← Chapters

ကံဆိုးခြင်း

Vol. 136 Ch. 4.1552

ကံဆိုးခြင်း

Vol. 136 Ch. 4.1552

လုရွှမ်: "ဟုတ်ပြီ.. ဒီကနေ ထွက်သွားရအောင် အတိဒုက္ခက တခြားသတ္တဝါတွေကို ဆွဲဆောင်နိုင်မှာ သေချာတယ်.... မကြာခင် အဲဒီအကောင်တွေ ရောက်လာကြလိမ့်မယ်"

မြောင်းမြောင်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး လုရွှမ်ကို စူးစူးစိုက်စိုက် ထပ်ကြည့်​နေသည်။

"ဘာ​ဖြစ်လို့လဲ?"

"ကိုကို တကယ် ဘယ်လို ကျင့်ကြံမှုအဆင့်မျိုး ရှိနေတာလဲ....ကိုကို့ရဲ့ ကျင့်ကြံမှု အခြေအနေကို ဘာလို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ရတာလဲ... ကိုကို့ရဲ့ ခွန်အားက အရမ်းအစွမ်းထက်တယ်လို့ ခံစားရတာကလွဲရင် နည်းနည်းလေးတောင် နားမလည်နိုင်ဘူး"

လုရွှမ် ရယ်မောလိုက်ပြီး။

"နတ်မီးနယ်ပယ် အဆင့်၁၃လေ..."

မြောင်းမြောင်ရဲ့ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

"နတ်မီးနယ်ပယ် အဆင့်၁၃က တကယ်ရှိတာလား.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူမ တကယ်ကို မယုံနိုင်ခဲ့ပါဘူး။

"အား... နတ်မီးနယ်ပယ် အဆင့်၁၃ ရှိတဲ့ အကြောင်း မင်းသိတယ်လား"

မြောင်းမြောင်က ဒီလိုအရာတွေကို သိ​နေမယ်လို့ မထင်ထားတာကြောင့် အံ့သြမိသွားသည်။

မြောင်းမြောင်: "အဲဒါကို ကျောက်နံရံ တစ်ခုမှာ မြင်လိုက်တာ... ညီမ အဲ့တုန်းက အန္တရာယ်ရှိတဲ့နေရာကို မတော်တဆ ဝင်မိသွားတာ...အဲ့မှာ နတ်မီးနယ်ပယ် အဆင့်၁၃ အကြောင်း ရေးထားတယ်... လူတွေက အမှားလို့ပဲ ထင်နေကြတာ တကယ်လည်း နတ်မီးနယ်ပယ် အဆင့်၁၂ အထိပဲ ကျင့်ကြံနိုင်ကြတာလေ...!"

"ကျောက်နံရံ?"

"ဟုတ်!" မြောင်းမြောင်က ခေါင်းညိတ်ပြီး သိုလှောင်လက်စွပ်ထဲက ထုတ်ယူလိုက်သည်။

"ဒါက ကျောက်ပြားတစ်ချပ်ပဲ"

လုရွှမ် ကျောက်ပြားကို သူ့လက်ထဲတွင် ကိုင်ထားသော်လည်း ကျောက်ပြားက ရုတ်တရက် ဖုန်မှုန့်တွေလို လွင့်စင်သွားလေ၏။ မြောင်းမြောင် ပါးစပ်ဟောင်းလောင်းလေးဖြင့် အံ့အားသင့်သွားပြီး လုရွှအ်ကို အံ့အားသင့်စွာ ကြည့်ကာ ဘာတွေဖြစ်နေတာလဲလို့ တွေးနေမိသည်။

လုရွှမ် သူ့လက်ဖဝါးထဲက ဖုန်မှုန့်တွေကို ခါလိုက်တဲ့အခါ သူ့လက်ဖဝါးမှာ ကျန်နေတဲ့ ကျောက်တုံးလေးကို တွေ့လိုက်ရသည်။ ကျောက်တုံးက အနက်ရောင်ဖြစ်ကာ အလွန်လေး၏။ လုရွှမ် ၎င်းကို ခက်ခက်ခဲခဲ ညှစ်လိုက်ရာ ကျောက်တုံးငယ်က အက်ကွဲသွားပြီး အတွင်းဘက်တွင် အရောင်အသွေး စုံလင်သော သလင်းကျောက် ထွက်လာသည်။

"ဒါက?"

