← Chapters

နတ်မျက်လုံး

Vol. 103 Ch. 1357

နတ်မျက်လုံး

Vol. 103 Ch. 1357

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့သည်လည်း အရိပ်ပြအကောင်မြင်သူများ ဖြစ်သည့်အတွက် ချင်မူ ငေးကြောင်နေရသည့် အကြောင်းအရင်းကို ကောင်းကောင်း သိ၏။ ထိုက်ယီဆီမှ အဖြေနှစ်ခုသာ လာနိုင်သည်။ အောင်မြင်မည်၊ ရှုံးနိမ့်မည်... ထိုက်ယီ၏ အပြုအမူအရ ရှုံးနိမ့်နိုင်ခြေကား ပိုမိုမြင့်မားလေသည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ မေးခွန်းများကိုတော့ ထိုက်ယီသည် အောင်မြင်လိမ့်မည်ဟု ဖြေဆိုခဲ့၏။

ချင်မူလည်း အောင်မြင်မည်ဆိုပါက ထိုက်ယီအနေဖြင့် မဖြေဘဲ နေစရာ အကြောင်းအရင်း မရှိပေ။

ချင်မူသည်လည်း ထိုက်ယီ မဖြေခဲ့သည့် အကြောင်းအရင်းကို ခန့်မှန်းမိပြီး စိတ်ဓာတ်ကျနေကြောင်း သူတို့သိကြသည်။

သူတို့မှာ ကောင်းကင်နတ်အရှင်မူကို မည်သို့နှစ်သိမ့်ပေးရမည်လဲ မသိကြပေ။ အမှန်အတိုင်းဆိုရလျှင် ဤသည်က ချင်မူ တစ်ဘ၀လုံး ကြိုးစားခဲ့ရသည့် ပန်းတိုင် မဟုတ်ပါလော။ ဤကလေး ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်လာခဲ့ပြီးနောက် နတ်ဘုရားရုပ်တုပေါ်သို့ သူနှင့် မျက်ကန်း သေးပန်းခဲ့သည့်အချိန်မှစ၍… သူ၏နှလုံးသားထဲရှိ နတ်ဘုရားကို စတင်ချိုးဖျက်ခဲ့သည်။

မဟာမြို့ပျက်မှ ထွက်ခွာ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ရှိလာခဲ့သည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းတို့၏ ခံယူချက်များကို နားလည်ခဲ့သည်သာမက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ခံယူချက်များကိုလည်း နားလည်ခဲ့ပြီး သူ့ဘဝပန်းတိုင်ကို သတ်မှတ်ခဲ့သည်။

သူ့ဘဝတလျှောက်လုံး လုပ်ခဲ့သည့်အရာများမှာ ဤပန်းတိုင် အောင်မြင်ရန်သာ ဖြစ်၏။

ထိုက်ယီ မဖြေခဲ့ခြင်းက သူ့ကို အထိနာသွားစေပြီး တာအိုနှလုံးသားကိုပင် ကွဲအက်လုနီးပါးဖြစ်စေခဲ့သည်။

ထိုက်ယီမဟုတ်ဘဲ တခြားသူသာဆိုလျှင် ဤမျှ ခံစားရလိမ့်မည်မဟုတ်ပေ။ ထိုက်ယီဖြစ်နေသည့်အတွက်ကြောင့်သာ ယခုလို ခံစားနေရခြင်းဖြစ်၏။

သူ၏တာအိုနှလုံးသားတွင် ထိခိုက်ဒဏ်ရာရသွားချေပြီ။

ချင်မူ့မျက်လုံးအိမ်များက တုန်ရီနေသော်လည်း သူ့မှာ အနည်းငယ် စိတ်တည်ငြိမ်လာဟန်တူ၏။ သူက ပြုံးလျက် ပြောသည်။ “တာအိုနောင်တော်တို့ ကျွန်တော် အဆင်ပြေပါတယ်…. အခု စလို့ရပါပြီ”

