← Chapters

အခန်း (၆၃၇)

Vol. 43 Ch. 637

အခန်း (၆၃၇)

Vol. 43 Ch. 637

ကြည်လင် (၃) သွယ် ကျောင်းဆောင် အတွင်းထဲတွင် တိတ်ဆိတ်မှုကသာ လွှမ်းခြုံနေခဲ့သည်။ အမွှေးတိုင်ထွန်းရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့လေးများက လေထဲသို့ ပြန့်သွားပြီး ထိုရုပ်ထု (၃) ခုကို ကြည့်လိုက်မိသည့် လူတိုင်း အညံ့ခံချင်နေသော အငွေ့အသက်မျိုး ပေါ်လာနေခဲ့၏။

အလွန်ကြီးကျယ်ခမ်းနားသော ကောင်းကင်ဘိုးဘေး၊ အရာအားလုံးကို သိမြင်နေသော ဘိုးဘေးတိုတီနှင့် အစွမ်းထက်ပြီး လွှမ်းမိုးမှု ပြင်းထန်သော ဘိုးဘေးလင်းပေါင်တို့က တိတ်တဆိတ် ထိုင်နေကြသည်။

သူတို့နှင့် ပတ်သတ်ပြီး ဒဏ္ဍာရီပုံပြင်များထဲတွင် ဖော်ပြထားချက်များအရ သူတို့က လူသားများ ခံစားနေခဲ့ရသော ဒုက္ခပေါင်းစုံကို တည်ငြိမ်စွာ ကြည့်ရှုနေခဲ့ကြသည်ဟု ဆိုကြသည်။

မုန့်ချီက ဘိုးဘေး(၃)ယောက်၏ ရုပ်ထုအောက်တွင် ထိုင်နေပြီး သူ့နောက်တွင် ရှိနေသော ရုပ်ထု(၃)ခု၏ အရိပ်ထဲမှာ ရပ်နေသယောင် ထင်ရသည်။ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော သူ့မျက်လုံးများက မျက်နှာပေါ်တွင် အရောင်မရှိသလို ဖြစ်နေခဲ့၏။

သူ့ဆီ၌ တိုင်းတာကြည့်၍ မရနိုင်သော အငွေ့အသက်များ စွမ်းအင်များကို ဟယ်ကျူးက ခံစားမိနေခဲ့၏။ မုန့်ချီက ဤခန်းမကြီး၏ အစစ်အမှန် အရှင်သခင် တစ်ယောက်ဖြစ်ပြီး သူ့နောက်တွင် ရှိနေသော ဘိုးဘေး(၃)ယောက်က သူ ဖန်တီးထားသော ပုံရိပ်ယောင်ခန္ဓာများကဲ့သို့ ဖြစ်နေသည်ဟု ဟယ်ကျူးက ခံစားမိနေခဲ့၏။

မူလစတင်ခြင်းတစ်ယောက်..

အရာအားလုံး အဆုံးသတ်ခြင်းတစ်ယောက်…

ထူးခြားသော ညာဏ်အလင်းပွင့်မှုတစ်ယောက်…

ဟယ်ကျူးကတော့ သူ့ဆီကို ဖိနှိပ်လာနေသော ပြင်းထန်သည့်ဖိအားများကို ခံစားမိနေပြီး သူက တာအိုဘိုးဘေး(၃)ယောက်ကို အမှန်တကယ် တွေ့ဆုံနေရသည်ဟု ခံစားနေရပြီး ဦးညွတ်မိမတတ် ဖြစ်နေခဲ့၏။

"မင်း ရောက်လာပြီပဲ…"

မုန့်ချီက မျက်လုံးတစ်ဖက် မှိတ်ထားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

သူက ဟယ်ကျူး ရောက်လာရသည့် အကြောင်းပြချက်ကို ဝိုးတဝါး ခံစားမိနိုင်၏။ ဟယ်ကျူးက သူ လေးစားအားကျခဲ့ရသော သိုင်းပညာရှင် တစ်ယောက် ဖြစ်ခဲ့သည်။ မုန့်ချီ ဝေ့ကျင်းအဆင့်ကို ရောက်လာခဲ့သည့် အချိန်ကစပြီး သူနှင့် နှစ်ယောက်ချင်း တိုက်ခိုက်ရန် ဆန္ဒရှိနေခဲ့၏။ ထိုသို့ဆိုရာတွင် သူတို့၏ လမ်းကြောင်းများက ဝေးကွာနေသည့်အတွက် သူ့ဆန္ဒက လုံးဝမပြည့်ခဲ့ပေ။

ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းတွင် တိုက်ခိုက်ခဲ့သည့်အချိန်၌ သူတို့၏ စွမ်းအားကွာဟမှုက အလွန်သိသာထင်ရှားနေပြီး ထိုအရာက အဆင့်တူ၊ စွမ်းအားတူ ပညာရှင်နှစ်ယောက်ချင်း တိုက်ခိုက်မှုကဲ့သို့ မဟုတ်ပေ။ သူတို့က စိန်ခေါ်ပွဲတွင် အရေအတွက်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

ယခုတော့ မုန့်ချီက ရုပ်ထုများရှေ့တွင် ရည်ရွယ်ချက်ရှိရှိ ထိုင်နေခဲ့ခြင်းဖြစ်၏။ ထိုရုပ်ထုများက သူ၏အင်မော်တယ်ဘိုးဘေး ပုံ‌ရိပ်ယောင်ခန္ဓာထိန်းချုပ်မှုကို အားဖြည့်ပေးနိုင်ပြီး သူ၏တည်ရှိမှုနှင့် ပုံသဏ္ဍာန်က အထွဋ်အထိပ်ကို လျင်မြန်စွာ ရောက်လာနိုင်သည်။

သူက အကောင်းဆုံး ကြိုးစားပြီး သူ အလေးစားရဆုံး လူငယ်တစ်ယောက်ဖြစ်သည့် ဟယ်ကျူးနှင့် နှစ်ယောက်ချင်း ရင်ဆိုင်ရမည်ဖြစ်၏။ ထိုအရာက မုန့်ချီ သူ့အပေါ် လေးစားမှု ပြသလိုက်ခြင်းလည်း ဖြစ်၏။

