← Chapters

မိုင်ထောင်ချီ ခြေရာခံခြင်း

Vol. 136 Ch. 4.1557

မိုင်ထောင်ချီ ခြေရာခံခြင်း

Vol. 136 Ch. 4.1557

လုရွှမ်ရဲ့ ဆုတ်ခွာမှုက လူအများရဲ့ အာရုံကို စွဲဆောင်နိုင်ခဲ့သော်လည်း ဘယ်သူမှ သူ့နောက်သို့ မလိုက်ခဲ့ကြချေ။ ယခုအခါ ကောင်းကင်မှ ဆင်းသက်လာသော လူက လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို ခံရမှာ အသေအချာပါပဲ။ ထွက်ခွာသွားသော လူများကို ကြည့်ရုံဖြင့် လုရွှမ်အပေါ်တွင် စွမ်းအင်ကို ဖြုန်းတီးပစ်ဖို့ ဆန္ဒမရှိကြတော့ပေ။

လုရွှမ် တဖြည်းဖြည်း ဆုတ်ခွာသွားပြီးနောက် မြင့်မားသော တောင်ထိပ်ပေါ်တွင် ရပ်ကာ ကောင်းကင်ယံမှ ကြွေကျနေသော ကြယ်အလင်းများကို အာရုံစိုက်နေခဲ့သည်။

စုစုပေါင်း လမ်းဆယ့်သုံးလမ်း ရှိသည်။

အလင်းစီးကြောင်းက ချောက်ကမ်းပါးကို ရိုက်ခတ်ပြီး တောင်တွေကို ပေါက်ကွဲသွားစေသည်။ မီးခိုးမြူများကြားတွင် အသံပေါင်းများစွာ တိတ်တဆိတ် လှည့်ပတ်နေ၏။

လုရွှမ်ရဲ့ မျက်လုံးများထဲတွင် တောက်ပမှု မရှိသော်လည်း သူ၏ နတ်မျက်လုံးများက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သိပ်မကြာခင်မှာပဲ အသွင်အပြင်တစ်ခုက သူ့ဆီ ပြေးလာသည်။

ဒီ​နေရာက ချောင်းမြောင်းမရှိသလိုမျိုး မည်းမှောင်နေတာကြောင့် လုရွှမ် ပုန်းကွယ်နေဖို့ ဒီနေရာကို ရွေးချယ်ခဲ့သည်။ ထိုလူက အလွန်သတိထား​နေပုံရပြီး သူ့​​အမြန်နှုန်းက အတော်လေး အထင်ကြီးစရာ ကောင်းလေသည်။

၎င်းသည် အမျိုးသမီးတစ်ဦး ဖြစ်လာသော်လည်း သူမဦးခေါင်းထိပ်ရှိ ချွန်ထက်သောဦးချိုက လူသားမဟုတ်ကြောင်း ထင်ရှားစေသည်။ သူမက ဖြည်းညှင်းစွာ ပျံသန်းပြီးနောက် တောင်တန်းကို ကျော်ဖြတ်သွားတဲ့အခါ လုရွှမ်လည်း မဆိုင်းမတွ ပြင်းထန်စွာ ပြေးလိုက်လေ၏။

စင်စစ် ကောင်းကင်ကမ္ဘာမှ ဤနေရာကို ရောက်လာသော ကျင့်ကြံသူများရဲ့ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားနေတာတော့ မဟုတ်ပေ။ ၎င်းတို့ထဲမှာ နတ်ခြေလှမ်းနယ်ပယ် မရောက်သေးသူများလည်း ရှိသည်။

အများစုမှာ မျှော်စင်နယ်ပယ် တတိယအဆင့်မှ အဆင့် ၉အထိ ရောက်ရှိထားကြသည်။ နည်းနည်း ထက်မြက်ပြီး စိတ်ကြီးဝင်နေကြသူတွေလည်း ပါ၏။

"ဟေ့ ကောင်လေး... မင်း ဒီကောင်မလေးနောက်ကို လိုက်နေတာ ကြာပြီနော် ထွက်လာတော့"

အမျိုးသမီးက ရုတ်တရက် လှည့်ကြည့်လာသည်။ လုရွှမ်လည်း အံ့သြသွားသည်။ သူ့ရဲ့ ထွက်သက်ကို ဒီလောက် ချုပ်တည်းထားတာတောင် ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ။ ဒါပေမယ့် နောက်အခိုက်အတန့်မှာတော့ လုရွှမ် ခါးသက်သက်ပဲ ရယ်မောလိုက်၏။

အမျိုးသမီးက လုရွှမ်ဘက်ကို လုံးဝ မကြည့်လာပေ။ တခြားနေရာကို ကြည့်နေကာ သူမ ခန့်မှန်းချက်အတွက်လည်း ဝေဝါးနေပုံပင်။ အချိန်အတော်ကြာအောင် စောင့်ပြီးတဲ့အထိ ဘယ်သူမှ ထွက်မလာခဲ့ကြ။ အမျိုးသမီးက ရယ်မောလိုက်ပြီး လုရွှမ်လည်း လှောင်ပြောင်ကာ သူမနောက်ကို အလျင်အမြန် ပြေးလိုက်သွားခဲ့သည်။

