← Chapters

အခန်း (၆၃၂)

Vol. 43 Ch. 632

အခန်း (၆၃၂)

Vol. 43 Ch. 632

"ပထမသိုင်းကွက် မိုးကြိုးကျဆင်းလာမှု...။ အရာအားလုံး ပြီးသွားပါစေ..”

ကျယ်လောင်လွန်းလှသော လောကသခင်၏အသံက မိုးကြိုးပင်လယ်ကြီးကို ဖြတ်သန်းလာသည့်အလား ပေါ်ထွက်လာခဲ့သည်။

သူ့အသံဆီမှ ပဲ့တင်သံများက အမှောင်ထုကြီးကို ဖြတ်ကျော်သွားခဲ့ပြီး လောကသုံးပါးကို တုန်ဟီးသွားခဲ့၏။ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော ဓားမောက်ကလည်း ဓားအိမ်ထဲသို့ ရောက်ရှိသွားသည့်အလား ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။

"ဗုန်း..."

တစ်စက္ကန့်ခန့် ကြာပြီးနောက် ဓားမောက်က ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ဆာလောင်နေသော ဖိနှိပ်မှုတစ်ခုကဲ့သို့ ပုံရိပ်ယောင်တစ်ခုလည်း ထွက်ပေါ်လာခဲ့ပြီး ဓားမောက်က လှုပ်ရှားမှုများအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး အရာအားလုံး အကြွင်းမဲ့တိတ်ဆိတ်မှုသာ ကျရောက်လာခဲ့၏။ အောက်မှ အပေါ်သို့ တိုက်ခိုက်လိုက်သော ဓား၏ခုတ်ချက်က ထင်မှတ်မထားလောက်အောင် လျင်မြန်လွန်းလှပြီး သူ၏အဖျက်စွမ်းအား ၊ လှုပ်ရှားမှုများက ခရမ်းရောင်အရိပ်တစ်ခုသာ ကျန်နေခဲ့သည်။

ကမ္ဘာမြေကြီးကလည်း ကြောက်စရာကောင်းလောက်အောင် တုန်ခါနေပြီး ရာသီဥတုက တိမ်တိုက်များကဲ့သို့ လှုပ်ရှားနေခဲ့၏။ ကောင်းကင်ကြီးက ထက်ပိုင်းပြတ်သွားခဲ့သည့်အလား လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ကျန်နေခဲ့သည်။ ပထမဆုံးသိုင်းကွက်က အင်မော်တယ်များ၊ နတ်ဘုရားများပင် ထွက်ပြေးသွားစေနိုင်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားခဲ့သည်။

ရင်ထဲတွင် ထွက်ပေါ်လာသည့် ခံစားမှုများကို ဖိနှိပ်လိုက်ပြီး မုန့်ချီက ထိုအရာများအားလုံးကို သေချာအလေးထား၍ အာရုံစိုက်နေခဲ့သည်။ သဘာဝတရားကြီးနှင့် အနှစ်သာရများဆီမှ ယူဆောင်လာသော စွမ်းအားများကို ဓားမောက်က သေချာစုစည်းထားခဲ့ပြီး တခဏအတွင်း အကြွင်းမဲ့တိတ်ဆိတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုသိုင်းကွက်ထဲတွင် အလွန်လေးနက်ပြီး ကြီးကျယ်သည့် ဉာဏ်ပညာလည်း ဖုံးကွယ်ထားသည့်အတွက် မုန့်ချီက ယခုအချိန်ထိ မည်သည့်အရာမျှ သင်ယူနိုင်ခဲ့ခြင်း မရှိသေးပေ။ ဓားအိမ်ထဲမှ ဓား ထွက်သွားသည်နှင့် အရှိန်နှင့် လွှမ်းမိုးမှုကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ခြင်း ဖြစ်နိုင်သည်။

"တကယ်လို့ ငါကသာ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ရဲ့ ဓမ္မကာရအဆင့် သိုင်းကွက် ဖရိုဖရဲ ဝဲကတော့ကျင့်စဉ်နဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီသိုင်းတွေကို အလွယ်တကူ နားလည်နိုင်မယ်ထင်တယ်။ ငါက အသစ်တစ်ခုခုအတွက် အကြံဉာဏ်လည်း ရနိုင်တယ်…"

မုန့်ချီက ရုတ်တရက် တွေးလိုက်မိသည်။

လောကသခင်၏ ဆံပင်များက လှုပ်ရှားနေပြီး သူ၏မုတ်ဆိတ်မွှေးနှင့် မျက်ခုံးမွှေးများကလည်း ကြမ်းတမ်းနေခဲ့၏။ စွမ်းအားများက သူ၏ကြွက်သားများထဲရှိ သွေးကြောများထဲတွင် ဒေါသတကြီး စီးဆင်းနေကြသည်။

ပြိုင်ဘက်ကင်း လောကသခင်က ရှေ့ကို တစ်လှမ်းလျှောက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒုတိယသိုင်းကွက် …

အထွဋ်အမြတ်တောင်တန်း ကျူးကျော်မှု ၊ ဗုဒ္ဓအားလုံး သေဆုံးခြင်း…"

ဓားမောက်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် လျှို့ဝှက်ထားသော တန်ပြန်သက်ရောက်မှုများစွာ ပါဝင်နေသည့် ရိုးရှင်းသော ခုတ်ချက်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက သစ်ရွက်လေးများ ကြွေကျသွားစေရန် တိုက်ခတ်လိုက်သော လေလှိုင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုခုတ်ချက်က သေခြင်းတရားကို လွှမ်းမိုးထားသည့် အရာတစ်ခုကဲ့သို့ ဖြစ်သည်။ ပျော့ပျောင်းနူးညံ့မှု အနည်းငယ်လေးပင် ပါဝင်နေခြင်း မရှိချေ။