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်မှာ တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်လိုက်ကြသည်။ မြေအောက်ဘုံအရှင်သခင်က ဦးချိုကို ထုတ်လိုက်သည်။ ဤဦးချိုသည် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကာ မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် ၎င်းကို ယိုတုမဟာတာအိုဖြင့် အချိန်အတော်ကြာ သန့်စင်ထားခဲ့၏။

ယိုတုဟာတာအို၏ အမှတ်အသား ၆၄ ခုက ဦးချိုပေါ်တွင် ပေါ်လာကာ အလယ်ဗဟိုမှ စတင်ပြီး အရပ်လေးမျက်နှာသို့ ပြန့်ကားသွား၏။ ၎င်းတို့မှာ လူသားတို့မျက်လုံးထဲတွင် အဖုအထစ်များနှင့်တူသော်လည်း အရှိန်အဝါအမှတ်အသားများလည်း ဖြစ်ကြသည်။

ချင်မူ ယခင်က ရရှိခဲ့သော ချင်စာလုံးမြေပြင်မှာ မြေအောက်ဘုံအရှင်သခင်၏ ဦးချို ဖြစ်ခဲ့သည်။ သို့သော် မြေအောက်ဘုံအရှင်သခင်သည် ချင်မူ တတိယမျက်လုံးရသွား‌အောင် ချင်စာလုံးမြေကို ဖန်တီးပေးခဲ့ခြင်းမဟုတ်။ သူ၏မိစ္ဆာသဘာဝကို ချိပ်ပိတ်ရန် ဖန်တီးပေးခဲ့ခြင်းပင်။

ထို့အပြင် ၎င်းဦးချိုမှာ မြေအောက်ဘုံအရှင်သခင်၏ သာမန်ဦးချိုတစ်ခုသာ ဖြစ်ခဲ့သည်။

ကောင်းကင်နယ်စားမင်းကလည်း သူ၏နတ်မျက်လုံးထဲမှ တာအိုသလင်းကျောက်ကို ထုတ်လိုက်သည်။ ဤကောင်းကင်တာအိုသလင်းကျောက်သည် ကျောက်စိမ်း မဟုတ်သော်လည်း အလွန်တရာနူးညံ့ပြီး ထွင်းဖောက်မြင်ရနိုင်၏။ ကောင်းကင်နီးပါး ကြည်လင်နေသည်။

သူတို့နှစ်ယောက်က စတင်ပြင်ဆင်တော့သည်။ ချင်မူကလည်း မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကိုဖွင့်ကာ ထိုက်ချူဥကို ထုတ်လိုက်၏။ သို့သော် သူ၏မျက်နှာအမူအရာက ငေးကြောင်နေပြီး ခပ်တိုးတိုး ရေရွတ်နေသည်။ “အရာအားလုံးကို လူတစ်ယောက်ကပဲ လုပ်ရတာမလား…. အဆုံးသတ်က သတ်မှတ်ပြီးသားဆိုရင် တိုက်ခိုက်ရတာ ပျော်စရာဘယ်ကောင်းတော့မလဲ… ငါက လောကသခင်ခန္ဓာ၊ ရှုံးနိမ့်ခြင်းကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး”

ကောင်းကင်နယ်စားမင်းက အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီလို အရေးကြီးတဲ့အခြေအနေမှာ အတွေးမလွင့်သွားစေနဲ့… မင်းရဲ့မျက်လုံးတွေ မကန်းသွားစေဖို့ သတိထား…”

ချင်မူ့မျက်နှာထက်တွင် ကျောက်တုံးကြီးတစ်တုံးကို ပစ်ချလိုက်ရသည့်အလား ခပ်ရေးရေး အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ သူက တခဏတုံ့ဆိုင်းနေပြီးနောက် ထိုက်ချူဥကို ချလိုက်သည်။

ထိုက်ချူဥမှာ ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူ၏ မွေးဖွားရာဌာနေ မဟုတ်ပါလော။ သူသာ ကောင်းကင်နတ်အရှင်ရှောင်နှင့် ထပ်တွေ့ခဲ့လျှင် သူ၏မျက်လုံးများကို ကလော်ထုတ်၍ ကောင်းကင်နတ်အရှင်ရှောင်ကို ချိပ်ပိတ်ရမည့်အခြေအနေ မဖြစ်သွားဘူးလော။

