သံသယနှင့်ထိပ်တိုက်ရင်ဆိုင်
Vol. 136 Ch. 4.1559
"ဟမ့် ဒါဆို ရှင်က ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းရဲ့ ဓားအတတ်ပညာတွေကို ခိုးထားတယ်လို့ ဆိုလိုတာလား"
မိန်းကလေးက အော်ပြောလိုက်သည်။ သူမ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ မျက်ခုံးပင့်ကြည့်ရင်း ဆိုးသွမ်းသော စွမ်းအင်များ ပြည့်နှက်လာလေသည်။ နှုတ်ခမ်းများက ပြင်းပြင်းထန်ထန် တုန်ခါသွားကာ စိတ်ပျက်အားငယ်သွားတာ ပြောမပြတတ်လောက်အောင်ပင်။ လုရွှမ်ကို စိုက်ကြည့်ရင်း သူ့ကို ဝါးစားပစ်ချင်လာသည်။
အမျိုးသမီးရဲ့ မျက်လုံးတွေထဲက အကြည့်က လုရွှမ်နှလုံးသားကို နားမလည်နိုင်အောင် ရင်တုန်သွားစေပြီး သူ့စိတ်ထဲမှာ နာကျင်နေတဲ့ နေရာကို တစ်ချက် ထိမိသွား၏။
သို့သော် လုရွှမ် ဂုဏ်ယူစွာပြုံးပြီး "အဲ့တော့ ဘာဖြစ်လဲ?"
“ဘာဖြစ်လဲ?? ဒါဆို ကျွန်မက ရှင့်အတွက် သေလမ်းဖောက်ပေးရတာပေါ့”
လက်ဖဝါးကို ပွတ်လိုက်သည်နှင့် လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာသည်။ ဓားအငွေ့အသက်က အလွန်ကျယ်ပြန့်သည်။ ဓားအိမ်ထဲက မထုတ်ရသေးသော်လည်း သွေးဆာနေသော အရိပ်အမြွက်နှင့်အတူ ၎င်းဆီမှထွက်ပြေးလာသော ကြောက်မက်ဖွယ်ကောင်းသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။
သူမမျက်လုံးများ လှုပ်ရှားသွားသောအခါတွင် လက်ဖဝါးမှာ သွေးများ နီရဲနေသလို သွေးစွမ်းအင် သဲလွန်စများ စီးဆင်းလာသည်။
သူမြင်တာမှန်ရင် ဒါဟာ သွေးစုတ်နေတဲ့ဓားပဲ!
မိန်းကလေးရဲ့ ပါးပြင်က တဖြည်းဖြည်း ပြာပြီး ဖြူဖတ်လာသည်။ သူမ၏ အနီရောင် ဖီးနစ်မျက်လုံးများ အနည်းငယ် ကျဉ်းသွားကာ ခဏကြာတော့ သူမရဲ့ လူသတ်မှု ရောင်ဝါသည် အလွန် တိုးများလာ၏။
ဓားခုတ်သံနှင့်အတူ နောက်ဆုံးတွင် ဓားကို ဆွဲထုတ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ဓားအငွေ့အသက်က အလွန်ကျယ်ပြောသည်။ ဓားသွားကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ကျယ်လောင်စွာအော်ကာ ချက်ချင်း ပျောက်သွားသည်။
လုရွှမ်ရဲ့ မျက်လုံးများ မှုန်ဝါးလုနီးပါး ဖြစ်သွားသည်။ နောက်အခိုက်အတန့်တွင် သူ့ခေါင်းပေါ်ရှိ လေထုသည် မကောင်းဆိုးဝါး စွမ်းအင်များ ပြည့်နှက်နေသဖြင့် မော့ကြည့်လိုက်သောအခါတွင် မိန်းကလေးက သူ့ခေါင်းထက်မှာ လေပျော့လေးလို ပေါ်လာပြီး ခေါင်းကို ဓားဖြင့် ခုတ်ချလိုက်ပြီ။
ဓားသည် သွေးသောက်ထားသကဲ့သို့ နီရဲနေသည့်အပြင် မိန်းကလေးရဲ့ မျက်နှာသည် ဖြူဖျော့ပြီး သွေးမဲ့နေသော်လည်း သူမရဲ့ ဖီးနစ်မျက်လုံး တစ်စုံသည် ယခုအချိန်တွင် သွေးချင်နီနေကာ အထူးဝမ်းနည်းဖွယ် ကောင်းသည်။
"ငရဲကို သွားစမ်း!"
