← Chapters

အခန်း (၆၃၄)

Vol. 43 Ch. 634

အခန်း (၆၃၄)

Vol. 43 Ch. 634

"သူတို့က သွေးပြာလူသားတွေရဲ့ကိစ္စကို ဒီလောက်တောင် စိတ်ဝင်စားနေတာလား ..."

ရွမ်ကလန်မှ တတိယသခင်လေးဆီတွင် သွေးပြာလူသားများကို ထိခိုက်စေနိုင်သော စွမ်းရည်တစ်ခုရှိနေကြောင်း မုန့်ချီက အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် ရွမ်ကလန်က သွေးပြာလူသားများ၏ တည်ရှိမှုကို သိနေသည်မှာ အတော်လေးကြာနေပြီဟု ဆိုနိုင်သည်။ သို့သော် ထိုအရာက လျှို့ဝှက်ချက်ကိစ္စများသာ ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း သိုင်းဂိုဏ်းကြီးများနှင့် အထက်တန်းလွှာ မိသားစုများက ရုတ်တရက် ဖြစ်ပေါ်လာသည့် အခြေအနေကို သတင်းပေးလိုက်ခြင်းပေလော။

ရန်ချုံက သူ၏ခွက်ကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် သောက်လိုက်သည်။

"သိုင်းလောကရေးရာကနေ ကင်းကွာနေတဲ့ ရွမ်ကလန်ခေါင်းဆောင်က သိုင်းဂိုဏ်းကြီးတွေ အထက်တန်းလွှာ မိသားစုတွေကို အမိန့်ပေးနိုင်တဲ့ အရည်အချင်းမျိုး ရှိတယ်လေ။ သူ့ရဲ့စာထဲမှာတော့ သွေးပြာလူသားတွေရဲ့ အန္တရာယ်အကြောင်းကို အသေးစိတ် ပြောပြနေပြီး သူတို့တွေက လင်းဟိုင်မြို့ကို မျက်စိကျနေတယ်လို့လည်း ဖော်ပြထားတယ်။ သူတို့တွေက လူသားမျိုးနွယ်စုကို ထိခိုက်အောင် လုပ်မှာကို သူက ကြောက်လန့်နေတယ်။ ဒါကြောင့် သူက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အကူအညီတွေကို တောင်းခံခဲ့တာပဲ…"

"ဒါဆိုရင်တော့ သူ့ရဲ့စာထဲမှာ အကျိုးအမြတ်အတွက်လည်း ရှိနေတယ် ..."

မုန့်ချီက ရေရွတ်လိုက်သည်။

သွေးပြာလူသားများ၏ ပြဿနာက အစွမ်းထက် အဖွဲ့အစည်းများကြားထဲတွင် မသက်မသာ ခံစားရစေနိုင်ခြင်း မရှိသည့်အတွက် သူလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။

"ဒါပေမယ့် ဘာလို့ ရွမ်ကလန်က ဒီကိစ္စကို အစိုးရိမ်ဆုံး ဖြစ်နေရတာလဲ ... "

အကယ်၍ ရွမ်ကလန်ကသာ မျိုးနွယ်စိမ်းများ ပေါ်လာခြင်းကြောင့် စိတ်ပျက်နေမည်ဆိုလျှင် သူလည်း ကူညီပေးသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။ သူက ပထမကောင်းကင်လှေကားကို ကျော်ဖြတ်နိုင်သည့်အဆင့်မျိုး မရှိသေးသော်လည်း အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကြောင့် ရေကို ထိန်းချုပ်နိုင်သော သွေးပြာလူသားများကို တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ ထိုစွမ်းရည်တစ်ခုတည်းကပင် သူက ကောင်းကင်(၄)သွယ်၊ ကောင်းကင်(၅)သွယ်အဆင့်ရှိသော သွေးပြာလူသားများကို ရင်ဆိုင်ရန် လုံလောက်၏။

ရန်ချုံက အားရပါးရ ရယ်လိုက်သည်။

"စိုးရိမ်တာလား ။ ဒါက တော်တော်လေး ခက်ခဲတဲ့ကိစ္စတစ်ခုပဲလေ။ သူတို့က သွေးပြာလူသားတွေနဲ့ ပတ်သက်ပြီး ဘာမှသိမထားကြဘူး။ ရန်သူရဲ့အစွမ်း၊ သူတို့မကြာခဏ ကျင်လည်နေတဲ့နေရာ၊ ပင်လယ်အောက်ထဲမှာ ရှိနေတဲ့ သူတို့ရဲ့စခန်းတွေအကြောင်း ဘာမှရှင်းရှင်းလင်းလင်း မသိထားဘူး။ ဒီတော့ အဲဒီသတင်းအချက်အလက်တွေကို ဖြန့်ဝေလိုက်တယ်ဆိုရင်တောင် စိတ်ပျက်ရတာကလွဲရင် ဘာမှအဓိပ္ပါယ်မရှိဘူးလေ…"

ပင်လယ်အောက်တွင် အမည်မသိ မကောင်းဆိုးဝါးများ၊ ကြောက်စရာကောင်းသော မြေမျက်နှာသွင်ပြင် အခြေအနေများ ရှိနေသည်။ ထိုအန္တရာယ်များကြောင့် ရေအောက်တိုက်ပွဲက လူသားများ၏ စွမ်းရည်ကို သိသိသာသာ လျော့ကျသွားစေနိုင်ပြီး အလွန်စွန့်စားရာကျမည်ဖြစ်၏။

