← Chapters

သင်းခွေချပ်သေဆုံးခြင်း

Vol. 136 Ch. 4.1550

သင်းခွေချပ်သေဆုံးခြင်း

Vol. 136 Ch. 4.1550

သင်းခွေချပ်ရဲ့ ခွန်အားသည် အလွန်တိုးမြင့်လာပြီးနောက် နာရီအနည်းငယ် အတွင်းမှာပဲ ၎င်းတို့သုံးဦးသည် ကီလိုမီတာ ထောင်ပေါင်းများစွာအကွာမှ လွတ်မြောက်သွားခဲ့သည်။ သို့သော် အနောက်ကနေလိုက်နေတဲ့ သတ္တဝါတွေဟာလည်း တဖြည်းဖြည်း နီးကပ်လာ​နေတယ် ဆိုတာ သိသာပါ၏။

“ဒီနေရာပဲ ဖြစ်မယ်... တက်ကြရအောင်”

သင်းခွေချပ်က အော်ပြောလိုက်သည်။

သုံးယောက်သား အပြေးအလွှား တက်လာပြီး အလွန်ပြင်းထန်သော အပုပ်နံ့ထွက်နေသည့် ချိုင့်ဝှမ်းတစ်ခုကို တွေ့လိုက်ရသည်။

လုရွှမ် အန်ထွက်လုနီးပါးသာ ဖြစ်သွားပေမဲ့ မြောင်းမြောင်ကတော့ မကူညီနိုင်ဘဲ အန်ထုတ်ပစ်လိုက်သည်။ သူမသည် သင်းခွေချပ်ကို အကြိမ်ပေါင်းများစွာ အပြင်းအထန် ရိုက်နှက်ပစ်၏။ အစောကတော့ မြေတွင်းတူးပြီး အနံ့မျိုးစုံ ရနေသောကြောင့် သဘာဝအတိုင်း သတိမထားမိပေ။

အပုပ်နံ့တွေ ရှိနေပေမယ့် အခုအချိန်မှာတော့ အေးချမ်းနေပုံရ၏။ ဘေးပတ်ဝန်းကျင်တွင် အန္တရာယ် မရှိသော်လည်း လုရွှမ်မျက်နှာက အလွန်လေးနက်နေကာ ပတ်ဝန်းကျင်မှာ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ရှိနေသလို ခံစားမိလာသည်။

သူ့စိတ်ကို အနှောက်အယှက် ဖြစ်ပြီဆိုရင်တော့ ဒါဟာ တကယ့်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ရှိနေတာ သေချာသွားပြီ။ အဝေးမှ ရောင်ဝါတစ်ခု တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။ ၎င်း၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းလုနီးပါး ကြီးမားသော နတ်နဂါးတစ်ကောင် ဖြစ်လာသည်။

"သင်းခွေချပ်... အဟမ်း မင်း လွတ်မြောက်ချင်ရင် အဲဒီအခွင့်အရေးကို ချန်ထားခဲ့လိုက်! မင်းလို ယုတ်ညံ့တဲ့ သတ္တဝါက အဲဒါနဲ့ မထိုက်တန်ဘူး"

ဟောက်သံနှင့်အတူ ခြေသည်းများက သူတို့ဘက်သို့ ပျံသန်းလာကြသည်။

လုရွှမ်လည်း တစ်ခုခုမှားနေပြီလို့ ခံစားမိတဲ့အတွက် မြောင်းမြောင်ကို ဆွဲခေါ်သွားပြီး ပုန်းနေလိုက်၏။ သူတို့ သင်းခွေချပ်ကို ဖော်ထုတ်ထားပြီး ၎င်းတို့နှစ်ဦးကတော့ ပုန်းနေသည်။ မဟုတ်ပါက သူတို့ကပါ ရက်စက်ကြမ်းကြုတ်သော သတ္တဝါများဆီကနေ ထာဝရ အမဲလိုက် ခံနေရလိမ့်မည်။

ဒါက သင်းခွေချပ်ကို စွန့်ပစ်တာ မဟုတ်ဘဲ သင်းခွေချပ်အတွက် စမ်းသပ်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ နောက်ဆုံးတွင် သင်းခွေချပ်များစွာကို သံသယဝင်နေကြပြီ။ ယခုလို အခြေအနေတွင် ၎င်းတို့က အမှောင်ထဲတွင် ရှိနေပြီး သင်းခွေချပ်များက အလင်းရောင်ထဲတွင် ရှိနေသောကြောင့် အနီးနားကနေ သင်းခွေချပ်ကို ကူညီနိုင်သည်။