ဒီလူတွေက ဒီလောက်ကြီး ခမ်းခမ်းနားနား ကြွလာကြတာကို ကြည့်ရင် သူတို့ကို ဒီကို​ရောက်​​အောင်ပို့ဖို့ စရိတ်ကြီးကြီး ကုန်ကျတာ သိသာ၏။ သဘာဝအားဖြင့် ၎င်းတို့တွင် ကြီးမားသော ရည်ရွယ်ချက်ရှိသည်။ ထို့ကြောင့် ဤလူများနောက်က ကပ်လိုက်သွားရင် မမျှော်လင့်ထားသော အမြတ်အစွန်းများကို ရလာနိုင်သည်။

သူတို့နှစ်ယောက် ပြိုင်တူ ပျံသန်းလာကြရာ အချိန်တိုလေးအတွင်းမှာပင် အဝေးကြီးကို ရောက်သွားကြပြီ။ အရှေ့ဘက်မှာ နေရောင်က နီရဲနေသည်။ အမျိုးသမီးရဲ့နောက်မှာ နောက်ထပ် လူတချို့လည်း လိုက်နေသေး၏။

နတ်ခြေလှမ်းနယ်ပယ်ကို ဝင်ရောက်ထားသော ကျင့်ကြံသူနှစ်ယောက်ရဲ့ လှုပ်ရှားမှုများက သိုသိပ်လွန်းလို့ လုရွှမ်ပင် သတိမထားမိခဲ့ချေ။ အလွန် လိမ္မာပါးနပ်သော လူကြီးတွေပင်။ အမျိုးသမီးက တောက်လျှောက် ပျံသန်းလာပြီးတဲ့နောက် အေးစက်​နေတဲ့ ရေကန်ထဲကို ပြေးဝင်သွားတော့သည်။

လုရွှမ် ဖြတ်သွားတဲ့အခါ ရေကန်ထဲက ရေတွေက ကြည်လင်နေပြီး ရေကတော့ အရမ်းအေးနေတာ တွေ့ရ၏။ ခွန်အားမရှိတဲ့ လူတွေအတွက် လှမ်းဝင်လိုက်တာနဲ့ ချက်ချင်းဆိုသလို ရေခဲလူသား ဖြစ်သွားလိမ့်မည်။

ရေထဲမှာ အလွန်အန္တရာယ်များတဲ့ သတ္တဝါတစ်ကောင်လည်း ရှိနေသေးသည်။

လုရွှမ်လည်း အေးစက်သော ရေကန်တွင် ရတနာတစ်ခုခုရှိမည်ကို တွေးကာ ရပ်တန့်လိုက်သည်။ သို့သော် ဤနေရာတွင် နားမလည်နိုင်သော အန္တရာယ်တစ်ခုကလည်း အတူရှိနေ၏။

ဒါဆို ဒီမိန်းကလေးက။

လုရွှမ် မရယ်နိုင်တော့ပေ။ အမျိုးသမီးက တစ်ယောက်ယောက် သူမနောက်က လိုက်လာနေတာကို သတိထားမိတာကြောင့် လုပ်ကြံချင်နေတာ ဖြစ်နိုင်၏။

သူတို့နှစ်ယောက်က သူ့ကို မတွေ့မိဘူးဆိုတာ သေချာသည်။ မဟုတ်ရင် သူတို့နောက်ကို ဘယ်တော့မှ ဆက်လိုက်ခွင့်မပေးလောက်ချေ။ နောက်ဆုံးတွင်တော့ နတ်ခြေလှမ်းနယ်ပယ်က မျှော်စင်နယ်ပယ် ပထမအဆင့်က လူသားတစ်ယောက် လိုက်လာတာကို မြင်ရင် သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါ်သွားမှာ ကြောက်တာကြောင့် ဖယ်ရှားပစ်မှာ သေချာ၏။

ထိုနှစ်ယောက်ကလည်း အခုအချိန်မှာ အနည်းငယ်မျှ တွေးတောနေပုံရသည်။ တစ်ယောက်က ပြေးဆင်းလာကာ တစ်ယောက်က ရေကန်ဘေးတွင် စောင့်နေလေသည်။ ခဏကြာတော့ ရေကန်ထဲမှာ ရေတွေ တဖွဲဖွဲကျလာပြီး တဖြည်းဖြည်း ကြည်လင်လာတဲ့ ရေတွေက နီရဲလာတော့သည်။

"လောင်ကျန်!"

နောက်တစ်ယောက်က စိုးရိမ်တကြီးဖြင့် ဟစ်အော်လိုက်၏။ ဝင်သွားသူက ပြန်မထွက်လာတော့ပေ။ ကျန်နေခဲ့သူက ဓားရှည်ရှည်ကို ရုတ်တရက် ဆွဲထုတ်ကာ ဓားစွမ်းအင်ဖြင့် အောက်ဘက်က ရေကန်ကို လွှဲခုတ်ပစ်လိုက်တဲ့အခါ ရေတွေက အရပ်ရပ်သို့ လွင့်စင်သွား၏။

ဝုန်း!