ဓမ္မကာရတစ်ဝက်အဆင့် စွမ်းရည်ရှိနေသော ပညာရှင်တစ်ယောက်ကပင် မျက်စိမှိတ်၍ တိုးဝင်သွားရန် မဖြစ်နိုင်ပေ။ အလွန်ကျယ်ပြောလွန်းလှသော ပင်လယ်ကြီးထဲတွင် သွေးပြာလူသားများ၏စခန်းကို ရှာဖွေရသည်မှာ ကောက်ရိုးပုံထဲတွင် အပ်တစ်ချောင်း ရှာရသကဲ့သို့ ဖြစ်သည်။

"ကျွန်တော် နားလည်သွားပြီ ... ဒီတော့ ကျွန်တော်က အလျင်စလိုလုပ်ဖို့ မလိုသေးဘူးပေါ့…"

မုန့်ချီက ပြန်ဖြေလိုက်ပြီး နောက်ထပ် အရက်တစ်ခွက် သောက်လိုက်၏။

သူက ပထမဆုံး လေ့ကျင့်ရန် လိုအပ်သည်။ သူက မကြာသေးခင်သွားခဲ့သော ခရီးစဉ်အတွင်း ရရှိခဲ့သည့် အကျိုးအမြတ်များကို ပြန်လည်သုံးသပ်ပြီး ပထမကောင်းကင်လှေကားကို တက်လှမ်းနိုင်ရန်အတွက် အုတ်မြစ်တစ်ခုကို ဖြည်းညင်းစွာ တည်ဆောက်ရမည်ဖြစ်သည်။

အစောပိုင်းတွင် သူက ဟယ်ကျူး၊ ဟွမ်တိုက်ချုံနှင့် တခြားသူများကို သွေးပြာလူသားများ၏ မှတ်ဉာဏ်ထဲမှ မြင်ခဲ့ရသောအရာများ ပြောပြခဲ့သည်။ ရွမ်ကလန်က ထိုလူစိမ်းမျိုးနွယ်စုကို စိတ်ဝင်စားနေသည့်အတွက် အရှေ့ပင်လယ်ဓားကျေးရွာကလည်း သူတို့ကိုပူးပေါင်းရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း မုန့်ချီက သေချာနေခဲ့သည်။ ထို့ကြောင့် မုန့်ချီက သူသိထားသော အရာများကို ပြောပြရန် စိုးရိမ်နေခဲ့ခြင်းမရှိချေ။

ထိုစကားကို ကြားသည့်အခါ ရန်ချုံက ပြန်မေးလိုက်၏။

"မင်းမှာ တခြားသွားစရာ ကိစ္စရှိနေသေးတာလား ... "

ထိုစကားကိုပြောလိုက်သည့်အချိန်တွင် သူ့အသံက တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ထင်ရသည်။ သူက စုမုန့်နှင့် အသိအကျွမ်း သက်သက်သာဖြစ်ကြောင်း ရန်ချုံက နားလည်နေခဲ့၏။ ထိုကဲ့သို့ ကိုယ်ရေးကိုယ်တာမေးခွန်းမျိုး မေးရသည်မှာ အနည်းငယ် လွန်ရာကျသည်။

မုန့်ချီကတော့ သူ၏အပြုအမူအတွက် ပြဿနာမရှိခဲ့ချေ။ သူက ခွက်ကို ညင်သာစွာ ပုတ်နေခဲ့သည်။ ထိုအချိန်တွင် အိုးထဲမှနေ၍ အရက်တိုင်လုံးတစ်ခု ထွက်လာပြီး သူ၏ပန်းကန်ထဲသို့ ကျသွားခဲ့၏။ မုန့်ချီက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

"ငါက နေထိုင်ဖို့အတွက် တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာဖွေနေတာ ... ငါက သဘာဝတရားကြီးနဲ့ ပေါင်းစပ်နိုင်ဖို့အတွက် လေ့ကျင့်ဖို့အရာတွေ ရှိနေသေးတယ်…."

"မင်းက ပထမကောင်းကင်လှေကားကို တက်လှမ်းဖို့ နီးကပ်နေပြီလား ..."

ရန်ချုံက အနည်းငယ် အံ့သြမှင်တက်သွားခဲ့သည်။

မုန့်ချီက ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။ ထိုအစား သူက ပြောလိုက်၏။

"နဂိုတုန်းကတော့ ကျွန်တော်က အစ်ကိုရန်ရဲ့အနားမှာ နေမလို့ပါပဲ...။ ဒါပေမယ့် ကျွန်တော့်ရဲ့ရန်သူတွေက တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ ဒီတော့ ကျွန်တော်က ပုန်းနေဖို့ နေရာတစ်ခုရှာတာ ပိုပြီးတော့ ကောင်းပါလိမ့်မယ် ..."

သူက အရက်ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်သည်။ ထို့နောက် တံခါးကိုဖွင့်ပြီး မိုးရေထဲသို့ ထွက်သွားခဲ့၏။ သူ့ခန္ဓာကိုယ်ပေါ်သို့ မိုးစက်များ ကျဆင်းလာနေသော်လည်း သူ့ခန္ဓာကိုယ်က ပြဒါးရေများနှင့် ဖန်တီးထားသည့်အလား ရေစက်တစ်ခုမျှ တင်မနေခဲ့ပေ။ မုန့်ချီက အမှောင်ထုကြီးထဲတွင် ရောယှက်သွားခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့၏။

ရန်ချုံကတော့ ဧည့်သည် ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူက ‌ဖယောင်းတိုင်မီးကို စိုက်ကြည့်ပြီး ရင်ထဲတွင် လေးလံစွာ သက်ပြင်းချလိုက်မိ၏။

"ဆယ်စုနှစ်တစ်ခုက ရိုးရိုးလေး ပြီးသွားခဲ့ပြီ။ ဒါပေမယ့် နောက်ထပ် ဆယ်စုနှစ်အတွင်း ဘယ်လိုအရာကို ကြုံရမှာလဲ…"

…………..

