လွတ်မြောက်
Vol. 136 Ch. 4.1551
သင်းခွေချပ်သည် အမှန်တကယ်ပင် စိတ်အနှောက်အယှက် ဖြစ်နေခဲ့ပုံပဲ။ လုရွှမ်နဲ့ မြောင်းမြောင်က ကျေးဇူးရှိကြောင်း ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပေ။
အစကတော့ သူ့ကို တိတ်တဆိတ် ကယ်ဆယ်ချင်သေးသည်။ အခုတော့ ချက်ချင်း မသတ်မိခဲ့တဲ့အတွက် လုရွှမ် နောင်တရနေမိ၏။ သင်းခွေချပ်က ချက်ချင်းပင် ထိတ်လန့်သွားပြီး ၎င်းတို့၏ အထောက်အထားများကို ထုတ်ဖော်ခဲ့သည်။
တစ်ယောက်က လူသားဖြစ်ပြီး နောက်တစ်ယောက်က လျှပ်စီးလို မြွေပါမလေး ဖြစ်သည်။
ကျောက်စိမ်းပြားထဲမှတဆင့် လုရွှမ်သည် ပရမ်းပတာ ဖြစ်နေသော အပြင်ဘက်ကိုလည်း အာရုံစိုက်နေခဲ့၏။ သွေးစုပ်ခြင်များက လုံးလုံးပေါက်ကွဲနေကြသည်။ သွေးစုပ်ခြင် အကောင်ရေ သန်းပေါင်းများစွာသည် ၎င်းတို့၏ မြေအောက်အသိုက်များထဲမှ တစ်ကောင်ပြီး တစ်ကောင် ပျံသန်း ထွက်လာကြသည်။
သူတို့သည် ကောင်းကင်ဘုံက နဂါးဆီသို့၊ မီးငှက်ဆီသို့သာမက ကမ္ဘာတစ်ခုလုံးကို သုတ်သင်ချင်နေသလို သားရဲများဆီသို့ ပြေးဝင်သွားခဲ့သည်။
နတ်နဂါးနဲ့ မီးငှက်တို့ဟာ ဘယ်လောက်ပဲ အစွမ်းထက်သည်ဖြစ်စေ သူတို့သည် တစ်ခဏမျှပင် ရပ်ကာ မခုခံဝံ့ကြပေ။ မိမိတို့၏ အရှိန်ကို အသုံးချကာ သားရဲအားလုံးကို ထားခဲ့ပြီး အဝေးသို့ ထွက်ပြေးသွားကြလေသည်။ နဂါးနှင့် ဖီးနစ်တို့ကတောင် လျင်မြန်စွာ ထွက်ပြေးသွားပြီမလို့ တခြားသားရဲတွေလည်း ရှက်ရွံ့စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားကြသည်။
နောက်ကွယ်မှ သွေးစုပ်ခြင်များ မြန်လွန်းတာက အနက်ရောင် တိမ်တိုက်များ ပြေးလိုက်လာခဲ့သလိုပင်။ ဒါပေမဲ့ အထုပ်ခံရတဲ့သူ ဘယ်သူမှ မလွတ်မြောက်နိုင်ဘဲ အားလုံး သွေးစုပ်ခံရမှာပဲ ဖြစ်သည်။
ကျယ်လောင်သော အသံနဲ့အတူ သွေးစုပ်ခြင်များ တဖြုတ်ဖြုတ် ပျံသန်းသွား၏။
လုရွှမ်နဲ့ မြောင်းမြောင် ကျောက်စိမ်းပြားထဲမှ ခုန်ထွက်သော်လည်း သူမသည် နောက်ထပ်မေးခွန်းများကို မမေးသင့်ကြောင်း၊ အစ်ကိုလုရွှမ်က သူမကို အန္တရာယ်ပြုမည် မဟုတ်ကြောင်း မြောင်းမြောင် နားလည်သည်။
သင်းခွေချပ်ရှေ့ လမ်းလျှောက်သွားတော့ အခုကျန်ခဲ့တာ အရေခွံတွေနဲ့ မြေပြင်မှာ ကျိုးပဲ့တွဲလောင်းကျနေတဲ့ အရိုးတွေသာ ဖြစ်သည်။
"အစ်ကို.... ဒီလိုလူအတွက် ဝမ်းနည်းနေစရာ မလိုဘူး"
လုရွှမ်: "အဲဒီလိုဏ်ဂူကြီးအောက်မှာ သူ့ကို ကယ်တင်ဖို့ ငါ ဘယ်လောက် ပေးခဲ့ရလဲ မသိဘူး.... သနားစရာ ကောင်းလိုက်တာ သစ္စာစောင့်သိမှုသာ နည်းနည်းပြနိုင်ရင် ငါ ကယ်မှာ! မြောင်းမြောင် သွားစို့!"