နတ်ဆိုးတစ်ကောင် ပြေးထွက်လာပြီး ကျန်နေတဲ့ နတ်ခြေလှမ်းနယ်ပယ်က လူကို လှမ်းကိုက်လိုက်သည်။

"ဟမ့်!"

လှောင်ပြောင်သံနဲ့အတူ ဓားတစ်လက် ထွက်ပေါ်လာပြီး နတ်ဆိုးသားရဲနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ခဲ့သည်။ လုရွှမ် ရေကန်ကို စိုက်ကြည့်ကာ ကျောက်တုံးများကို ဂရုတစိုက် ရှောင်ရှားရင်း ချဥ်းကပ်လာခဲ့သည်။ အစောက လှောင်ပြောင်သူဟာ သားရဲကြီး လူတစ်ယောက်ကို လှမ်းကိုက်လိုက်ချိန် အခွင့်ကောင်းယူကာ ဝင်လိုက်သည်။

ထက်မြက်တာပဲ!

သုံးရက်အကြာတွင် နတ်သမီးတောင်တန်းလို တိမ်များ၊ မြူခိုးများ ဖုံးလွှမ်းနေသည့် တောင်ကြီးတစ်ခု မြင်ကွင်းထဲ ရောက်ရှိလာသည်။ အမျိုးသမီးမှာ လုရွှမ် လိုက်လာနေသေးတာကြောင့် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း အမြန် ဝင်သွားခဲ့သေး၏။

သူမဟာ အလွန်ထက်မြက်ပြီး အစွမ်းထက်သည်။ အထူးသဖြင့် သံသယစိတ်​တွေ များတတ်လွန်းသဖြင့် လုရွှမ်ကို လမ်းတစ်လျှောက်တွင် ဆက်လိုက်ရန် ပို၍ခက်ခဲလာစေသည်။ သူမက တစ်ခါတစ်ရံ သူ ထွက်လာမလားဆိုပြီး စမ်းသပ်ဆဲ ဖြစ်သည်။

“ထွက်လာခဲ့!”

သူမ ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း မျက်နှာလေး နီရဲနေပြီး မျက်လုံးလေးတွေကပါ နီရဲနေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ အမြဲတစေ သံသယဝင်နေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ သူမနှလုံးသားထဲတွင် သံသယစိတ်များက ပို၍ ပြင်းထန်လာသည်။

ဧရာမတောင်ကြီးက သူမအပေါ် ဖိထားသလိုပင်။ ဖိအားများကလည်း တစ်နေ့ထက်တစ်နေ့ တိုးများလာကာ သူမကို စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ ခက်ခဲစေသည်။ ရှေ့ဆက်မတိုးတော့ဘဲ သူမကို အလွန်အမင်း စိတ်ပူစေသော လူယုတ်မာကို စောင့်ဆိုင်းမည်ဟု စိတ်ထဲတွင် တေ့ထားခဲ့သည်။

"မင်း တိတ်တိတ်​လေး ပုန်းနေမှန်း ငါသိတယ်... ထွက်လာခဲ့! မင်းထွက်မလာရင်....ဟမ့် ကောင်းပြီ ငါဒီမှာစောင့်နေမယ် ငါတို့ထဲက ဘယ်သူက ဘယ်သူ့ကို ကျော်ဖြတ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

သူမက ကျောက်ခဲတွေကို မီးဖိုကာ စားစရာတစ်ပိုင်းကိုလည်း ထုတ်ယူလိုက်သည်။ ထို့နောက် အသားကင်လုပ်ပါတော့၏။ လုရွှမ်လည်း ခပ်ဖျော့ဖျော့ ပြုံးပြီး ထွက်လာခဲ့သည်။

"မိန်းကလေး... မင်းက အရမ်းပျော်တာပဲ"

“နောက်ဆုံးတော့ ထွက်လာပြီပေါ့! ထင်ထားတဲ့အတိုင်း လူတစ်ယောက် ရှိနေတာပဲ”

ဒေါသတကြီးအော်ကာ သူမ မျက်လုံးများက နီရဲနေသည်။

လုရွှမ် ပြုံးပြီး: "နတ်သမီးလေး... မင်း ဘာလို့ စိတ်ဆိုး​နေတာလဲ... ကောင်းကင်ကမ္ဘာကတောင် ဆင်းလာတယ် ဆိုတော့ မင်းတာဝန်က အရေးကြီးလိမ့်မယ်... ဒါကြောင့် အေးအေးဆေးဆေး နေလိုက်တာ ပိုကောင်းတယ်"

"ဟမ့် လူယုတ်မာ! မျှော်စင်နယ်ပယ် ပထမအဆင့်ကများ! ငရဲကို သွားပေတော့!"

သူမက ဓားကို ဆွဲထုတ်ပြီး လုရွှမ်ဆီကို ပြေးဝင်လာလေ၏။

All Chapters