ကောင်းကင်ကမ္ဘာက ယင်ယန်ဒြပ်စင်ငါးပါးဂိုဏ်း
Vol. 136 Ch. 4.1558
လုရွှမ်သည် အမျိုးသမီးရဲ့ ဓားစွမ်းအင်ကို သူ့ခန္ဓာကိုယ် တစ်ဖက်ကို ရွှေ့ရင်း ရှောင်လိုက်သည်။ သူ့လှုပ်ရှားမှုများက လုံးဝ ပေါ့ပါးကာ ခြေလှမ်းများက ကိုယ်အလေးချိန် လုံးဝ မရှိသလိုပင်။
ထိုအမျိုးသမီးရဲ့ မျက်လုံးများက အေးစက်သွားသည်။
ကျင့်ကြံသူ တစ်ယောက်ဟာ သိုင်းကွက်တစ်ခုကို တိကျစွာ ထိန်းချုပ်နိုင်မှသာ လွယ်ကူစွာ ထုတ်သုံးနိုင်မှာပဲ ဖြစ်သည်။ မဟုတ်ရင်တော့ ဘယ်စွမ်းရည်ကို ကောင်းကောင်း ထုတ်သုံးနိုင်မည် မဟုတ်ပေ။
တစ်နည်းဆိုရသော် ဤအရာကို လုပ်နိုင်သူက ပါရမီရှင်သာ ဖြစ်လိမ့်မည်။ အထူးသဖြင့် လက်ရှိလူသားရဲ့ ကျင့်ကြံမှုအဆင့်မှာ မျှော်စင်နယ်ပယ် ပထမအဆင့်တွင်သာ ရှိနေသည်။
သူမ သည်းမခံနိုင်သော်လည်း ဤပုဂ္ဂိုလ်သည် ဒီလောကထဲက ပါရမီရှင်ဖြစ်နိုင်သည်ဟု စိတ်ထဲမှာ ချက်ချင်း တွေးတောမိသည်။ ဒီလို ပါရမီရှင်တွေက နတ်ခြေလှမ်းနယ်ပယ် တက်သွားသော လူအချို့ထက်ပင် ရင်ဆိုင်ရတာ ပိုခက်ခဲတတ်သည်။
အမျိုးသမီးသည် လုရွှမ်ကို အမှန်တကယ် မတိုက်ချင်သော်လည်း ဤလူက ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူမက ကောင်းကင်ကမ္ဘာက ဖြစ်ကြောင်း လျှို့ဝှက်ချက်ကို ရှင်းရှင်းလင်းလင်း ကြေညာပစ်လိုက်ပြီ။
အမျိုးသမီးသည် သူမရဲ့ လှုပ်ရှားမှုများကို တိုက်ရိုက်ပြောင်းလဲကာ လက်ကောက်ဝတ်ကိုလှန်၍ ဓားစွမ်းအင်များဖြင့် အဆက်မပြတ် တိုက်ခိုက်တော့၏။ လုရွှမ်ရဲ့ မျက်လုံးများထဲ လန့်ဖျပ်သွားတဲ့ အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ ဤဓားသိုင်းအစုံက ယင်ယန်နဲ့ ဒြပ်စင်ငါးခု ပေါင်းစပ်ထားသော ဓားသိုင်းများပဲ ဖြစ်လေသည်။
သူသည် ဒြပ်စင်ငါးပါးမဟာဂိုဏ်းက လာခဲ့သူ ဖြစ်သောကြောင့် ဒြပ်စင်ငါးပါးဓားသိုင်းကို သဘာဝကျကျ သိပါသည်။ ထို့အပြင် အမျိုးသမီးရဲ့ ဓားသိုင်းက ယင်းယန်စွမ်းအင် နှစ်ခုနှင့်လည်း ရောနှောထားသေးသည်။ ဓားစွမ်းအားကို လေထဲမှာတင် ၃၀မှ ၄၀% ကျော်အထိ တိုးမြင့်စေသည်။
လုရွှမ် ယခင်က သူ့ကိုယ်ပိုင် နားလည်မှုအပေါ် အခြေခံ၍ ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းကို တီထွင်ခဲ့ဖူးသည်။
သို့သော် ဓားခုတ်မှု နည်းလမ်းအပေါ် နားလည်သဘောပေါက်တဲ့ နေရာမှာတော့ ဒီမိန်းကလေးက အနည်းငယ်နောက်ကျ ကျန်နေသေးကြောင်း မြင်နိုင်သည်။ သို့မဟုတ်ပါက ဓားစွမ်းအားသည် လေထဲမှာပဲ ပိုမိုမြင့်မားလာလိမ့်မည်။
