← Chapters

အခန်း (၆၃၁)

Vol. 43 Ch. 631

အခန်း (၆၃၁)

Vol. 43 Ch. 631

သက်ရှိဖန်တီးခြင်းအစွမ်းနှင့် ဖန်တီးထားခဲ့သော မုန့်ချီ၏ ကိုယ်ပွားက ကျောင်းဆောင် အတွင်းထဲသို့ ခိုးဝင်လာ၏။ သူက အတွင်းထဲတွင် ရှိနေသူကို ဆန်းကြယ်နတ်သမီး နီမဏကာရအဖြစ် ထင်မှတ်ထားခဲ့သည်။ သူက လူတိုင်းကို လှည့်စားရန် ဖြစ်နိုင်သည်ဟု တွေးဆမိခဲ့၏။ အကယ်၍ သူက ပေါ်သွားမည်ဆိုလျှင်ပင် ကံကြမ္မာကွင်းဆက်ကျင့်စဉ်ကို အသုံးချပြီး ခြိမ်းခြောက်၍ ရနိုင်သေးသည်။ ထိုသဘောထားကြောင့် ဆန်းကြယ်နတ်သမီးက တစ်စုံတစ်ခု ပြောင်းလဲနိုင်ဦးမည်ဟု ခံစားမိနေခဲ့သည်။

လေဟာနယ်က ကျုံ့သွားခဲ့ပြီး လေစီးကြောင်းများက အေးခဲသွားခဲ့သည်။ သူမက စိတ်ထဲတွင် လှုပ်ရှားလိုက်သည့်အချိန်၌ သူမ၏ဝိညာဉ်နှင့် လှောင်အိမ်တစ်ခုကို ဖန်တီးခဲ့၏။ အလွန်အစွမ်းထက်သော စွမ်းအားများ၏ အောက်တွင် မုန့်ချီကိုယ်ပွားကတော့ ရပ်တန့်နေပြီး မှင်တက်နေမိခဲ့သည်။ သူက ဓားထုတ်ရန်ပင် ခက်ခဲနေကြောင်း ထိတ်လန့်အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။

“မဟုတ်ဘူး...”

မျက်လုံးတစ်ဖက် မှိတ်ထားသော ဆန်းကြယ်နတ်သမီးက မျက်လုံး ဖွင့်ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် ကြယ်ရောင်များ တလက်လက် တောက်ပနေပြီး မျက်လုံးတစ်လုံးချင်းဆီက အဓိပ္ပာယ်တစ်မျိုးဆီ ရှိနေသလို ထင်မှတ်ရ၏။

သူ၏ကိုယ်ပွားများက ဓမ္မကာရတစ်ဝက်အဆင့် ဖြစ်သော ဆန်းကြယ်နတ်သမီးကို ဖုံးကွယ်၍ မရနိုင်ကြောင်း မုန့်ချီက သိနေခဲ့သည်။ သူမက သတိမထားမိသည့် အချိန်တွင် သူက သံသရာတံဆိပ်ကိုကိုင်ပြီး လောကသခင် ပျက်သုန်းခြင်းဓားဆီသို့ အတည့်အတိုင်း လျှောက်သွားခဲ့၏။

အမှန်အတိုင်း ပြောရလျှင် တစ်စုံတစ်ခုကို နားလည်နိုင်ခြင်း ရှိမရှိက သူ့အတွက် အရေးပါခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အဓိက ရည်ရွယ်ချက်ကတော့ ကံကြမ္မာကို အဆုံးသတ်ရန်သာ ဖြစ်သည်။

ထိုအချိန်တွင် အမှောင်ထုကြီး လွှမ်းခြုံထားသလို ထင်မှတ်ရသည့် ကျောင်းဆောင်၏ အတွင်းထဲမှနေ၍ အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခုက ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့သည်။ ကြည့်ရသည်မှာ ထိုအရာက လွန်ခဲ့သော နှစ်ပေါင်းများစွာ စုဆောင်းလာသော အငွေ့အသက်များ ပြည့်နှက်လာသလို ထင်မှတ်ရပြီး တဖြည်းဖြည်း ခြောက်ကပ်ပျက်စီးသွားသလို ထင်ရ၏။