လုရွှမ် အတွက်တော့ သွေးဓားက သူ့အား အလွန်ဆိုးရွားသော ခံစားချက်ကို ပေးစွမ်းနေသည်။ အလွန် လေးလံသော ညစ်ညမ်းမှုကိုလည်း ခံစားလာရသည်။ ယွမ်ယန်စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသောကြောင့် ဤသွေးဓား၏ ဆိုးညစ်သော အငွေ့အသက်ကို မကြောက်ခဲ့ပေ။
သို့သော် လုရွှမ်သည် နတ်သမီးလေးလို ရုပ်ရည်ရှိသော ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်တွင် ယခုလိုအရာမျိုးနဲ့ ညစ်ညမ်းစေချင်ခြင်း မရှိချေ။ သူမရဲ့ မူလ အငွေ့အသက်က အားနည်းသွားပုံရသော်လည်း တိုက်ခိုက်မှု စွမ်းအားကတော့ သိသိသာသာ တိုးလာခဲ့သည်။
လုရွှမ် သူ့လက်ဖြင့် လက်စည်း တံဆိပ်တစ်ခုကို တံဆိပ်ခတ်လိုက်ရာ မိုးခြိမ်းသံက လွင့်ထွက်လာသည်။ နတ်မိုးကြိုးက သွေးဓားပေါ်ရှိ အနံ့အသက်ဆိုးကို ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲ သိချင်မိ၏။ ဒီလိုလက်နက်ကို အသုံးပြုခြင်းသည် ကြီးမားသော တန်ရာတန်ကြေးက အနောက်မှာ ကပ်ပါလာလိမ့်မည်။
နတ်မိုးခြိမ်းသံသည် သွေးဓားကို ရိုက်ခတ်လိုက်တဲ့အခါ အော်ဟစ်သံများသာ ထွက်ပေါ်ကာ သွေးဓားကို လုံးဝ မထိခိုက်ဘဲ တိတ်ဆိတ်သွားသည်။
လုရွှမ် ယခု ပစ်လွှတ်လိုက်သော နတ်မိုးခြိမ်းသံသည် အလွန်တရာ အားကောင်းပြီး အညစ်အကြေးများကို သဘာဝအတိုင်း ထိန်းထိန်းသိမ်းသိမ်း တားဆီးလိုက်သော်လည်း ယခုအခါ ၎င်းကို ဤသွေးဓားက နှိမ်နင်းပစ်လိုက်သည်။
သွေးဓားက ခေါင်းချင်းဆိုင်ပြီး ရင်ဆိုင်ရဲနေတာကြောင့် လုရွှမ် ဘေးဘက်ကို လှည့်ပြီး ထွက်လာခဲ့သည်။ မိန်းကလေးက လုရွှမ် အဲဒီလို လှုပ်ရှားလိမ့်မယ်လို့ မျှော်လင့်နေပုံရပြီး ဓားကြီးကို လုရွှမ်ဘက်ကို ဖြတ်သွားခဲ့သည်။
ရှည်လျားသော သွေးစီးကြောင်းများ ထွက်လာ၏။ လုရွှမ်မှာ သွေးဓားထဲမှ ဝိညာဉ်အူသံကိုပင် ကြားနိုင်ခဲ့သလို ယောင်ဝါးဝါး ခံစားလိုက်ရသည်။
လုရွှမ်ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေသော ကြောင်တစ်ကောင်နှင့် တူလာကာ မိန်းကလေးရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ထွက်နိုင်ခဲ့ပြန်သည်။ လက်ဝဲလက်၌ ကောင်းကင်မီးနှင့် ညာလက်၌ မြေကြီးမီးကို ထုတ်ကာ ဝှက်ထားသော လက်နက်များသဖွယ် ပြန်တိုက်ခိုက်လိုက်သည်။