“လုပ်ရင်တော့ ကြီးကြီးမားမားပဲ လုပ်ချင်တယ်”

သူက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ ကျောက်တုံးတွင်းထဲရှိ ထိုက်ယီ၏ ဖရိုဖရဲဥခွံနှစ်ခုထဲမှ တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် မှော်စွမ်းအင်ကို လှည့်ပတ်စေရင်း တတိယမျက်လုံးထဲ ထိုဥခွံကို ထိုးထည့်လိုက်၏။

ချင်မူမှာ သူ သိလိုသည့် ရလဒ်များကို ထိုက်ယီ မပြောပြခဲ့သဖြင့် ကလဲ့စားချေလိုစိတ်များ ပေါ်လာခဲ့မိသည်။ ထိုက်ယီဥမှာလည်း ထိုက်ယီအတွက် အသုံးမဝင်တော့ပေ။

သူ ဥခွံကို နေရာချပြီးနောက် မြေအောက်ဘုံအရှင်သခင်က လှုပ်ရှားလိုက်သည်။ သူက ကမ္ဘာဦးဦးချိုကို ချင်မူ၏ မျက်လုံးထဲ ထည့်လိုက်ချေပြီ။

မြေအောက်အရှင်သခင် ဖြည်းဖြည်းချင်း တွန်းထည့်နေစဉ် လှည့်ပတ်နေကြသည့် အရှိန်အဝါအမှတ်အသားများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ချင်မူက ထိုက်ကျိကျောက်တုံးကို ထုတ်လိုက်သည့်အခါ ၎င်းသည် သူ၏ဒေါင်လိုက်မျက်လုံးထဲသို့ ပျံသန်းသွားကာ သူငယ်အိမ်အဖြစ် ပြောင်းလဲသွား၏။

ကောင်းကင်နယ်စားမင်းက ချက်ချင်း လှုပ်ရှားပြီး သူ့ဒေါင်လိုက်မျက်လုံးအရှေ့ရှိ အခန်းအား ကောင်းကင်တာအိုသလင်းကျောက်ဖြင့် ဖြည့်စွက်လိုက်ကာ ကောင်းကင်တာအိုဖြင့် အဆက်မပြတ် တံဆိပ်ခတ်နှိပ်ပေးနေသည်။

မြေအောက်ဘုံအရှင်သခင်က တည်ကြည်လေးနက်စွာ ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့သူငယ်အိမ်တွေကို အသက်သွင်းလိုက်တော့… ငါ ကူညီပေးမယ်”

ချင်မူက သူပြောသည့်အတိုင်း ဒေါင်လိုက်မျက်လုံးကို အသက်သွင်းလိုက်သည်။ သူ၏မျက်လုံးထဲရှိ ထိုက်ကျိကျောက်တုံး၀ည် ချက်ချင်း လှည့်ပတ်လာပြီး ယင်ယန်ချီတို့လည်း ပိုမိုလျှင်မြန်စွာ လည်ပတ်လာကာ ထိုက်ကျိတာအိုအဖြစ် ပြောင်းလဲသွားတော့သည်။

မြေအောက်ဘုံအရှင်သခင်က တစ်ချိန်တည်းမှာပင် ယိုတုမဟာတာအို ၆၄ခုကို အသက်သွင်းကာ အဆက်မပြတ် တံဆိပ်ခတ်နှိပ်နေပြီး ကောင်းကင်နယ်စားမင်းနှင့်အတူ သူ့ဒေါင်လိုက်မျက်လုံး၏ စွမ်းအားကို မြှင့်တင်ပေးနေသည်။

အချိန်တစ်ခုကြာသွားပြီးနောက် သူတို့နှစ်ယောက်သား မှော်စွမ်းအင်ကို ဖယ်ရှားလိုက်ရင်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ ချင်မူ့မျက်လုံးထဲရှိ ယင်ယန်ချီတို့ကလည်း ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။

