← Chapters

ကိုယ်ပိုင်အောင်မြင်မှု

Vol. 136 Ch. 4.1553

ကိုယ်ပိုင်အောင်မြင်မှု

Vol. 136 Ch. 4.1553

လုရွှမ် အရှက်တကွဲဖြင့် အရိုက်ခံလိုက်ရသည်။ အတိဒုက္ခဆင်းရဲကို ပထမဆုံးအကြိမ် ဖြတ်သန်းနေရသလိုမျိုး အလွန်ရှက်ရွံ့သွားခြင်းပင်။ သူ မထနိုင်ခင်မှာပဲ နတ်မိုးခြိမ်းသံတွေက သူ့ကို ဗုံးကြဲဖို့အတွက် သူ့ခေါင်းပေါ်တည့်တည့် ပစ်ခတ်လိုက်၏။

လုရွှမ်မှာ ကျောက်တွင်းထဲသို့ သူ့ခေါင်းမြုပ်လုမတတ် ဖြစ်နေပြီး သူ့တစ်ကိုယ်လုံးကလည်း ကွဲထွက်သွားသည်။ ယွမ်စွမ်းအင်နဲ့ ဝိညာဥ်စွမ်းအင် စုဆောင်းယူရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သို့သော် သူ့ခန္ဓာကိုယ်က အပေါ့စားမျက်နှာဖုံးဖြင့် လုံး၀ ထုပ်ပိုးထားသလို ဘာမှမတတ်နိုင်ပေ။

သူမြင်​နေရတဲ့ အရာများသာ ဆက်လက် ရှိနေပါက သူသည် နတ်မိုးခြိမ်းသံကြောင့် အမှန်တကယ်ပင် အသေခံရလိမ့်မည်။

"ကျီးဖိုးဖိုး... ဘာလုပ်ရမလဲ"

အဆက်အသွယ် လုံးဝမရှိသလို အာကာသကျောက်စိမ်းပြားထဲ အသံထွက်မလာချေ။

တခြားသူတွေဆီကနေ အကူအညီ တောင်းတာထက် မိမိကိုယ်ကို တောင်းလိုက်တာက ပိုကောင်းပေသည်။ ထိတ်လန့် တုန်လှုပ်တာတွေကို ခံစား​နေမယ့်အစား စိတ်အေးအေးထားပြီး ပြဿနာကို သေချာခွဲခြမ်း စိတ်ဖြာလိုက်တာက ပိုကောင်းပါ၏။

လုရွှမ် သူ့ခန္ဓာကိုယ်ထဲတွင် နတ်ဝိညာဥ်ဒိုင်းလွှာလို အလင်းဒိုင်းလွှာ​ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားလိုက်ရသည်။ တကယ်တော့ ၎င်းက အလင်းဒိုင်းလွှာ မဟုတ်သော်တဲ့ အလွန်သန့်စင်သော ယွမ်စွမ်းအင် အမျိုးအစား ဖြစ်ပေသည်။ ယခုအချိန်တွင် စိမ်းပြာနဂါးရဲ့ နှလုံးသားထဲတွင် လှုပ်ခတ်နေသော စွမ်းအားထက်၊ ယွမ်ယန်စွမ်းအင်ထက် အားကောင်းနေပုံရသည်။

ထို့ကြောင့် ၎င်းသည် ဝိညာဉ်စွမ်းအားနှင့် ယွမ်စွမ်းအားကို လွှမ်းမိုးသွားနိုင်ခဲ့သည်။

အကယ်၍ စိမ်းပြာနဂါး နှလုံးရဲ့ စွမ်းအင်ကို ပိတ်ဆို့ထားနိုင်လျှင် ဒီအတိဒုက္ခက မြေကမ္ဘာရဲ့ စွမ်းအင်ဆိုတာ လက်ခံနိုင်သည်။ သို့သော် ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားကို တံဆိပ်ခတ်ထားပြီး ကျောက်စိမ်း​ပြားကိုပင် အလိုအလျောက် ဝှက်ထားစေတာကြောင့် အတိဒုက္ခ နတ်မိုးကြိုးကို ဆွဲဆောင်နေတဲ့ အငွေ့အသက်ဟာ ကောင်းကင်ကမ္ဘာက ပြုတ်ကျလာတာပဲ ဖြစ်လိမ့်မည်။

အဲဒါကို ဘယ်လိုဖယ်ရှားရမလဲ။

ကောင်းကင်မှ ရိုက်ခတ်လာသော မိုးခြိမ်းသံက ပို၍ပို၍ အားကောင်းလာသည်။ လုရွှမ် ဦးခေါင်းကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ ဒီစွမ်းအားနဲ့ မိုးကြိုးပစ်ခံရပါက သူသည် အမှန်တကယ်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