အစွမ်းထက်သော ခံစားမှုတစ်ခုက တိမ်တိုက်ပင်လယ်ကြီးကို ဖြတ်ကျော်သွားပြီး သိပ်သည်းသော မီးခိုးငွေ့များထဲတွင် စုစည်းလာခဲ့သည်။ သလင်းကျောက်ကဲ့သို့ အစိုင်အခဲတစ်ခုကလည်း အလိုလို ပျော်ကျသွားခဲ့၏။

ထို့ပြင် ထိုစွမ်းအားက မုန့်ချီ မြင်ခဲ့ဖူးသမျှ ဓမ္မကာရအဆင့် ပညာရှင်များနှင့် လုံးဝကို ကွဲပြားသည်။ ထိုအရာက ပို၍ စစ်မှန်ပြီး ထူးခြားနေသလို ထင်မှတ်ရသည်။ ထိုအရာက မကောင်းဆိုးဝါးသခင်၏ အတွေး၊ အတိတ်တွင် သူ ခံစားမိခဲ့သော လောကသခင်၏ ပုံရိပ်ယောင်များနှင့် တူညီနေခဲ့၏။

လိုဏ်ဂူကမ္ဘာငယ်လေးထဲတွင် အင်မော်တယ်များစွာက ကောင်းကင်(၉)သွယ်မှ ဆန်းကြယ်နတ်သမီး ရုပ်ထုတစ်ခုကို ကိုးကွယ်ကြသည်။ နတ်ဘုရားကမ္ဘာကြီးထဲတွင် ရှိနေသော ကောင်းကင်(၉)သွယ်မှ ဆန်းကြယ်နတ်သမီး၏ ကျောင်းဆောင်ပေါင်းများစွာတွင် အလင်းရောင်များ ထွက်ပေါ်လာကြ၏။

အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲတွင် အဆုံးမဲ့တွင်းနက်ကြီးထဲမှ အစိတ်အပိုင်းများစွာ ထွက်ပေါ်လာပြီး အင်မော်တယ်ချီစွမ်းအင်များ မြင့်တက်လာခဲ့သည်။

ဓားအင်ပါယာနှင့် မကောင်းဆိုးဝါးဘုရင်မတို့၏ ကမ္ဘာကြီးထဲတွင်လည်း ဆန်းကြယ်နတ်သမီးကျောင်းဆောင်ထဲရှိ ရုပ်ထုများက ပို၍ တောက်ပလာသလို ထင်ရသည်။

ထိုကမ္ဘာများအားလုံးထဲတွင် တစ်ခုတည်းသော အရာကတော့ ဒဏ္ဍာရီတစ်ခု ဖြစ်၏။

“သိုင်းသခင် အသွင်ပြောင်း...”

ဆန်းကြယ်နတ်သမီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မုန့်ချီ၏ကိုယ်ပွားကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်သည်။ သူ့ကိုယ်ပွားက ဆံပင်မွေးပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော် သူမ၏အာရုံကတော့ အနောက်ဘက်ခန်းမကိုသာ အာရုံစိုက်နေခဲ့သည်။ အလွန်လှပပြီး ကျက်သရေရှိသော သူမ၏ မျက်နှာလေးပေါ်တွင်လည်း စိုးရိမ်မှုများ စတင်ပေါ်ပေါက်လာခဲ့သည်။

“ကောင်းကင်(၉)သွယ်က ဆန်းကြယ်နတ်သမီးဆီမှာ တစ်ခုခု ထူးခြားတာများ ဖြစ်နေတာလား…”

မုန့်ချီက အနည်းငယ် စဉ်းစားကြည့်နေခဲ့သည်။

သူမက ကောင်းကင်ခုံရုံး ပျက်စီးသွားသည့်အချိန်တွင် အသက်ရှင်နေခဲ့သည့်အပြင် လူသားဧကရာဇ်ကို အုပ်စိုးရန် ကူညီပေးခဲ့သော ရှေးဟောင်းပညာရှင် တစ်ယောက်လည်း ဖြစ်သည်။ မည်သည့်အရာက သူမ၏အသွင်ပြောင်းကို လှုပ်ရှားစေနိုင်မည်နည်း။