ဤမျက်လုံးသည် ကောင်းကင်တာအို၊ ယိုတုမဟာတာအိုနှင့် ထိုက်ကျိတာအိုအရှိန်အဝါတို့ဖြင့် ပြည့်နှက်နေ၏။ ဤမျက်လုံးတစ်လုံးတည်းကပင် မြင်ရသူတိုင်းအား ၎င်း၏စွမ်းအားသည် ကောင်းကင်နတ်အရှင်တစ်ပါး၏ ရတနာထက် မနိမ့်ကျဟု ခံစားနေရစေသည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ မျက်နှာအမူအရာများမျာ ဝမ်းသာနေကြသည်။

ကောင်းကင်နယ်စားမင်းက ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီနတ်မျက်လုံးရဲ့ စွမ်းအားက ဘယ်လိုလဲ… မင်းရဲ့ အရင်နတ်မျက်လုံးကို မှီရဲ့လား”

မြေအောက်ဘုံအရှင်သခင်မှာလည်း သိချင်နေ၏။ “အသက်သွင်းလိုက်ပြီး ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအားတို့ ပေါင်းစည်းထားတဲ့ စွမ်းအားကို ထုတ်ပြပါဦး”

“ပြရတာပေါ့ဗျာ”

ချင်မူ၏ စိတ်ပျက်လက်မှိုင်ဖြစ်နေသည့် အမူအရာများ ချက်ချင်းပျောက်ကွယ်သွားပြီး သူက မျက်လုံးများ မှိတ်ကာ ဒေါင်လိုက်မျက်လုံးကို အသက်သွ၍ ဖွင့်လိုက်၏။ သူ၏ မှော်စွမ်းအင်က မျက်လုံးထဲ ဝင်ရောက်သွားပြီး ပထမဦးဆုံး ထိုက်ယီဥခွံ၏ စွမ်းအားကို အသက်သွင်းလိုက်သည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့မှာ တခဏ စောင့်ဆိုင်းနေကြသော်လည်း မျက်လုံးထံမှ မည်သည့်လှုပ်ရှားမှုမှ မတွေ့ရသဖြင့် ဇဝေဇဝါဖြစ်သွားကြသည်။

ကောင်းကင်နယ်စားမင်းက ချောင်းဟန့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မျက်လုံးရဲ့စွမ်းအားကို အသက်သွင်းလို့ရပြီနော်”

ချင်မူက တုပ်တုပ်မလှုပ်ပေ။

ကောင်းကင်နယ်စားမင်းက နောက်တစ်ကြိမ် သတိပေးလိုက်သော်လည်း ချင်မူ စိတ်ရှုပ်ထွေးနေသည်ကို သတိထားမိသွား၏။ ချင်မူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ကျွန်တော် မျက်လုံးကန်းသွားပြီ… ဒီမျက်လုံးနဲ့ ဘာမှမမြင်ရဘူး… ဖရိုဖရဲပြင်တစ်ပြင်ကိုပဲ မြင်ရတယ်”

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်မှာ အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် အကဲခတ်လိုက်ကြသည်။ ချင့်မူ့အတွက် သန့်စင်ပေးထားသည့် သူငယ်အိမ်နှင့် သလင်းကျောက်များတွင် အမှားအယွင်း တစ်စုံတရာ မရှိသလို ထိုက်ကျိကျောက်တုံးတွင်လည်း မှားယွင်းမှုမရှိချေ။ သို့ထိတိုင် ချင်မူမှာ မည်သည့်အရာကိုမှ မမြင်ရသေးပေ။

ထိုမျှသာမက ဖရိုဖရဲချီမျှင်တချို့က သူ၏မျက်လုံးထဲမှ စိမ့်ထွက်လာပြီး ယိုတုမဟာတာအိုကို ဖရိုဖရဲဖြစ်သွားစေသည်။ ကောင်းကင်တာအိုမှာလည်း အလျင်အမြန် ဖရိုဖရဲဖြစ်သွားပြီး အကန့်အသတ်မဲ့သော ဖရိုဖရဲဖြစ်မှုများသာ ကြီးစိုးသွား၏။