နွေရာသီ ဖြစ်နေသည့်အတွက် တောင်ထိပ်ပေါ်တွင် နေမင်းကြီးက ခြစ်ခြစ်တောက် ပူလောင်နေခဲ့သည်။ နေ့အချိန်တွင်တော့ အလွန်တောက်ပပြီး အေးချမ်းနေခဲ့၏။ အပြာရောင်ပင်လယ်ကြီးက တလက်လက် တောက်ပနေပြီး နေရောင်အောက်တွင် လှုပ်ရှားနေခဲ့သည်။

စိုစွတ်ပြီး ဆားငံရေများ ပြည့်နှက်နေသော ပင်လယ်ရေက ပင်လယ်ထဲတွင် သွားလာနေသော လှေကြီးများ၏ အခန်းထဲသို့ တိုက်ခတ်လာပြီး လှေထိုးသားများ၊ ခရီးသည်များကို လန်းဆန်းမှုများ ပေးစွမ်းနိုင်ခဲ့၏။

အလွန်ကြီးကျယ်ခမ်းနားသော လှေကြီးတစ်စီးက အပြာရောင်ပင်လယ်ပေါ်တွင် ရွက်လွှင့်နေခဲ့သည်။ ထိုလှေကြီးက တောက်ပသော နေရောင်အောက်တွင် အလင်းရောင်များ ဖြာထွက်နေသလို ထင်ရ၏။

တခြားလှေကြီးများနှင့် မတူသည်မှာ ထိုလှေ၏ ကုန်းပတ်ပေါ်တွင်တော့ ဧရာမအိပ်ရာကြီးတစ်ခု ရှိနေသည်။ ထိုအိပ်ရာကြီးက အလွန်အဆင့်အတန်းမြင့်ပြီး စိတ်ကျေနပ်စရာ ကောင်းသည်ဟု ဆိုနိုင်သည်။

မုန့်ချီက အိပ်ရာပေါ်တွင်လှဲနေပြီး ရင်ဘတ်ဗလာနှင့် နေရောင်ခြည်ကို ခံစားနေခဲ့သည်။ ပျင်းရိနေသော ကြောင်တစ်ကောင်ကဲ့သို့ သူက မျက်လုံးမှိတ်၍ အိပ်ရာပေါ်တွင် နေပူစာလှုံနေခဲ့၏။ အိပ်ရာဘေးတွင်တော့ စပျစ်သီး၊ ဖရဲသီးနှင့် တခြားသစ်သီးများ ပြည့်နေသည့် စားပွဲခုံများရှိသည်။

ထိုအရာများက နွေရာသီတွင် ရရှိနိုင်သော သစ်သီးများ မဟုတ်ပေ။ သူတို့ကို အထူးစိုက်ပျိုးထားသော နေရာမှ ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အရာမျိုးက ဈေးပေါပေါနှင့် မရနိုင်ပေ။

မုန့်ချီ၏ အနားတွင်တော့ အစေခံမိန်းမလှလေးများက သူ့ကို သစ်သီးများ ခွံ့ကျွေးနေပြီး တစ်ချို့ကတော့ စပျစ်သီးများကို တစ်လုံးချင်းဆီ အခွံခွာပေးနေခဲ့သည်။ တချို့ကတော့ သေချာလှီးထားသော ဖရဲသီးများကို တူနှင့်ညှပ်၍ ခွံ့နေခဲ့၏။

မုန့်ချီက အိပ်ရာပေါ်တွင် လှဲနေပြီး မိန်းမလှလေးများ၏ ပြုစုယုယမှုများကို ကျေနပ်စွာ ခံစားနေခဲ့သည်။ အလွန်လတ်ဆတ်သော နွေရာသီ ပင်လယ်လေလှိုင်းများက ကုန်းပတ်ပေါ်သို့ တိုက်ခတ်လာချိန်တွင် နေရောင်ခြည်၏ နွေးထွေးမှုနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် မျှခြေတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

အလွန်ပျင်းရိနေပုံရသော မုန့်ချီ၏ပုံစံက ရောဂါရနေသူ တစ်ယောက်ကဲ့သို့ ထင်မှတ်နေရပြီး သူ့အနားတွင် ပြုစုပေးနေသော အစေခံမလေးများကပင် ငိုက်မြည်းလာကြသည်။ ခေါ်ဆောင်လာသော အထိန်းတော်များကပင် မနေနိုင်တော့ဘဲ သမ်းဝေနေမိကြ၏။

"ကျွန်မတို့က ဧည့်သည်တွေအများကြီးကို ပြုစုပေးဖူးတယ် ... ဒါပေမယ့် သခင်လေးလောက် ဇိမ်ခံတတ်တဲ့ လူမျိုးကိုတော့ လုံးဝမတွေ့ဖူးဘူး။ တချို့ကတော့ နေရောင်အောက်မှာ နေရမှာကို ကြောက်ကြတယ်။ တချို့ကျတော့ အလွန်အကျူးပျော်ပါးပြီး ဂုဏ်ယူတတ်ကြတယ် ။ သခင်လေးကတော့ ကွဲပြားတယ်။ သခင်လေးက နေရောင်အောက်မှာ နေစာလှုံနေပြီး ကျွန်မတို့ပြုစုတာတွေကိုပဲ ကျေနပ်နေတာဆိုတော့ ကျွန်မတို့တောင် အားကျလာပြီ ... ပြီးတော့ သခင်လေးအတွက် ဒီအဆောင်အယောင်တွေက အရမ်းကိုလွတ်လပ်ပြီး ပျော်ရွှင်နေစေသလိုပဲ.."