ရှေးအချိန်အတောအတွင်း ဒဏ္ဍာရီအဆင့်ကို ရောက်သည့်လူများကိုသာ အင်အားကြီးပညာရှင် တစ်ယောက်ဟု ခေါ်ဆိုနိုင်ကြသည်။ ထိုအစဉ်အလာကလည်း လက်ရှိအချိန်အထိ လက်ဆင့်ကမ်းလာခဲ့၏။

ထူးဆန်းသော အကြောင်းအရာတချို့ကြောင့် မုန့်ချီက ကူ‌ရှောင်စန်းကို ရုတ်တရက် တွေးမိသွားခဲ့သည်။

“ဒီနတ်ဆိုးမက ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာများလား။ သူက ဘာတွေလုပ်နေတာလဲ…”

သို့သော် လက်ရှိအချိန်တွင်တော့ မုန့်ချီက သူမကို စိုးရိမ်နေ၍ မရသေးပေ။ ဆန်းကြယ်နတ်သမီးက လောကသခင် ပျက်သုန်းခြင်းဓားဆီ၌ အာရုံစိုက်ရန် ခက်ခဲနေသည့်အတွက် သူကတော့ ထိုကဲ့သို့ ကောင်းမွန်လှသော အခွင့်အရေးကို အလွတ်မပေးနိုင်ပေ။

“ဒါဆိုရင် ဆန်းကြယ်နတ်သမီးက ဘယ်အရာကို ဆက်ပြီးတော့ ရွေးချယ်မှာလဲ..”

မုန့်ချီက သူ့စိတ်ကို တင်းလိုက်သည်။ ယခု သူက ရေခဲတုံးကဲ့သို့ တည်ငြိမ်နေပြီး လျှူရှုယူနှင့်အတူ လောကသခင် လောကသခင် ပျက်သုန်းခြင်းဓားဆီသို့ လျှောက်သွားခဲ့၏။

လွန်ခဲ့သော ရက်အနည်းငယ် အတောအတွင်း လျှူရှုယူ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများက သူမ၏ဘဝတလျှောက်လုံး ကြုံတွေ့ခဲ့ရသည့် အခက်အခဲများထက် အဆပေါင်းများစွာ ပို၍များပြားသည်။ သို့သော် ယခုတော့ သူမက ပို၍ ရင့်ကျက်နေပြီဟု ဆိုနိုင်၏။

ဖြစ်ပျက်နေသည့်အရာများအားလုံးကို မြင်လိုက်ရသည့်အချိန်တွင် သူမက ထိတ်လန့်မှုကို ထိန်းချုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။ သူမက ရှေ့ကို လျှောက်သွားပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“ဆရာ…

ဘာတွေမှားနေလို့လဲ။ သိုင်းသခင် အသွင်ပြောင်းက ဘယ်လိုဖြစ်နိုင်မှာလဲ…”

ရှေ့ကို ခြေလှမ်းအနည်းငယ်‌ လျှောက်လာပြီးနောက် သူမက ယောကျ်ားလေးတပည့်၏ အနားတွင် ရောက်နေခဲ့သည်။ သို့သော် လောကသခင် ပျက်သုန်းခြင်းဓားနှင့် ဆန်းကြယ်နတ်သမီးကတော့ ခြေလှမ်းပေါင်းများစွာ ကွာဟနေပြီး တစ်ခုက ညာဘက်နှင့် တစ်ခုက ဘယ်ဘက်တွင် ရှိသည်။

အလွန်လှပသော ဆန်းကြယ်နတ်သမီး၏ မျက်နှာလေးပေါ်တွင် ရှုပ်ထွေးမှုများ၊ စိုးရိမ်မှုများ ပြည့်နှက်နေခဲ့၏။ သူမက တခဏအတွင်း အနောက်ဘက်ခန်းမထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး လေထဲတွင် စကားလုံးများသာ ကျန်နေတော့သည်။

