← Chapters

ကောင်းကင်ကမ္ဘာရဲ့ ရည်ရွယ်ချက်

Vol. 136 Ch. 4.1560

ကောင်းကင်ကမ္ဘာရဲ့ ရည်ရွယ်ချက်

Vol. 136 Ch. 4.1560

"ရှင် အများကြီး သိထားတာလား?"

လုရွှမ်: "ဆိုပါတော့!"

ရန်ဖေး: "ဟုတ်တယ် ကောင်းကင်ကမ္ဘာကြီး ကျဆုံးတော့မယ်.... မဟာတာအို အသက်ငါးဆယ်၊ ကောင်းကင်လမ်းစဥ် လေးဆယ့်ကိုးနှစ်... ကောင်းကင်နဲ့မြေကြီးမှာ တစ်ခုခုပြောင်းလဲတဲ့ အချိန်မှာ ကောင်းကင်ကမ္ဘာ ပြိုလဲမှုရဲ့အစပဲ... စုစုပေါင်း လေးဆယ့်ကိုးနှစ်နဲ့တောင် မလုံလောက်​တော့ဘူး... အခုဆို သုံးဆယ့်ခြောက်နှစ်ပဲ ကျန်တော့တယ်.."

ရန်ဖေးသည် လုရွှမ်ကို သေသေချာချာ စိုက်ကြည့်ရင်း လုရွှမ် ဘယ်လောက် သိထားလဲ ရှာဖွေရန် ကြိုးစား​နေသည်။

လုရွှမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး။

"အနှစ်သုံးဆယ့်ခြောက်နှစ်ပဲ ကျန်တော့တယ်... ငါအစက အနှစ်တစ်ရာလောက် အချိန်ယူရဦးမယ်လို့ ထင်ထားတာ... ဒီလောက် မြန်သွားမယ်လို့ မမျှော်လင့်ထားဘူး...

"ဒါဆိုလည်း ဒါက ကမ္ဘာကြီးရဲ့ ယေဘုယျလမ်းကြောင်းပဲ ဆိုတာ ရှင် သိထားမှာပါ ဘယ်သူမှ တားလို့မရဘူး"

ရန်ဖေးက ခေတ္တရပ်လိုက်ပြီး :"ကောင်းကင်ကမ္ဘာ ပြိုကျတာက မလွဲမသွေ ရောက်လာမှာပဲ... ကောင်းကင်ကမ္ဘာက သခင်တွေလည်း နောက်ဆုံးကျရင် ဆင်းလာကြမှာ... ဒီနေ့ မြေကမ္ဘာက မလွဲမသွေ ကောင်းကင်ကမ္ဘာနဲ့ အစားထိုးခံရလိမ့်မယ်"

"အဲ့​တော့ ​ဘာဖြစ်လဲ?"

ရန်ဖေးက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး သူမအသံက ရုတ်တရက် အေးစက်သွားသည်။

"အဲ့တော့ ဘာဖြစ်လဲတဲ့လား... ဆိုလိုတာက ကျွန်မစကားကို နာခံသူတွေက ကြီးပွားပြီး ကျွန်မကို ဆန့်ကျင်တဲ့ သူတွေကတော့ ဆုံးပါးသွားလိမ့်မယ်လို့ ပြောတာ!"

လုရွှမ်: "ကမ္ဘာရဲ့ ယေဘူယျ လမ်းကြောင်းက မသေချာဘူးမလား... ကောင်းကင်ကမ္ဘာက လူတွေ ဒီကို ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်မလား ဆိုတာ မသေချာသေးပါဘူး.... တစ်ယောက်ယောက်က ရပ်တန့်​ပေးလိုက်တာနဲ့ ကောင်းကင်ကမ္ဘာကလည်း လုံးဝ ပျက်စီးသွားလိမ့်မယ်... ရှင်သန်နေတဲ့ သတ္တဝါတွေ အားလုံး သေလိမ့်မယ်"

ရန်ဖေး၏ မျက်လုံးများ ပြူးကျယ်သွားကာ သူငယ်အိမ်က ကျုံ့သွားပြီး လက်ဖဝါးများက အနည်းငယ် တုန်ရီလာသည်။ ဒီလူဟာ မြေကမ္ဘာကြီးထဲက လူဆိုတာ မှန်ကန်ကြောင်းသာ သူမ မသိခဲ့ဘူးဆိုရင် ကောင်းကင်ကမ္ဘာကြီး ပြိုကျပြီး ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့အကြောင်း ပြောနေတာကို အံ့သြမိလိမ့်မည်။

