သီးခြားစီ
Vol. 136 Ch. 4.1555
ဒီလူသားရဲ့ ခွန်အားက လွန်စွာ ထက်မြက်သည်။
ယခင်က ယင်ယန်လူ၊ သမင်ချိုတို့နဲ့ဆို သူ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ထားပေမယ့် အခုတော့ သူ့ကို သတ်နိုင်ဖို့က မဖြစ်နိုင်တော့ပေ။ သူတို့ဟာ လုရွှမ်လိုမျိုး ဓားစွမ်းအင် သုံးချောင်းတည်းဖြင့် အလွယ်တကူ သတ်နိုင်သူတွေ လုံးဝ မဟုတ်ကြချေ။
လုရွှမ် ယောက်ျားမဟုတ် မိန်းမမဟုတ်တဲ့ ကောင်ကို သတ်နိုင်ခဲ့ပြီ ဆိုကတည်းက သူတို့ကိုလည်း အလွယ်လေး သတ်နိုင်ကြမယ် ဆိုတာ ထင်ရှားသည်။
သမင်ချိုသည် ဤတစ်ကြိမ်တွင် သူအမှားလုပ်မိသွားတာ ဖြစ်နိုင်သော်လည်း ကံကောင်းထောက်မစွာပဲ သူ့ဘက်မှာ တခြားလူခြောက်ယောက်ရှိနေပြီ။ မဟုတ်ရင်တော့ သူ၏ ပထမဆုံးတုံ့ပြန်မှုက တတ်နိုင်သမျှ ထွက်ပြေးသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
"မြောင်းမြောင်... မင်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ သတိရ... သတိလည်းထား!"
"အင်း"
မြောင်းမြောင် သဘောတူပြီး အောက်ဖက်သို့ ပြေးဆင်းသွားသည်။ လုရွှမ်သည် လွန်စွာစူးရှသော မျက်လုံးများဖြင့် လူခုနစ်ဦးကို စိုက်ကြည့်ရင်း မြောင်းမြောင်ကို ဘယ်သူများ ဖမ်းရဲဦးမလဲ ကြည့်ချင်လာသည်။
ရယ်စရာကောင်းတာက မြောင်းမြောင်ဆီ တစ်ယောက်မှ မပြေးသွားရဲဘဲ လူတစ်ယောက်က ရုတ်တရက် လှည့်ထွက်ပြေးသွားတာပါပဲ။ လုရွှမ် လှောင်ရယ်လိုက်တော့ တခြားလူခြောက်ယောက်၏ မျက်နှာများကလည်း မည်းမှောင်လာတော့သည်။
"တာအိုဘာသာက အရမ်းထက်မြက်တယ်လို့ ထင်ပါတယ်....ကိုယ်မပိုင်တဲ့အရာကို မလိုချင်ရဘူး ရဖို့လည်း မကြိုးစားရဘူး။ ငါတို့ လူသားတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်... လူတစ်ယောက်မှာ အရေးကြီးဆုံးအရာက ကျေနပ်တင်းတိမ်နေဖို့ပဲတဲ့"
သမင်ချို: "ပြောနေတာတွေ ရပ်လိုက်ရအောင်... မင်းတို့ရဲ့ကံကြမ္မာကို လက်ခံလိုက်ပါတော့!"