လုရွှမ်က ခန္ဓာကိုယ်သည် လင်းလက်သွားကာ ဓားသိုင်းကို ရှောင်လိုက်သည်။ တစ်ဖက်မိန်းကလေးက ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းကို အသုံးပြုထားသော်လည်း ၎င်းသည် သူကိုယ်တိုင် နားလည်ခဲ့ဖူးသော ဓားသွားတစ်ခုဖြစ်သည်။
သေချာတာပေါ့။ တစ်ကြိမ် ကြည့်ပြီးနောက် သူမရဲ့ ဓားအသွားအလာကို ရှင်းရှင်းလင်းလင်း နားလည်နိုင်နေပြီ။ ဒီမိန်းကလေးရဲ့ ဓားသွားလှုပ်ရှားမှုသည် ပိုမိုချောမွေ့ပြတ်သားသည်။
လုရွှမ်ရဲ့ ဓားလှုပ်ရှားမှုကတော့ အတားအဆီးမရှိ၊ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသဖြင့် သူမနဲ့ အချိန်အတော်ကြာအောင် လက်ရည် တူညီနေခဲ့သည်။
အမျိုးသမီး၏ မျက်နှာသည် ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။
"ယင်ယန်နဲ့ ဒြပ်စင်ငါးပါးဓားသိုင်း! ရှင်က ဘယ်လိုလုပ် သိနေတာလဲ?"
လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဒါက မြေကမ္ဘာက ဓားသိုင်းတစ်ခုပဲလေ... ဘာလို့ ငါက မကျွမ်းကျင်ရမှာလဲ"
သူသည် ဓားကို ဆက်လက်အသုံးပြုကာ ထိုမိန်းကလေးကို နည်းနည်းချင်းစီ ဆွဲဆောင်ခဲ့သည်။
မိန်းကလေးသည် ကြီးမားသော အရင်းအမြစ်များကို သုံးစွဲပြီး မြေကမ္ဘာသို့ ကြိုပို့ထားနိုင်ခဲ့သူမို့ ထုံးစံအတိုင်း သူမသည် ထူးကဲသော အရည်အချင်းရှိသူ ဖြစ်ရာ လုရွှမ်ရဲ့ အကြံအစည်များကို ခပ်မြန်မြန်ပဲ နားလည်သွားသည်။
သူမရှေ့ကလူသည် အလွန်ထက်မြက်သော်လည်း ယင်ယန်နှင့် ဒြပ်ငါးပါးဓားသိုင်း အစစ်အမှန်ကို ပြည့်ပြည့်စုံစုံ နားမလည်တာ ထင်ရှားသည်။ သို့သော် လုရွှမ်ရဲ့ ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းကြောင့် သူမ အလွန်ထိတ်လန့်သွားခဲ့ရတာတော့ အမှန်ပါပဲ။
ဤလူသားသည် ထက်မြက်လွန်းလှသော ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းရဲ့ ဓားတစ်ပိုင်းကိုသာ ထိန်းထားနိုင်ပေမယ့် ဓားအား နားလည်မှုကို အားကိုးကာ အမှန်တကယ် ဖြည့်စွမ်းနိုင်သည်။
သူမလည်း ဓားပညာကို မြှင့်တင်ရန်အတွက် သူမကိုယ်ပိုင် မှော်စွမ်းအားများကို မသုံးထားပါက အားနည်းချက်တစ်ခု ရှိလာပေလိမ့်မည်။ ဒါပေမယ့် လုရွှမ် ပြသထားတဲ့ ဓားသိုင်းကို သူမ အရမ်းသိချင်လာတာကြောင့် ရပ်မကြည့်ဘဲလည်း မနေနိုင်ချေ။