"အမွေအနှစ်တစ်ခုလား?"

လုရွှမ်လည်း အရမ်းအံ့သြနေသည်။ ဒီသလင်းရုပ်ကြွင်းထဲက အစွမ်းထက်တဲ့စွမ်းအင်ကို ခံစားနိုင်ပေမယ့် အထဲက အရာတွေကို ဘယ်လို ထုတ်ရမလဲ ဆိုတာတော့ မစဥ်းစားနိုင်သေးပါ။

"လောလောဆယ် လျစ်လျူရှုထားလိုက်ဦး... အရင်သွားကြရအောင်"

နှစ်ယောက်စလုံး မသိလိုက်သော အရာမှာ သလင်းရုပ်ကြွင်းကို ထုတ်ယူလိုက်သောအခါတွင် လုရွှမ် ခန္ဓာကိုယ်ပေါ်၌ အငွေ့အသက် တစ်ခု တဖျပ်ဖျပ်ခတ် သွားခဲ့သည်။ ၎င်းကို ရွှေကျီးကန်းပင် သတိမထားမိလိုက်ပေ။

ဒီလိုတောထဲ၌ အတိဒုက္ခကို ကျော်လွှားတာက အန္တရာယ်ကြီး ဖြစ်လာစေနိုင်သည်။ ရက်စက်ကြမ်းကြုတ်သော သတ္တဝါများကိုလည်း ဆွဲဆောင်လိမ့်မည်။

လမ်းတစ်လျှောက်တွင် လုရွှမ်သည် ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ အငွေ့အသက်ကို ဖြည်းညှင်းစွာ မြည်းစမ်းခဲ့ရာ သူ့အသက်ရှုသံက တဖြည်းဖြည်း ပြင်းထန်လာသည်။

နောက်ဆုံးတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တောထဲက ထွက်လာခဲ့ပါပြီ။

ကြီးမားသော တောင်တန်းတစ်ခုသို့ ရောက်သောအခါ သူ့ရဲ့ကျင့်ကြံမှု စွမ်းအင်က နောက်ဆုံးတွင် ပြီးပြည့်စုံသွားတာ ခံစားလိုက်ရသဖြင့် အတိဒုက္ခကို စတင်ကျော်လွှားနိုင်သည်။

ဤအချိန်အတောအတွင်း ဟဲသောက်ပန်းက တာအိုကျက်သရေ အဖြစ်သို့ လုံးဝပြောင်းလဲသွားပြီး ယင်သုံ့အသီးကလည်း လေ၀င်လေထွက် အဖြစ် လုံးဝပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲ လုံးလုံးလျားလျား စုဝင်သွား၏။

မြောင်းမြောင် ခပ်ဝေးဝေးကို ထွက်ပြေးနေပြီ ဆိုပေမယ့် တောင်ထိပ်တစ်ခုပေါ်မှာ ရပ်ကာ လုရွှမ်ရဲ့ လှုပ်ရှားမှုများကို ကြည့်နေလေသည်။ သူမ နှလုံးသားထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုတွေကသာ ပြည့်နှက်နေသည်။

သူမ ဤတောထဲတွင် နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပြီး တစ်ခါမှ မထွက်ဖူးကြောင်း ပြောလျှင် မှားမည်ဟုတ်ချေ။ အကြောက်တရားကြောင့် အကျွမ်းတဝင်ရှိတဲ့ တောအုပ်ထဲမှာပဲ လှုပ်ရှားဝံ့လေ၏။ တောထဲမှာ သူမအတွက် စားနပ်ရိက္ခာ ဖူလုံသောကြောင့်ပင်။ လုရွှမ်ရဲ့ အတိဒုက္ခက မမျှော်လင့်ဘဲ ပို၍ပင် ကြောက်လန့်သွား​စေခဲ့သည်။

ကောင်းကင်ကြီးက မိုးခြိမ်းနေပြီး အနက်ရောင် တိမ်တိုက်များက ထိုနေရာ၌ စုဝေးနေသည်။ ကြွယ်ဝသော နတ်မိုးကြိုး လှိုင်းများ ကျဆင်းလာကာ အာကာသတစ်ခုလုံး ပိုမိုပြင်းထန်ပုံပေါ်လာသည်။

ဝုန်း!

