြီးစွမ်းအင်လှိုင်းတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာတယ်လို့ ခံစားလာရလေသည်။

သွေးပြန်ကြောများ ပြန်ကောင်းလာကာ သွေးများကလည်း ပွက်ပွက်ဆူလာသည်။ အနက်ရောင် အငွေ့နဲ့ အနံ့အသက်ဆိုးများ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာ၏။ ထို့နောက် နောက်ထပ် အငွေ့အသက် လှိုင်းလုံးကြီးက ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာကာ ဝိညာဉ်ပင်လယ်ထဲ၌ပင် ပြန်လည်မွေးဖွားလာခဲ့သည်။

လုရွှမ် သူတို့နှစ်ယောက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးကာ ယွမ်ယန်ကျင့်စဥ်ကို ခွန်အားအပြည့်နဲ့ စတင်အသုံးပြုတော့သည်။

သူတို့နှစ်ယောက်နဲ့ ယှဉ်ရင် လုရွှမ်ရဲ့ ပြောင်းလဲမှုက အရင်ကထက် ပိုအားကောင်းလာ၏။ ကြွက်သားတွေကို သန့်စင်၊ ခြင်ဆီထဲက အညစ်အကြေးတွေ ဖယ်ထုတ်ခြင်း ခံခဲ့ရပြီးတဲ့အခါ လုရွှမ်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ခန္ဓာကိုယ်ခွန်အားက သူတို့နှစ်ယောက်ထက် အများကြီးသာလွန်သွားပြန်သည်။

ဒီရောင်ဝါက သူ့စွမ်းရည်တွေကို လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာ​စေပြီး ကျိုးသွားတဲ့ အရိုးတွေ ပြန်လည်ကောင်းမွန်လာတယ်လို့ ခံစားစေခဲ့ပေမယ့် သက်ရောက်မှုက သိပ်တော့ မပြင်းထန်ချေ။

လုရွှမ်လည်း သူ့ကိုယ်သူ အလွန်မြင့်မားသောအဆင့်မှာ ရှိနေပြီဖြစ်ကြောင်း ကောင်းစွာ သိထားပါ၏။ အခွင့်အလမ်း ရှိမှ ပြောင်းလဲမှုများက သဘာဝကျကျ ဖြစ်လာလိမ့်မည်။ သူရဲ့ တကယ့်အခွင့်အရေးမှာ အဖြူရောင် ပွင့်ချပ်များနှင့် အာကာသကျောက်စိမ်းပြားထဲက အသီးလေးတစ်ခြမ်းပဲ ဖြစ်ပေ၏။

သို့သော် ၎င်းတို့ရဲ့ ရောင်ဝါက သဘာဝအတိုင်း အလွန်အစွမ်းထက်သောကြောင့် လုရွှမ်လည်း သူ့စွမ်းအားများ လျင်မြန်စွာ တိုးလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး ယခင်က ခံစားခဲ့ရသည့် ခံနိုင်ရည်အား ကန့်သတ်ချက်များအထိ တောင့်ခံလာနိုင်သည်။

ကန့်သတ်ချက်များကို အဖန်ဖန် ဖြတ်ကျော်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်သာမက စိတ်ဝိညာဉ်ကပါ အထပ်ထပ် ဖြတ်ကျော်သွားသည်။

အချိန်အတော်ကြာပြီးနောက် လုရွှမ် နောက်ဆုံးတွင် နိုးလာ၏။ ၎င်းတို့နှစ်ဦးဟာ ယခင်အတွေးများတွင် သတိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တွေ့ရသည်။ သူ့အမြင်အရတော့ သူတို့နှစ်ဦးဟာ တစ်ခုခုတော့ ပြောင်းလဲသွားသေးသည်။

မြောင်းမြောင်က နတ်ခြေလှမ်းနယ်ပယ်ကိုတောင် ထိုးဖောက်သွားပြီ။ သင်းခွေချပ်ရဲ့ စွမ်းရည်များကလည်း အလွန်တိုးတက်လာ၏။ သူ့ရဲ့ အနာဂတ် အလားအလာမှာ မြောင်းမြောင်လောက် ကောင်းမွန်မှာ မဟုတ်သော်လည်း ပါရမီရှင်တစ်ဦးအဖြစ် ပြန်လည် မှတ်ယူနိုင်သေးသည်။