ခရမ်းရောင် လျှပ်စီးကြောင်းများက ဓားလမ်းကြောင်းတွင် လှုပ်ရှားနေပြီး အသက်စွမ်းအင်တိုင်းကို ဖျက်ဆီးပစ်လိုက်သည်။ ထိုခုတ်ချက်က နာမည်နှင့် လိုက်ဖက်ညီစွာ သက်ရှိအားလုံးကို ဖျက်ဆီးပစ်နိုင်သော ခုတ်ချက်တစ်ခု ဖြစ်သည်။

"ဗုဒ္ဓအားလုံး သေဆုံးခြင်း…"

မုန့်ချီကတော့ ထိုခုတ်ချက်နှင့် ပုံရိပ်ယောင်သန့်စင်ဓားမောက်သိုင်းပညာ၊ ကောင်းကင်မိုးကြိုး (၅) ချက်တို့၏ တူညီမှုကို ဝိုးတဝါး သတိထားမိခဲ့သည်။ ကောင်းကင်ဓားကျင့်စဉ်၏ အခြေခံစည်းမျဉ်းများနှင့် သူ လေ့လာထားခဲ့သော တခြားဓားမောက်သိုင်းပညာများအရ ဓားမောက်တစ်ချောင်းကို အသုံးပြုမှုနှင့် ပတ်သက်ပြီး ရိုးရှင်းသော အသိပညာများ၊ ရှုပ်ထွေးသော နားလည်မှုများအားလုံးကို ထိုခုတ်ချက်ထဲတွင် မြင်တွေ့နိုင်သည်။ ထိုခုတ်ချက်ထဲတွင် ဓားမောက်စွမ်းရည်နှင့် ပတ်သက်သော အနှစ်သာရများအားလုံး ပြည့်နှက်နေပုံရ၏။

မုန့်ချီကတော့ အစစ်အမှန်ခုတ်ချက်၏ အရိပ်တစ်ခုကိုသာ မြင်တွေ့နိုင်သည်။ သူ၏လက်ရှိ ဓားမောက်စွမ်းရည်အရ ထိုခုတ်ချက်ကို ပြည့်ပြည့်ဝဝ နားလည်ရန် မဖြစ်နိုင်သေးပေ။ ထိုသို့ဆိုရာတွင် အရိပ်တစ်ခုတည်းကပင် မုန့်ချီကတော့ လေလှိုင်းနှင့်အတူ ကျရောက်လာသော သေခြင်းတရားများကို ခံစားမိခဲ့သည်။

လောကသခင်၏ မျက်လုံးများက ရန်သူကိုကြည့်ပြီး သုံးသပ်နေသလို ထင်ရသည်။ သူ့အသံက အေးစက်စွာ ထွက်ပေါ်လာခဲ့၏။

"တတိယသိုင်းကွက် … အသူတရာခွင်းအား ၊ နတ်ဆိုးများ သေဆုံးခြင်း…"

သူက ဓားကို အပေါ်သို့မြှောက်လိုက်ပြီး နောက်တစ်ကြိမ် အောက်သို့ ဒေါသတကြီး ခုတ်ချလိုက်သည်။ အလွန်လေးလံသော တိုက်ခိုက်မှုက သူ့ရှေ့တွင် ရှိနေသော လေဟာနယ်ကို ထိုးဖောက်သွားခဲ့ပြီး ထိုခုတ်ချက်၏အရှိန်က လျှပ်စီးကြောင်းပမာ လျင်မြန်လွန်းလှသည်။ ထိုအရာက ခွန်အားသက်သက်၏အစွမ်းကို ပြသလိုက်ခြင်းလည်း ဖြစ်၏။

"ဘုန်း..."

သူ၏ဓားမောက်က အလွန်ကြောက်စရာကောင်းပြီး ခန့်မှန်း၍ မရနိုင်သော အငွေ့အသက်များနှင့် ကျဆင်းလာသည့်အပြင် ကောင်းကင်ဘုံမှ လျှပ်စီးကြောင်းများအားလုံးကလည်း ဓားသွားထဲတွင် ပေါင်းစပ်ထားသလို ထင်မှတ်ရသည်။

"ဘုန်း..."

ကျရောက်လာသော ခုတ်ချက်က နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်မှုတွင် ပါဝင်နေသော စွမ်းအားများကလည်း ဓားမောက်ထဲတွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ တဖျစ်ဖျစ် ထွက်ပေါ်နေသော လျှပ်စီးကြောင်းများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး အလွန်ကျယ်ပြန့်သော ကမ္ဘာမြေကြီးကို ဝါးမျိုသွားခဲ့သည်။

ဝေ့ကျင်းအဆင့် ပညာရှင်အများစုက သတ်မှတ်ထားသော နယ်မြေထဲတွင် အလွန်ကျယ်ပြန့်စွာ တိုက်ခိုက်နိုင်စွမ်း ရှိနေကြသည်။ သို့သော် ထိုသိုင်းကွက်၏ တိုက်ခိုက်မှုကတော့ အလယ်နေရာမှလွဲလျှင် ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

အလယ်မှ ဖြာထွက်လာသော လျှပ်စီးကြောင်းများက အဝေးထိအောင် ပျံ့နှံ့နိုင်ပြီး သူတို့၏လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိ၏။ ထို့ပြင် ထိုခုတ်ချက်က သိမ်မွေ့စွာ အသုံးပြုနိုင်သည်။

အကယ်၍ ဓားသွားက လေဟာနယ်အစား ရန်သူတစ်ယောက်ကိုသာ တိုက်ခိုက်လိုက်မည်ဆိုလျှင် ထိုခုတ်ချက်တစ်ခုတည်းကပင် အပျက်စီးနိုင်ဆုံး ဖြစ်နိုင်သည်။