ဟယ်ကျူးက ထိုမြင်ကွင်းတစ်ခုလုံးနှင့် သူရပ်နေသော နယ်မြေတစ်ခုလုံးကိုကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူက မုန့်ချီကို မကြည့်ခဲ့ပဲ တာအိုဘိုးဘေး(၃)ယောက်၏ ရုပ်ထုများကိုသာ စိုက်ကြည့်နေခဲ့သည်။

"ငါက ဒီကိုရောက်လာခဲ့ပြီပဲ…"

ရဲတင်းပြီး အလျော့မပေးတက်သော ဟယ်ကျူးက သူ့ကို စောင့်နေသော ဖိအားများကို ယုံကြည်ချက်ရှိရှိ ကျော်လွှားနိုင်ခဲ့သည်။ ထိုအချိန်တွင် သူတို့က နောက်ထပ်စကားပြောရန် မလိုတော့ပဲ အချင်းချင်း နားလည်သွားကြ၏။

မုန့်ချီ၏ မျက်လုံးနှစ်ဖက်ကို ရုတ်တရက် ဖွင့်လိုက်သည်။ အမှောင်ထုကြီးက ချက်ချင်း ကျရောက်လာပြီး ကြည်လင်(၃)သွယ် ခန်းမကြီးတစ်ခုလုံးက မည်းမှောင်သွားခဲ့၏။ သူတို့၏ ပတ်ပတ်လည်ရှိ နယ်မြေများကလည်း လျင်မြန်စွာ ပြောင်းလဲလာပြီး အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားထဲတွင် တလှည့်ဆီ ပြောင်းလဲနေခဲ့သည်။

လှုပ်ရှားနေသော စွမ်းအင်အငွေ့အသက်များနှင့်အတူ ဟယ်ကျူးက မုန့်ချီကို စိုက်ကြည့်လိုက်၏။ သူတို့က အချင်းချင်း စိုက်ကြည့်နေကြပြီး မျက်လုံးထဲတွင် ယှဉ်ပြိုင်လိုစိတ်များ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့သည်။

ဖျောက်…ဖောက်….

မီးပွားလေးများ ထွက်ပေါ်လာပြီး ခန်းမကြီးထဲရှိ အမှောင်ထဲတွင် တောက်ပလာခဲ့သည်။ ထိုအချိန်တွင် တိုက်ပွဲဝင် နှစ်ယောက်လုံးကတော့ မြင်ကွင်းထဲမှ မှေးမှိန်သွားခဲ့၏။ ကောင်းကင်ပေါ်၌ အလွန်အစွမ်းထက်သော လေလှိုင်းများ ထွက်ပေါ်လာနေသည်မှာ ထက်မြက်သောဓားများနှင့် ခုတ်ပိုင်းနေသလို ထင်မှတ်ရသည်။

မုန့်ချီနှင့် ဟယ်ကျူးတို့ကတော့ ထိုလေလှိုင်းများကြားထဲတွင် ပြန်ပေါ်လာကြ၏။ သူတို့၏တိုက်ခိုက်မှုကြောင့် လန်းယာ့ ပတ်ပတ်လည်တွင် ရှိနေသော နယ်မြေများကို ထိခိုက်သွားမှာ စိုးရိမ်နေသည့်အတွက် သူတို့က ကောင်းကင်ပေါ်တွင် နှစ်ယောက်ချင်း တိုက်ခိုက်ရန် သဘောတူလိုက်ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်၏ တူညီသောအစွမ်းများကြောင့် တိုက်ခိုက်မှုကို ထိန်းသိမ်းထားရန် ခက်ခဲနိုင်၏။

မုန့်ချီက ဓားမောက်လက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ သူက ပြိုင်ဘက်ကို တိုက်ခိုက်ရန် ဓားမောက်ကို လွှဲယမ်းလိုက်ခြင်း မရှိချေ။ ထိုအစား ဓားမောက်ကို သူ့အနားသို့ ဆွဲယူထားခဲ့၏။

သူ၏ပုံရိပ်ယောင်ခန္ဓာကလည်း သူ၏ကိုယ်တွင်းပေါက်များထဲတွင် စတင်ပုံပေါ်လာခဲ့ပြီး တစ်ခုတည်းဖြစ်ရန် စုစည်းလာခဲ့သည်။ ထိုအချိန်၌ အချိန်ကပင် နှေးကွေးသွားသလို ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင် ဟယ်ကျူးက အားရပါးရရယ်လိုက်သည်။ ဓားချီစွမ်းအင် အလင်းတန်းနှစ်ခုကလည်း သူ၏မျက်လုံးထဲမှ ထွက်ပေါ်လာခဲ့၏။ သို့သော် ထိုအရာက အလုံးစုံမဟုတ်သေးပေ။ ဓားချီစွမ်းအင် အငွေ့အသက်ပေါင်းများစွာက သူ၏ နှာခေါင်း၊ နား၊ ပါးစပ်နှင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေသော သွေးကြောမှတ်များအားလုံးထဲမှ ထိုးဖောက်ထွက်လာခဲ့၏။

အစိမ်းရောင်နှင့် အဖြူရောင်အရိပ်များထဲတွင် တချို့က မာကျောပြီး တချို့က ပျော့ပျောင်းသည်။ တချို့က သတ်ဖြတ်ချင်စိတ်များဖြင့် အေးစက်နေပြီး တချို့ကတော့ ပြင်းထန်မှုနှင့် လောင်ကျွမ်းနေခဲ့သည်။ သူတို့အားလုံးက မုန့်ချီ၏ ပတ်ပတ်လည်တွင် ဝိုင်းရံနေပြီး အလင်းတန်း အကာအကွယ်တစ်ခုကဲ့သို့ သူ့ကို လွှမ်းခြုံနေခဲ့၏။