တခဏချင်းမှာပဲ လုရွှမ်ကို အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် မှတ်ယူလိုက်ပါတော့သည်။ သူမရဲနယ်ပယ်သည် မမြင့်မားသော်လည်း တစ်ဖက်လူရဲ့ အစွမ်းအစမှာ အလွန်ပင် အားကောင်းနေသောကြောင့် သူမ၏ စွမ်းရည်မြင့်မားမှုကို ပြသနိုင်လျှင် လုရွှမ်ကို သတ်ပစ်ပြီး အနာဂတ်ပြဿနာများကို သေချာပေါက် ဖယ်ရှားပစ်လိမ့်မည်။

ကံမကောင်းစွာပဲ ခွန်အားမရှိခြင်းကြောင့် လုရွှမ်ကို အနိုင်ယူနိုင်ခြေ ရှိမရှိကို အထပ်ထပ် တွက်ချက်နေခဲ့ရသည်။

ကောင်းကင်မိုးခြိမ်းသံ၊ ထူးဆန်းသောမီး၊ ​သေမင်းငိုကျွေးဓားကို မကြောက်သော ပညာ၊ အလွန်အစွမ်းထက်လှသည့် လျှို့ဝှက်ဆန်းကြယ်သော ဓားရွေ့လျားမှု၊ ယင်းယန်နဲ့ ဒြပ်စင်ငါးပါး ဓားသိုင်းက သူမထက် အနည်းငယ် သာလွန်နေပေသည်။

သူ့ကို အနိုင်ယူဖို့ အခွင့်အလမ်းက 50% ထက်ပင် နည်း၏။

နောက်ဆုံး ဝှက်ဖဲသုံးခုကို သုံးထားရင်တောင် ဒီလူကို အပြည့်အ၀ ထိန်းထားနိုင်ခြေက အများဆုံး ရာခိုင်နှုန်းတစ်ဝက်ပဲ ရှိသည်။

ဂိုဏ်းမှ ထွက်ခွာကာ မြေကမ္ဘာဆီ ဆင်းသက်လာသောအခါက ဆရာသခင်၏ လေးစားဖွယ် ညွှန်ကြားချက်များကို သူ့စိတ်ထဲတွင် ပြန်စဥ်းစားကြည့်ရင်း ရန်ဖေး သူမရဲ့ ဒေါသစိတ်များကို ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။

အောင်ပွဲရဖို့ မသေချာပါက သေရေးရှင်ရေး ပြဿနာကို ဦးတည်စေမယ့် ဆုံးဖြတ်ချက်များကို မချသင့်ချေ။

ဆန့်ကျင်ဘက်အနေနှင့် ဤပုဂ္ဂိုလ်တွင် အရည်အချင်း များစွာရှိသည်။ ယင်းက သူ့နောက်ခံဟာ လုံးဝထူးကဲကြောင်း ပြသနေ၏။ အတတ်ပညာက ထက်မြက်ကာ သိုင်းစွမ်းရည်တွေက အစွမ်းထက်သည်။ ဒီလူနဲ့ ရန်ငြိုးဖွဲ့ထားလို့ မဖြစ်ချေ။

သူမ ​သေမင်းငိုကျွေးဓား ဖယ်ထုတ်လိုက်ရာ သွေးများ ပြန်လည် စီးဆင်းလာပြီး သူမမျက်နှာပေါ်ရှိ အရောင်အချို့လည်း ပြန်လည် ပြည့်လာသည်။

"သခင်လေးလုရွှမ်... ကျွန်မတို့ကြားထဲမှာ နားလည်မှုလွဲနေတာ ဖြစ်နိုင်တယ် ကျွန်မတို့ ရန်သူတွေအစား သူငယ်ချင်း ဖြစ်နိုင်တယ်.. "

ဒီကောင်ရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ဂိုဏ်းတစ်ခုရှိကြောင်း သူမ အတည်ပြုနိုင်ခဲ့ရင် အဆင်ပြေပြီ။ ဒြပ်စင်ငါးပါးယင်းယန်ဂိုဏ်းက ကြက်ကို ဥဥဖို့ ခိုးထားတာ မဟုတ်ရင်တော့ သူ့ရဲ့ နောက်ကွယ်မှာ ဂိုဏ်းတစ်ခု ရှိနေနိုင်၏။