မြောင်းမြောင်က အဲဒီကျောက်ပြားလေးကို ဘာကြောင့်ယူလာပြီး သူ့လက်ထဲကို ပေးလိုက်တာလဲ။ သူလေ့ကျင့်မှု မြင့်မားလေလေ၊ ဤမဖြစ်နိုင်ဘူးဟု ထင်ရသော အရာများအကြောင်းကို ပိုနားလည်လေလေပဲ ဖြစ်သည်။

ဒါတွေအားလုံးဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါ။ တစ်စုံတစ်ယောက်က သူ့ကို ဂရုတစိုက် ကြံစည်နေတာ သေချာနေပြီ။ ဒါဆို သူ့ကို ဘယ်သူက ကြံစည်နိုင်မလဲ ဆိုတာကတော့ ကောင်းကင်ကမ္ဘာက လူတွေပါပဲ။

လုရွှမ် ကောင်းကင်ကို မော့ကြည့်ရုံမှတစ်ပါး မတတ်နိုင်ခဲ့။ ယခုအချိန်တွင်ပင် ထိုကမ္ဘာမှ တစ်ယောက်ယောက်က သူ့ကို ကြည့်နေနိုင်သည်။ ဒါ့အပြင် ကောင်းကင်ကမ္ဘာ ပြိုလဲခြင်းကလည်း မလွဲမသွေ ဖြစ်နိုင်လာမှာပင်။

တစ်စုံတစ်ယောက်က သူ့ကို ရန်စဖို့ ကြံစည်သည်ဖြစ်စေ မကြံစည်သည်ဖြစ်စေ သူ့စိတ်ကို အေးအေးထားကာ သူ့ခန္ဓာကိုယ်ထဲက အလင်းလွှာတွေကို ဖြတ်ကျော်ဖို့က အရေးကြီးဆုံးပဲ ဖြစ်သည်။

နတ်မီးနယ်ပယ် အဆင့်၁၃က ဘာလဲ။

လုရွှမ်အတွက် ဒီအဆင့်က နတ်မီးနယ်ပယ်ရဲ့ အကျဉ်းချုပ် ဖြစ်သင့်သည်။ ဒီအဆင့်ကနေ အမှန်တကယ် မတိုးတက်​​သေးသော်လည်း သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေကို မြှင့်တင်ပေးခဲ့သည်။ ယွမ်စွမ်းအင်၊ စိတ်ဝိညာဉ်ခွန်အား၊ နယ်ပယ်နားလည်မှု၊ သဘာဝလွန်စွမ်းအား အပေါ် ထိန်းချုပ်မှုစတဲ့ အရာများကို မြှင့်တင်ပေးခဲ့ခြင်းပင်။

ထို့ကြောင့် ဒီနယ်ပယ်ကို ဖြတ်ကျော်လိုပါက သူဟာ ခေါင်းလောင်းကို ကြိုးချည်ထားသူမလို့ ပြင်ပစွမ်းအားဖြင့် နတ်မီးအဆင့် ၁၃ ရဲ့ ခေါင်းလောင်းကြိုးကိုလည်း ဖြည်နိုင်ရမည်။ ဒါပေမဲ့ အခု စဉ်းစားကြည့်တော့ ဒါက သေချာပေါက် အောင်မြင်နိုင်မယ့် ကိစ္စတော့ မဟုတ်ချေ။

နယ်ပယ်ကို ဖြတ်ကျော်ဖို့ ပြင်ပအင်အားတွေကို သုံးရတာ အလွယ်ဆုံးဖြစ်ပေမယ့် ဒီနယ်ပယ်ကို ဖြတ်ကျော်ဖို့ အသုံးချနိုင်ရင် အကောင်းဆုံး အကြံအစည်တစ်ခုတော့ မဟုတ်ချေ။ စဉ်းစားကြည့်မယ်ဆိုရင် ဒီလိုအခက်အခဲမျိုးက သဘာဝအတိုင်း အမြင့်ဆုံးဖြစ်ပေမယ့် အောင်မြင်ပြီးရင်တော့ သေချာပေါက် အကျိုးအရှိဆုံး ဖြစ်သွားလိမ့်မည်။

ယခုအချိန်တွင် ဖြစ်ပေါ်လာသော အလင်းအကာကြောင့် လုရွှမ် ချိုးဖျက်ရန် သူ့ကိုယ်ပိုင်အစွမ်းအစကို အသုံးပြုခဲ့ရမည်။ အလင်းအကာကို မချိုးနိုင်သေးပါက နတ်မိုးခြိမ်းသံက သူ့ကို ခုတ်ဖြတ်သွားမှာ သေချာသည်။