မုန့်ချီကတော့ တတိယသိုင်းကွက်ပြသမှုကို သေချာအာရုံစိုက်၍ လေ့လာနေခဲ့၏။ ထိုအရာကတော့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်မှ သိုင်းကွက်တချို့ကို ပုံဖော်ပြသနေသလို ထင်ရ၏။ ထို့ကြောင့် လောကသခင်၏ တတိယမြောက်သိုင်းကွက်က တစ်ပိုင်းတစ်စ နားလည်နိုင်သော သိုင်းကွက်တစ်ခု ဖြစ်ခဲ့သည်။

ထိုအရာက ရက်စက်ကြမ်းကြုတ်သော သိုင်းကွက်တစ်ခုဖြစ်ပြီး နတ်ဆိုးများ သေဆုံးခြင်းဟူသော သိုင်းကွက်လည်း ဖြစ်သည်။ မုန့်ချီကတော့ ရောင်စဉ်သန့်စင်ခြင်းဟူသော သိုင်းကွက်မှစ၍ ပြသမှုများကို သေချာနှိုင်းယှဉ်ပြီး ကြည့်နေခဲ့သည်။ သူကတော့ တစ်ကိုယ်လုံး ခံစားချက်များ ပြည့်နှက်လာခြင်းကို ခံစားမိနေခဲ့၏။

သို့သော် လောကသခင်ကတော့ သူ့ကို နောက်ထပ် စောင့်နေခဲ့ခြင်း မရှိချေ။ သူက လေထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးထဲတွင် အထင်သေးမှုများလည်း ရှိနေပုံရသည်။

"ဘုန်း..."

လျှပ်စီးပင်လယ်ကြီးက လှုပ်ရှားလာပြီး မိုးကြိုးပင်လယ်ကြီးထဲတွင် လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာခဲ့၏။ ဒေါသထွက်နေသော ပေါက်ကွဲသံများကလည်း ဆင့်ကဲပြောင်းလဲမှုကဲ့သို့ ဆက်တိုက်ထွက်ပေါ်လာနေပြီး လေဟာနယ်က အက်ကွဲ၍ အမှောင်ထုကြီးက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာမြေကြီးကလည်း တစ်နေရာတည်းကို စုစည်းသွားသည့်အလား စတင်ကျုံ့လာခဲ့၏။

လောကသခင်ကတော့ ပေါက်ကွဲမှု မုန်တိုင်းကြီး၏အလယ်တွင် မတ်မတ်ရပ်နေခဲ့သည်။ သူကတော့ လေဟာနယ်အစွန်မှ အက်ကွဲလာသော အမှောင်ထုကြီး ပျံ့နှံ့လာသည်ကို စောင့်ကြည့်နေခဲ့၏။

အမှောင်ထုကြီးက သူ့လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးကို ဝါးမျိုသွားခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို အမှောင်ထုထဲသို့ ထည့်ပစ်လိုက်သည်။ အရာအားလုံးက မူလအခြေအနေနှင့် တူညီနေခြင်းတော့ မရှိချေ။

ထို့နောက် သူက ကျယ်လောင်စွာ အော်လိုက်ပြန်သည်။

"စတုတ္ထသိုင်းကွက် …

ကမ္ဘာလောကဆိုတာမရှိဘဲ ထိပ်ဆုံးမှာ ငါ တစ်ယောက်တည်း ရှိတယ်…"

ထို့နောက် ဓားမောက်အလင်းတန်းက အတည့်အတိုင်း ခုတ်ချလိုက်၏။ သို့သော် အသုံးပြုသူ၏ ကြောက်စရာကောင်းသော အရှိန်အဝါအောက်တွင် အမှောင်ထုကြီးနှင့် ဖရိုဖရဲအခြေအနေက တစ်စစီ ပျက်စီးသွားခဲ့ရ၏။ တိုက်ခိုက်မှု၏အရှိန်ကြောင့် လမ်းကြောင်းအလယ်ခေါင်တွင် အပေါက်တစ်ခု ပွင့်သွားခဲ့သည်။

"ဒါ..."

မုန့်ချီက သူ ကိုယ်တိုင် ဖန်တီးထားခဲ့သော တဟုန်ထိုးဓားသိုင်းပညာကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။ ထိုသိုင်းကွက် (၂) ခုက တူညီနေသည်ဟု သတ်မှတ်နိုင်၏။

မုန့်ချီက တဖြည်းဖြည်း သိမ်မွေ့သွားသော ခုတ်ချက်၏အခြေအနေ ပြောင်းလဲမှုများကို သတိထားနေပြီး သေချာစဉ်းစားနေခဲ့သည်။ ဓားသွားကို ချောချောမွေ့မွေ့ ဝှေ့ယမ်းတိုက်ခိုက်လိုက်ပြီးနောက် မတူညီသော ပုံစံများက တစ်ခုပြီးတစ်ခု ဆက်စပ်ထင်ရှားလာခဲ့၏။

လောကသခင် ရပ်နေသောနေရာက သီးခြားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပြီး သူ ရပ်နေသော နေရာမှလွဲလျှင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အဖျက်စွမ်းအားများ ထွက်ပေါ်လာနေခဲ့သည်။ ထိုအရာကတော့ သူ ယခုထိ ပြည့်ပြည့်၀၀ မကျွမ်းကျင်သေးသော တဟုန်ထိုးဓားသိုင်းပညာ၏ ဒုတိယတစ်ဝက်လည်း ဖြစ်သည်။

မုန့်ချီက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသော မြင်ကွင်းကိုကြည့်ပြီး မျက်လုံးပြူးနေခဲ့၏။ ခွဲထွက်သွားသော လမ်းကြောင်းများစွာက တဖြည်းဖြည်း ပြန်လည်ပေါင်းစပ်သွားပြီး တစ်ခုတည်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ လောကသခင် ရပ်နေသော နယ်မြေကတော့ အလင်းတန်းတစ်ခုသဖွယ် ဖြစ်လာပြီး လျှပ်စီးကြောင်းပင်လယ်ကြီးကို သူ၏မူလအခြေအနေနှင့် ပြန်လည်ပေါင်းစပ်လိုက်သည်။ ရေအရောင်ကလည်း တဖြည်းဖြည်း အနက်ရောင် ပြောင်းလဲလာခဲ့၏။