အပေါ်ဘက်တွင်တော့ ဓားချီစွမ်းအင်များက သူ့ဆီကို တိုက်ရိုက်ရောက်မ‌လာခဲ့ပေ။ တချို့က ဝိုင်းရံထားပြီး တစ်ချို့က အပေါ်ဘက်မှ ပိတ်ထားသည်။ တစ်ချို့ကတော့ နောက်ကျောဘက်မှ ထောက်ထားပြီး ပတ်ပတ်လည်မှ သူ့ကို‌တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။

မုန့်ချီကတော့ သူ၏ပတ်ပတ်လည် လေဟာနယ်ထဲတွင် ပြည့်နှက်နေသော ဓားချီစွမ်းအင်များ၏ ဖိအားကို ခံစားမိနေသည်။ တလက်လက် တောက်ပနေသော အလင်းတန်းများက သူ့မျက်လုံးထဲတွင် ပြည့်နှက်နေပြီး အပေါ်အောက် ဘေး ဘယ်ညာတွင် သူ့ကို ချိန်းခြောက်နိုင်သော အရာမရှိပေ။

“ဟုတ်ပြီ…”

မုန့်ချီက ရင်ထဲတွင် ရေရွတ်လိုက်မိပြီး သူ့စိတ်ထဲ၌ အကြောက်တရားများ မရှိချေ။ သူ့ဆီတွင်အနိုင်ရရန် ဆန္ဒတစ်ခုတည်းသာ ရှိ၏။

"ဒါကြောင့်လည်း သူက ထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်နေတာပဲ…"

သူ့ဓားက ဓားအိမ်ထဲမှ အရှိန်ပြင်းစွာ ထွက်ပေါ်လာခဲ့သည်။ အချုပ်အနှောင်က ထိုအရာကို ပြန်လည်ထိန်းချုပ်ထားသည်။ ရုတ်တရက်ဆိုသလို နဂါးတစ်ကောင်၏ အော်သံကဲ့သို့ လေထဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဟယ်ကျူး၏ တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသည့်အချိန်တွင် လူအများစုကတော့ ခုခံရန်သာ ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။ သူတို့က ပတ်ပတ်လည် စက်ဝိုင်းတစ်ခုသဖွယ် တိုက်ခိုက်ပြီး ဟယ်ကျူး၏ ဓားချီစွမ်းအင်များကို ရင်ဆိုင်ကြလိမ့်မည်ဖြစ်သည်။

သို့သော် မုန့်ချီဆီတွင်တော့ တခြားအစီအစဉ်များ ရှိနေသည်။ သူနှင့် ဟယ်ကျူးတို့က ခွန်အားနှင့်အစွမ်း တူညီနေသည်ကို မြင်လိုက်ရသည့်အခါ တိုက်ခိုက်မှု အရှိန်အဝါက အနိုင်ရရန် အရေးကြီးသည်။ တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကလည်း သူ့ပုံစံ၏ လွှမ်းမိုးမှုကို အားကိုးနေခဲ့၏။ သူက အစတွင် အရှုံးမပေးနိုင်ပေ။ ဓားမောက်အသံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုဓားမောက်က အပေါ်ဘက်ကို လွှဲယမ်းတိုက်ခိုက်လိုက်သည့်အချိန်တွင် အစောပိုင်း၌ တိတ်ဆိတ်နေစဉ် အတောအတွင်း စုဆောင်းထားခဲ့သော ဧရာမစွမ်းအားများက အန္တရာယ်အငွေ့အသက်များနှင့်အတူ ပေါင်းစပ်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို အလွန်ကြီးမားသော ခရမ်းရောင်အလင်းတန်းကြီးက မတူညီသောအရောင်ရှိနေသည့် အလင်းတန်းရာပေါင်းများစွာကို ဖျက်စီးပစ်လိုက်သည်။

ဓားအငွေ့အသက်များအားလုံးကလည်း သူ၏ပတ်ပတ်လည်သို့ ကျဆင်းလာခဲ့၏။ တချို့က လျင်မြန်စွာကျလာပြီး တချို့က မြွေလိမ်မြွေကောက် ဖြည်းညင်းစွာ ကျဆင်းလာခဲ့သည်။ တချို့ကတော့ လှပစွာကျရောက်လာခဲ့၏။ ပတ်ပတ်လည်တွင် ရှိနေသော ဓားအငွေ့အသက်များအားလုံးက ဓားမောက်၏ ခုတ်ချက်များကို ရင်ဆိုင်လိုက်ရသည်။

“ချွမ်း ချွမ်း ချွမ်း…”

မုန့်ချီ တိုက်ခိုက်လိုက်သော ဓားမောက်အငွေ့အသက်များက ဟယ်ကျူး အသုံးပြုလိုက်သော ဓားချီစွမ်းအင်တိုင်းကို ဖျက်စီးပစ်နေခဲ့၏။ ထိုအရာများက အချင်းချင်း ချေဖျက်ပြီး ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ပေါ်တွင် တစ်ခုမျှ ကျန်မနေတော့ပေ။

ထိုအရာက ဓားမောက်တစ်ခုကို သုံးပြီး ကိုယ်ပျောက်ဓားချီစွမ်းအင်များကို ရင်ဆိုင်နေခြင်းဖြစ်၏။ ထိုအရာက ဓားမောက်သုတ်သင်ခြင်းနှင့် ဓားတစ်သောင်း ပြန်လာခြင်းဟူသော ကျင့်စဉ်လည်း ဖြစ်သည်။ ခွန်အားကို ခွန်အားနှင့် ရင်ဆိုင်လိုက်သည့် အချိန်တွင် မုန့်ချီက ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖယ်ရှားပစ်နိုင်ခဲ့၏။

"အရမ်းကောင်းတယ်…"