လုရွှမ်လည်း ချင်ထျန်းဓားကို ဖယ်ထုတ်လိုက်သည်။ အထူးသဖြင့် တစ်ဖက်လူက ယင်ယန်ဒြပ်စင်ငါးပါး ဂိုဏ်းဝင်တစ်ဦး ဖြစ်သောကြောင့် ဤအမျိုးသမီးနဲ့ ရန်သူလုပ်ဖို့ တစ်ခါမျှ မတွေးခဲ့ပါ။

ဒါပေမဲ့ ဒီအချိန်မှာတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ အမှန်ကို ပြောပြလိုက်ရင် ငတုံးအလုပ် ဖြစ်သွားလိမ့်မည်။ ပူးပေါင်းရင်း အများဆုံး အကျိုးခံစားခွင့်ကို ရယူချင်ရင်တော့ ဝှက်ဖဲတွေကို ကြိုမပြသင့်ပါ။

လုရွှမ် ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့... ဒီသခင်လေးကလည်း ကောင်းကင်ကမ္ဘာက ဘယ်သူ့ရဲ့ရန်သူမှ မဖြစ်ချင်ပါဘူး... နောက်ဆုံးတော့ ကောင်းကင်ကမ္ဘာက လာတဲ့သူတွေက ထိပ်တန်းသခင်တွေပဲလေ... သူတို့ကို အရမ်းလေးစားပါတယ်၊ ဒါပေမယ့် နတ်သမီးကိုးကလည်း သူတို့ကို မိတ်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ရန်ဖေးသည် ဤလူက ဟန်ဆောင်နေသည်ဖြစ်စေ အမှန်တွေ ပြောနေသည်ဖြစ်စေ လေထုတင်းမာမှုက လျော့သွားတာကြောင့် သက်သာရာရသွားသည်။ အနည်းဆုံးတော့ ဒါဟာ အစပြုမှု အသစ်တစ်ခုပါပဲ။

"သခင်လေးက နှိမ့်ချနေတာပဲ... သခင်လေးလုရွှမ်ရဲ့ အရည်အချင်းကို ကြည့်ရင် ကောင်းကင်ကမ္ဘာမှာတောင် ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်"

သူမသည် ဂိုဏ်း၏ မျိုးဆက်သစ်များထဲတွင် ပါရမီရှင်တစ်ဦးဟု သတ်မှတ်ခံခဲ့ရသည်။ သူမသည် ဂိုဏ်းတစ်ခုလုံးရဲ့ ပြုစုပျိုးထောင်မှုကို ခံစားခဲ့ရရာ သူမအမြင်အရ လုရွှမ်က သူတို့ဆီက ပါရမီရှင်တွေနဲ့ အတူတူပင် ဖြစ်သော်လည်း မြေကမ္ဘာက ကောင်းကင်ကမ္ဘာနဲ့ နှိုင်းယှဉ်နိုင်ပါမလား။

သူမသည် မျှော်စင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဆိုပေမယ့် မျှော်စင်နယ်ပယ် ပထမအဆင့်ရဲ့ ခွန်အားက သူမကို ကြောက်ရွံ့ထိတ်လန့်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။

လုရွှမ်ဟာ မင်းမျိုးမင်းနွယ်မိသားစုမှ လူငယ်တစ်ယောက်ကဲ့သို့ သူ့အမူအရာကို ဗြောင်ဆန်စွာ ပြုံးပြကာ ဟန်ဆောင်လိုက်သည်။

"သခင်​လေးလုရွှမ် ဒီနေရာက ဘယ်လို နေရာလဲ"

လုရွှမ် ရယ်မောလိုက်ပြီး "တောင်ပိုင်းနယ်မြေ..."

ရန်ဖေး သက်ပြင်းချရင်း "လူသားမျိုးနွယ်က အရမ်းအားနည်းနေတုန်းပဲ... အောက်ကမ္ဘာကို သွားတုန်းက ဆရာက အောက်ကမ္ဘာက လူသားမျိုးနွယ်ရဲ့ အခြေအနေက ရှက်စရာကောင်းနေပြီလို့ ပြော​ပြခဲ့ဖူးတယ်... သခင်လေးကို မြင်တော့ ဒီမိန်းကလေးလည်း လူသားမျိုးနွယ်က ပိုသန်မာပြီး ထက်မြက်တဲ့ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့တယ်လို့ မြင်လာရပြီ"