လောကသခင်၏ အကြည့်က တည်ငြိမ်အေးစက်နေသလို သူ၏အမူအရာက နက်မှောင်ပြီး အကြောက်တရားလည်း မရှိချေ။ ညာဘက်လက်ကို လှုပ်ရှားလိုက်သည့် အချိန်တွင် သူ၏ဓားမောက်က လှုပ်ရှားသွားခဲ့၏။ မုန့်ချီကတော့ သူ၏ခုတ်ချက် ဦးတည်ရာကို မမြင်ရသလို ဓားကိုလွှဲယမ်းခြင်း ပြန်သိမ်းခြင်းကိုလည်း မမြင်လိုက်ရပေ။ ထိုအရာက ဘယ်ဘက်၊ ညာဘက်၊ အပေါ်ဘက်နှင့် အောက်ဘက်လည်း မရှိခဲ့ချေ။ မုန့်ချီက ဓားလမ်းကြောင်းကိုပင် မြင်တွေ့ရန် ခက်ခဲသွားခဲ့၏။

ထို့နောက် သူက လောကသခင်၏ လှောင်ပြောင်သရော်သံကို ကြားလိုက်ရသည်။

"ပဉ္စမသိုင်းကွက် …

ပြီးခဲ့တာတွေ ပြီးပါစေတော့..."

မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော မြင်ကွင်းများက ရုတ်တရက် တောက်ပလာခဲ့သည်။ သူ့ကို အုပ်မိုးထားသော လောကသခင်ဆီမှ အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ သူ၏ဓားမောက်ကြီးကလည်း သူ့ဆီကို ပြန်ရောက်လာခဲ့သည်။

မုန့်ချီကတော့ ရှုပ်ထွေးသွားသလို ခံစားလိုက်ရ၏။ သူက ထိုသိုင်းကွက်ပြသမှုတွင် တစ်ခုမျှ မမြင်ခဲ့ရပေ။ အစောပိုင်းတွင် သူ မြင်တွေ့ခဲ့ရသော သိုင်းကွက်များတွင်တော့ မုန့်ချီက အနည်းဆုံးတော့ ဓားသွားလှုပ်ရှားမှု လမ်းကြောင်းကို စစ်ဆေးကြည့်နိုင်ပြီး သံ၏အေးစက်မှုနှင့် သိုင်းကွက်၏အရိပ်ကိုတော့ တွေ့ရသေးသည်။

လောကသခင်က သက်ပြင်းချလိုက်ပြီး သူ့ခန္ဓာကိုယ်က ကြီးမားလာခဲ့သည်။ အလွန်ကြီးမားသော ဧရာမလူဘီလူးကြီးတစ်ကောင်ကဲ့သို့ သူက ရင်ဘတ်ရှေ့တွင် ဓားကိုကိုင်ထားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဆဌမသိုင်းကွက် …

ကံကြမ္မာမြစ်ထဲမှ မသေချာသော ကံတရား၊ ဘုန်း ဘုန်း ဘုန်း..."

ပုံရိပ်ယောင်မြစ်ကြီးတစ်ခုက ငွေရောင်တလက်လက် တောက်ပလာခဲ့သည်။ ထိုမြစ်ကြီးကို သူ၏မျက်စိတစ်ဆုံး မြင်နေရ၏။ ထိုမြစ်က သက်ရှိများကို တိုက်စားနေသော်လည်း ထိုအရာကို ကြည့်လိုက်မည်ဆိုလျှင် အချိန်ကာလ၏ ပျက်စီးမှုကို ပြသနေသော အရာတစ်ခုကဲ့သို့ ဖြစ်သည်။ အကြီးအကဲများက အချိန်ကာလ၏ နှိပ်စက်မှုအောက်တွင် တဖြည်းဖြည်း ပျက်စီးသွားနေသည်ကို တိတ်တဆိတ် ကြည့်နေခဲ့ရ၏။

ထိုမြစ်၏ ဘေး (၂)ဖက်တွင်တော့ လောကသခင်၏ ကိုယ်ပွားများစွာ ပေါ်လာခဲ့သည်။ တချို့ကတော့ အနက်ရောင် ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး တချို့ကတော့ ဓားတိုတစ်လက် ကိုင်ထားသော လူတစ်ယောက်အဖြစ် ပေါ်လာခဲ့သည်။ တချို့ကတော့ အဖြူဝတ် မိန်းကလေးတစ်ယောက်ကို ဖက်ထားပြီး တချို့ကတော့ ခေါင်းပေါ်တွင် မီးဖိုကြီးတစ်လုံး မ ထားသော လူငယ်လေးတစ်ယောက်အဖြစ် ပေါ်လာခဲ့သည်။

မုန့်ချီ၏ပတ်ပတ်လည်တွင် ပို၍များပြားသော လောကသခင်များ ပေါ်လာကြပြီး လောကသခင်၏ ဖြစ်နိုင်ခြေရှိသော ကံကြမ္မများစွာက သူ၏ပတ်ပတ်လည်တွင် ဝိုင်းရံ၍ ဆက်လက်ရှိနေကြသည်။ အလွန်လေးလံပြီး နက်မှောင်သော ပျက်သုဉ်းခြင်းဓားကတော့ ရိုးရှင်းစွာ ခုတ်ချလိုက်၏။

သူ၏ပတ်ပတ်လည် နေရာတိုင်းမှနေ၍ ခုတ်ချလိုက်သည့်အတွက် လောကသခင်၏ ကိုယ်ပွားများအားလုံးက သူတို့၏ ကိုယ်ပိုင်လက်နက်များနှင့် ပြန်လည်တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် သံချင်းထိခိုက်သံများ၊ အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ပတ်လည်မှ လက်နက်များ၏ အသံများကို ကြားလိုက်ရ၏။

"ဘုန်း..."