မုန့်ချီ၏ အနားတွင်ရှိနေသော အစေခံမလေးတစ်ယောက်က ပြောလိုက်သည်။

သူမက သူ့ဘေးတွင် ခြေဗလာနှင့် ထိုင်နေခဲ့၏။ သူမ၏ခြေထောက်တွင် ရှိနေသော အသားအရေက ချောမွေ့ပြီး အစက်အပြောက်များ မရှိချေ။ သူမက စပျစ်သီးကို လှပစွာ အခွံခွာပြီး ခွံ့ကျွေးလိုက်၏။

"မင်းက အဲဒါမျိုးကို မခံစားချင်လောက်ပါဘူး ..."

မုန့်ချီက မျက်လုံးမှိတ်၍ ပြန်ဖြေလိုက်သည်။ သူ့အသံက ကုန်းပတ်ပေါ်တွင် ပျံ့နှံ့သွားပြီး အိပ်ချင်စိတ်များ ဖြစ်ပေါ်စေနိုင်၏။

"တကယ်လို့ မင်းတို့ရဲ့အသားအရေကသာ မည်းမှောင်ပြီး ကြေးနီရောင် ပြောင်းလဲသွားမယ်ဆိုရင် မင်းတို့က ငါ့ကို အပြစ်တင်ကြလိမ့်မယ်လေ ..."

လေ့ကျင့်မှု ပြီးဆုံးသွားခဲ့ပြီးနောက် မုန့်ချီက လှေကြီးတစ်စီးကို ငှားယူခဲ့သည်။ ထို့နောက် သူက လန်းယာ့ကို မြစ်ကြောင်းမှတစ်ဆင့် ခရီးနှင်လာခဲ့၏။ သူ၏ရက်ရောမှုနှင့် သဘောထားကြီးမြတ်မှု၊ သူ၏ထူးခြားသော ဆက်ဆံမှုများကြောင့် အထိန်းတော်များ၊ အစေခံမလေးများက အတော်လေး စိတ်ဝင်စားနေကြသည်။

သူ၏တခြားတစ်ဖက်တွင်တော့ အစေခံမလေးတစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။

"သခင်လေးက ရက်ပေါင်းများစွာ နေရောင်အောက်မှာ နေနေတာ။ ဒါပေမယ့် အသားအရေက မည်းသွားတာမျိုး မရှိဘူးလေ ... "

ထိုသခင်လေးက အလွန်ကျွမ်းကျင်သော ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း သူမက သိနေခဲ့သည်။ သူ၏အရေပြားက အလွယ်တကူ မည်းသွားလိမ့်မည် မဟုတ်ချေ။

သူမက ရယ်ပြီး ပြောလိုက်၏။

"သခင်လေးက ကုန်းပတ်ပေါ်မှာ အိပ်ရာတစ်ခု နေရာချထားဖို့ အမိန့်ပေးတဲ့အချိန် ကျွန်မတို့အားလုံး အံ့သြသွားခဲ့တာ။ သခင်လေးက တော်တော်လေး ရယ်စရာကောင်းပြီး ထူးဆန်းတယ်လို့လည်း ကျွန်မတို့က တွေးခဲ့မိကြတယ်။ ပြီးတော့ သခင်လေးက အဝတ်အစား မဝတ်ဘဲ နေချင်တဲ့ အလေ့အထမျိုး ရှိတယ်လို့ ကျွန်မတို့က တွေးထားခဲ့တာ။ ဒီလိုသုံးလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး ..."

သူမကတော့ အထိန်းတော်ဆီမှ စားစရာတစ်ခုကို ယူလိုက်ပြီးနောက် ဆက်၍ပြောလိုက်သည်။

ထိုအရာကတော့ သောက်စရာ ဖျော်ရည်တစ်မျိုးဖြစ်သည်။ အစေခံမလေးက အလွန်အရသာရှိပုံရသော သစ်သီးဖျော်ရည်တစ်ခုကို ညင်သာစွာ မွှေပေးလိုက်သည်။

မုန့်ချီက ပါးစပ်ဟလိုက်၏။ အစေခံမလေးက ထိုအရာကို ဇွန်းတစ်ချောင်းနှင့်ခပ်ပြီး သူ့ကိုတိုက်လိုက်သည်။ အလွန်လတ်ဆတ်မွှေးပျံ့သော အရသာက လည်ချောင်းထဲတွင် ပျော်ဆင်းသွားခဲ့၏။

မျက်လုံးမှိတ်နေသေးသော်လည်း သူက အပြုံးနှင့် ပြောလိုက်သည်။

"ငါက ပျော်ရွှင်မှုကို ဘယ်လိုခံစားရမလဲဆိုတာ ပြည့်ပြည့်ဝဝ သိနေတဲ့လူတစ်ယောက်ပဲလေ။ အခုအချိန်က ငါ့အတွက် အဆောင်အယောင်တွေကို ခံစားရမယ့် အချိန်ဖြစ်တဲ့အတွက် ငါက ဘာကိုမှ ဂရုမစိုက်နိုင်ဘူးလေ…"

နေရောင်ခြည်က သူ၏အရေပြားကို ထိတွေ့နေပြီး သူ၏နောက်ကျောမှနေ၍ ရွှေရောင်ကဲ့သို့ အလင်းရောင်တစ်ခု ထွက်နေခဲ့သည်။

"ကျွန်မတို့က နေ့ရက်တိုင်းမှာ ဘဝကို အကောင်းဆုံး ဖြတ်သန်းသင့်တယ်လို့ ဧည့်သည်တစ်ယောက်က ကျွန်မကို ပြောခဲ့ဖူးတယ်။ သခင်လေးက အဲဒီလိုလူမျိုးလား."