လေထဲတွင် ဟယ်ကျူးက အားရပါးရ ရယ်လိုက်ပြီး နောက်တစ်ကြိမ် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုကဲ့သို့ ရေပက်မဝင်နိုင်သော တိုက်ခိုက်မှုတစ်ခုကို ခံစားမိသည့်အခါ မုန့်ချီက သူ၏ဓားမောက်ကို နောက်ဘက်သို့ လှမ်းထိုးလိုက်သည်။

“ချွင်…”

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူက မုန့်ချီကို တိုက်ခိုက်လုမတတ် ဖြစ်သွားခဲ့၏။ သို့သော် သူ၏ဓားမောက်နှင့် ဓားချီစွမ်းအင်များကို ကာကွယ်နိုင်ခဲ့သည်။

"တကယ့်ကို ကိုယ်ပျောက်ဓားချီစွမ်းအားတွေပဲ။ ပုံသဏ္ဍာန်မရှိဘူး၊ ခြေရာခံလို့မရဘူး…"

ဓားချီစွမ်းအင်များက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ မည်သည့်အရာမျှမဖြစ်သည့်အလား တိတ်ဆိတ်မှုသာ ထွက်ပေါ်လာခဲ့သည်။ မုန့်ချီက သူ၏မျက်လုံးတံခါးကို ဖွင့်လိုက်ရာ အမြင်အာရုံက ပို၍မြင့်မားလာခဲ့သည်။ ထိုသို့ဆိုရာတွင် သူက ဟယ်ကျူးသုံးလိုက်သော ဓားချီ စွမ်းအင်များ၏ အငွေ့အသက်ကို ရှာဖွေနိုင်ခြင်း မရှိသေးပေ။ သူက နားတံခါးကို ပိတ်လုနီးပါး နားထောင်နေခဲ့‌သော်လည်း လေလှိုင်းသံများကို လုံးဝမကြားရပေ။

"တော်တော်လေး ထူးခြားတာပဲ။ သူက ပုံသဏ္ဍာန်မဲ့ အခြေအနေနဲ့ စိတ်တိုင်းကျ ပြောင်းလဲလို့ရတာပဲ…"

မုန့်ချီကတော့ အတော်လေး ပြဿနာများသည့်အတွက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏အမြင်အာရုံနှင့် အကြားအာရုံများက သူ့အတွက် အသုံးမဝင်နိုင်တော့ပေ။

ထိုအချိန်တွင် သတိပေးချက် တစ်ခုမျှမရှိဘဲ နောက်ထပ်ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ မုန့်ချီက သူ၏မသိစိတ်ကို ယုံကြည်ပေးလိုက်ပြီး သူ၏ဓားမောက်ကို အောက်ဘက်သို့ လွှဲခုတ်ချလိုက်သည်။

“ချွမ်….”

မုန့်ချီ၏‌ဓားမောက်က မုန့်ချီ၏ အားနည်းချက်တစ်ခုဆီကို ဦးတည်လာနေသော အလင်းတန်းတစ်ခုကို ရင်ဆိုင်လိုက်မိသည်။ ထိုအလင်းတန်းက နောက်တစ်ကြိမ်‌ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားပြန်၏။

ထို့နောက် လှုပ်ရှားနေသော တိမ်တိုက်များကြားထဲတွင် မုန့်ချီက သူ၏ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကို မြှင့်တင်လိုက်၏။ သူ၏အမြင်အာရုံနှင့် အကြားအာရုံများ အသုံးမဝင်သည့် အချိန်မျိုးတွင် အခြေအနေက အတော်လေး ပြဿနာများနေခဲ့သည်။ ထိုသို့ဆိုရာတွင် သူက ဟယ်ကျူးကိုယ်တိုင် ပြောင်းလဲထားသော ကိုယ်ပျောက်ဓားချီစွမ်းအင်များကို လုံးဝမတွေ့သေးပေ။

"ငါက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ရဲ့ ကြိုတင်သတိပေးချက်တွေကိုပဲ အမှန်တကယ် အားကိုးနိုင်တာလား…"

မုန့်ချီက သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။ သူက စိုးရိမ်ထိတ်လန့်နေခြင်းတော့ မရှိပေ။

သူက ထိုကဲ့သို့ပြိုင်ဘက်မျိုးကို တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့ပြိုင်ဘက်၏ နည်းလမ်းက အစောပိုင်းတွင် သုတ်သင်ပစ်ခဲ့သော မြေခွေးဘုရင်နှင့် အတော်လေး တူညီနေခဲ့၏။ သို့သော် သူတို့၏တိုက်ပွဲ‌အတောအတွင်း သူက ပြိုင်ဘက်၏တည်ရှိမှုကို အာရုံခံရန် အဖိုးတန်လက်နက်ကို အားကိုးခဲ့ရသည်။

တစ်ဖက်တွင်တော့ ဟယ်ကျူး၏ ကိုယ်ပျောက်ဓားချီစွမ်းအင်များက ဝေ့ကျင်းအဆင့် အလွန်ထူးချွန်သော ပညာရှင်အများစု၏ အာရုံခံနိုင်စွမ်းကိုပင် ဖုံးကွယ်နိုင်သည့်အတွက် အဖိုးတန်လက်နက်၏ သိစိတ်ကပင် အသုံးမဝင်နိုင်ပေ။

“ချွမ် …”

မုန့်ချီက သူ့ဓားကို အပေါ်ဘက်သို့ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ ထိုအရာက သူ၏နဖူး‌ရှေ့တွင်ဖြစ်ပြီး ဦးခေါင်းဆီကို ဦးတည်လာနေသော ဓားချီစွမ်းအင်များကို ထပ်မံဖယ်ရှားလိုက်နိုင်ပြန်သည်။

“ချွမ်…”

နောက်ထပ်စက္ကန့်ပိုင်းလေးအတွင်း မုန့်ချီ၏ဓားက အောက်သို့ ခုတ်လိုက်ပြီး နောက်ထပ်တစ်ခုကို ကာကွယ်လိုက်နိုင်ပြန်သည်။

'ဒီလိုဆက်သွားလို့ မရတော့ဘူး…'