မြောင်းမြောင် ဂူကြီးအောက်ဆုံးတွင် ဖြစ်ပျက်ခဲ့တာတွေကို သူမ မသိသော်လည်း အဆုံးမဲ့ အသွေးအသားများကို ကြည့်ကာ အစ်ကိုလုရွှမ် ပေးဆပ်ခဲ့ရကြောင်း သူမ ကောင်းကောင်းသိသည်။
အသက်ရှင်ဖို့အတွက် ဆိုတာက အကြောင်းပြချက်တစ်ခုပဲ။ ဒါပေမဲ့ သူ့ကိုယ်သူ အသက်ရှင်ဖို့ ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်ကို သစ္စာဖောက်နိုင်ခဲ့တဲ့ သူကတော့ သေထိုက်ပါ၏။
"အိုး.. အသိုက်ထဲမှာ သွေးစုပ်ခြင်တွေ ကျန်နေသေးတာပဲ"
လုရွှမ် ဆိုလိုက်စဥ် မြေပြင်မှ သွေးစုပ်ခြင်များစွာ ထွက်ပေါ်လာနေတာ မြင်လိုက်ရသည်။ ၎င်းတို့ နှုတ်သီးထိပ်၌ သွေးစက်များစွာ ရှိနေသေးကာ သူတို့ နှစ်ယောက်ကို တွေ့တာနဲ့ ချက်ချင်းပဲ ပြေးလာခဲ့သည်။
လုရွှမ် မြောင်းမြောင်ကို လှမ်းဆွဲကာ နှစ်ယောက်သား ထွက်ပြေးရပြန်သည်။ အနောက်မှ သွေးစုပ်ခြင်များကလည်း လေအလျင်နဲ့ ပြေးထွက်လာ၏။ နှစ်ယောက်သား တခြားသားရဲများနဲ့ ဝင်ရောပြီး ထွက်ပြေးလိုက်တာ နှစ်ရက်ကျော် ကြာသွားခဲ့သည်။
သွေးစုပ်ခြင်က ဘာကြောင့် ရူးသွားမှန်းမသိပေမယ့် သူ့နောက်ကို အရူးတွေလို လိုက်နေကြတုန်းပါပဲ။ သူတို့ကိုကြည့်ရတာ အလွန်လတ်ဆတ်ပြီး အရသာရှိတဲ့ အစားအစာအုပ်စုတစ်စုကို ကြည့်ပြီး အသည်းအသန် လိုက်နေရသလိုပါပဲ။
"ဒီခြင်တွေက ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ အငွေ့အသက်ကို ခံစားမိနေတာ ဖြစ်မယ် အဲဒါကြောင့် ဒီလို အသည်းအသန် လိုက်ချင်နေတာ"
လုရွှမ် သူ့နောက်က သွေးစုပ်ခြင်တွေကို ကြည့်ကာ မြောင်းမြောင်ကို လှမ်းပြောလိုက်သည်။
သူတို့နှစ်ဦးကိုယ်ပေါ်က ရောင်ဝါဟာ ပိုလေးလာပေမယ့် ရက်အနည်းငယ်ကြာ လှည့်ပတ် ပြေးလွှားပြီးတဲ့နောက် မြောင်းမြောင် ခန္ဓာကိုယ်ပေါ်ရှိ ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ အငွေ့အသက်တွေက ပိုပေါ့ပါးသွားတယ်လို့ ခံစားလာရ၏။
နှိုင်းယှဥ်ကြည့်လျှင် ထိုသားရဲများသည် တစ်ချိန်လုံး ရိုင်းစိုင်းစွာ ပြေးလွှားနေကြရပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်က ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ ရောင်ဝါဟာ အရမ်း ပြင်းထန်နေဆဲ ဖြစ်နေတာကို ဂရုမစိုက်အားချေ။