တခြားသော အစေခံမိန်းကလေးတစ်ယောက်က ပြောလိုက်သည်။

ထိုအချိန်တွင် မိန်းကလေးတစ်ယောက်က ကျောက်စိမ်းနှင့် ပြုလုပ်ထားသော ကုတ်တံတစ်ချောင်းကို ကိုင်ပြီး မုန့်ချီ၏နောက်ကျောကို ကုတ်ပေးနေခဲ့၏။ အေးမြသော လေ‌ပြေလေညင်းများနှင့် နွေးထွေးသော နေရောင်ခြည်အောက်တွင် ကုန်းပတ်ပေါ်ရှိ အခြေအနေက အတော်လေး သက်သောင့်သက်သာ ရှိနေခဲ့သည်။

ထိုအချိန်တွင် လူတစ်ယောက်၏ ကျယ်လောင်သော အော်ခေါ်သံကြောင့် ခံစားချက်များက ရုတ်တရက် ပျက်စီးသွားခဲ့၏။

"ဟေး ... သခင်လေး …”

“ကျွန်မတို့ရဲ့လမ်းကြောင်းမှာ လှေနဲ့ လူတစ်ယောက်မှ မရှိပါဘူး ... "

အစေခံမလေးများက အံ့ဩနေမိကြသည်။

မုန့်ချီကတော့ မျက်လုံးမှိတ်နေပြီး တည်ငြိမ်အေးချမ်းနေသေး၏။ သူက အဝေးမှ လူ၏တည်ရှိမှုကို ကြိုတင်သတိထားမိပြီးသားဖြစ်သည်။

"သူ့ကို လွှတ်ထားလိုက်ပါ ... "

သူက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။

အဝေးမှနေ၍ လှေငယ်လေးတစ်စီးက ပင်လယ်လှိုင်းလုံးများကို ဖြတ်ကျော်လာပြီး နောက်မှ လိုက်လာခဲ့သည်။ ထိုလှေပေါ်တွင်တော့ အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ရပ်နေခဲ့၏။ ထိုလူက အရပ်မြင့်ပြီး ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

သူက ဓားမောက်တစ်လက်နှင့် ဓားရှည်တစ်လက်ကို လက်နက်အဖြစ် ကိုင်ထားပုံရသည်။ သူ့ပုံစံက သာမန်သာဖြစ်သော်လည်း သူ့ဆီမှ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလူက သူ စီးလာသောလှေငယ်လေးကိုပင် သတိမထားမိနိုင်ပေ။

အဖြူရောင် ဝတ်စုံဝတ်ထားသောလူက လှေကြီးနှင့် ကုန်းပတ်ပေါ်တွင် အိပ်ရာကြီးတစ်ခု ရှိနေခြင်းကို စစ်ဆေးမိခဲ့သည်။ သူက စိတ်ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်ကြည့်သည်အချိန်တွင် နေရောင်အောက်တွင် အင်္ကျီဗလာနှင့် လှဲနေသော လူတစ်ယောက်ကို သတိထားမိခဲ့၏။ ထို့ကြောင့် သူက အသံတိုးတိုးနှင့် ခေါ်လိုက်ခြင်း ဖြစ်သည်။

အဖြူရောင်ဝတ်စုံ ဝတ်ထားသူက မလှုပ်မယှက် ရပ်နေခဲ့သည်။ သေးငယ်သော လှေငယ်လေးကတော့ ဧရာမလှေကြီးဆီသို့ ညင်သာစွာ လှော်ခတ်လာခဲ့၏။ သူက ကျင်းအင်ပါယာ ဘာသာစကားနှင့် လှမ်းခေါ်နေခဲ့ခြင်း ဖြစ်သည်။

"လှေပေါ်မှာ ရှိနေတာက မြောက်ပိုင်းကျိုးအင်ပါယာက လူတစ်ယောက်လား ဒါမှမဟုတ် တောင်ပိုင်း ကျင်းအင်ပါယာက လူတစ်ယောက်လား ..."

သူ့လေသံက အလွန်အေးစက်နေခဲ့သည်။ (၁၀)မီတာခန့်အကွာမှပင် သူ့အသံက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။

မုန့်ချီကတော့ အိပ်ရာပေါ်တွင် ငြိမ်သက်နေပြီး အစေခံမလေးများ ခွံ့ကျွေးနေသော အသီးများကို စားနေခဲ့သည်။ သူက အိပ်ရာပေါ်မှ ပျင်းရိစွာ ပြောလိုက်၏။

"တောင်ပိုင်းကျင်းအင်ပါယာကပါ။မိတ်ဆွေကရော ဘယ်ကလာတာလဲ။ မိတ်ဆွေက ဘာများသိချင်လို့လဲ ... "