သူ၏တိုက်ခိုက်ရေးအတွေ့အကြုံများအရ သူ့ခေါင်းထဲတွင် ရှင်းလင်းနေပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားခဲ့သည်။ အခြေအနေကို လျင်မြန်စွာ စဉ်းစားလိုက်ပြီးနောက် သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏နားတံခါးကို ပိတ်လိုက်၏။ ပတ်ပတ်လည်တွင် အမှောင်ထုနှင့် တိတ်ဆိတ်မှုကလွဲလျှင် မည်သည့်အရာမျှ မရှိတော့ချေ။

သူ၏အတွေ့အထိ အာရုံခံစွမ်းအင်များကိုလည်း ပိတ်ဆို့လိုက်ပြီး သူက ဖြတ်တိုက်နေသော လေလှိုင်းများကလွဲလျှင် မည်သည့်အရာကိုမျှ မခံစားမိတော့‌ချေ။ မုန့်ချီကတော့ ကျန်ရှိနေသော သဘာဝတရားကြီးနှင့် အဆက်အသွယ် ဖြတ်လိုက်ပြီးနောက် အားနည်းနေသည့် အခြေအနေကြောင့် ဒေါသထွက်ပြီး အော်မိမတတ် ဖြစ်နေခဲ့သည်။

သူက ကြောက်လန့်နေသည့် ခံစားချက်များကို ဖိနှိပ်ထားပြီး သူ၏စွမ်းအားများကို စုစည်းလိုက်သည်။ အင်မော်တယ်ဘိုးဘေး ပုံစံကလည်း ခန္ဓာကိုယ်ထဲတွင် ပုံသဏ္ဍာန်ပေါ်လာပြီး အမည်မသိ အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့၏။

နောက်ထပ်တိုက်ခိုက်မှုတစ်ခု ကျရောက်လာသည့်အချိန်တွင် တစ်ကိုယ်လုံး အေးစက်သွားခဲ့၏။ မျက်လုံးကိုလည်း မှိတ်လိုက်ပြီး မုန့်ချီက သူ၏ဓားမောက်ကို ထပ်မံဝှေ့ယမ်း တိုက်ခိုက်လိုက်ပြန်သည်။

“ချွမ် ချွမ် ချွမ် ချွမ်...”

ဓားချီစွမ်းအင်များက မုန့်ချီဆီသို့ ဆက်တိုက်ကျရောက်လာနေပြီး မုန့်ချီက‌တော့ သူ၏ပတ်ပတ်လည်တွင် ဓားကို ဝှေ့ယမ်းတိုက်ခိုက်နေခဲ့၏။ ခရမ်းရောင် လျှပ်စီးကြောင်းများကလည်း ဓားချီစွမ်းအင်များကို ဖျက်စီးပစ်နေခဲ့သည်။ သူက ခန္ဓာကိုယ်၏ အာရုံခံနိုင်စွမ်းကို အသုံးပြုခြင်းမရှ်တော့ပဲ အာရုံ (၆) ပါးကိုသာ ဆက်လက်အားကိုးနေခဲ့၏။

အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်၏ အမြင့်ဆုံးစွမ်းရည်က အန္တရာယ်များကို ကြိုတင်ခန့်မှန်းရန် ဖြစ်သည်။ ထိုအရာရှိနေလျှင် မုန့်ချီက ကိုယ်ပျောက်ဓား ချီစွမ်းအင်များကို ရင်ဆိုင်၍ရနိုင်၏။

ချွမ်…ချွမ် …ချွမ် … ချွမ်…

တိုက်ခိုက်မှုက သူမသာ ကိုယ်မသာ အခြေအနေ ဖြစ်နေခဲ့၏။ ဟယ်ကျူးက အရာအားလုံးသုံးပြီး မုန့်ချီကို တိုက်ခိုက်နေသော်လည်း မုန့်ချီကတော့ ဟယ်ကျူးကို အသာစီးမပေးဘဲ သက်တောင့်သက်သာ ခုခံနေခဲ့၏။

မုန့်ချီအတွက်တော့ ထိုကဲ့သို့ တိုက်ပွဲမျိုးက အဆိုးဆုံး ဖြစ်သည်။ သူ့ဆီတွင် အသုံးပြုနိုင်သော ဓမ္မကာရအဆင့် သိုင်းကွက်များစွာ ရှိနေသော်လည်း သူက ဟယ်ကျူးကို တိုက်ခိုက်ခွင့်ပင် မရခဲ့ပေ။ အလျင်စလို တိုက်ခိုက်ခြင်းက သူ့အတွက် ကောင်းမွန်နိုင်ခြင်းမရှိဘဲ ပြိုင်ဘက်ဆီကို သူ့၏ဟာကွက်များသာ ပေါ်သွားစေနိုင်သည်။

‘နတ်ဆိုးများ သေဆုံးခြင်း’ဟူသောသိုင်းကွက်တွင် အားနည်းချက်တစ်ခုသာ ရှိ၏။ ထိုအရာက ရွေးချယ်ထားသော နယ်မြေ၏ တစ်စိတ်တစ်ပိုင်းကိုသာ သက်ရောက်နိုင်ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော နယ်မြေငယ်လေးကတော့ မုန်တိုင်းဗဟိုကဲ့သို့ တိုက်ခိုက်နိုင်ခြင်းမရှိပေ။ အကယ်၍ ဟယ်ကျူးကသာ သူ့အနားတွင် ပုန်းအောင်းနေမည်ဆိုလျှင် ‘နတ်ဆိုးများ သေဆုံးခြင်း’ ဟူသောသိုင်းကွက်ကို အသုံးပြု၍ မရနိုင်ပေ။

ထို့ပြင် ဟယ်ကျူး၏ တိုက်ခိုက်မှုများက မုန့်ချီ၏ အားနည်းချက်များကိုသာ အလေးထား၍ တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုနေရာများက လျှို့ဝှက်တံခါးနှင့် သူ၏နဖူးဖြစ်နေသည့်အတွက် မုန့်ချီလည်း ဘာမျှမတတ်နိုင်ပေ။

အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်၏ ခုခံရေးအစွမ်းကိုသာ အသုံးချပြီး သူက ဟယ်ကျူး၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေရန်သာ ရှိတော့သည်။ ဟယ်ကျူးက သူ၏အစစ်အမှန် အားနည်းချက်ကို လွဲချော်ပြီး တိုက်ခိုက်လိုက်မှသာ တုံ့ပြန်ရန် ဖြစ်နိုင်သည်။

ဟယ်ကျူးအတွက်တော့ မည်သည့်အားနည်းချက်များက မုန့်ချီ၏ ခုခံမှုကို ပို၍များပြားလာ‌စေနိုင်လဲ မသိနိုင်သေးချေ။ သို့သော် ဟယ်ကျူးကလည်း မုန့်ချီကဲ့သို့ စိတ်ရှည်သော လူတစ်ယောက်ဖြစ်သည်။ သူ၏တိုက်ခိုက်မှုကို မုန့်ချီက ဖယ်ရှားလိုက်သည့်အခါတိုင်း သူက ချက်ချင်းပျောက်ကွယ်သွားတက်၏။

မုန့်ချီက သူ့အပေါ် ပစ်မှတ်ထားနိုင်ခြင်း မရှိသရွေ့ သူကလည်း သေစေနိုင်လောက်သော တိုက်ခိုက်မှုမျိုးကို အလေးမဲ့ မသုံးသေးပေ။ မုန့်ချီ၏ တိုက်ခိုက်စွမ်းအားများက သူ့အတွက် အသစ်ကဲ့သို့ဖြစ်နေ၏။

ထို့ကြောင့် နှစ်ယောက်လုံး၏ စိတ်ထဲတွင် သေချာမှုတစ်ခုသာ ရှိ၏။ ထိုတိုက်ခိုက်မှုက ကြာရှည်၍ မရနိုင်ပေ။ ကိုယ်ပျောက်ဓားချီစွမ်းအင်များဖြင့် ပြောင်းလဲထားသော ဟယ်ကျူး၏ပြောင်းလဲမှုက သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်ကို အသုံးပြုရန် လိုအပ်သည်။

သူက ပထမကောင်းကင်လှေကားကို တက်လှမ်းခါနီး အခြေအနေအထိ လေ့ကျင့်ထားခြင်းသာ မဟုတ်လျှင် သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်ကို အချိန်ကြာကြာ သုံးလိုက်မည်ဆိုလျှင် အတွင်းဒဏ်ရာများ ရသွားနိုင်၏။ ထိုသို့ဆိုရာတွင် သူက တစ်ကြိမ်ပြောင်းလဲလိုက်သည့် အချိန်တိုင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။ သူ၏စွမ်းအားများက သိပ်မကြာခင် ကုန်ဆုံးသွားနိုင်၏။

ဟယ်ကျူးကဲ့သို့ မုန့်ချီကလည်း အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ကြိုတင်ခန့်မှန်းစွမ်းရည်များကို တိုးမြှင့်လာရန် အသုံး‌ပြုနေရသည့်အတွက် သူ၏စွမ်းအားများက အတော်လေးကို ကုန်ဆုံးနေရ၏။ သူ့ဆီတွင် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ တိုးတက်လာသော အကျိုးသက်ရောက်မှုသာ မရှိလျှင် ထိုမျှအခြေအနေကောင်းလိမ့်မည် မဟုတ်ချေ။ ထိုအရာက စိတ်ရှည်မှုတိုက်ပွဲတစ်ခု ဖြစ်သည်။ သည်းခံနိုင်စွမ်းနှင့် စိတ်ဓာတ်မာကျောမှုအတွက် ရုန်းကန်ခြင်းလည်း ဖြစ်၏။

"ဒီလိုဆက်သွားလို့ မရနိုင်ဘူး…"

သူတို့နှစ်ယောက်ဆီတွင် တူညီသောအတွေးမျိုး ရှိနေကြသည်။

သူတို့က အဖြေတစ်ခုကို ရှာဖွေရန် ဆာလောင်နေကြသော်လည်း အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့အာရုံများ ပိတ်ဆို့ထားသည့်အတွက် မုန့်ချီက ပြင်ပကမ္ဘာကြီးနှင့် သီးခြားဖြစ်တည်နေသော လူ‌တစ်ယောက်ကဲ့သို့ဖြစ်နေ၏။ သို့သော် သူ ဖန်တီးထားခဲ့သော အင်မော်တယ်ဘိုးဘေးခန္ဓာက ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

ကိုယ်ပျောက်ဓားချီစွမ်းအင်များ၏ ခြိမ်းချောက်မှုကြောင့် မုန့်ချီက ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ဆက်လက်ထိန်းသိမ်းထားနေခဲ့ရ၏။ သို့သော် သူ၏ အာရုံ(၆)ပါးကို အားဖြည့်ခြင်းကလွဲလျှင် သူ့ပုံစံက ခန့်မှန်းကြည့်၍ မရနိုင်ဘဲ သူထင်ထားသည်ထက်ပင် ပို၍အာရုံခံနိုင်စွမ်းရှိနေသေးသည်။

သူက အဝေးကောင်းကင်ကြီးပေါ်တွင် လွင့်မြောနေသော ဆံချည်မျှင်လေးများကိုပင် ခံစားမိနိုင်၏။ ထို့နောက် သူက စွမ်းအင်ရေကန်တစ်ခုကို ခံစားမိခဲ့ပြီး နေထွက်ချိန်နှင့် နေကျချိန်တွင် နေလုံးကြီးဆီမှ ထွက်ပေါ်လာသော စွမ်းအားများကို ခံစားမိနေခဲ့သည်။ တိုက်ခတ်နေသော လေလှိုင်းများထဲတွင် အမည်မသိအရာများ ရှိနေသည်ကို ခံစားမိခဲ့၏။