အပြင်ဘက်ရှိ သက်တံ့တံတား ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးရဲ့ ရောင်ဝါကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတာကြောင့် လုရွှမ် ယခင်က ဖိအားများကို မခံစားရတော့ပေ။

ထိုစဥ် နဂါးဟောက်သံ တစ်သံ ထွက်ပေါ်လာသည်။

ဒါပေါ့။ တန်ခိုးကြီးတဲ့ သတ္တဝါတချို့ ရောက်လာပါပြီ။

ယခင်ကဆိုလျှင် လုရွှမ်သည် ထိုလူများကြား၌ အသိအကျွမ်းရှိမရှိ သို့မဟုတ် ရှန်းရှန်းကို ရှာတွေ့နိုင်မလားဟု သိလိုသေးသည်။ ဒါပေမဲ့ အခု မေ့လိုက်ပါတော့မည်။ သူတို့သုံးယောက်ရဲ့ အပြောင်းအလဲကို တစ်ယောက်ယောက်က သတိထားမိတာနဲ့ သုံးယောက်လုံး ပျံသန်းနိုင်​တော့မှာ မဟုတ်ချေ။

သူတို့နှစ်ဦးကြားက ပြောင်းလဲမှုတွေက တကယ်ကို သိသာထင်ရှားလှသည်လေ။ ပိုင်းခြားသိမြင်တဲ့ မျက်လုံးရှိသူတိုင်းက သူတို့ကို တစ်ချက် ကြည့်လိုက်တာနဲ့ သဘောပေါက်သွားလိမ့်မည်။

ဟဲသောက်ပန်းက ကြွေနေပြီဖြစ်ပြီး ယင့်သုံ့အသီးကလည်း အကိုင်းအခက်များနှင့် အရွက်များသာ ကျန်တော့သည်။ လုရွှမ် ခဏလောက်စဉ်းစားပြီး ကျန်အမြစ်နှစ်ချောင်းကို ဆွဲယူပြီး ကျောက်စိမ်းပြားထဲ တင်ထားလိုက်၏။ အနာဂတ် အနှစ်တစ်ထောင်မှ သီးပွင့်ရင်တောင့် အခွင့်အရေး ရှိနိုင်သေးသည်။

နောင်နှစ်တစ်ထောင်လောက်ကြာရင် နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရလာဦးတော့မှာမို့လို့ သူ့ရဲ့ သားမြေးတွေကို ပေးလို့ရသည်လေ။ ထိုနှစ်ယောက်ကို နှိုးပြီး ခဏလောက် စောင့်ကြည့်ချင်ပေမယ့် အချိန်မရှိချေ။

ဒီတစ်ခါ အပြောင်းအလဲတွေကို အပေါ်ကလူတွေလည်း ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ သက်တံ့တံတားဟာ အရောင်ရှစ်ရောင်ဖြစ်ကာ ထွက်လာတဲ့ ရောင်ဝါကလည်း အရင်ကထက် အနည်းငယ် ပိုပါးသွားသည်။

ယခုတော့ ယခင်ကလို ဖိအားများ မရှိတော့သဖြင့် ထိုဆရာကြီးများက အကြောင်းရင်းကို ရှာဖွေရန် ပျံသန်းလာကုန်၏။ သူတို့ကို ရှာတွေ့သွားတာနဲ့ ကံကြမ္မာက ဆေးလုံး သန့်စင်မလား၊ တခြားတစ်နည်းနဲ့ အသုံးချခံရမလား ကံကြမ္မာက တစ်ခုတည်းသာ ဖြစ်လိမ့်မည်။

လူကို အဂ္ဂိရတ်ဆေး သန့်စင်ပစ်လိုက်မှာကို တွေးကြည့်ရုံဖြင့် ကြောက်စရာ ကောင်းပေသည်။ နှစ်ယောက်သား နိုးလာပြီး လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြ၏။ သူတို့ရဲ့ ဒဏ်ရာများက လုံးဝ သက်သာသွားပါပြီ။