အဖြူရောင်ဝတ်ထားသောလူက သူ့လက်ထဲတွင် ကိုင်ထားသော လက်နက်ကို အောက်သို့ချလိုက်ပြီး သူက အလွန်လေးနက်တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ငါ့နာမည်က နင်တိုင်လို့ခေါ်တယ်။ ငါက တုန်စုန့်ကျွန်းပေါ်က ဓားသမား တစ်ယောက်ပါ။ ငါက ငါ့ရဲ့တိုင်းပြည်ထဲမှာ အချိန်အကြာကြီး ခရီးသွားလာခဲ့ပြီး ငါနဲ့ ယှဉ်နိုင်တဲ့ဓားသမား တစ်ယောက်ကို ရှာဖွေခဲ့တယ်။ ဒါပေမယ့် ငါ့ကိုအနိုင်ရနိုင်တဲ့ ဓားသမားတစ်ယောက်မှ မတွေ့ရသေးဘူး။ ငါက မြောက်ပိုင်းကျိုးအင်ပါယာနဲ့ တောင်ပိုင်းကျင်းအင်ပါယာမှာရှိတဲ့ ပါရမီရှင်တွေရဲ့ကြီးမြတ်မှုကို ကြားခဲ့ဖူးတယ်။ ဒါကြောင့် ငါ့ရဲ့စွမ်းရည်ကို စမ်းသပ်ဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တာ ...။ ပထမကောင်းကင်လှေကား အဆင့်ကို မရောက်သေးတဲ့ ပညာရှင်တွေထဲမှာ အကြီးမြတ်ဆုံး ပညာရှင်တွေရဲ့ နာမည်ကို မိတ်ဆွေ ပြောပြပေးလို့ရမလား…"

"တုန်စုန့်လား ... "

မုန့်ချီက ထိုနာမည်ကို ကြားခဲ့ဖူးသည်။ ထိုအရာက အရှေ့ပင်လယ်ထဲတွင် ရှိနေသော ကျွန်းတိုင်းပြည်တစ်ခု ဖြစ်သည်။ ထိုကျွန်းလေးက အလွန်နက်ရှိုင်းပြီး သဘာဝအရင်းအမြစ်များ ပေါများသည်ဟု နာမည်ကျော်ကြား၏။ မြစ်အရှေ့ပိုင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုနေရာ၌ သိုင်းပညာက ပို၍ထွန်းကားပြီး ပါရမီရှင်များစွာကို မွေးထုတ်ပေးနိုင်သည်။

ထိုသို့ဆိုရာတွင် တုန်စုန့်ကျွန်းနှင့် ပတ်သက်သော ပုံပြင်၊ ဒဏ္ဍာရီများက ပင်မကုန်းမြေကြီးဆီကို ရောက်လာသည်မှာ အလွန်ရှားပါး၏။ ထိုအရာက ပင်လယ်ထဲတွင် ပုန်းအောင်းနေသော အန္တရာယ်များနှင့် ကုန်းမြေကြီးကို ဆက်သွယ်ထားသော ပင်လယ်လမ်းကြောင်း အဆင်မပြေမှုကြောင့်ဖြစ်သည်။

"ပထမကောင်းကင်လှေကား အဆင့်အောက်မှာ ပြိုင်ဘက် ရှာမတွေ့တာလား ... "

မုန့်ချီက ရယ်လိုက်ပြီး သူ့လေသံက ပျင်းရိနေပုံရသည်။

"နေရာတိုင်းမှာတော့ ပါရမီရှင်တွေ ပညာရှင်တွေ အများကြီးရှိနေတာပဲ။ ဒါပေမယ့် အချင်းချင်း မတိုက်ခိုက်ကြည့်ဘဲ ဘယ်သူက အနိုင်ရမလဲဆိုတာ ပြောဖို့ခက်တယ်။ ပြီးတော့ ဘယ်သူက အစွမ်းထက်ဆုံးလဲဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ။ ဒါပေမယ့် အရှေ့ပင်လယ် ဓားကျေးရွာက ဟယ်ကျူးနဲ့ မြစ်အရှေ့ပိုင်း ဝမ်ကလန်က ဝမ်စစ်ယွမ်တို့ကိုတော့ လူတိုင်းက လက်ခံကြလိမ့်မယ်။ သူတို့က ကုန်းမြေပေါ်မှာရှိတဲ့ အကြီးမြတ်ဆုံး ပညာရှင်တွေထဲပါတယ်။ သူတို့က အစောပိုင်းမှာ ဝေ့ကျင်းအဆင့်ကို တစ်ချက်တည်းနဲ့ တက်လှမ်းသွားခဲ့ကြတာ ... "

"သူတို့က ဝေ့ကျင်းအဆင့်ကို တစ်ချက်တည်းနဲ့ အဆင့်ကျော်ရောက်သွားခဲ့တာလား"

အဖြူဝတ်ပညာရှင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့ဆီတွင် အနိုင်ရလိုသော စိတ်ဆန္ဒများကလည်း ပြည့်နှက်လာခဲ့ပြီး သူက ပြောလိုက်၏။

"အခု သူတို့က ဘယ်နေရာမှာလဲ ..."