သူ၏တည်ရှိမှုက သုဿာန်တစပြင် အလားတိတ်ဆိတ်နေခဲ့ပြီး စွမ်းအားများကလည်း မှေးမှိန်နေခဲ့၏။ စည်းမျဉ်းများ၊နိယာမများ၊ သဘာဝတရားကြီး၏အနှစ်သာရများက ဤကမ္ဘာကြီးထဲတွင် ရှိနေသော အရာဝတ္ထုတိုင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးနေခဲ့သည်။

ထိုအရာထဲတွင် တိရစ္ဆာန်ရော တိရစ္ဆာန် မဟုတ်သည့်အရာရော ပါဝင်နေခဲ့၏။ ပုံသဏ္ဍာန်မရှိ အကြောင်းအရာမရှိလျှင် သဘာဝတရားကြီး၏ ပိုက်ကွန်များက ခန္ဓာပေါင်းစုံအဖြစ် စိတ်ကူးပုံဖော်နိုင်ပြီး သူတို့က အကြားအာရုံ၊အမြင်အာရုံမှ သဘာဝတရားကြီးကို နားလည်ရန် ကူညီပေးနိုင်သည်။ ထိုအချိန်တွင် မထင်မှတ်ထားသော တိုက်ခိုက်မှုတစ်ခုကြောင့်မုန့်ချီက သူ၏ခန္ဓာကိုယ် အာရုံခံနိုင်စွမ်းကို အသုံးပြုခြင်း မရှိတော့ချေ။ သူကတော့ အင်မော်တယ်ဘိုးဘေးခန္ဓာနှင့် စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကိုသာ အသုံးပြုပြီး သဘာဝတရားကြီးထဲတွင် ပေါင်းစပ်သွားခဲ့သည်။

ထို့ကြောင့် သူက အနှစ်သာရကို ဖမ်းဆုပ်မိသွားခဲ့၏။ ထိုအရာက ဤကမ္ဘာကြီး၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပထမကောင်းကင်လှေကား အတားအဆီးကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။ ဟယ်ကျူးကလည်း ထိုအရာကို ခံစားမိခဲ့မည်ဟု သူက ယုံကြည်နေခဲ့၏။

ပညာရှင်များက သူတို့နှင့် လက်ရည်တူပြိုင်ဘက်များကို စိန်ခေါ်ကြပြီး ပို၍မြင့်မားသော စွမ်းအားများ ရရှိလာစေရန် နှစ်ယောက်ချင်း တိုက်ခိုက်တတ်ကြသည်။ ထိုကဲ့သို့ တိုက်ပွဲမျိုးတွင် အာရုံစိုက်မှုများ လိုအပ်၏။ လူတစ်ယောက်က သံသယများနှင့် ကိုယ့်ကိုယ်ကိုယ် နှောင့်ယှက်ဖျက်စီးနေသောအရာများကို ဖယ်ရှားပစ်ရပြီး ချီစွမ်းအားနှင့် စိတ်ဆန္ဒများကိုသာ အလေးထားရမည်ဖြစ်သည်။

ချွမ်…ချွမ်…ချွင်… ချွမ်…

မုန့်ချီ၏ဓားမောက်က ကိုယ်ပျောက်ဓားချီစွမ်းအင်များနှင့် ဆက်လက်တိုက်ခိုက်နေခဲ့၏။ သူက ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာနေသော အငွေ့အသက်များကိုလည်း ဆက်တိုက်ဖျက်စီးပစ်နေခဲ့၏။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော စိတ်ဝိညာဉ်လှုပ်ရှားမှုများကို နားလည်သွားပုံရသော်လည်း ယခုချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးချေ။

သို့သော် သူက မည်သည့်အရာများ ခံစားရလဲဟူသည်ကို သုံးသပ်နေရန် အချိန်မရှိတော့ချေ။ သူ့ဆီကို ရောက်လာသော ပြိုင်ဘက်၏ဖိအားက တဖြည်းဖြည်း မြင့်တက်လာနေခဲ့၏။

ချွမ်…

တိုက်ခိုက်မှု၏ အသံက ကောင်းကင်ကြီးပေါ်တွင် တဖြည်းဖြည်းပဲ့တင်ထပ်လာပြီး ကောင်းကင်ပြစ်ဒဏ်ဓားက မုန့်ချီဆီသို့ ကျရောက်လာနေသော ကိုယ်ပျောက်ဓားချီစွမ်းအင်များကို မမောနိုင်မပန်းနိုင် တောက်လျောက် ကာကွယ်ပေးနေခဲ့သည်။ ထိုအချိန်တွင် နောက်ထပ်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ သို့သော် အလင်းတန်းများက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ပြန်သည်။

မုန့်ချီ၏ဓားမောက်ကတော့ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပြန့်ကြဲသွားသော အလင်းရောင်များကို ဖြတ်ကျော်သွားခဲ့၏။ ထိုအလင်းရောင်များက နောက်တစ်ကြိမ် ပြန်ရောက်လာပြီး မုန့်ချီကို တိုက်ခိုက်လိုက်ပြန်သည်။

ကိုယ်ပျောက်ဓားချီစွမ်းအင်၊ ပုံသဏ္ဍာန်မဲ့ခန္ဓာကိုယ်…

ကိုင်ဆောင်သူက မည်သည့်အရာကို ဆန္ဒရှိနိုင်မည်နည်း။ နောက်ဆုံးတွင်တော့ ဟယ်ကျူးက သူ့အတွက် အန္တရာယ်အများဆုံးဖြစ်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။

တိုက်ပွဲဒီရေက လျင်မြန်စွာ ပြောင်းလဲသွားကြောင်း နားလည်သွားသည့်အချိန်တွင် မုန့်ချီ ကိုယ်တိုင်ကလည်း အန္တရာယ်နှင့် ရှုံးနိမ့်မှုကို တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