​မြောင်းမြောင်ရဲ့ နှလုံးခုန်သံက ရပ်တန့်လုနီးပါးဖြစ်သွားသည်။ အဝေးကနေ လှမ်းကြည့်လိုက်တော့ လုရွှမ်မှာ စိုးရိမ်စရာမရှိသလိုပဲ ဝေဟင်အထပ်မှာ ပျံသန်းနေ၏။ အတိဒုက္ခကို ဖြတ်ကျော်သွားဖို့အတွက် အသင့်ပြင်ထားသူနဲ့ မတူသလို မြေပြင်ပေါ် အခိုင်အမာ ရပ်တည်နေသူလိုပါပဲ။ တခြားသူတွေနဲ့ လုံးဝ မတူချေ။

အရှိန်အဟုန်ကလည်း တခြားသူများကို ကျော်တက်သွားဖို့ လုံလောက်တာထက်ကို ပိုပါသည်။ လုရွှမ်မှာ ကောင်းကင်က မိုးကြိုးတိမ်များကို ငေးကြည့်ရင်း ပထမဦးဆုံးအကြိမ် အဖြစ် သူ၏ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်မီးလုံး ဆယ့်နှစ်လုံးသည် တောက်ပသော စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် ပေါ်လာ၏။ သူဦးခေါင်းထိပ်၊ မျက်ခုံးအလယ်၊ လက်များ၊ ခြေဖဝါးများ၊ အမြုတေနဲ့ သွေးကြောတို့ကို ချိတ်ဆက်ထား​လေသည်။

နတ်မီးလုံးတွေက လုရွှမ်ကို တောက်ပစွာ ထုပ်ပိုးထားသည်။ တဖြည်းဖြည်းနှင့် ၎င်းကို အပိုင်းအစ တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ကာ အရောင်ကိုးရောင်ဖြင့် တောက်ပလျက် သူ့မျက်ခုံးမွှေး အလယ်တည့်တည့်၌ တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။

လုရွှမ် ကိုယ်တိုင်လည်း အနည်းငယ် အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် ထျန်းယွမ်နတ်မီးလုံးက သူ့မျက်လုံးထဲတွင် ရှိနေဆဲဖြစ်ပြီး မျှော်စင်အတွင်းသို့ မပေါင်းစပ်သွားသောကြောင့်သာ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ အဆင်ပြေသွားပြီ။ ထျန်းယွမ်နတ်မီးလုံး ထွက်သွားပါက သူ့ရဲ့ ကောင်းကင်နေမျက်လုံး စွမ်းအားက အလွန်သေးငယ်သွားလိမ့်မည်။

သူ့ခန္ဓာကိုယ်မှ ယွမ်စွမ်းအင်များဟာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာနေသည်။ နတ်မီးနယ်ပယ်ကို အဆုံးစွန်ထိ တွန့်ပို့ကာ မျှော်စင်နယ်ပယ်ထဲသို့ ဝင်ရောက်သွားဖို့အတွက် လုံးဝ ကိစ္စမရှိပေ။

ယွမ်ယန်စွမ်းအင်က ခွန်အားအပြည့်ဖြင့် ပြေးလွှားနေသည်။ လုရွှမ် ခန္ဓာကိုယ်သည် တောက်ပနေပြီး သူ့နောက်တွင်တော့ အနီရောင် နေလုံးက တဖြည်းဖြည်း အားကောင်းလာသည်။ မိုးကြိုးမုန်တိုင်းကြောင့် ဖုံးကွယ်ခံထားခဲ့ရသော နေရောင်ခြည်က ယခုတော့ လုရွှမ်ကြောင့် ပိုမိုတောက်ပလာ၏။

သူ့ခန္ဓာကိုယ်ထဲမှ နိယာမစွမ်းအင် ပြေးလွှားမှုများကလည်း ဆက်တိုက် ထွက်ပေါ်လာသည်။ ဒါတွေက သူလေ့ကျင့်ထားခဲ့တဲ့ မိုးကြိုးနိယာမနဲ့ မီးတောက်နိယာမတွေပဲ ဖြစ်ကာ ၎င်းတို့ကို သူ့ခန္ဓာကိုယ်အရိုးတွေပေါ်မှာ ရေးထိုးထားပြီးသား ဖြစ်လေသည်။