"ဝမ်စစ်ယွမ်က မြစ်အရှေ့ပိုင်း မြောင်လင်မှာရှိတဲ့ ဘိုးဘေးနေအိမ်မှာရှိတယ် ...။ ဟယ်ကျူးကတော့ လင်းဟိုင်မြို့မှာ ရှိနိုင်တယ်…"

မုန့်ချီက စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းတစ်ခုကို ကြည့်ရန် မျှော်လင့်နေခဲ့သည့်အတွက် လင်းဟိုင်မြို့ရှိရာကို လက်ညှိုးထိုးပြလိုက်သည်။

နင်တိုင်က မုန့်ချီ၏အကြံပေးချက်ကို အာရုံစိုက်၍ နားထောင်နေခဲ့၏။ ထို့နောက် သူ၏လက်ချောင်းလေးများကို ဓားအိမ်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ သူ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး လှေငယ်လေးကို ချက်ချင်းပြန်လှည့်၍ လင်းဟိုင်မြိုရှိရာကို ဦးတည်သွားခဲ့သည်။

သူက သူ၏စွမ်းအားများကို ထိန်းသိမ်းရန်အတွက် လေထဲမှ ပျံသန်းသွားခဲ့ခြင်း မရှိချေ။ သူက စောင့်နေသော တိုက်ပွဲကို အကောင်းဆုံးအခြေအနေနှင့် ယှဉ်ပြိုင်ချင်ခဲ့၏။

"တုန်စုန့်က လူက တော်တော်လေးကို မာနကြီးတဲ့ လူတစ်ယောက်ပဲ ။ သခင်လေး ... ဘာလို့သခင်လေးက သူ့ကို သင်ခန်းစာ မပေးလိုက်ရတာလဲ။ သခင်လေး ကိုယ်တိုင်ကလည်း အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ပဲ မဟုတ်လား ..."

အစေခံမလေးတစ်ယောက်က မေးလိုက်သည်။ မုန့်ချီကိုယ်တိုင်ကလည်း ကြောက်စရာကောင်းသည့် အစွမ်းမျိုး ရှိနေကြောင်း သူမက သတိထားမိခဲ့သည်။

မျက်လုံးမှိတ်နေသော မုန့်ချီကတော့ အပြုံးနှင့် ရှင်းပြလိုက်၏။

"တကယ်လို့ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကသာ ဒီလိုမာနကြီးတဲ့လူတစ်ယောက် ပေါ်လာမယ်ဆိုရင် ငါက ဝမ်းမြောက်ဝမ်းသာ သွားပြီးတော့ တိုက်ခိုက်မိလိမ့်မယ် ... ဒါပေမယ့် အခုတော့ ငါက သဘာဝတရားကြီးရဲ့ စည်းမျဉ်းတွေ၊ နိယာမတွေကို လေ့လာနေတယ်။ ငါ့ရဲ့အတွေးတွေက သဘာဝတရားကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေတယ် ..။ အရာအားလုံးကို သူ့ရဲ့သဘာဝအတိုင်းပဲ လွှတ်ထားလိုက်ပါ။ အခုအချိန်မှာ သဘာဝတရားကြီးရဲ့ တည်ငြိမ်အေးချမ်းမှုကလွဲရင် ငါ့ရဲ့တိုက်ခိုက်မှုက ဘယ်နေရာမှာများ ဖြစ်နိုင်မှာလဲ ... အခုငါက တည်ငြိမ်အေးချမ်းမှုကိုပဲ လိုချင်တယ် ..."

"ဒါလည်း အဓိပ္ပာယ်ရှိတာပဲ ..."

အစေခံမလေးတစ်ယောက်က စဉ်းစားကြည့်နေခဲ့သည်။

မုန့်ချီက ပါးစပ်ဟလိုက်ပြီး အသီးဖျော်ရည်တစ်ခုကို သောက်၍ ဆက်ပြောလိုက်၏။

"ဒါက ငါ့ရဲ့လေ့ကျင့်မှုလမ်းကြောင်းမှာ စဉ်းစားနေတဲ့ အခြေအနေတစ်ခုပဲ။ လူတစ်ယောက်က သဘာဝတရားကြီးကို အကြွင်းမဲ့လိုက်နာဖို့ လိုအပ်တယ် ။ မုန်တိုင်းတစ်ခု ကျမလာခင် ဆည်တစ်ခု မပြိုကျခင် ရေတွေက သူ့သဘာဝအတိုင်း ရှိနေသလိုမျိုးပဲ။ ငါက အဲဒီအရာတွေနဲ့ ပတ်သက်ပြီး ခံစားချက်တွေ ပြည့်ပြည့်ဝဝ နားလည်သွားပြီဆိုရင်တော့ အတားအဆီးတွေအားလုံးကို ဖြတ်ကျော်ပြီး ပိုပြီးမြင့်မားတဲ့ အဆင့်ကို တတ်နိုင်လိမ့်မယ် ..။ လူက ဒီနေရာမှာ ထိုင်နေပေမယ့် ဓားက ရင်ထဲမှာ ရှိတယ်။ မီးတောက်တွေက ငါ့ရဲ့ပင်မဝိညာဉ်ကို လောင်ကျွမ်းပစ်နေပြီး တူတစ်လက်အဖြစ် ထုဆစ်ပေးနေတယ်။ သဘာဝတရားကြီးရဲ့အနှစ်သာရတွေက အကာအကွယ်ကို သန့်စင်ဖို့အတွက် မီးတုတ်တွေ အားလုံးထွန်းပေးနေသလိုပဲ ...။ ဓားက အချိန်ကို ဖျက်ဆီးချင်တယ်ဆိုရင် လုံလောက်တဲ့အစွမ်းမျိုး ရှိဖို့တော့လိုတယ်။ အချိန်သာ တိကျမယ်ဆိုရင် ဓားက သီချင်းဆိုနိုင်ပြီး သံသားတွေကလည်း ပိုပြီးတော့တောက်ပလာလိမ့်မယ် ... "