ပေါက်ကွဲသံများ၊ သေဆုံးသည့် အလင်းရောင်များ၊ နေရာတိုင်းတွင် ထွက်ပေါ်လာပြီး လူတိုင်းက လွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။ အလွန်ကြီးမားသော အလင်းတန်းကြီးတစ်ခုက မုန့်ချီ၏မျက်လုံးထဲတွင် ပြည့်နှက်နေပြီး သူလည်း မျက်စိစူးသွားခဲ့သည်။

နောက်တစ်ကြိမ် လောကသခင်၏ ကျယ်လောင်သော အော်သံကို ကြားလိုက်ရ၏။

"အခုတော့ မင်းက ဒီအမွေဆက်ခံခြင်းအမှတ်အသားကို အပိုင်မရနိုင်သေးဘူး။ ဒီသိုင်းကွက်ရဲ့ပင်မလမ်းညွှန်ချက်အပြင် မင်းက နားလည်နိုင်တဲ့အရာကို ယူဆောင်သွားလို့ရတယ်…"

ထိုအချိန်တွင် အလင်းတန်းများစွာ တောက်ပလာပြီး သိုင်းကွက် (၆) ခု၏ ပုံရိပ်ယောင်များက တစ်ခုတည်းအဖြစ် စုစည်း၍ ပင်မလမ်းညွှန်ချက်အဖြစ် ပြောင်းလဲလာခဲ့သည်။ သူတို့က သဘာဝတရားကြီး၏ ဓမ္မအနှစ်သာရများ၊ ဉာဏ်အလင်းပွင့်မှုများ၊ အရာအားလုံးကို ပြသနေခဲ့သည်။

မုန့်ချီကတော့ သူကြည့်နေသည့် အရာများကို ကိုင်တွယ်နိုင်ရုံသာ ရှိနေသေးသည်။ သူက လောကသခင် ဓားသိုင်း (၆) ကွက်၏ ပင်မလမ်းညွှန်ချက်ကို နည်းနည်းချင်းဆီ နားလည်လာခဲ့သည်။ ထိုအရာက ထိုသိုင်းကျမ်း ကျင့်ကြံမှုနှင့်ပတ်သက်ပြီး မိတ်ဆက်ပေးခြင်းလည်း ဖြစ်၏။

မိုးကြိုးတစ်ခု၏ ခွန်အားကို လောကသခင်က အတုခိုးခဲ့ပြီး မိုးကြိုးနတ်ဘုရား၏ လမ်းကြောင်းမှ ခွဲထွက်၍ သီးခြားသိုင်းပညာကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ပုံရိပ်ယောင်ဝိညာဉ်နှင့် ခန္ဓာကိုယ် အရာပေါင်းစုံအပေါ် အဓိက မှီခိုနေခဲ့သည်။ ထို့ပြင် လောကသခင်၏ရှေ့တွင် ရပ်တည်နိုင်ခဲ့သော စစ်သည်တော်တစ်ယောက်၏ ဒဏ္ဍာရီများလည်း ရှိနေသေးသည်။

သူ့ဆီတွင် လောကသခင်ကို မှေးမှိန်သွားစေနိုင်သော အစွမ်းနှင့် ခွန်အားများ ရှိနေသော်လည်း သူကတော့ အခုချိန်ထိ အထွဋ်အထိပ်ကို မရောက်နိုင်သေးပေ။ သို့သော် ထိုစစ်သည်တော်ကို သတ်ပစ်လိုက်သည့်သူက လောကသခင်သာ ဖြစ်သည်။

မုန့်ချီက သူ့ဆီကို ရောက်လာသော ပင်မလမ်းညွှန်ချက်ကို သေချာကြည့်နေခဲ့၏။ ထို့ပြင် သူက သိုင်းကွက် (၂) ခုကိုသာ လက်ခံရရှိခဲ့သည်။ ထိုအရာကတော့ ‘အသူတရာခွင်းအား၊ နတ်ဆိုးများ သေဆုံးခြင်း’ဟူသော သိုင်းကွက်နှင့် ‘ကမ္ဘာလောကဆိုတာ မရှိဘဲ ထိပ်ဆုံးမှာ ငါ တစ်ယောက်တည်း ရှိတယ်’ ဟူသော သိုင်းကွက်ဖြစ်သည်။

မုန့်ချီက အစောပိုင်းတွင် ပြသခဲ့သော ထိုသိုင်းကွက် (၂) ကွက်ဆီမှ အနည်းငယ် သင်ယူနိုင်ခဲ့သည်။ သို့သော် သူက လောကသခင် ဓားသိုင်း (၆) ကွက်တွင် နောက်ဆုံးသိုင်းကွက် (၂) ခုဆီမှ မည်သည့်အရာမျှ မသိခဲ့ရပေ။ ထို့ပြင် တခြားသိုင်းကွက် (၂) ခုကိုလည်း သူက မကျွမ်းကျင်နိုင်သေးပေ။ သူက ဓားမောက်အသုံးပြုမှုနှင့် ပတ်သက်ပြီး နားလည်မှုများ တိုးတက်လာရန် လိုအပ်နေသေးသည်။

"တကယ့်ကို အကြွင်းမဲ့လွှမ်းမိုးမှုပဲ…"

မုန့်ချီက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ပြီး နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာခဲ့သည်။ သူက စိတ်လှုပ်ရှားမှုများကိုလည်း ဖိနှိပ်ထားခဲ့ရ၏။