“စုမုန့်က ကျားကို တောင်ထဲကနေ မျှားခေါ်တဲ့ လှည့်ကွက်ကို သုံးနေတယ်။ သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က လမ်းကြောင်းပြောင်းဖို့ပဲ…”

မုန့်ချီက တစ်စုံတစ်ယောက်နှင့် ပူးပေါင်းနေသည်ဟု သူမက တွက်ဆမိခဲ့သည်။ သူက လောကသခင် ပျက်သုန်းခြင်းဓားနှင့် ဆန်းကြယ်နတ်သမီး အသွင်ပြောင်းတို့ကို အသုံးချနေခြင်း ဖြစ်၏။ သူမက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထို့ကြောင့် သူမက အရေးနိမ့်သွားခဲ့ရခြင်း ဖြစ်၏။

သို့သော် အသုံးပြု၍ မရနိုင်သော လောကသခင် ပျက်သုန်းခြင်းဓားနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ဆန်းကြယ်နတ်သမီး အသွင်ပြောင်းက ပို၍ အရေးပါသည်။ သူမက ယခင်တုန်းက ဆန်းကြယ်နတ်သမီးကို စိတ်ရှုပ်၍ မရနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တဖက်လူက အမှန်တကယ် ဂရုမစိုက်ခြင်းကြောင့် ဖြစ်၏။

ထိုအချိန်တွင် သူမ၏ နီမဏကာရ (၂)ခုကလည်း ဆန်းကြယ်နတ်သမီးကဲ့သို့ ကျောင်းဆောင်ဆီကို လျင်မြန်စွာ ပြန်ရောက်လာသည်။ သူတို့၏ ရည်ရွယ်ချက်ကတော့ တံခါးကို စောင့်ကြပ်နေပြီး သိုင်းသခင်အသွင်ပြောင်းကို ကူညီပေးရန် ဖြစ်သည်။ ျ

ထိုအရာက မုန့်ချီ စောင့်ဆိုင်းနေခဲ့သော ပြီးပြည့်စုံသည့် အခိုက်အတန့်လည်း ဖြစ်၏။ လျှူရှုယူက ရှေ့ကို နောက်တစ်လှမ်း လျှောက်သွားခဲ့သည်။ သို့သော် ယခုတော့ လောကသခင် ပျက်သုန်းခြင်းဓား၏ လေးလံမှုက ပို၍ ထင်ရှားလာခဲ့၏။

……….

ရုတ်တရက်ဆိုသလို ကျောင်းဆောင်ထဲတွင် ရှိနေသော စေတီလေးထဲတွင် အလွန်သေးငယ်ပြီး ရှေးကျသည့် အငွေ့အသက်တစ်ခုကို ခံစားမိခဲ့၏။ ထိုအရာက ဆန်းကြယ်နတ်သမီး အသွင်ပြောင်းနှင့် တူညီနေခြင်း မရှိချေ။

အလင်းတန်းတစ်ခုက အကာအကွယ် မှော်စွမ်းအင်အလွှာများကို ထိုးဖောက်သွားခဲ့ပြီး ခန်းမကြီးထဲကို ဝင်ရောက်သွားခဲ့၏။ ထိတ်လန့်သွားသော ဆန်းကြယ်နတ်သမီးက တုံ့ပြန်ရန် အနည်းငယ် နှေးကွေးသွားခဲ့သည်။ သခင်မစု နတ်သမီးနယ်မြေကလည်း ပျက်စီးသွားခဲ့သည့်အတွက် ဝင်္ကပါကိုသုံးပြီး စိတ်ရှိတိုင်း သွားလာ၍ မရနိုင်တော့ပေ။

ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ ဖိနှိပ်မှုကြောင့် မုန့်ချီက အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူက တိုက်ခိုက်ခဲ့ရခြင်း မရှိသော်လည်း အတော်လေးကို ပင်ပန်းသွားသလို ခံစားနေရ၏။

နောက်ဆုံးတွင်တော့ မျှော်လင့်ချက်တစ်ခုကို မြင်လိုက်ရသည့်အချိန်တွင် စဉ်းစားမနေတော့ဘဲ သူ၏စိတ်ဝိညာဉ်ကို ထုတ်လွှတ်၍ လောကသခင် ပျက်သုန်းခြင်းဓားကို ဆုပ်ကိုင်ကြည့်လိုက်သည်။ ထိုအရာက မည်းမှောင်ပြီး‌ လေးလံသော ဓားရှည်တစ်လက် ဖြစ်၏။

………….