မိန်းကလေးရဲ့ မျက်လုံးများက ရူးသွပ်နေတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေလျှင် ကဲ့ရဲ့ ရှုတ်ချတဲ့ အကြည့်တွေသာ ပေါ်လွင်နေသည်။ သူမသည် လုရွှမ်၏ ကောင်းကင်နှင့် မြေကြီးမီးအား သူမ၏ ဓားကြီးတစ်ချောင်းဖြင့် ပိတ်ဆို့လိုက်သည်။
မီးတောက်နှစ်ခုသည် အဖြူရောင် ဆီးနှင်းများကဲ့သို့ပင်။ ပူလောင်နေသော နေရောင်နှင့် ထိတွေ့ပြီး သွေးရောင် ရောင်ဝါဖြင့် အရှိန်ပြင်းပြင်း၊ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"သေမင်းငိုကျွေးဓား ထွက်လာတဲ့အခါ မင်းခန္ဓာကိုယ်က သေပြီးသားပဲ... မင်းရဲ့ဝိညာဉ်လည်း ဖျက်ဆီးခံရလိမ့်မယ်... ကောင်လေး မင်း သေမင်းငိုကျွေးဓား အောက်မှာ လှုပ်ရှားသုံးချက်နဲ့ အသက်ရှင်သန်ခွင့်ရတာကို ဂုဏ်ယူလိုက်တော့... ဒီဓားအောက်မှာ သေရတာကိုလည်း ဂုဏ်ယူလိုက်!"
သူမ အေးစက်စွာ အော်လိုက်ကာ အသံက အတော်လေး ယုတ်မာလာသည်။ သူမ၏ လှုပ်ရှားမှုများက ဆိုးသွမ်းပြီး ထူးဆန်းနေသည်။ သူမတစ်ကိုယ်လုံး ဆိုးယုတ်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားသလိုပင်။
လုရွှမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး။
"အဆိုးက အကောင်းကို အနိုင်ယူလို့မရဘူး... ဒါတင်မကသေးဘူး မိန်းကလေး မင်းက ကောင်းကင်ကမ္ဘာက လာတာ.... မင်းကိုယ့်ကိုယ်ကို နတ်သမီးတစ်ယောက်နဲ့ ခိုင်းနှိုင်းထားပေမယ့် မင်းက မိစ္ဆာမ ဖြစ်နေတယ်... မင်း လေးနက်တဲ့ အရည်အချင်းကို မသုံးဘဲ ရိုင်းစိုင်းတဲ့ နည်းလမ်းတွေသုံးပြီး ငါ့ကို သတ်ပစ်ချင်နေတာပဲ.... မင်းရဲ့ ဒီယုံကြည်မှုကို ဘယ်ကရလာတာလဲ ငါတကယ် နားမလည်ဘူး!"
သူ့ခြေဖဝါးအောက်က အလင်းမှုန်တွေ ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ့ရုပ်ပုံသဏ္ဌာန်က တောက်ပလာပြီး ခန္ဓာကိုယ်က ရုတ်တရက် ပျံထွက်သွားကာ လှုပ်ရှားမှုများက အစောကထက် ချောမွေ့လာသည်။
ဓားစွမ်းအင်က ပေများစွာအကွာမှ ဆုတ်ခွာသွားစဥ် လုရွှမ် ချင်ထျန်းဓားကို နောက်ပြန်ဆွဲထုတ်ကာ ယွမ်ယန်ဓားကိုးစင်းကို ခုတ်ထစ်လိုက်သည်။
"အဆိုးက အကောင်းကို ဘယ်တော့မှ အောင်နိုင်မှာမဟုတ်ဘူး... မင်းရဲ့ သရဲတစ္ဆေလိုဓားကို အနိုင်ယူဖို့ အစွမ်းထက်ဆုံး ကောင်းကင်လက်နက်ကို ပြသပါရစေ..."