လောကသခင်၏ စကားအရ မုန့်ချီက အမွေဆက်ခံမှု အမှတ်အသားကို ပြည့်ပြည့်ဝဝ မရသေးသည့်အပြင် ကိုယ်ပိုင်အသိဉာဏ်ရှိနေသော လောကသခင် ပျက်သုဉ်းခြင်းဓားကိုလည်း ထိန်းချုပ်၍ ရနိုင်ဦးမည် မဟုတ်ချေ။

"ဒါပေမဲ့ ဘာလို့ အခုမရရတာလဲ။ ငါ သတိထားရမယ့်အရာတစ်ခုခု ရှိနေသေးတာလား…"

မုန့်ချီက စိတ်ဝင်တစား တွေးကြည့်နေခဲ့သော်လည်း တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်ပေါ်မှ ဝန်ထုတ်ဝန်ပိုးတစ်ခု လျော့ကျသွားသလို ခံစားလိုက်ရသည်။ သူ၏ပင်မဝိညာဉ်က စွမ်းအားများနှင့် ပြည့်နှက်လာခဲ့၏။

ကောင်းကင် (၉) သွယ်မှ မိုးကြိုးနတ်ဘုရား၏ ကံကြမ္မာဝန်ထုတ်ဝန်ပိုးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုတော့ သူက လန်းဆန်းတက်ကြွနေပြီး အနှစ်သာရများနှင့် တစ်သားတည်း ဖြစ်လာသည့်အတွက် သဘာဝတရားကြီးက သူ့အတွက် ပို၍ရှင်းလင်းလာခဲ့သည်။

သဘာဝတရားကြီးက သူ၏ပုံရိပ်ယောင်ခန္ဓာ ဖန်တီးမှုကို အားဖြည့်ပေးနေသည့်အတွက် လျှပ်စီးကြောင်းများနှင့် ခွန်အားအပေါ် နားလည်မှုများ တိုးမြင့်လာခဲ့သည်။ ကံကြမ္မာ ဝန်ထုတ်ဝန်ပိုး ပျောက်ကွယ်သွားသည့်အတွက် သူလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး မူလအခြေအနေကို သတိပြန်ဝင်လာခဲ့သည်။

သူက ဆန်းကြယ်နတ်သမီးခန်းမထဲတွင် ရှိနေသေးကြောင်း တွေ့လိုက်ရပြီး အနက်ရောင်ဓားမောက်ကြီးကတော့ စင်ပေါ်တွင် အိပ်ပျော်နေသည့်အလား ရှိနေခဲ့သည်။ သူ့ဆီတွင် လုံလောက်သော စွမ်းအားမရှိဘဲ ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်တစ်ခုကို သိမ်းသွင်းရန် လုံးဝမဖြစ်နိုင်ကြောင်း သိနေခဲ့သည်။ မည်သူကမျှ သူ၏ခွင့်ပြုချက်မရှိပဲ ကိုင်ဆောင်ခွင့်ရလိမ့်မည် မဟုတ်ချေ။

လျှူရှုယူက နောက်ကို ဒယိမ်းဒယိုင် ပြန်ဆုတ်သွားခဲ့ပြီး သူမနှင့် လောကသခင်ပျက်သုဉ်းခြင်းဓားတို့၏ ကြားထဲတွင် အနည်းငယ် ခွာနေခဲ့သည်။ သူမက မုန့်ချီကို စိတ်ဝိညာဉ်စွမ်းအားနှင့် သတိပေးလိုက်၏။

"သိုင်းသခင်အသွင်ပြောင်း ပြန်လာနေပြီ…"

သူမက ဤနေရာတွင် မုန့်ချီ ရှိနေခြင်းကို ခွင့်မပြုနိုင်ပေ။ မဟုတ်လျှင် သူမက အပြစ်ပေးခံရနိုင်သည်။

သူ့ဆီမှ ကံကြမ္မာ ဝန်ထုတ်ဝန်ပိုး ပျောက်ကွယ်သွားသည့်အပြင် လောကသခင် ဓားသိုင်း (၆) ကွက်မှ နားလည်မှုများ ရရှိလာခဲ့သည့်အတွက် သူက ကိုယ့်ကိုယ်ကိုယ် အလွန်ကျေနပ်နေပြီး နောက်ထပ်လောဘကြီးနေခြင်း မရှိတော့ချေ။

သူက လုံလုံခြုံခြုံ ထွက်သွားနိုင်ရန် သံသရာအဆောင်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ ဆန်းကြယ်နတ်သမီးက သူ ပျောက်ကွယ်သွားသော အပြင်ဘက်ထိ လိုက်မလာနိုင်ရန် မျှော်လင့်နေခဲ့၏။ ထို့နောက် သူက တိတ်ဆိတ်ဆိတ် အဝေးသို့ ထွက်သွားနိုင်ပြီး သူ၏ထိန်းချုပ်မှုအောက်တွင် အရာအားလုံးကို အချိန်ကိုက် လှုပ်ရှားနိုင်ရန် လိုအပ်သည်။ လျှူရှုယူ၏အဆင့်အတန်း ပေါ်မသွားသေးသရွေ့ သူမ၏အကူအညီနှင့် ထွက်ပြေး၍ ရနိုင်၏။

လျှူရှုယူ၏ လက်သွယ်သွယ်လေးက လှုပ်ရှားလိုက်ပြီး ထိုယောကျ်ားလေးတပည့်ကို ကိုင်လိုက်သည်။ သူမက နောက်ဆုတ်လိုက်ပြီးနောက် ခန်းမ၏တံခါးဆီသို့ ရောက်သွားခဲ့၏။ ဆန်းကြယ်နတ်သမီး နီမဏကာရများနှင့် တခြားသော ပညာရှင်(၂) ယောက်က ခန်းမထဲသို့ ဝင်လာကြသည်။

လျှူရှုယူက သူတို့ကို အလျင်အမြန် ဦးညွှတ်လိုက်၏။

"ကိုယ်ပွားဆရာ...