လုရွှမ်ကလည်း ထိုမိန်းကလေး၏ ဓားကျွမ်းကျင်မှုကို ကြည့်ရှုချင်ခဲ့သည်။ နှစ်ယောက်သား ဓားသွားပြိုင်ရင်း တစ်ဖက်သား၏ ဓားစွမ်းရည်ကို နားမလည်မီတွင် ပြိုင်ဘက်၏ ဓားသွားနှင့် ဓားရည်ရွယ်ချက်ကို နားလည်ရန် မျှော်လင့်ခဲ့ကြသည်။
သူတို့နှစ်ယောက်စလုံးဟာ အလွန်ထက်မြက်သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ ရေကြီးတာနဲ့ မီးလောင်တာ ဘယ်သူက ပိုထက်မြက်လဲ ဆိုတာကို ယှဉ်ကြည့်ချင်နေကြသလိုပင်။
ဆယ်ချက်လောက်ကြာတော့ လုရွှမ် ရုတ်တရက် ပြန်ဆုတ်သွားရာ မိန်းကလေးက လုရွှမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတော့သည်။ လုရွှမ်ဟာ သူမရဲ့ ဓားသိုင်းပညာ အားလုံးကို ၃၀% လောက် နားလည်သွားသည်။
“မဖြစ်နိုင်ဘူးမလား.... ရှင်က ဘယ်သူလဲ?"
လုရွှမ်: "နတ်သမီး ကောင်းကင်ပြင်မှာ ကောင်းကင်ကြီးရှိတယ်... လူတွေရဲ့ အပြင်မှာလည်း လူတွေရှိတယ်... ရေတွင်းထဲမှာ ထိုင်မနေနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ဦး!"
ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းရဲ့ အဓိပ္ပာယ်အမှန်ကို သူ အပြည့်အဝ နားမလည်ပေမယ့် သူ့မှာ နားလည်မှုတစ်ခုတော့ ရှိထားပြီးသားဖြစ်ပြီး နောက်ဆက်တွဲ ဓားသွားတွေကို မစမ်းကြည့်ခင်မှာဘဲ သိသွားပြီ။
ဒါ့ထက် သူနားလည်ထားတဲ့အရာက သေစေလောက်တဲ့ ဓားသွားလှုပ်ရှားမှုပဲ။ ဒီမိန်းကလေး နားလည်တာက သူ့ရဲ့ဓားရည်ရွယ်ချက်က ပေါ့ပါးသည်။
"ရှင်က ယင်ယန်ဒြပ်စင်ငါးပါး ဂိုဏ်းဝင်လား?"
မိန်းကလေးက ရုတ်တရက် ထပ်အော်လိုက်သည်၊ သူမရဲ့ တုံ့ပြန်မှုက မနှေးပါဘူး။
လုရွှမ်က လှောင်ပြောင်လိုက်ပြီး "အဲ့တော့??"
“ရှင် ယင်းယန်ဒြပ်စင်ငါးပါး ဂိုဏ်းက ဆိုရင် ဒါက ဘာလဲဆိုတာ သိသင့်တယ် ဟုတ်တယ်မလား.... ဂိုဏ်းရဲ့ သင်္ကေတကို မြင်ရင် ဘိုးဘွားတွေကို မြင်တာနဲ့ အတူတူပဲ... ရှက် ဒူးမထောက်သေးဘူးလား”
သူမသည် တံဆိပ်ပြားတစ်ခုကို ထုတ်ကာ လုရွှမ်အား အောင်နိုင်စွာ စိုက်ကြည့်နေသည်။ ဂုဏ်ယူမှုအပြည့်ဖြင့် သူမ၏မျက်နှာပေါ်တွင် လှောင်ပြောင်သောဟန်ဖြင့် ကြည့်နေလေသည်။
လုရွှမ်လည်း တံဆိပ်ပြားကို တစ်ချက် ကြည့်လိုက်ရာ ဂိုဏ်း၏ခန်းမရှေ့က ကျောက်ပြားပေါ်တွင် ဤအရာအား ယင်းယန်ဂိုဏ်းတည်ထောင်သူ ပိုင်သောအရာ တစ်ခုအဖြစ် မှတ်တမ်းတင်ထားကြောင့် သတိရပါသေးသည်။
"ဒါက ဘာလဲ"
လုရွှမ် ပေါ့ပေါ့ပါးပါးပဲ ပြောသည်။
“ရှင်....ရှင့်ဆရာကို လှည့်စားပြီး ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ သတ္တိရှိတယ်ပေါ့လေ...”