ဦးခေါင်းအထက်မှ နတ်မိုးခြိမ်းသံသည် ပြင်းထန်စွာ ရိုက်ခတ်နေဆဲပင်။ မြောင်းမြောင်ရဲ့ မျက်လုံးများက အလွန်စိုးရိမ်နေသဖြင့် နီရဲလာ၏။ လုရွှမ်ရဲ့ရုပ်ပုံကို သူ မမြင်နိုင်တော့ပေ။ မြင်နေရတာက တွင်းကြီးတစ်ခုသာ ဖြစ်ပြီး နတ်မိုးခြိမ်းသံများက အဲဒီတွင်းထဲ ပစ်ခတ်လိုက်တိုင်း သူမ အခြားအသံများကို မကြားနိုင်တော့ပေ။

သို့သော် ယခုအချိန်တွင် သူမလုပ်နိုင်တာက လုရွှမ်အတွက် ဆုတောင်းရင်း တောင်ထိပ်တွင် ငြိမ်သက်စွာ ရပ်နေဖို့ပါပဲ။

လုရွှမ် သူ့ခေါင်းကို ထိမိမှာကြောက်လို့ လက်နဲ့ ကာထားတာမို့ သူ့လက်တွေမှာ အဖြူရောင်အရိုးတွေ ပေါ်လာတော့သည်။

သို့သော် ယခုအချိန်တွင် လုရွှမ် ယခင်ကအတိုင်း ငြိမ်သက်နေပြီး ယွမ်စွမ်းအားများကို အဆက်မပြတ် စုစည်းနေသည်။ သူ့စိတ်ဝိညာဉ်နဲ့ ချိတ်ဆက်ထားသမျှ လက်နက်မျိုးစုံသည် တဖြည်းဖြည်းနဲ့ ချိတ်ဆက်ကြည့်လိုက်တဲ့အခါ မှော်စွမ်းအား တစ်ခုစီက တဖြည်းဖြည်း ပြောင်းလဲလာသည်။

ဖြည်းညှင်းစွာဖြင့် လုရွှမ်ရဲ့ ခန္ဓာကိုယ်က ပြန်လည်တောက်ပလာသည်။ နတ်မီး ၁၂လုံးက သူ့ခန္ဓာကိုယ် တစ်လျှောက် လင်းလက်လာ၏။ ထိုစဥ် နတ်မီးလုံးများနဲ့တန်းတူ လင်းလာသော မျှော်စင်တစ်ခုက လုရွှမ်ရဲ့ မျက်ခုံးမွှေးများရှေ့၌ ပေါ်ထွက်လာခဲ့သည်။

လုရွှမ်မျက်လုံးများက နေတစ်လုံးလို တောက်ပနေစဥ် ထျန်းယွမ်နတ်မီးလုံးကလည်း ပေါ်လာသည်။ သူသည် ယခင်က ထျန်းယွမ်နတ်မီးလုံးကို နေမျက်လုံးအစစ်နှင့် မပေါင်းစည်းခဲ့ပေ။ ယခုတော့ ထိုစွမ်းအင်နှစ်ခုက အလင်းဒိုင်းကို တိုက်ခိုက်ရန် သူ၏ စွမ်းအား အရင်းအမြစ် ဖြစ်လာခဲ့သည်။

နောက်အခိုက်အတန့်မှာတော့ ထျန်းယွမ်နတ်မီးလုံးက မထင်မှတ်ဘဲ မီးလုံးဆယ့်နှစ်လုံးထဲသို့ ပေါင်းစပ်သွားပြီး တဖြည်းဖြည်း ပုတီးစေ့လေး ဖြစ်သွားသည်။ ပုတီးစေ့လေးက လှည့်ပတ်နေ၏။

ကျောဘက်ရှိ အနီရောင်နေလုံးက ပုတီးစေ့ထဲသို့ ပြေးဝင်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ကောင်းကင်မီး၊ မြေကြီးမီးနှင့် တခြားနတ်မီးများ သေမင်းတမန်​ကြောင့် တိတ်ဆိတ်သွားသလို ပေါင်းစပ်သွားကြသည်။

ချင်ထျန်းဓားက လျှပ်တစ်ပြက်အတွင်း အလိုအလျောက် ခုန်တက်လာကာ လေထဲမှ ကျဆင်းလာသော မိုးခြိမ်းသံကို တားဆီးထားသည်။ ထို့နောက် နေဖြိုခွင်းနတ်လေးက လုရွှမ် ဦးခေါင်းပေါ်သို့ လွင့်မျောလာကာ နတ်မိုးကြိုး စွမ်းအင်များကို အလိုအလျောက် အားပျော့စေကာ လုရွှမ်ရဲ့ ဝိညာဉ်ပင်လယ်ထဲသို့ အနည်းငယ် သွန်းလောင်း​ပေးခဲ့သည်။