"ကောင်းကင် ကမ္ဘာကြီးမှာလည်း လူသားမျိုးနွယ်က အားနည်းနေ​သေးတာလား"

ရန်ဖေးက ခေါင်းညိတ်ပြီး :"ပြက်လုံးတွေကို မကြောက်ပါဘူး... သခင်လေးက ဒီလို တောင်တွေ တောအုပ်တွေမှာ အမြဲတမ်း ပုန်းနေရတော့ ဒီတစ်ကြိမ် နှစ်ကြိမ်မှာ ဆင်းလာတဲ့ သတ္တဝါအများစုမှာ လူသားတွေက များတယ်ဆိုတာ သတိပြုမိတယ်မလား"

လုရွှမ် ဒါကို တကယ်သတိပြုမိသည်။ နောက်ပြီး ကောင်းကင် ကမ္ဘာမှာ လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းက အရမ်းထူးခြားနေသလားလို့ သူ့စိတ်ထဲမှာ သံသယတွေ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ရန်ဖေးရဲ့စကားတွေကို နားထောင်ကြည့်တော့ သူတွေးနေတာက လုံးဝ မဖြစ်နိုင်ပြန်။

လုရွှမ်: "အဲဒီတော့?"

"ဒါက ပထမအကြိမ်မှာ အောင်မြင်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားလို့ပဲ.. အဲဒါကြောင့် လူသားတွေကို လွှတ်ချလိုက်တဲ့ အကြောင်းအရင်းက အမြောက်စာတွေလို သဘောထားကြလို့ပဲ...အောင်မြင်ရတာ ကျေနပ်စရာကောင်းပေမယ့် ကျရှုံးရင် အရေးမကြီး​တော့ဘူး.. ကျန်တဲ့ လူမဟုတ်တဲ့ သုံးယောက်က ကောင်းကင် ကမ္ဘာမှာ ကြီးမားတဲ့ အင်အားစုတွေရဲ့ တကယ့် အဓိက စွမ်းအားပဲ"

"ဒါအမှန်ပါပဲ" လုရွှမ် ဘာပြောရမှန်းမသိ။

"အဲဒါကြောင့် သခင်လေးလုရွှမ်... ဖြစ်နိုင်ရင် ရှင် လူသားမျိုးနွယ်စုစခန်းဆီ အမြန်ဆုံးပြန်ခေါ်သွားပြီး လူသားမျိုးနွယ် တစ်ခုလုံးကို စည်းရုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်... အဲဒါမှ ကောင်းကင်ကမ္ဘာက လူသားကျင့်ကြံသူတွေလည်း စည်းစည်းလုံးလုံးနဲ့ အခွင့်ကောင်းယူနိုင်မှာ"

"ဒီအချိန်မှာ လူသားမျိုးနွယ်ကို အမြောက်စားစာအဖြစ် လွှတ်ချလိုက်ပေမယ့် အခုက အခွင့်အရေးတစ်ခုပဲ... ကျွန်မတို့က ကြိုတင်စီစဉ်ထားနိုင်ရင် အနာဂတ်မှာ ​မြေကမ္ဘာက လူသားမျိုးနွယ်တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်... အရင်တုန်းကလို တခြားသတ္တဝါတွေရဲ့ ကျွန်ခံရတော့မှာ မဟုတ်ဘူး... အဲဒီအစား ကိုယ့်ဘာသာကို မတ်တပ်ရပ်ပြီး ကိုယ့်ဆုံးဖြတ်ချက်တွေကို ချနိုင်လိမ့်မယ်"

ရန်ဖေး စကားပြောရင်းနဲ့ ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။ လုရွှမ်ကို ကြည့်ပြီး မျှော်လင့်ချက်အပြည့်နဲ့ သူမမျက်လုံးတွေက တောက်ပနေ၏။

လုရွှမ်သည် ကောင်းကင်ကမ္ဘာက ဤသတ္တဝါများသည် မြေကမ္ဘာဆီ ဆင်းလာကြတာက ကြိုတင်စီစဉ်မှုများ ပြုလုပ်ရန်၊ အရင်းအမြစ်များကို လုယူကာ အခွင့်အလမ်းကို ဆုပ်ကိုင်ထားဖို့ သို့မဟုတ် အနည်းဆုံး တစ်ဖက်မှ ခွဲထုတ်ကာ ဘုရင်များ ဖြစ်လာစေဖို့ ရည်ရွယ်ထားကြောင်း နားလည်ထားပြီးသား ဖြစ်သည်။

All Chapters