ဧရာမ အစိမ်းရောင်သစ်ပင်ကြီး၏အောက်တွင်..

ကူရှောင်စန်းက နက်မှောင်သော ဆံကေသာများကို လက်တစ်ဖက်နှင့် ပွတ်သပ်နေပြီး တခြားလက်တစ်ဖက်ကို ဓားတစ်လက်အဖြစ် ပြောင်းလဲထားသည်။ ထိုဓားက ပြိုင်ဘက်၏ ယုကျန်းအမှတ်ကို ထောက်ထားခဲ့၏။ အတော်လေးကို ထူးဆန်းသော နေရာတစ်ခုလည်း ဖြစ်သည်။

ကလေးမလေးကတော့ သာမန်အမြင်တွင် ကလေးမလေး ပုံသဏ္ဌာန်သာ ရှိနေသေး၏။ သူမ၏ခန္ဓာကိုယ်လေးက ဝဝတုတ်တုတ်နှင့် ဖြစ်သည်။ သူမ၏မျက်လုံးများက သန့်စင်ပြီး အပြစ်ကင်းစင်သလို ထင်မှတ်ရသော်လည်း ယခုတော့ သက်တမ်းကြီးရင့်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာခဲ့သည်။

လက်ညှိုးဓား၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရင်း သူမ၏အငွေ့အသက်များက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ သူမက အချိန်ကြာမြင့်စွာ သေဆုံးနေခဲ့သော အလောင်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ သို့သော် ထိုနေရာတွင် အသက်အငွေ့အသက်တစ်ခု ကျန်နေသေးသည်။

“နင်....”

သူမက အော်ဟစ်လိုက်၏။ သူမ၏အသံကလည်း အလွန်ကြီးကျယ်ခမ်းနားလှပြီး ကံကြမ္မာပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ကူရှောင်စန်းက ကလေးမလေးကို အပြုံးနှင့် ကြည့်လိုက်၏။ သူမ၏ပုံစံက သူမကိုယ်တိုင် မွေးထားသော သမီးတစ်ယောက်ကို ကြည့်နေသလို ဖြစ်သည်။

“ငါက လျှူရှုယူကို မလိမ်ခဲ့ဘူး။ တချို့အရာတွေနဲ့ ရင်ဆိုင်ရတဲ့အချိန် လျှူလော်ဆီမှာ အသက်တစ်ဝက်တော့ ကျန်နေနိုင်သေးတယ်။ ဒါပေမဲ့ ဒီအသက်တစ်ဝက်က ခန္ဓာကိုယ်တစ်ခု၊ အင်မော်တယ်အငွေ့အသက်နဲ့ တခြားအရာတွေကို ပေါင်းစပ်ရတဲ့ အရာတစ်ခုပဲ။ တခြားအရာတွေကိုတော့ မင်းက သိမယ်လို့ ထင်တယ်…”

“နင်က သိနေတာ ဘယ်လောက်ကြာသွားပြီလဲ…”

ထိုအရာက သာမန်စကားတစ်ခု မဟုတ်တော့ကြောင်း ကလေးမလေးက နားလည်နေခဲ့သည်။

ကူရှောင်စန်း၏ သူမ၏ဘီးကို သိမ်းလိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် ဆံပင်များကို လက်နှင့် သပ်ချလိုက်၏။ သူမက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။

“မင်းရဲ့အသွင်ပြောင်းက ဒီကိုလာနေပြီ…”

“နင်က ပျော်ရဲ့လား။ နင်က ဒီအခိုက်အတန့်ကို စောင့်နေတာ မဟုတ်ဘူးလား…”

ထိုအချိန်တွင် ကလေးမလေး၏ ခန္ဓာကိုယ် ပါဝင်နေပုံရသော အလင်းတန်းတစ်ခုက သူတို့ဆီကို ပျံသန်းလာခဲ့သည်။