ပြီးတော့ သင်းခွေချပ်က သူ့အကြောင်းသူ အမှန်တကယ် တွေးတောနေတာကို မြင်နိုင်၏။ ဒုက္ခဆိုတာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကိုတောင် သဘာဝကျကျ စစ်မှန်တဲ့ ရောင်ပြန်ဟပ်မှုကို ပြသလာနိုင်တဲ့ အရာဖြစ်သည်။

လုရွှမ် ငြိမ်သက်နေပြီး စကားမပြော၊ မှတ်ချက်မပေးဘဲ သင်းခွေချပ်ရဲ့ ဖျော်ဖြေမှုကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ယခု သင်းခွေချပ်ကို အတိုင်းအတာ တစ်ခုထိ သူကူညီပေးပြီးပြီ။ ထွက်သွားသည်ဖြစ်စေ ​နေခဲ့သည်ဖြစ်စေ သူ့အစီအစဉ်ပေါ်သာ မူတည်၏။ သူ့ကို အခမဲ့ အခွင့်အရေးကောင်းတစ်ခု ပေးလိုက်ပြီး​ပြီဟု ဆိုနိုင်သည်။

မြောင်းမြောင် အနည်းငယ် စိတ်ရှုပ်သွားကာ လုရွှမ်လက်ကို လှမ်းကိုင်လိုက်သည်။ လုရွှမ်က စကားမပြောဘဲ သူမလက်ကို လက်ဖဝါး​ကြီးဖြင့် ကိုင်လိုက်ပြီး စကားမပြောရန် အချက်ပြလိုက်သည်။

သင်းခွေချပ်သည် ကောင်းကင်မှ ပျံသန်းလာသော ဧရာမ နဂါးကြီးနှင့် ဆော့ကစားနေကာ ထိုနေရာတွင် ရပ်နေသော်လည်း ခဏကြာတော့ နဂါးအပြင် အခြားသတ္တဝါများကိုပါ တွေ့လာခဲ့ရသည်။

နတ်နဂါးရဲ့ ကြီးမားသော လှုပ်ရှားမှုကြောင့် ဤချိုင့်ဝှမ်းအတွင်းရှိ သွေးစုပ်ခြင်များ ဒေါသတကြီး တုန်လှုပ်သွားစေသည်။ ၎င်းတို့က တစ်ကောင်ပြီးတစ်ကောင် စုစည်းလာကြပြီး ကောင်းကင်ယံမှ နဂါးကြီးကို စိုက်ကြည့်နေကြ၏။

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသော်လည်း သင်းခွေချပ်တစ်ကောင် ပြေးထွက်လာသည်။ သူ့နောက်က ကောင်းကင်ယံ၌ ရက်စက်ကြမ်းကြုတ်သော သတ္တဝါများ ရှိနေကြပြီး အားလုံးက နတ်ခြေလှမ်းနယ်ပယ်က လူတွေချည်းပင်။

တခဏချင်းမှာပဲ သင်းခွေချပ်ဟာ သူ့ပတ်ဝန်းကျင်မှာ သတ္တဝါတွေ ဝိုင်းရံနေတာကို တွေ့လိုက်ရတော့ အံ့သြသွားလေ၏။

ထိုအချိန်တွင် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ် ကောင်းသည့် ရောင်ဝါကြောင့် သွေးစုပ်ခြင်များကပါ ထိတ်လန့်တုန်လှုပ်ကာ အချိန်မရွေး ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်ရန် စောင့်ဆိုင်းလျက် အတူတကွ စုရုံးသွားခဲ့ကြသည်။

သွေးစုပ်ခြင်များရဲ့ ဂုဏ်သိက္ခာကို မစော်ကားလို့ မရချေ။

"သင်းခွေချပ်... မင်းရဲ့ ခွန်အားနဲ့ မင်းအောက်ကလူတွေကို တွန်းလှန်ဖို့ မဖြစ်နိုင်ဘူး မင်းနဲ့အတူ ဘယ်သူသွားတာရှိလဲ... သူတို့ရော အခွင့်အရေးတချို့ ယူသွားပြီလား"

ကောင်းကင်က နဂါးကြီးက အော်ဟစ်လိုက်သည်။ နဂါးကြီးရဲ့ ပြင်းထန်တဲ့ ဖိအားတွေက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားကာ အလွန့်အလွန် လွှမ်းမိုးနေတော့၏။

လုရွှမ်လည်း ၎င်းက အနက်ရောင် နဂါးကြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ၎င်းခန္ဓာကိုယ်သည် သံသွန်းလုပ်ထားသည့်အတိုင်း အနက်ရောင်ချည်း ဖြစ်ပြီး ပြင်းထန်သော အဆင်းသဏ္ဌာန်ဖြင့် တောက်ပနေ၏။ ဦးခေါင်းထိပ်ရှိ နဂါးချိုနှစ်ချောင်းသည် လုံးဝ ပြီးပြည့်စုံသော ခရမ်းရောင် အလင်းရောင်များဖြင့် တောက်ပနေသည်။