ကျွန်မတို့က အပြင်ဘက်မှာရှိတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ အလုပ်များနေတဲ့အချိန် သူက လောကသခင်ပျက်သုဉ်းခြင်းဓားကို ရယူဖို့ ကြိုးစားနေမှာ စိုးရတယ်။ ဒါကြောင့် သူ့ကို ခန်းမအပြင်ဘက် အရင်ဆုံး ပြန်ပို့လိုက်မယ်…"

ဆန်းကြယ်နတ်သမီး နီမဏကာရက လျှူရှုယူ၏ ဆုံးဖြတ်ချက်ကို ခေါင်းညိတ်ပြလိုက်သည်။ သူမက လှမ်းကြည့်လိုက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ သို့သော် သိုင်းသခင်တစ်ယောက်၏ စွမ်းရည်မျိုးနှင့် အာရုံခံကျင့်စဉ်၏ အကူအညီမရှိဘဲ သူမက ပုံစံပြောင်းထားသော မုန့်ချီကို မြင်ရလိမ့်မည် မဟုတ်ချေ။

သူမက လျှူရှုယူထက် ပို၍အဆင့်မြင့်သော်လည်း သူမ၏ဆရာရှိနေသည့်အချိန်တွင် သူမကို ရှာဖွေရန် ခက်ခဲနိုင်ပါလိမ့်မည်။ လျှူရှုယူက ထိုယောကျ်ားလေးတပည့်ကို ရှန့်မြစ်နတ်သမီးဆီသို့ ခေါ်သွားခဲ့ပြီး ဆန်းကြယ်နတ်သမီးခန်းမထဲမှ ထွက်သွားရန် အခွင့်အရေး ရှာဖွေခဲ့သည်။

ရှန့်မြစ်နတ်သမီးက သူမ၏မူလပုံစံ ပြောင်းလဲနေသည်ကို မြင်လိုက်ရသည့်အခါ သူမက မျက်လုံးပြူးပြီး ထိတ်လန့်နေခဲ့၏။ သူမက နတ်ဆိုးမကူရှောင်စန်း၏ လှည့်စားမှုကို ခံလိုက်ရပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို သူမ၏ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားအငွေ့အသက်တစ်ခု ကြီးထွားလာပြီး သူမ၏ပင်မဝိညာဉ်ကလည်း စွမ်းအားများ တိုးမြင့်လာခဲ့သည်။ သူမကို ချုပ်နှောင်ထားသောအရာများမှ လွတ်မြောက်သွားသည့်အတွက် သူမက ဆန်းကြယ်နတ်သမီး၏ အစစ်အမှန်ဆက်ခံသူဟူသော နေရာကိုရပြီဟု ယူဆနိုင်၏။

"သူက ကတိတည်သားပဲ။ ငါက ဒါကိုတော့ ဝန်ခံရတော့မယ်။ ပြီးတော့ သူက အရမ်းရက်စက်တယ်။ သူ့ကို အမေလို့ခေါ်တဲ့ ကလေးမလေးကလည်း သူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို ဆက်ခံမှာပဲ.."

လျှူရှုယူက တစ်ယောက်တည်း တွေးနေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူမက လော့ရန်တွင် ရှိနေသော အထက်တန်းလွှာမိသားစုမှ မိန်းမပျိုတစ်ယောက် ဖြစ်သည်။

………..

လက်ရှိဆန်းကြယ်နတ်သမီးက ကောင်းကင်ပေါ်သို့ ပျံသန်းလာပြီး ဧရာမသစ်ပင်ကြီး၏ အပေါ်ဘက်သို့ တက်သွားခဲ့သည်။ သူမက ဘေးနားတွင် ပျံသန်းနေခဲ့၏။ ထို့နောက် သူမက မိတ်ဆွေဟောင်းတစ်ယောက်ကို ကိုင်ထားရသလို ထင်ရသည်။ တိမ်တိုက်များထဲကို ထိုးထွက်သွားခဲ့သော ဧရာမသစ်ပင်ကြီးက စက္ကန့်ပိုင်းလေးအတွင်း ညှိုးခြောက်သွားခဲ့ပြီး သစ်ကိုင်းခြောက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

"ကျန်းသစ်ပင်ရဲ့ သစ်ကိုင်းလား…"

ထိုအချိန်တွင် လေထဲတွင် လွင့်မျောနေသော ကြာပန်းတစ်ခုဆီမှ အသံတစ်ခု ထွက်လာသည်။

ပျော်ရွှင်ခြင်းဗောဓိတဗ္ပကလည်း စိတ်ဝင်တစား ကြည့်နေခဲ့၏။ သူမကလည်း ရုတ်တရက် အဖြစ်အပျက်ကြောင့် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူမက အာရုံလွှဲခြင်း နည်းလမ်းများကို တားဆီးရန်အတွက် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သူမကတော့ ဆန်းကြယ်နတ်သမီး အသွင်ပြောင်း၏ အငွေ့အသက်များကို သတိမထားမိခဲ့ပေ။

"ဟုတ်လောက်မယ်..."

လက်ရှိဆန်းကြယ်နတ်သမီးက ပြန်ဖြေလိုက်၏။ သူမ၏အမူအရာ အငွေ့အသက်များကလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

"ဒီလိုအဖိုးတန်တဲ့ ရတနာတစ်ခုက ဘာလို့ အကာအကွယ်မရှိရတာလဲ.."