ထိုကလေးမလေးက အလွန် နူးညံ့သိမ်မွေ့သော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထား၏။ သို့သော် သူမ၏ခန္ဓာကိုယ်က ပြီးပြည့်စုံသော အခြေအနေ၌ ရှိနေသော်လည်း အသက်လုံးဝ မရှိချေ။ သူ၏သွေးနှင့် အရေပြားတစ်စက်ချင်းဆီထဲတွင်ပင် အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေသလို ထင်မှတ်ရသည်။

ထိုခန္ဓာကိုယ်ကို မြင်သည့်အခါက ကလေးမလေးက အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။ သူမက ထိုအရာအတွက် အဆင်သင့်ဖြစ်ပုံ မရသေးပေ။ အကယ်၍ အသွင်ပြောင်းကသာ သတ်မှတ်ချိန်ထက် စော၍ ရောက်လာမည်ဆိုလျှင် သူမက မည်ကဲ့သို့သော အရာမျိုးကို ရင်ဆိုင်ရမည်နည်း။

သူမက တစ်ကိုယ်လုံး တင်းမာသွားခဲ့ပြီး သူမ၏အငွေ့အသက်ကို တိုးမြှင့်၍ အကာအကွယ်ကျင့်စဉ်တစ်ခုကို လှုံ့ဆော်လိုက်သည်။ ထိုအချိန်တွင် စွမ်းအင်အမျှင်(၉)ခု ထွက်ပေါ်လာပြီး အသွင်ပြောင်းကို တားဆီး၍ ကူရှောင်စန်းဆီမှ လွတ်မြောက်ရန် ကြိုးစားလိုက်၏။

သို့သော် သူမ၏ခေါင်းထဲတွင် အလွန်ပြင်းထန်သော နာကျင်မှုတစ်ခု ထွက်ပေါ်လာပြီး သူမ၏စွမ်းအင်အမျှင်(၉)ခုကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ တိမ်တိုက်ကြီးကလည်း ကျဆင်းလာခဲ့၏။

ထိုအချိန်တွင် အဖြူရောင်ကြာပန်းများက ကူရှောင်စန်း၏ ပတ်ပတ်လည်တွင် လွင့်မျောနေပြီး သူမ၏ပုံစံက အလွန်လှပနေသည်။ သူမက သူတော်စင်ကဲ့သို့ ဖြစ်နေခဲ့၏။

“အဲဒါက နင်ပဲ…”

ကလေးမလေးက အော်ဟစ်လိုက်သည်။ သူမက အသံဆုံးရှုံးသွားရသလိုပင် ထင်မှတ်ရ၏။

ကူရှောင်စန်း၏ လက်ချောင်းလေးများက ကလေးမလေး၏ နောက်စေ့ကို ဆက်၍ ချိန်ထားပြီး သူမကို အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“အဲဒါက ငါ မဟုတ်ဘူး…”

သူမက ငုံ့ကြည့်လိုက်ရာ သူမ၏မျက်လုံးများကို ဖုံးကွယ်ထားသလို ထင်မှတ်ရသည်။ သူမက လိမ်ပြောနေသည်ဟူသော အချက်ကို ဖုံးကွယ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

ဆန်းကြယ်နတ်သမီး အသွင်ပြောင်းက အကာအကွယ်ပေါ်တွင် ဆင်းသက်လိုက်ချိန်တွင် အင်မော်တယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူတို့၏ပတ်ပတ်လည်၌ ရှိနေသော သစ်ပင်ကြီးက စတင် ကြီးထွားလာခဲ့၏။ တခဏအတွင်း သစ်ပင်ကြီးက ပြည့်ပြည့်ဝဝ ကြီးထွားလာပြီး သခင်မစု နတ်သမီးနယ်မြေ၏ တိမ်တိုက်ထဲကိုပင် ရောက်ရှိလာခဲ့သည်။