ဒေါသ မထွက်​သေးသော်လည်း အစွမ်းထက်သော မျက်လုံးကြီး တစ်စုံက ယခုအချိန်တွင် အရှိန်အဝါအပြည့်နဲ့မလို့ သာမန်လူများပင် ထိုဖိအားအောက်တွင် ရပ်မနေနိုင်ပေ။

နတ်နဂါးသည် ကောင်းကင်၏ အလယ်ဗဟိုတွင် နေရာယူထား၏။ ၎င်း၏ဘယ်ဘက်တွင် မီးတောက်များ လောင်ကျွမ်းနေသည့် ဖီးနစ်တစ်ကောင် ရှိသည်။ နတ်နဂါးနှင့် နှိုင်းယှဉ်ပါက ဖီးနစ်ဦးခေါင်းသည် သေးငယ်ပြီး လက်ရာမြောက်သော်လည်း ၎င်းရဲ့မျက်လုံးများက သွက်လက်ကာ အတောင်ပံများ တဖျပ်ဖျပ်ခတ်နေစဥ် တောက်နေသော မီးလုံးများအောက်တွင် ဘယ်သူမှ မလွတ်မြောက်နိုင်ပေ။

နဂါး၊ ဖီးနစ်ငှက်တို့နှင့် နှိုင်းယှဉ်ပါက တခြားနတ်သားရဲများက များစွာ ယုတ်ညံ့ပါသည်။ ဒါပေမဲ့ အားလုံးစုပြီး သင်းခွေချပ်တွေကို အတူတူ ဖမ်းခဲ့ကြသည်။

သင်းခွေချပ်ထံမှ ဟဲသောက်ပန်း ယင့်သုံ့အသီးတို့ရဲ့ အနံ့ပြင်းပြင်းကို ခံစားနေရသည်။ ဤသင်းခွေချပ်က အကျိုးကျေးဇူးများစွာကို ခံစားခဲ့ရတာ သိသာလျက်ရှိသည်။ သင်းခွေချပ်က ပတ်ပတ်လည်ကို အသည်းအသန် ကြည့်ကာ အော်လိုက်သည်။

“ဘယ်သူလဲဆိုတာ ငါပြော​ပြရင် လွှတ်​ပေးမှာလား”

နတ်နဂါးက အေးစက်စွာ အော်ဟစ်လိုက်ပြီး "မင်းက ငါနဲ့ စေ့စပ်ညှိနှိုင်းဖို့ သတ္တိရှိနေတယ်ပေါ့လေ...မင်း ယုံလား မယုံလားတော့ မသိဘူး...ငါမင်းကို တစ်ချက်တည်းနဲ့ ရိုက်ပစ်လို့ရတယ်...."

မီးငှက်: "အစ်ကိုလုံ စိတ်မပူပါနဲ့... ဒီသင်းခွေချပ်က ငါးစာပဲ... တခြားသူတွေက သူ့ကို အသုံးချနေတာ သိသာတယ်... ငါတို့ကိုသတ်ပစ်ဖို့က အချိန်ခဏလေးပဲ လိုတယ် သူ့နောက်ကလူကို ရှာဖို့က အရေးကြီးဆုံးပဲနော်.... ကောင်လေး မင်း နောက်ကွယ်မှာ ဘယ်သူရှိလဲ ပြောပြလိုက်... ငါ မင်းကို လွှတ်လိုက်မယ်လို့ ကတိပေးပါတယ်"

သင်းခွေချပ်က တခဏမျှ တုံ့ဆိုင်းသွားသော်လည်း ခဏအကြာတွင့်တော့ သူ့အမူအရာမှာ ပြင်းထန်လာသည်။

"ဒီလိုလုပ်တာ ငါ့အကြံ မဟုတ်ဘူး... တစ်ယောက်ယောက်က ငါ့ကို ဓားစာခံလို ဖမ်းထားတာ... အဲဒီလူကို လူသားမျိုးနွယ်မှာ နံပါတ်..."

ဝိညာဥ်မြှားတစ်စင်း သင်းခွေချပ်ရဲ့ ဦးခေါင်းကို တိတ်တဆိတ် ထိုးဖောက်သွား၏။ သင်းခွေချပ် ဦးခေါင်းသည် ဖောင်းကနဲ ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားလေသည်။

"အငယ်တန်းလေး... မင်းလုပ်ရဲလား?"