လုရွှမ် နေဖြိုခွင်းနတ်လေးကို တိုက်ရိုက်ထုတ်ပြီး လေးကြိုးကို လပြည့်ဖြစ်သွားတဲ့အထိ ဆွဲဆန့်လိုက်သည်။ ကြိုးကို လွှတ်လိုက်သည်နှင့် မြှားတစ်စင်းက မြှားနှစ်စင်းအဖြစ် အလိုလို ထွက်ပေါ်လာသည်။
လုရွှမ်ရဲ့ပစ်မှတ်က ခြောက်ယောက်ထဲမှာ အညံ့ဆုံးလူပဲ။ တကယ်တော့ ဒီခြောက်ယောက်လုံးကို သူ့မျက်စိထဲတောင် မထည့်ထားခဲ့ချေ။ မြှားနှစ်စင်း အပစ်ခံရတဲ့လူဟာ နဖူးနှင့် နှလုံးကို ထိမှန်သွားကာ ခုခံရန် အချိန်မရှိလိုက်ပေ။
ထို့နောက် လုရွှမ် လက်တစ်ဖက်က ဓားစွမ်းအင်ဖြင့် ခုတ်ထစ်လိုက်ရာ ဓားစွမ်းအင်က ကြီးထွားလာပြီး သမင်ချိုရဲ့ ဓားချက်ကို ရင်ဆိုင်လိုက်လေသည်။ နေဖြိုခွင်းနတ်လေး မရှိတော့တဲ့ လက်တစ်ဖက်က မီးတောက်ငါးမျိုးကို လူငါးဦးဆီသို့ ပစ်လွှတ်လိုက်သည်။
ချီထျန်းပု ခြေရာများက သူ့ခြေရင်းအောက်တွင် တောက်ပနေသည်။ လုရွှမ်ဟာ ပို့ဆောင်ခြင်းအစီအရင် သုံးထားသလို တဖျတ်ဖျတ် လှုပ်ရှားသွားကာ လူငါးဦးရှေ့တွင် တခဏအတွင်း ပေါ်လာခဲ့သည်။
လူငါးယောက်ကလည်း လုရွှမ်ရဲ့ စွမ်းအားကို ခံစားမိသည်။ လုရွှမ်က သူတို့ကို မျက်စိထဲတောင် မထည့်ထားဘဲ သူ့အစွမ်းကို စမ်းသပ်နေကြတာပါ ဆိုတာကိုလည်း သိကြ၏။
သမင်ချိုနှင့် ဆွဲဆောင်မှုရှိသော မိန်းကလေး တစ်ယောက်က နောက်သို့ စောင်း၍ လှည့်ပြေးသွား၏။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်ကတော့ တစ်ချိန်တည်းမှာပဲ ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ကာ ရှက်ရွံ့စွာနဲ့ အဝေးကို ပြေးထွက်သွားတော့သည်။
သူတို့သုံးယောက် ဒီကို ရောက်လာတာ ပြီးပြည့်စုံတဲ့ ဟာသတစ်ခုဆိုတာ နားလည်နေပါပြီ။ လုရွှမ်နဲ့ လုံးဝ မယှဉ်နိုင်တာ သိသာသောကြောင့် လှည့်ထွက်ပြေးသွားခဲ့ရသည်။
ဘာဟဲသောက်ပန်း၊ ဘာယင့်သုံ့အသီးလဲ၊ အားလုံးက သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အရာတွေချည်းပဲ။ အရင်က သူ့ကို နတ်မီးနယ်ပယ်က လူတစ်ယောက်လိုပဲ မြင်ခဲ့တာ၊ အခုအတိဒုက္ခ ပြီးသွားတော့ သူက ပိုတောင် အစွမ်းထက်လာသေးသည်။
အခု ထွက်မပြေးရင် ဘယ်တော့မှ အခွင့်အရေး မရှိနိုင်တော့ချေ။
လုရွှမ် သူတို့သုံးယောက်ကို ထွက်ပြေးခွင့်ပေးလိုက်ကာ နောက်ဆုံး လူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
"အိုး...မင်းတို့က မထွက်သွားဘူးလား"
သမင်ချို ယောက်ျားမှာ ထွက်ခွာသွားသော လူများကို ကြည့်ရင်း မျက်နှာက ဖြူဖျော့သွားသည်။ သူက မဝေးလှသော နေရာမှ အမျိုးသမီးကို ခဏတာမျှ စိုက်ကြည့်ရင်း မသေချာသလို ဖြစ်လာသည်။
သို့သော် ချစ်စရာကောင်းသော အမျိုးသမီးသည် အလွန်တည်ငြိမ်သည်။ သူမက တခစ်ခစ်ရယ်ကာ သူမခန္ဓာကိုယ်ကို လိမ်ကောက် ပြလာခဲ့လေသည်။