ထိုအခါ ကူရှောင်စန်းက ကလေးမလေးအပေါ် ထိန်းချုပ်နေခြင်းကို လွှတ်ပေးလိုက်ပြီး သူမ၏လက်ကို ဧရာမသစ်ပင်ကြီးပေါ်သို့ တင်လိုက်သည်။ အဖြူရောင်လက်ဖဝါးကြီးက သစ်ပင်ကြီးနှင့် ထိသွားခဲ့သည့်အချိန်တွင် သူမက တိမ်တိုက်ပေါ်တွင် ပြန်ပေါ်လာခဲ့သည်။

အသွင်ပြောင်းက တိမ်တိုက်များကို ဖျက်ဆီးလိုက်ပြီး ကလေးမလေးဆီသို့ ပျံသန်းလာခဲ့၏။ ကလေးမလေး၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်ကလည်း ပေါက်ကွဲသွားခဲ့၏။ ထို့နောက် စိတ်ဝိညာဉ် အလင်းတန်းလေးတစ်ခု ကွဲထွက်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အသွင်ပြောင်းကတော့ ပစ်မှတ်ကို ဆုံးရှုံးသွားခဲ့ရသည့်အတွက် လေထဲတွင် ရပ်နေခဲ့သည်။ ထိုအချိန်တွင် ဆန်းကြယ်နတ်သမီးက ရောက်လာခဲ့၏။ သူမက ပတ်ပတ်လည်ကို စစ်ဆေးပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

အဖြူရောင်တိမ်တိုက်အပေါ်တွင် လှုပ်ရှားနေသော ကူရှောင်စန်းက လှည့်ပတ်လာပြီး ကျောင်းဆောင်ကြီးဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။ သူမက စိတ်ဝိညာဉ် အလင်းတန်းလေး ပျောက်ကွယ်သွားသောနေရာကို စိုက်ကြည့်ပြီး ပြုံးရုံလေး ပြုံးလိုက်မိ၏။

ထို့နောက် သူမက ရှေ့ကို တစ်လှမ်းလျှောက်လိုက်ရာ သစ်ပင်ကြီးဆီမှတဆင့် တွင်းနက်ကြီးတစ်ခုထဲကို ဝင်ရောက်သွားခဲ့ပြီး ဆန်းကြယ်နတ်သမီးက တစ်စုံတစ်ခုကို ခံစားမိခဲ့သည်။

………..

သူ၏စိတ်ဝိညာဉ်က လောကသခင် ပျက်သုန်းခြင်းဓားကို ထိလိုက်မိသည့်အချိန်တွင် မုန့်ချီကတော့ ဆုံးရှုံးသွားသော လက်အသစ်တစ်ဖက် ထွက်လာသလို ခံစားလိုက်ရသည်။

သူ့ရှေ့တွင် ရှိနေသော မိုးကြိုးအမှတ်အသားကလည်း လှုပ်ရှားလာပြီး မုန့်ချီ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက စတင်ပြောင်းလဲသွားခဲ့၏။ သူက အမှောင်ထုနှင့် လေးလံသောဓားကြီးကို မမြင်ရတော့သလို လျှူရှုယူနှင့် ကျောင်းဆောင်ကိုလည်း မတွေ့ရတော့ပေ။

သူ၏ ခြေထောက်အောက်တွင် ရေလှိုင်းများ စတင်မြင့်တက်လာခဲ့၏။ သူက တကိုယ်လုံး ထုံကျင်လာသည့်အတွက် ထိုရေစက်တိုင်းတွင် မိုးကြိုးစွမ်းအားများ ပါဝင်နေကြောင်း နားလည်သွားခဲ့သည်။

ထိုအရာက ပို၍နက်ရှိုင်းလာလေလေ၊ မိုးကြိုးအရောင်က ပြောင်းလဲလာလေလေ ဖြစ်ပြီး အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင် ပြောင်းလဲသွားခဲ့သည်။ ထိုအရာများက ရှင်းလင်းသော ပုံသဏ္ဌာန်မျိုး မရှိတော့ဘဲ သူတို့၏အဖျက်စွမ်းအားများက အလွန်ကြောက်စရာကောင်းလွန်းလှ၏။