ကောင်းကင်မီး၊ မြေကြီးမီး၊ စိတ်ဝိညာဥ်မီး၊ ဖီးနစ်မီး၊ နတ်ဆိုးမီးနှင့် အနက်ရောင် ရေခဲသလင်းမီးတို့က သိသိသာသာ ပိုမိုပြင်းထန်လာသည်။ ချင်ထျန်းဓားနဲ့ နေဖြိုခွင်းနတ်လေးတို့ကလည်း နတ်မိုးကြိုးကို ကြိုဆိုတဲ့အနေနဲ့ ပြေးထွက်လာကြ၏။

နတ်မိုးကြိုးက လုံးဝအနက်ရောင် ဖြစ်သည်။ ၎င်းတို့က လုရွှမ်နဲ့ လက်နက်မျိုးစုံကို တဝုန်းဝုန်းနဲ့ တိုက်ခိုက်နေသည်။ လုရွှမ် ရုတ်တရက် သွေးတစ်လုတ်ကို အန်ထုတ်မိလုနီးပါး ဖြစ်သွားသည်။ ထိုစဥ် သူရထားသော ရတနာသည် လက်စွပ်ထဲမှ ပျံထွက်လာပြီး သူ့ခန္ဓာကိုယ်ကို အလိုအလျောက် ထုပ်ပိုးပေးလိုက်သည်။

တခဏချင်းမှာပဲ နတ်မိုးခြိမ်းသံကြောင့် သူ့ခန္ဓာကိုယ်က မြေကြီးထဲကို တိုက်ရိုက် ထိမှန်သွားသည်။

တောက်ပသော မျှော်စင်လေးက အင်အားတစ်ခုနဲ့အတူ တိုးထွက်လာသည်။ ထို့နောက် ၎င်းက ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပြန်ဝင်သွားပြီး စိတ်ဝိညာဉ်ပင်လယ်ထဲ၌ နေရာယူလိုက်၏။ နတ်မိုးခြိမ်းသံသည် သူ့ခန္ဓာကိုယ်ကို ဆက်လက် ရိုက်ခတ်နေတာကြောင့် သူ့အသားစနှင့် သွေးစများ လွင့်စင်သွားသည်။

လုရွှမ် ဒေါသတကြီး ဟောက်လိုက်သည်။ သူရဲ့ ဒီတစ်ကြိမ် အတိဒုက္ခ ကျော်လွှားမှုက တစ်စုံတစ်ရာ မှားယွင်းနေတာ သေချာသည်။

ယခုအခါ သူသည် စိတ်ဝိညာဉ်ပင်လယ်ရှိ ရွှေချိုကိုသာ မျှော်လင့်ထားစရာ ရှိတော့၏။ လုရွှမ်အား စိတ်ပျက်စေခဲ့​သော အရာမှာ အငွေ့အသက် တစ်ခုက သူ့​​စိတ်ဝိညာဉ်ပင်လယ်ကို ဖုံးအုပ်ထားသော်လည်း ရွှေရောင်ချပ်ဝတ်တန်ဆာက ပြဿနာမရှိသေးပေ။

ထို့နောက် သူ့ကို ပို၍ ထိတ်လန့်သွား​စေသည်မှာ ထိုအငွေ့အသက်က သူ့ရဲ့ ကျင့်ကြံခြင်းအမြုတေကို ဖုံးထားပစ်ခြင်းသာ ဖြစ်​လေသည်။

ယခင်က ယွမ်ယန်စွမ်းအင်ဟာ ၎င်းတို့ကို မောင်းမထုတ်နိုင်ရင်တော့ အနည်းဆုံးတော့ စိမ်းပြာနဂါးရဲ့ နှလုံးခုန်နှုန်းကြောင့် တုန်တုန်ယင်ယင်နဲ့ သည်းခံနိုင်သေးသည်။ ယခုမူကား သူ့ခန္ဓာကိုယ်၌ ခွန်အား​တွေ မရှိတော့ချေ။

အခု ဘာဆက်လုပ်ရမလဲ။

နောက်ထပ် နတ်မိုးခြိမ်းသံတစ်ခု ရိုက်ခတ်သွားသဖြင့် လုရွှမ် သည်းမခံနိုင်တော့ဘဲ မြေကြီးထဲသို့ တိုက်ရိုက် နစ်မြုပ်သွားလေတော့သည်။

All Chapters