မြောင်းမြောင်လည်း ဒီသွေးစုပ်ခြင်များက သူတို့ဆီက အငွေ့အသက်ကို ခံစားမိနေတာကြောင့် အနောက်ကနေ လိုက်လာနေကြောင်း သဘောပေါက်သည်။ ဒါကြောင့် တခြား နတ်ဆိုးသားရဲများနှင့် ဝင်ရောနှောနေခဲ့သည်။ သို့သော်လည်း ထိုသွေးစုတ်ခြင်များဆီက မလွတ်မြောက်နိုင်သေးချေ။
လွန်ခဲ့သည့် နှစ်ရက်တွင် သူမရဲ့ ကိုယ်ပိုင်အလေ့အကျင့်ကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်လာသည်။ ယွမ်စွမ်းအားတွေက ရုတ်တရက် တိုးလာနေကာ မကြာခင် အတိဒုက္ခကို ကျော်လွှားတော့မှာပဲ ဖြစ်သည်။
ဒါပေမဲ့ ဒီကိစ္စက မဖြစ်နိုင်ဘူးဆိုတာ သိသာပါ၏။
ဒီအချိန်က တခြားအချိန်တွေနဲ့ မတူနေပေ။ သူမခွန်အားက လုရွှမ်ထက် သာလွန်နေတာမျိုးလည်း မဟုတ်။ အတိဒုက္ခက ရန်သူကို ဖျက်ဆီးပစ်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပေမယ့် သူမသာ အတိဒုက္ခကြီးအတွင်း ရန်သူကို ဝင်ရောက်စွက်ဖက်ခိုင်းမိပါက သူမကိုပါ ကြီးကြီးမားမား ထိခိုက်စေပြီး ရှုံးနိမ့်သွားနိုင်သည်။
"သွားရအောင်!"
လုရွှမ် လှမ်းအော်သည်။
မြောင်းမြောင်ရဲ့ အသွင်သဏ္ဍာန်က လျှပ်စီးလက်သော သားရဲတစ်ကောင်လိုပဲ ဖြစ်သည်။ အမြန်နှုန်းကဆိုရင် သဘာဝအားဖြင့် သူမရဲ့ အစွမ်းထက်ဆုံး စွမ်းအားများထဲမှ တစ်ခုဖြစ်သည်။ လုရွှမ်အတွက်လည်း မြောင်းမြောင်ရဲ့ အမြန်နှုန်းမှာ အထင်ကြီးစရာပင်။
သူနှင့် နှိုင်းယှဥ်လျှင် သူမက အနည်းငယ်နောက်ကျ ကျန်နေသေးသော်လည်း အတော်လေး မြန်၏။
လုရွှမ်ကလည်း ချီထျန်းပုရဲ့ ပဉ္စမအဆင့်ကို လွန်ကဲစွာ ကျွမ်းကျင်နေပြီ။ သူ့အရှိန်မှာ နတ်ခြေလှမ်းနယ်ပယ်နဲ့ ထူးထူးခြားခြား ဝေးကွာနေသော်လည်း မျှော်စင်နယ်ပယ်က ကျင့်ကြံသူများကတော့ သူ့ကို လိုက်ဖမ်းဖို့ အင်မတန် ခက်ခဲလိမ့်မည်။