ပျော်ရွှင်ခြင်းဗောဓိတဗ္ပက ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

"အရင်ဆန်းကြယ်နတ်သမီးက ဒီရတနာရဲ့ဇစ်မြစ်နဲ့ပတ်သက်ပြီး ဘာစကားမှ ချန်မထားခဲ့ဘူး။ ဒါက သာမာန်လို့ပဲ ယူဆမိတယ်…"

ဆန်းကြယ်နတ်သမီးက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

ပို၍များများ သိလာမည်ဆိုလျှင် ပို၍စုံစမ်းလာနိုင်သည့်အတွက် ပျော်ရွှင်ခြင်းဗောဓိတဗ္ပက ဆန်းကြယ်နတ်သမီး အသွင်ပြောင်းကို လေ့လာနေခဲ့သည်။ သူ၏ပုံသဏ္ဍာန်က ရှုံ့တွနေသော်လည်း အတွင်းထဲတွင် ရှိနေသော ဧရာမစွမ်းအားကြီးများကို ခံစားမိနေခဲ့၏။

"တကယ့်ကို တိုက်ခိုက်စွမ်းရည်နဲ့ နာမည်ကျော်ကြားတဲ့ ရှေးဟောင်းဆန်းကြယ်နတ်သမီး တစ်ယောက်ပဲ။ ကောင်းကင်ခုံရုံးရဲ့ အကြီးမြတ်ဆုံး နတ်ဘုရားတွေထဲက တစ်ပါးပါလား.."

သူမက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

လက်ရှိ ဆန်းကြယ်နတ်သမီးက သူမ၏မေးမြန်းမှုများကို လမ်းလွှဲရန် ကြိုးစားလိုက်သည်။ သို့သော် ကူရှောင်စန်း လွတ်မြောက်သွားခဲ့ပြီး လောကသခင်ပျက်သုဉ်းခြင်းဓားက လုံခြုံနေခဲ့၏။ သူမက သူတို့၏တည်နေရာကို စစ်ဆေးနေရင်း အတော်လေးကို မျက်နှာပျက်နေခဲ့၏။

မုန့်ချီက ကူရှောင်စန်းနှင့်အတူ ထွက်ပြေးသွားပြီဟု ခန့်မှန်းမိလိုက်သည့်အချိန်တွင် သူမက သခင်မစုနတ်သမီးနယ်မြေ၏ မှော်အကာအကွယ်များကို ဖယ်ရှားရန် အမိန့်ပေးလိုက်သည်။

လျှူရှုယူ၏ ခေါ်ဆောင်မှုနှင့် မုန့်ချီက ရှန့်မြစ်နတ်သမီး၏ စံအိမ်တော်ဆီကို ပြန်ရောက်လာခဲ့သည်။ ထိုမှနေ၍ မည်သူမျှ သတိမထားမိပဲ အဝေးသို့ ထွက်လာခဲ့၏။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော လီဟွားကျွန်းမှ ထွက်လာပြီး ထောင်ချောက် ဝင်္ကပါများကို ဖြတ်ကျော်၍ နောက်ဆုံးတွင်တော့ ပင်လယ်ပြင်ကြီးထဲသို့ ရောက်လာခဲ့သည်။

သူက ဆားငံရေများ ရောနေသော လေလှိုင်းများထဲတွင် လတ်ဆတ်သော လေများကို တဝကြီး ရှူလိုက်သည်။ ပူလောင်နေသော နေရောင်အောက်တွင် နေရောင်ခြည်ကပင် အနည်းငယ် ခက်ခဲနေခဲ့၏။ သူက ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသည်။

သူက သခင်မစု၏နယ်မြေထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် ဓမ္မကာရတစ်ဝက်အဆင့် အစွမ်းထက်သော ရန်သူများ၏ မျက်စိအောက်တွင် ခိုးကြောင်ခိုးဝှက် နေခဲ့ရသော ဖိအားက အလွန်ဆိုးရွားလှသည်။ အချိန်မရွေး သေဆုံးသွားနိုင်သော ဖိအားကြောင့် သူက တစ်ကိုယ်လုံး တင်းကျပ်နေခဲ့ရ၏။

နောက်ဆုံးတော့ သူက အနားယူနိုင်ခဲ့ပြီး အကြောက်အလန့်မရှိ အသက်ရှူနိုင်ခဲ့ပြီ ဖြစ်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး တိုက်ခတ်နေသော လေလှိုင်းများ၊ နေမင်းကြီး၏ အပူရှိန်ကို ခံစားကြည့်နေပြီး သဘာဝတရားကြီးကို ကျေနပ်နေခဲ့သည်။

သူက အနှစ်သာရများနှင့် ပို၍အလွယ်တကူ ပေါင်းစပ်လာနိုင်ပြီး ကံကြမ္မာ ဝန်ထုတ်ဝန်ပိုး ပျောက်ကွယ်သွားသည့်အတွက် သူ၏ပင်မဝိညာဉ်က ပို၍အဆင်ပြေလာခဲ့သည်။ သူ၏ပုံရိပ်ယောင်ခန္ဓာက အစိုင်အခဲအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲလာမည့် အခြေအနေကိုလည်း ခံစားမိနေခဲ့သည်။

သဘာဝတရားကြီး၏ စွမ်းအားများက သူ၏လက်ညှိုးထိပ်တွင် ရှိနေသလို ထင်မှတ်ရပြီး ထိုအထဲတွင် လျှပ်စီးနှင့် ခွန်အားများ ပါဝင်နေခဲ့သည်။ ထိုအရာများ ရှိနေသည့်အတွက် မုန့်ချီက ပထမကောင်းကင်လှေကားကို တက်လှမ်းနိုင်တော့မည်ဟု သေချာသွားခဲ့၏။ သူက နောက်ထပ် (၆)လမှ (၇) လခန့် အတောအတွင်း နောက်တစ်ဆင့် အတားအဆီးကို ကျော်လွှားနိုင်မည်ဟု သေချာနေခဲ့သည်။

ထို့နောက် မုန့်ချီက ပင်လယ်ရေများပေါ်တွင် နင်းဖြတ်ပြီး ကျန်းတုံရှိရာကို ပျံသန်းလာခဲ့လေ၏။

Translated by Hein Htet.

All Chapters