သို့သော် သူက စိုးရိမ်ထိတ်လန့်မှုကို ဖယ်ရှားပြီး ဓား‌မောက်နှင့် တုံ့ပြန်တိုက်ခိုက်လိုက်သည်။ သူက နဖူးနားသို့ ရောက်ခါနီးနေသော တိုက်ခိုက်မှုတစ်ခုကို ဖယ်ရှားပစ်နိုင်ခဲ့၏။ သူ၏ဘယ်ဘက်လက်ညှိုးနှင့် လက်ခလယ်တို့က ဓားတစ်ချောင်း ပုံသဏ္ဍာန် ဖန်တီးလိုက်ပြီး သူ၏အားနည်းချက်ဆီသို့‌ ရောက်လာနေသော အလင်းတန်းကို ခုတ်ချလိုက်သည်။ သူက အားတင်းလိုက်ပြီး သူ့ဆီကို ရောက်လာနေသော တခြားအလင်းတန်းများကို ဖယ်ရှားလိုက်၏။

“ဖျောက် ဖျောက် ဖျောက် ဖျောက်…”

အလင်းတန်းများက မုန့်ချီ၏ခန္ဓာကိုယ်ကို ဆက်လက်တိုက်ခိုက်နေပြီး သူ့ ခန္ဓာကိုယ်ဆီမှ အလင်းရောင်များ ထွက်ပေါ်လာနေခဲ့၏။ တိုက်ခိုက်ခံရသည့်နေရာတွင် ရွှေရောင်အမှတ်အသားများ ပေါ်နေခဲ့၏။

တိုက်ပွဲအထွဋ်အထိပ်သို့ ရောက်လာသည့်အချိန်တွင် ဟယ်ကျူးက ကိုယ်ပျောက်ဓားချီစွမ်းအင်များဖြင့် ပြောင်းလဲမှုကို ဆက်လက်၍ ထိန်းထားနိုင်ခြင်း မရှိတော့ချေ။

မုန့်ချီကတော့ မျက်လုံးမှိတ်နေပြီး အခြေအနေတစ်ရပ်လုံးကို စဉ်းစားကြည့်နေ၏။ သူက တစ်စုံတစ်ခုကို ခံစားမိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အင်မော်တယ်ဘိုးဘေးခန္ဓာကလည်း စတင်ထွက်ပေါ်လာခဲ့သည်။

မုန့်ချီ၏ ဓားမောက်က သူ၏ခေါင်းပေါ်သို့ မြောက်လာခဲ့သည်။ လျှပ်စီးကြောင်းများက ထိုအပေါ်တွင် စုစည်းလာခဲ့ပြီး ဓားမောက်ကိုယ်တိုင်က လျှပ်စီးကြောင်းများနှင့် ဖန်တီးထားသလို ထင်မှတ်ရ၏။

"အခု ငါ မင်းကိုတွေ့ပြီ…"

မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားမောက်ကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်၏။ သူ အသုံးပြုလိုက်သော အနှစ်သာရများစွာက အင်မော်တယ်ဘိုးဘေးခန္ဓာကို ကြီးကျယ်ခမ်းနားရန် ကူညီပေးနေခဲ့သည်။

“ဗုန်း…”

ဓားမောက်တိုက်ခိုက်မှုက အလွန်လေးလံလှသည့်အတွက် လေဟာနယ်ကပင် လှုပ်ရှားသွားခဲ့သည်။ ရုတ်တရက်ဆိုသလို တိတိဆိတ်သောစွမ်းအားများကို စုစည်းလိုက်ပြီး နောက်ထက်ပေါက်ကွဲမှုကြီးတစ်ခု ထွက်လာခဲ့၏။

“ဗုန်း…”

လျှပ်စီးကြောင်းများနှင့်အတူ အပူလှိုင်းများက တိမ်တိုက်များကို ပြန့်ကျဲသွားစေခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသော ကောင်းကင်ကြီးက လျှပ်စီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကိုလည်း ဖျက်စီးပစ်လိုက်၏။ ဓားချီစွမ်းအင်တစ်ခုက လျှပ်စီးပင်လယ်ကြီးထဲတွင် အားနည်းစွာပေါ်လာခဲ့သည်။

ဟယ်ကျူးက မတတ်သာပဲ ပြန်ပေါ်လာရပြီး သူက ကြောက်စရာကောင်းသော လျှပ်စီးများ၏ တိုက်ခိုက်မှုကို ခံစားနေရသည်။ သူက ပင်ပန်းနွမ်းနယ်သွားပြီး လဲကျလုမတက် ခံစားလိုက်ရ၏။

မုန့်ချီ၏ စိတ်ဝိညာဉ်ထဲတွင်တော့ ပြိုင်ဘက်‌၏ ဓားချီစွမ်းအင်အငွေ့အသက်များက နောက်ဆုံးတွင် ပေါ်လာခဲ့ရပြီဖြစ်သည်။ သူက ခန္ဓာကိုယ် အာရုံခံနိုင်စွမ်းကို မသုံးဘဲ အလိုလို ပေါ်လာရခြင်းဖြစ်သည်။ တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် ပွင့်သွားသလို ခံစားလိုက်ရပြီး သဘာဝတရားကြီး၏ ပုံသဏ္ဍာန်များအားလုံးကလည်း စိတ်ထဲတွင် မြင်လာရသည်။

မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်၏။ ထိုအချိန်တွင် သူနှင့်အတူရှိနေသော အင်မော်တယ်ဘိုးဘေးခန္ဓာကလည်း အတူတူသာဖြစ်၏။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ ကြည်လင်တောက်ပနေသော ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခု ပျံသန်းလာပြီး ကောင်းကင်ကြီးတစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။

ထိုအရာက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး သဘာဝတရားကြီး၏ အငွေ့အသက်များအားလုံးကို ပေါင်းစပ်နေခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကလည်း ရုတ်တရက်မည်းမှောင်သွားပြီး သူက ကောင်းကင်၊ မြေကြီး၊ နေနှင့် လကိုပင် မမြင်ရတော့ပေ။

Translated by Hein Htet.

All Chapters