ဓားစွမ်းအင်များ တဟုန်ထိုး တိုးလာသည်။ ၎င်း၏ စွမ်းအားသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး မိန်းကလေးဆီသို့ စူးစူးဝါးဝါး အသံဖြင့် လွှဲခုတ်လိုက်သည်။
ထိုမိန်းကလေးရဲ့ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြန်ကာ။
"ချီထျန်းပု?? ရှင် ဘယ်လိုလုပ် ချီထျန်းပု ခြေလှမ်းတွေကိုပါ တတ်နေတာလဲ... ရှင်ဘယ်သူလဲ"
သူမလည်း ခြေထောက်ကို အလျင်အမြန် ရွှေ့လိုက်ပြီး ဓားစွမ်းအင်ကို ရှောင်ရန် ချီထျန်းပု အဆင့်ကို သုံးလိုက်သည်။ လုရွှမ်က သူ့ဓားစွမ်းအင်ကို ထိန်းကာ ထိုမိန်းကလေးကို ကြည့်လိုက်၏။ နှစ်ယောက်သားက အံ့သြပြီး သံသယတွေအပြည့်နဲ့ မျက်နှာချင်းဆိုင် ကြည့်နေကြသည်။
“ရှင် ဘယ်သူလဲ?”
လုရွှမ်လည်း ထိတ်လန့်သွားသည်။ ကောင်းကင်ကမ္ဘာက လူတွေ ဒီလောက်တောင် ဥာဏ်ပညာ ကြီးမားကြတာလား။ ချီထျန်းပုက နတ်နဂါး မိသားစု၏ နံရံတွင် ရေးထွင်းထားသော သာမန်အတတ်ပညာတစ်ခု မဟုတ်သော်လည်း ၎င်းကို နားလည်နိုင်သူက အနည်းငယ်သာရှိသည်။
ဒီမိန်းကလေးသည် ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းကို သိကြောင်း ရှင်းပြနိုင်လျှင် သူမသည် တစ်ချိန်က ကောင်းကင်ကမ္ဘာသို့ တက်လှမ်းသွာခဲ့သော ဒြပ်စင်ငါးပါး ယင်းယန်ဂိုဏ်း၏ တပည့်ဖြစ်နိုင်သည်။
ဒါပေမဲ့ ချီထျန်းပုကရော?
ခဏလောက်စဉ်းစားပြီးမှ လုရွှမ် သူ့နာမည်ကို အော်ပြောလိုက်သည်။
"လုရွှမ်!"
မိန်းကလေး: "ဒြပ်စင်ငါးပါးယင်းယန်ဂိုဏ်းက ရန်ဖေး... ဒီဂိုဏ်းရဲ့ မျိုးဆက်မှာ ငါက အဆင့်ကိုး... အပြင်လူတွေက ငါ့ကို နတ်သမီးကိုး လို့ ခေါ်တယ်"
ကောင်းကင်ကမ္ဘာက လာတဲ့ သူမအထောက်အထားကို အခြားသူများထံမှ ဖုံးကွယ်ထားနိုင်သော်လည်း လုရွှမ်က ဖော်ထုတ်ပြီးသား ဖြစ်နေသည်။
လုရွှမ်: "မင်းတို့ မြေကမ္ဘာကို လာတာ အပြင်အဆင်တွေကို ကြိုပြီး စီစဉ်ဖို့မလား"
ရန်ဖေးသည် ခဏမျှ စဥ်းစားပြီးမှ မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ လုရွှမ်ဟုခေါ်သော ဤလူသည် သန်မာလွန်းသည်။ အထူးသဖြင့် ကောင်းကင်လက်နက် ပေါ်လာပြီး ဓားစွမ်းအင်ကို ကိုင်ဆောင်သောအခါတွင် ပိုအစွမ်းထက်သွားကြောင်း သူမ နားလည်သည်။
ဓားလက်နက်ပဲဖြစ်ဖြစ်၊ ဓားစွမ်းရည်ပဲဖြစ်ဖြစ် သူမမှာ အသာစီးမရှိဘူး။ လုရွှမ်မှ ပြသခဲ့သော ချီထျန်းပုလို လှည့်စားခြေလှမ်းများက သူ၏ယခင် ဓားကို ထိန်းချုပ်ထားသကဲ့သို့ပင် သူမအထက်တွင် ရှိနေသည်။
ဒီလိုလူကို မသတ်နိုင်ပါက အကျိုးကျေးဇူးတွေ ရလာဖို့ ပူးပေါင်းထားရမည်။