"အချိန်မရှိဘူး... မြန်မြန်သွား စုံစမ်းဖို့ အထက်က ကျွမ်းကျင်တဲ့လူတွေ ရောက်နေပြီ"

ဤဂူကြီးသည် အလွန်နက်သော်လည်း မိုင်ရာဂဏန်းမျှသာဝေးသည်။ ယခင်က ကန့်သတ်ချက်အမျိုးမျိုး ရှိသောကြောင့် ဆင်းလာဖို့ မဝံ့ရဲကြသော်လည်း ယခုအခါ ကန့်သတ်ချက်များက ပျောက်ကွယ်သွားကာ ထိုလူများ ဆင်းလိုပါက အသက်ရှူချိန် အနည်းငယ်သာ ကြာနိုင်၏။ သူတို့အတွက် အချိန်သိပ်မကျန်တော့ပါဘူး။

"မြန်မြန်သွားကြရအောင်"

ထုံးစံအတိုင်း သင်းခွေချပ်က အပေါက်ကို ထပ်တူးသည်။ သူက ဤနေရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ကူညီခဲ့၏။ မဟုတ်ပါက လုရွှမ်လည်း သဘာဝအတိုင်း တွင်းတူးနိုင်ပေမယ့် သူလုပ်လိုက်သော လှုပ်ရှားမှုနှင့် သူ ထွက်သွားခဲ့သော အပြစ်အနာအဆာများကို ချက်ချင်း ဖော်ထုတ်မိလိမ့်မည်။

သင်းခွေချပ်ဟာ လျစ်လျူမရှုဝံ့ဘဲ တွင်းတစ်ခုကို အမြန်တူးကာ သုံးယောက်သား ဝင်သွားကြသည်။ လက်ရှိ အသွင်ပြောင်းခြင်းကို ခံစားရသော သင်းခွေချပ်သည် အလွန်စိတ်လှုပ်ရှားနေသော်လည်း ဒါက လုရွှမ် ကူညီပေးခဲ့ကြောင်း သိသေး၏။ မဟုတ်ပါက သူဟာ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ရလိမ့်မည် မဟုတ်။

သူ့စိတ်ထဲက ကျေးဇူးသိစိတ်ကြောင့် အလွန်ပင် ကြိုးစားလုပ်ဆောင်နေပါသည်။ သုံးယောက်သား အမြန်ထွက်သွားပြီး အဝေးကို ထွက်ပြေးသွားကြသည်။

……

"ဒီအခွင့်အရေးက မမှန်ဘူးလို့ မင်းခံစားရနိုင်တယ်.... အရောင်ရှစ်ရောင်က သက်တံ့တံတား ဖြစ်သွားတယ်.... တာအိုခံစားချက်က နည်းနည်းတော့ လွဲနေတယ်"

ကြီးမားလှသော လှိုဏ်ဂူကြီး၏ အထက်တွင် နတ်နဂါးကြီး တစ်ကောင်က အော်ဟစ်နေ၏။ ၎င်း၏ မျက်လုံးကြီးနှစ်လုံးက ပြူးပြူးကြီးနှင့် လွန်စွာ မကျေမနပ် ဖြစ်နေသည်။ သူက အများဆုံး ရရှိထားသော်လည်း မလုံလောက်သေးဘူးဟု ခံစား​နေရသည်။

သူတောင် မလုံလောက်တာ တခြားသက်ရှိသတ္တဝါတွေ အတွက်က ပိုတောင် ဆိုးနေသေး၏။ သဘာဝအတိုင်းပဲ လူတိုင်းရဲ့စိတ်က မကျေနပ်မှုတွေ၊ အံ့သြမှုတွေနဲ့ ပြည့်လာသည်။

"တစ်ယောက်ယောက်က ဒီနေရာကို အရင်ရောက်ပြီး အခွင့်အရေးကို လုယက်သွားတာ ဖြစ်နိုင်လား"

"ဆင်းကြည့်စမ်း"