သူ့အနားတွင် ရှိနေသော မိန်းမပျိုများကတော့ တွေဝေမိန်းမောနေကြသည့်အလား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ လှေကြီးက ဆက်၍ရွေ့လျားနေခဲ့၏။

မုန့်ချီက အိပ်ရာပေါ်တွင် လှဲနေပြီး သက်တောင့်သက်သာရှိမှုနှင့် ငြိမ်းချမ်းမှုကို ခံစားနေခဲ့သည်။ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ သိပ်မကြာခင် မြစ်အရှေ့ပိုင်းတွင် အကြီးဆုံးဆိပ်ကမ်းဖြစ်သော လန်းယာ့ဆိပ်ကမ်းကို အဝေးမှပင် တွေ့လိုက်ရ၏။

လှေပေါင်းများစွာတွင် ရှိနေသော အလုပ်သမားများကလည်း အနီးအနားနေရာများတွင် ဆိုက်ကပ်နေကြသည်။ လူအုပ်ကြီးက ပတ်ပတ်လည်တွင် သွားလာနေကြပြီး ငါးများ ပြည့်နှက်နေသော ညှီစို့စို့ ပင်လယ်ရေရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာခဲ့၏။

မုန့်ချီက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း လူကိုယ်တိုင်ကတော့ နေရောင်အောက်တွင် ဆက်၍ ရှိနေသေးသည်။ သူက အဝေးကို လှမ်းကြည့်လိုက်၏။ သူက ဖြည်းညင်းစွာ မတ်တပ်ထလိုက်ပြီး လက်(၂)ဖက်ကို မြှောက်လိုက်သည်။

သူ့အနားတွင် ရှိနေသော အစေခံမလေးများက သူ၏အဝတ်အစားများကို ဝတ်ဆင်ပေးလိုက်ပြီး သူ့ကို အနက်ရောင်ဝတ်စုံ ဝတ်ပေးလိုက်ကြသည်။ သူ၏အဝတ်အစားများကို တစ်ခုပြီးတစ်ခု ဝတ်ဆင်ပြီးသွားခဲ့၏။

မုန့်ချီကတော့ ငိုက်မြည်းမှုနှင့် ပျင်းရိမှုများ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အဆင့်အတန်းမြင့်မားမှုနှင့် စွမ်းအားများကိုသာ ခံစားမိနေခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အစေခံမလေးများကလည်း ဂုဏ်ယူဝင့်ကြွားမှုနှင့် ကြီးကျယ်ခမ်းနားသော ခံစားမှုများကို ခံစားမိနေခဲ့၏။

မြူခိုးကဲ့သို့ ေ၀ဝါးနေသော မျက်လုံးများထဲတွင် အစေခံမလေးများကတော့ သူ့ရှေ့တွင် ရှိနေသူ၏ ကြီးမားသော ပြောင်းလဲမှုများကို နားလည်နေခဲ့၏။

"သခင်လေးက လုံးဝကို မတူတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာပဲ ..."

မုန့်ချီက သူ့ဓားကို ဆွဲယူလိုက်သည်။ ထို့နောက် သူက ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်တင်လိုက်ပြီး ဘယ်ဘက်လက်ထဲရှိ ဓားမောက်ကို ဆွဲထုတ်လိုက်သည်။ သူ၏လက်(၂)ဖက်ကလည်း ချုပ်နှောင်နေရာမှ လွတ်မြောက်သွားသည့်အလား လှုပ်ရှားလာခဲ့၏။

သူ့ခန္ဓာကိုယ်ထဲမှနေ၍ တလက်လက်တောက်ပနေသော အလင်းရောင်များ ထွက်ပေါ်လာပြီး သူ၏အငွေ့အသက်က ပြင်းပြင်းထန်ထန် မြင့်တက်လာခဲ့သည်။ သူက ကျောက်တုံးတစ်တုံးကဲ့သို့ တိတ်တဆိတ် ရပ်နေပြီး သူ၏ကြီးကျယ်ခမ်းနားမှုများကို ပြသနေခဲ့သည်။

အဝေးတွင်တော့ လှေငယ်လေးတစ်စီးက လှိုင်းလုံးများကို ခွဲထွက်လာပြီး နင်တိုင်က လှော်ခတ်လာခဲ့သည်။ သူက လှေကြီးရှိရာကို ပြန်လှည့်ကြည့်လိုက်ရာ ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားမိခဲ့၏။ ထိုအချိန်တွင် သူ့လက်ထဲ၌ ရှိနေသော ထူးဆန်းသည့်ဓားက လှုပ်ရှားသွားခဲ့ပြီး တိုးတိုးလေးအသံမြည်လာခဲ့သည်။

"မင်းက လင်းဟိုင်ကို မသွားဘူးဆိုတာ ငါသိတယ် ..."

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

နင်တိုင်က ကျင်းအင်ပါယာ၏ ဘာသာစကားနှင့် ပြောလိုက်သည်။

"ဟယ်ကျူးက လန်းယာ့ကို ရောက်နေတယ် ..."

သူက မုန့်ချီကို စိုက်ကြည့်လိုက်သည်။ သူ့လက်ထဲတွင် ကိုင်ထားသောဓားက ခန္ဓာကိုယ်နှင့် ကပ်နေပြီး တိုက်ခိုက်တော့မည့် မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ ထိုအချိန်တွင် ဧရာမလှေကြီးနှင့် လှေငယ်လေးတို့က အလွန်ကြီးမားသော ယှဉ်ပြိုင်ပွဲတစ်ခုက စတော့မလို ဖြစ်နေခဲ့သည်။

Translated by Hein Htet.

All Chapters