အကယ်၍သာ ချီထျန်းပုကို ဆဌမအဆင့်အထိ လေ့ကျင့်ထားနိုင်လျှင် နတ်ခြေလှမ်းနယ်ပယ်က သတ္တဝါများနှင့် နှိုင်းယှဉ်လျှင်ပင် ၎င်းတို့ထက် နိမ့်ကျလိမ့်မည် မဟုတ်ကြောင်း သေချာ၏။ လုရွှမ် မြောင်းမြောင်ကို အရှိန်အဟုန်ပြင်းစွာ ဆွဲထုတ်လိုက်ပြီး လူအုပ်ထဲမှ အမြန်ထွက်ကာ မိုးကုတ်စက်ဝိုင်း အတွင်း ပျောက်ကွယ်သွားခဲ့သည်။
နောက်ကွယ်က သွေးစုပ်ခြင်တွေ မလိုက်လာနိုင်တော့ပေ။ ဒါကြောင့် သူတို့နောက်က ဘီလူးသားရဲတွေကိုသာ ဆက်ပြီး လိုက်ရှာရင်း အဲဒီသတ္တဝါတွေကို တဖြည်းဖြည်းချင်း ကိုက်စားနေခဲ့သည်။
လုရွှမ်သည် မြောင်းမြောင်ကို ဆွဲထုတ်ကာ တောက်လျှောက် ပြေးလွှားလာခဲ့ရာမှ ရပ်တန့်လိုက်၏။
"မြောင်းမြောင် မင်း အတိဒုက္ခက ရင်ဆိုင်ရတော့မှာမလား..."
မြောင်းမြောင်လည်း ဒါကတော့ လုရွှမ်ဆီမှာ ဖုံးကွယ်ထားလို့ မရနိုင်ကြောင်း သိတာမလို့ မြန်မြန်လေး ခေါင်းညိတ်ပြလိုက်သည်။
"ဝေးဝေးတစ်နေရာကို ရှာရအောင်..."
မြေပုံပေါ်တွင် အချိန်အတော်ကြာ ရှာဖွေပြီးနောက် ဝေးလံသော နေရာတစ်ခုကို တွေ့သွားခဲ့သည်။
မြောင်းမြောင်ရဲ့ လက်ရှိကျင့်ကြံမှု အဆင့်က ဟဲသောက်ပန်း ယင့်သုံ့အသီးတို့ရဲ့ အရိပ်အယောင်နဲ့တင် လုံလောက်နေပြီ။ မတော်တဆမှု မဖြစ်သရွေ့ နတ်ခြေလှမ်းနယ်ပယ် ရောက်ရှိရန် လွယ်ကူလုနီးပါးဖြစ်သည်။
အန္တရာယ်ရှိသရွေ့ ကြိုတင် သတိပေးထားရင်တောင် နို့စို့အရွယ်လေးလို အသတ်ခံရနိုင်သည်။ အားလုံးက မျှော်လင့်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်ခဲ့ပြီး မြောင်းမြောင်ဟာ နတ်ခြေလှမ်းနယ်ပယ်ထဲသို့ လွယ်ကူစွာ တိုးဝင်သွားခဲ့သည်။
"ကိုကို!"
သူမသည် ယခင်အတိုင်း လုရွှမ် ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ရင်း လုရွှမ်လည်ပင်းကို တိုးဝေ့ပွတ်သပ်နေ၏။ သူမ အစ်ကိုလုရွှမ် နောက်ကို လိုက်လာတာ တစ်နှစ်ခွဲသာ ရှိသေးသည်။
အခြေခံအုတ်မြစ်က အလွန်ခိုင်မာလာပြီး အနာဂတ် နယ်ပယ်က နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်ထက်တောင် ကျော်လွန်သွားပြီပဲ ဖြစ်ပေ၏။
ဒါတွေအားလုံးဟာ သူမရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲပေးခဲ့တဲ့ အစ်ကိုဖြစ်သူ လုရွှမ်ရဲ့ ကျေးဇူးကြောင့်သာ ဖြစ်သည်။