လုရွှမ်က ရယ်မောရင်း "ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းကို ငါတောင် မလေ့လာဖူးဘူး.. ငါက ဒြပ်စင်ငါးပါး ယင်းယန်ဂိုဏ်းက တပည့်တစ်ယောက်လို့ ထင်နေတာလား။ ဒါမှမဟုတ် ဒြပ်စင်ငါးပါး ယင်းယန်ဂိုဏ်းက တကယ်ရှိနေတုန်းပဲလား.... ညီမငယ်လေး စည်းကမ်းဟောင်းကို လိုက်နာနေတာ မကောင်းဘူးနော်"
ဒြပ်စင်ငါးပါး ယင်းယန်ဂိုဏ်းကိုယ်တိုင်က မရှိတော့တာကြောင့် သူဟာ အဲဒီဂိုဏ်း၏ တပည့်တစ်ဦးမဟုတ်တာ သဘာဝကျသည်။
"ရှင်!" မိန်းကလေးက တုန်လှုပ်သွားပြီး ဒေါသကြီးကာ လက်ဖဝါးတွေပါ တုန်လာသည်။
"ဒြပ်စင်ငါးပါး ယင်းယန်ဂိုဏ်းက ပျက်သွားပြီ ဟုတ်လား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တစ်ချိန်က နာမည်ကြီး မဟာဂိုဏ်းကို ဘယ်လို လွယ်လွယ်နဲ့ ဖျက်ဆီးနိုင်မှာလဲ"
"မင်းလို မာနကြီးတဲ့လူက ကမ္ဘာကြီးရဲ့ အမြင့်ကို မသိတဲ့လူက ဘယ်လိုမှ မပျက်စီးနိုင်ပါဘူးလို့ တွေးနေမှာပဲ... မိန်းကလေး ဒီတစ်ခါ ရောက်လာရတဲ့ လျှို့ဝှက်ချက်ကို ရိုးရိုးသားသား ပြောပြလိုက်... ငါသိချင်သမျှကိုလည်း ပြောပြ မဟုတ်ရင် ပန်းတစ်ပွင့်ကို ရက်ရက်စက်စက် လက်နဲ့ ဖျက်ဆီးပစ်တာကို အပြစ်မတင်နဲ့...."
လုရွှမ်အတွက် ကောင်းကင်ကမ္ဘာက လူများသည် ကျေနပ်ဖွယ်ရာ အထင်ကြီးလောက်စရာ မရှိခဲ့ပေ။ ရလဒ်မှာ ကောင်းကင်ကမ္ဘာက လူများသည် တူညီသော ခြေလှမ်းဖြင့် ရောက်လာကြမှာမလို့ ဘယ်သောအခါမှ မပေါင်းသင်းနိုင်တော့ချေ။
အကြောင်းပြချက်က ရိုးရှင်းသည်။ အဲဒီလူတွေက သူတို့ကို လုံးဝ အလေးအနက် မထားဘူး။
မြေကမ္ဘာထဲ ဝင်ရောက်ပြီးနောက် သူတို့တွေရဲ့ ပထမ အတွေးမှာ မြေကမ္ဘာရဲ့ သက်ဆိုင်သော နေရာ နှင့် အရင်းအမြစ်များကို သိမ်းပိုက်ရန်သာ ဖြစ်သည်။