ဧရာမနဂါးကြီးနှင့် ဖီးနစ်တစ်ကောင်က အောက်ဘက်သို့ တဟုန်ထိုး ပြေးဆင်းသွားသည်။ ၎င်းတို့နောက်တွင်တော့ ရပ်ကြည့်နေတဲ့ သတ္တဝါတစ်စု ရှိနေသည်။ ယခုလို အန္တရာယ်များတဲ့ ကိစ္စက သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမဟုတ်ဘူးလေ။

လုရွှမ်တို့ သုံးယောက်တို့ကလည်း လျင်မြန်စွာ ပြေးလွှားနေကြ၏။ ယခင်က သင်းခွေချပ်ကို ပိတ်ဆို့ထားသော သလင်းကျောက်နံရံအချို့သည် ယခုအခါ လုရွှမ်အကူအညီမပါဘဲ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။

……

"အမ်.. ဒီမှာ လှုပ်ရှားနေတဲ့ သက်ရှိသတ္တဝါတွေရဲ့ အနံ့တွေ ရှိတယ်... "

ပညာရှင်အဖွဲ့တစ်ဖွဲ့က စစ်ဆေးဖို့ ဆင်းလာပြီးတဲ့နောက်မှာ လုရွှမ်နဲ့ တခြားသူတွေ ကျန်ခဲ့တဲ့ ခြေရာတွေကို သဘာဝအတိုင်း မြင်သွားကြလေသည်။

"ဒါဆို အဲဒီလူတွေ ဘယ်ရောက်သွားတာလဲ... ပြင်းထန်တဲ့ ရောင်ဝါကို မခံနိုင်လို့ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်တာလား?"

"ဟမ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူတို့ ထွက်ပြေးသွားလောက်ပြီ"

လူတစ်စုက နေရာအနှံ့ လိုက်ရှာတော့သည်။

ရုတ်တရက် နဂါးငယ်တစ်ကောင်ဆီက အသံထွက်လာသည်။

"မြေကြီးထဲကနေ လွတ်သွားတာလား?"

စကားတစ်ခွန်းက သတ္တဝါအားလုံးရဲ့ အာရုံကို စွဲဆောင်သွားခဲ့သည်။ တောင်နံရံကို တစ်ယောက်ပြီး တစ်ယောက် ဖြိုချကြတော့သည်။ သူတို့ရဲ့ စွမ်းရည်တွေက ထူးထူးခြားခြား ဖြစ်တာကြောင့် မကြာခင်မှာပဲ မြေဆီလွှာထဲမှ သဲလွန်စကို တွေ့သွားကြတော့သည်။

"အဲဒါ သင်းခွေချပ်ပဲ!"

"အားလုံး လိုက်ကြစမ်း!"

ကျင့်ကြံသူတချို့က ကျောက်နံရံထဲသို့ ပြေးဝင်သွားကြသည်။ အချို့ကလည်း ကောင်းကင်သို့ပျံတက်ကာ သင်းခွေချပ်ကို ဖမ်းရမည်ဟု ကြွေးကြော်​နေကြသည်။ တချို့ အဖွဲ့ကလည်း သင်းခွေချပ်တချို့ကို ဖမ်းမိဖို့အရေး အနောက်ကနေ လိုက်သွားကြသည်။

"အား! ငါတို့ကို ရှာတွေ့သွားပြီ"

သင်းခွေချပ်မှာ အနောက်က လှုပ်ရှားမှုကို အာရုံခံမိတာကြောင့် အော်ဟစ်လေ၏။

လုရွှမ်: "ငါတို့ လွတ်မြောက်ချင်ရင် ရေတွေ ရွှံ့တွေကြားထဲကနေ ဖြတ်သွားရုံပဲ ရှိတော့တယ်... အန္တရာယ်ရှိတဲ့ နေရာတိုင်း ငါတို့ သွားမယ်..."

သင်းခွေချပ်: " အဲဒီကြောက်စရာကောင်းတဲ့ သွေးစုတ်ခြင်တွေရှိတဲ့နေရာကို ငါသိတယ်... သူတို့က အရမ်းကြီးစိုးတာ... ပေါ်လာတာနဲ့ ကောင်းကင်နဲ့ နေကို ပိတ်ဆို့သွားလိမ့်မယ်"

"ကောင်းပြီ အဲဒီနေရာကို သွားရအောင်"

All Chapters