“အဲဒီဥခွံကို သုံးလိုက်တာကြောင့်မလို့လား”

နတ်ဘုရားနှစ်ပါးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေကြသည်။ ကောင်းကင်နယ်စားမင်းက မေးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့မျက်လုံးကို ကလော်ထုတ်ပြီးတော့ အဲဒီဥခွံနေရာမှာ တခြားကမ္ဘာဦးဥခွံကို အစားထိုးကြည့်ရင်ရော”

ချင်မူ တုံ့ဆိုင်းနေစဉ် ယန်အာအသွင်ပြောင်းထားသည့် အစိမ်းရောင်စာကလေးသည် အတောင်ပံများခတ်ရင်း ပျံသန်းလာ၏။ ၎င်းက ပါးစပ်ထဲတွင် သစ်ရွက်တစ်ရွက်ကို ကိုက်ထားပြီး တောင်ပံတဖျတ်ဖျတ်ခတ်လျက် ချင်မူ့အရှေ့တွင် ပျံဝဲနေသည်။

သစ်ရွက်ထိပ်တွင် ရေစက်တစ်စက်က တွဲလောင်းခိုနေပြီး အလွန်အမင်း ကြည်လင်လှ၏။

ထိုရေစက်က ချင်မူ့မျက်လုံးထဲသို့ လျှောကျသွားသည်။

ရေစက် သူ၏မျက်လုံးထဲ ဝင်ရောက်သွားသည့်အချိန်တွင် ဖရိုဖရဲချီများသည် ဖြည်းဖြည်းချင်း လွင့်ပြယ်သွားပြီး ယိုတုမဟာတာအိုနှင့် ကောင်းကင်တာအိုတို့မှာ ကြည်လင်ပြတ်သားလာကြသည်။ ထိုက်ကျိကျောက်တုံးထဲရှိ ထိုက်ကျိတာအိုကိုလည်း ရှင်းလင်းပြတ်သားစွာ မြင်လာရ၏။

ချင်မူ ခေါင်းရမ်းလိုက်သည့်အခါ သူ၏ဒေါင်လိုက်မျက်လုံးသည် သူ့ပတ်ပတ်လည်ရှိ အရာအားလုံးကို မြင်နေရသည်။ ဟင်းလင်းပြင်အလွှာများနှင့် မဟူရာသစ်ပင်ကြီး၏ မြေအောက်ကိုပင် ရှင်းရှင်းလင်းလင်း မြင်ရနိုင်၏။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ မူလဝိညာဉ်များမှ မဟာတာအိုဖွဲ့စည်းတည်ဆောက်ပုံများကိုပင် မြင်နေရသည်။

သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး၏ မျက်သားများက အလယ်ဗဟိုတွင် ဖြည်းဖြည်းချင်း ထိကပ်သွားကြပြီး ပြန်ပိတ်သွားသည်။

“တာအိုနောင်တော်ထိုက်ယီကို ကျေးဇူးအထူးတင်ပါတယ်”

ချင်မူက ဦးညွတ်အရိုအသေပေးပြီးနောက် လက်ဆန့်တန်းကာ ယန်အာ့ပါးစပ်ထဲရှိ သစ်ရွက်ကို ယူရန် ပြင်လိုက်သည်။

အစိမ်းရောင်စာကလေးက သစ်ရွက်ကို အလျင်အမြန် ကိုက်ထားပြီး တောင်ပံခတ်လျက် ပြုံးပြလေသည်။ “ထိုက်ယီက မှာလိုက်တယ်… ဒီသစ်ရွက်ကို နင့်ကို ပေးလို့မရဘူးတဲ့… ဒီသစ်ရွက်က သူ့တာအိုသစ်ပင်ရဲ့ သစ်ရွက်ဆိုတော့ နင့်ဆီ ပေးလိုက်ရင် ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်တဲ့”

All Chapters