အနီရောင် နေ ထွက်သည်နှင့် ရှေးဦးနေမင်းကြီး ပေါ်လာလိမ့်မည်။

လုရွှမ် အော်ဟစ်လိုက်စဥ် သူ့ရဲ့ ကျင့်ကြံခြင်းအမြုတေ၊ ဝိညာဥ်စွမ်းအင်ပင်လယ်၊ စိမ်းပြာနဂါး နှလုံးကို ဖုံးအုပ်ထားသော အလင်းအတားအဆီးက ရုတ်တရက် ကွဲထွက်သွားပြီး အသက်ဝင်သော လေစီးကြောင်းများအဖြစ် ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။

ချက်ချင်းဆိုသလို လုရွှမ်ဟာ နဂါးတစ်ကောင်လို ဟိန်းဟောက်ရင်း ကောင်းကင်သို့ ပျံသန်းလာ၏။ သူ့စွမ်းအင်အားလုံး ပြန်လည် ရရှိလာပြီ။

လက်မောင်းများက တက်ကြွမှု အပြည့် ရှိနေပြီး လက်ဖဝါးတွေကလည်း အသွေးအသားများဖြင့် ပြန်ပြည့်လာသည်။ အတွင်းအင်္ဂါများက ၎င်းတို့ရဲ့ မှန်ကန်သော အနေအထားတွေဆီ ပြန်ရောက်သွားကာ၊ စိမ်းပြာနဂါး နှလုံးခုန်သံများ၊ အဆုံးမဲ့ စွမ်းအင်စီးကြောင်းများက သူ့ခန္ဓာကိုယ်ကို ရွှေရောင် အလင်းတန်းများဖြင့် တောက်ပသွားစေသည်။

နတ်မိုးကြိုးများက မြစ်ရှည်ကြီးကို ဖြတ်၍ နေဝင်ချိန်မှာ ပင်လယ်ပြင်ကို မျိုချနေသော ဝေလငါးတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွား၏။

အနီရောင် နေလုံးက သူ့နောက်မှ တက်လာသည်။ ကောင်းကင်မှာ မှောင်မိုက်နေတဲ့ တိမ်တိုက်တွေက လုံးလုံးလျားလျား ဖယ်ရှင်းခံလိုက်ရကာ အတိဒုက္ခ တိမ်တိုက်တွေကိုသာ ကျန်ရစ်သည်။

ယွမ်ယန်ကျင့်စဥ်က ကန့်သတ်ချက်တစ်ခုကို ဖြတ်ကျော်သွားပုံရ၏။ အကြောင်းမှာ ယွမ်စွမ်းအင်ရဲ့ လည်ပတ်မှုအရှိန် တစ်ခုလုံးက ရုတ်တရက် ခုန်တက်သွားတာကြောင့်ပင်။ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ လေနဲ့ တိမ်တွေ တဟုန်းဟုန်း တောက်နေပြီး ရွှေချိုကလည်း တဆက်ဆက် တုန်​နေသည်။

ကျင့်ကြံခြင်းအမြုတေထဲတွင် ကောင်းကင်လူပုတီးစေ့နဲ့ နဂါးပုတီးစေ့က လျင်မြန်စွာ လှည့်ပတ်သွားကာ သူ့ခန္ဓာကိုယ်ထဲမှ စိမ်းပြာနဂါး အရိပ်ကြီး ပြေးထွက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ တုန်ခါလာပြီး စွမ်းအားများကလည်း ပြင်းထန်လာသည်။

နတ်မိုးခြိမ်းသံ သူ့လက်ကို ထပ်မံ ရိုက်ခတ်သွားခဲ့၏။ အချို့မှာ လက်ကို ခုန်ပေါက်သွားကာ အချို့ကတော့ မြေပြင်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။

"ငါ့ကိုကြည့်​ထား!"

လုရွှမ် အသံနက်​ကြီးဖြင့်​ ​အော်​လိုက်​သည်​။ သူ့ခန္ဓာကိုယ်​က ​ကောင်းကင်​​ပေါ်သို့ ပြေးတက်​၍ တိမ်​ထဲအထိ ပြေးဝင်သွားသည်​။

နဂါးဟောက်သံများကြားတွင် ကောင်းကင်ယံက တိမ်မည်းများ ပျောက်ကွယ်သွား၏။ လုရွှမ်ဟာ အနီရောင်နေလုံးကြီးလို မိုင်ထောင်ပေါင်းများစွာ အကွာအထိ တောက်ပလျက် ရှိသည်။

All Chapters