ထိုအချိန်တွင် မိုးကြိုးဓားမောက်သိုင်းပညာနှင့် ပတ်သက်ပြီး သူ၏နားလည်မှုများက နောက်ထပ်အဆင့်တစ်ခုအထိ ရောက်ရှိသွားပြီဟု မုန့်ချီက ခံစားလိုက်မိ၏။ ကောင်းကင်ကြီး အက်ကွဲသွားသည့်အချိန်တွင် အလွန်ကြောက်စရာကောင်းသော မိုးကြိုးအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

မိုးခြိမ်းသံများ၏ အလယ်တွင်တော့ ဧရာမလူရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ သူ၏ကြွက်သားများက တင်းမာနေပြီး တစ်ကိုယ်လုံး မိုးကြိုးအမှတ်အသားများ ပြည့်နှက်နေသည်။ သူ၏မျက်နှာအမူအရာကတော့ မည်းမှောင်နေခဲ့၏။ ထိုအရာက ရှေးဟောင်း မိုးကြိုးနတ်ဘုရား ဖြစ်သည်။

သူက လှံရှည်ကို လွှဲယမ်းလိုက်ရာ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ပင်လယ်ကို ခုတ်ပိုင်းလိုက်သည်။

“နိယာမဖြစ်စဉ်နှင့် ကောင်းကင်မိုးကြိုး(၅)သွယ်..”

ထို့နောက် သူက လှံရှည်ကို အပေါ်ဘက်သို့ ကန့်လန့်ဖြတ် လှမ်းထိုးလိုက်ရာ မိုးကြိုး အလင်းတန်းတစ်ခုက စုစည်းသွားခဲ့ပြီး သူ၏စွမ်းအားများကို ပြသလိုက်ကြသည်။

“ဗုန်း.....”

အလွန်မြင့်မားစွာ စုစည်းထားသော မိုးကြိုးများက ပေါက်ကွဲလာပြီး ယန်စွမ်းအားများကလည်း အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ မကောင်းဆိုးဝါး ချီစွမ်းအား၊ နတ်ဆိုးချီစွမ်းအားနှင့် အေးစက်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

“ရောင်စဉ်သန့်စင်ခြင်း…”

ထို့နောက် လှံရှည်က ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။ လှံရှည်၏ထိပ်ဖျား၏ ရန်သူ၏နောက်ကျောဘက်မှ ပြန်ပေါ်လာခဲ့ပြီး သူ့ကို တိုက်ခိုက်လိုက်သည်။

လှံရှည်ဆီမှ မိုးကြိုးအလင်းရောင်များက ရန်သူကို ဝါးမြိုသွားသလို ထင်မှတ်ရသည်။

“အနှောင့်အယှက် စွန်းထင်းခြင်း…”

မုန့်ချီက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်ကိုသာ မှတ်သားထားခဲ့သည်။ ရုတ်တရက်ဆိုသလို စွမ်းအားအငွေ့အသက်တစ်ခုက ဓားမောက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး မိုးကြိုးနတ်ဘုရားဆီသို့ ရောက်လာခဲ့သည်။ အလွန်ရှည်လျားသော ဓားမောက်တစ်ချောင်းကို ကိုင်ထားသည့် ဧရာမလူရိပ်ကြီးတစ်ခုက သူ့ကို တိုက်ခိုက်လိုက်၏။

“လောကသခင်က ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်ကို နားမလည်နိုင်အောင် ငါ့ကို တားဆီးနေတာများလား…”

မုန့်ချီက သတိပြန်ဝင်လာခဲ့သည်။

လောကသခင်က သူ၏ဓားမောက်ကြီးကို ကိုင်ပြီး မောက်မာသော အသံနှင့် ပြောလိုက်သည်။

“ငါ့ဆီမှာ သိုင်းကွက်(၆)ကွက်ပဲ ရှိတယ်။ ငါ့ကို ဘယ်သူက တားဆီးနိုင်မှာလဲ။ ပထမသိုင်းကွက် - မိုးကြိုးကျဆင်းလာမှု၊ အရာအားလုံး ပြီးသွားပါစေ..”

Translated by Hein Htet.

All Chapters