နတ်နဂါးနဲ့ မီးငှက်မှာ သင်းခွေချပ်ကို ကယ်ဆယ်ရန် လက်ဖဝါးများကို ဆန်းလိုက်ကြသော်လည်း သင်းခွေချပ်ရဲ့ ခန္ဓာကိုယ် ကွဲသွားတာကိုသာ ကြည့်နေကြရသည်။ နောက်ထပ် မြှားတစ်စင်းက ပြေးထွက်လာကာ သွေးစုပ်ခြင်တွေ စုဝေးနေတဲ့နေရာ၌ တရစပ် ပေါက်ကွဲသွားသည်။

ရုတ်တရက် သွေးစုပ်ခြင် အုပ်စုတစ်စုလုံး ဒေါသတကြီး ဟောက်ပြီး သားရဲအားလုံးဆီ ပြေးဝင်သွားကြသည်။

သွေးစုပ်ခြင်များရဲ့ တစ်ကောင်ချင်း ခွန်အားက ကြီးမားနေတာတော့ မဟုတ်ပေ။ ၎င်းတို့သည် နတ်မီးနယ်ပယ် အဆင့်တွင်သာ ရှိသော်လည်း တစ်အုပ်စုလုံး စုစည်းကာ သွေးစစုပ်လိုက်တာနဲ့ ၎င်းတို့လမ်းကြောင်းပေါ်က မြက်ပင်တစ်ပင်မျှပင် မကျန်ခဲ့နိုင်တော့ချေ။

၎င်းတို့ မျိုးနွယ်စုရဲ့ ကြောက်စရာ အကောင်းဆုံးအချက်မှာ အုပ်စုလိုက် ပူးပေါင်းတတ်တဲ့ စွမ်းအားသာ ဖြစ်သည်။ သွေးစုပ်ခြင်တစ်ကောင်သည် အရှိန် သို့မဟုတ် အစွမ်းထက်မှု မရှိသော်လည်း အုပ်စုတစ်စုလုံး ဆိုရင်တော့ ၎င်းတို့ရဲ့ အရှိန်ကို အကြိမ်များစွာ တိုးစေနိုင်သည်။ တိုက်ခိုက်မှု စွမ်းအားမှာလည်း နှစ်ဆတိုးလာမည်။

အခုလို သွေးစုတ်ခြင်တွေ အများကြီးရှိနေရင်၊ သာမန်သားရဲတွေလို့ မပြောနဲ့ တကယ်တိုက်ခိုက်ရင် နတ်နဂါးနဲ့ မီးငှက်​တွေတောင် နည်းနည်းတော့ ကြောက်သွားကြလိမ့်မည်။

ယခု​အချိန်တွင် သွေးစုပ်ခြင်များက လုံးဝကို ထိတ်လန့်ပြီး ဒေါသထွက်နေကြလေပြီ။

ယခင်က သူတို့သည် နတ်နဂါးနှင့် မီးဖီးနစ်တို့၏ တန်ခိုးကို ကြောက်ခဲ့ကြသော်လည်း ယခုအချိန်တွင် ဒေါသသွေးစုပ်ခြင်များက ၎င်းတို့ပတ်ဝန်းကျင်ရှိ သတ္တဝါအားလုံးဆီသို့ အုပ်စုလိုက်ကြီး ပြေးဝင်သွားကြသည်။

အပြေးနှေးသူတွေကတော့ အရေခွံထဲသို့ ထိုးသွင်းခံလိုက်ရပြီးသား။ တစ်ခုခု မှားနေတာကို မြင်တာနဲ့ လုရွှမ်ကလည်း မြောင်းမြောင်ကိုခေါ်ကာ ကျောက်စိမ်း​ပြားထဲမှာ ပုန်းနေပြီးသား ဖြစ်သည်။

"မြောင်းမြောင် ငါလုပ်တာမှန်တယ်လို့ မင်းထင်လား? သင်းခွေချပ်ကို စွန့်ပစ်လိုက်တဲ့ ကိစ္စလေ..."

မြောင်းမြောင်က ဒေါသတကြီး အော်လိုက်သည်။

"လူတွေကို သိပေမယ့် သူတို့ရဲ့ နှလုံးသားကို မသိနိုင်ဘူးတဲ့... ဒီသင်းခွေချပ်က အန္တရာယ်နဲ့ ကြုံလာတော့ သူ့ကိုယ်သူ ကာကွယ်ဖို့ ညီမတို့ကို ဖော်ထုတ်ဖို့ပဲ ပထမဆုံး တွေးလိုက်တာ....သူ့ကိုယ်သူပဲ ဂရုစိုက်တာက သေဖို့ ထိုက်တန်တယ်!"

All Chapters