← Chapters

အခန်း (၆၄၀)

Vol. 43 Ch. 640

အခန်း (၆၄၀)

Vol. 43 Ch. 640

အဆုံးမဲ့ချိုင့်ကြီးထဲတွင် ကောင်းမျိုးရိုး ဆံပင်ဖြူနှင့် အဘိုးအိုက အပြာရောင်သဲပုံထဲမှထွက်လာသော ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ခန္ဓာကိုယ်က အလွန်ကျယ်လောင်စွာ ပျက်စီးသွားခဲ့ပြီးနောက် သူက ကူပိုးကောင် အစက်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝဲကတော့ ပုံသဏ္ဍာန် သူ၏ပုံရိပ်ယောင်ခန္ဓာကလည်း အတူတူသာဖြစ်သည်။ တစ်ခုကွဲပြားသွားသည်မှာ သူ၏ပိုးကောင်များက ပုံရိပ်ယောင်ဖြစ်လုနီးပါးဖြစ်နေပြီး အရာအားလုံးက အစစ်အမှန်နှင့် တူညီနေခြင်းမရှိချေ။

ကူအဆိပ်ပိုးကောင်(၂)မျိုးက ဓားချီစွမ်းအင်များကို ဝါးမြိုသွားခဲ့ပြီး အလွန်ချွန်ထက်သော အရာများကို ပြန်လည်မှုတ်ထုတ်နိုင်ခဲ့၏။ သူတို့က သိမ်မွေ့စွာ စတင်တုန်ခါလာပြီး သူတို့၏အရောင်ကလည်း ကြည်လင်သွားသည်အထိ တဖြည်းဖြည်း ဖျော့လာခဲ့သည်။ သူတို့က ဆူညံနေသော အသံများနှင့်အတူ ပတ်ပတ်လည်သို့ ပြန့်နှံ့သွားခဲ့ပြီး လေထဲတွင်ပေါင်းစပ်သွားသည့်အလား လုံးဝပျောက်ကွယ်သွားခဲ့၏။

နောက်ပစ်ထားသော လက်(၂)ဖက်ကို လက်သီးဆုပ်ထားသည့် ဟယ်ချီကတော့ ငြိမ်သက်စွာ ရပ်နေသေးသည်။ ထိုအဘိုးအိုက သဏ္ဍာန်မဲ့ဓားပိုးကောင်၏ အနှစ်သာရများကို ရရှိထားကြောင်း သူ ကောင်းကောင်းကြီး သိနေခဲ့သည်။

ထိုအဘိုးအိုကိုယ်တိုင်က ပိုးကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ပြီး ထိုပိုးကောင်က ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားထဲတွင် ရပ်တည်နေနိုင်၏။ ထိုအရာက ချီစွမ်းအင်ပင်လယ်ကြီးထဲသို့ ပေါင်းစပ်နိုင်ပြီး သမုဒ္ဒရာကြီးထဲတွင် ရေစက်တစ်စက် ဖြစ်လာနိုင်သည်။

ကမ္ဘာမြေကြီးနှင့် သီးခြားခွဲထုတ်ခြင်း မပြုရသေးခင် သိုင်းပညာရှင်များက ချီစွမ်းအင်များကို စုပ်ယူပြီး မှုတ်ထုတ်ရသည်။ သူတို့က လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်သည့်အချိန်တွင်တော့ ချီစွမ်းအင်ပင်လယ်ကြီးကို တိုက်ရိုက်အာရုံခံနိုင်ပြီး ထိုအရာနှင့် ပေါင်းစပ်သွားနိုင်၏။

ချီစွမ်းအင်များကို ဆက်လက်ထိန်းသိမ်းရန် ၊ ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်များ လှုပ်ရှားနိုင်ရန်နှင့် သူတို့၏လှုပ်ရှားမှုတိုင်းကို စွမ်းအားများအား ဖြည့်ပေးနိုင်သည်။ သဏ္ဍာန်မဲ့ဓားပိုးကောင်က ချီစွမ်းအင်ပင်လယ်ကြီးထဲမှ ရေစက်တစ်စက်အဖြစ် အမှန်တကယ် ပြောင်းလဲနိုင်သည့်အတွက် ခန္ဓာကိုယ်အတွင်းပိုင်းထဲကို စုပ်ယူမိနိုင်သည်။

ထိုအချိန်အတွင်း ကိုယ်တွင်းပေါက်တစ်ခုချင်းဆီတိုင်းက သူ၏တံခါး(၉)ပေါက်ထဲမှ တစ်ခု ဖြစ်သွားနိုင်၏။ ထိုချီစွမ်းအင်ကသာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် ဓားပိုးကောင်က ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များနှင့် တသားတည်း ပြောင်းလဲသွားပါလိမ့်မည်။

ထိုအရာက အားအနည်းဆုံး အစိတ်အပိုင်းများကို ရပ်တန့်၍ မရနိုင်အောင် ဖျက်ဆီးပစ်နိုင်၏။ ထိုအရာက အကာအကွယ်စွမ်းရည်များစွာ၏ ရန်သူတစ်ခုဟု သတ်မှတ်နိုင်ပြီး အလွန်ထူးခြားသော လုပ်ကြံရေးစွမ်းရည်တစ်မျိုးလည်းဖြစ်သည်။

ပို၍ကြောက်စရာကောင်းသည့် အချက်ကတော့ ထိုအစက်များက နေရာတိုင်းတွင် ရှိနေ၏။ သူတို့နှင့် သာမန်ချီစွမ်းအင်အစက်များ၏ ကြားထဲတွင် ကွဲပြားမှု အနည်းငယ်လေးသာ ရှိသည့်အတွက် ထို(၂)ခုကို ခွဲခြားရန် လုံးဝမဖြစ်နိုင်ပေ။ အကယ်၍ ကိုယ်တွင်းပေါက်များကို ပိတ်ထားပြီး ချီစွမ်းအင် ရှူရှိုက်မှုကို ရပ်တန့်လိုက်မည်ဆိုလျှင်လည်း ခန္ဓာကိုယ်တစ်ခုတည်းကိုသာ အားကိုးရတော့မည် ဖြစ်သည်။

မည်သည့် ဝေ့ကျင်းအဆင့်ပညာရှင်ကမျှ အထွဋ်အထိပ်အခြေအနေကို ကြာမြင့်စွာ ထိန်းသိမ်းနိုင်ခြင်း မရှိချေ။ သူတို့၏စွမ်းအင်များက လျင်မြန်စွာ ကုန်ဆုံးသွားနိုင်ပြီး သူတို့က သာမာန်ပုံစံနှင့် ရှုံးနိမ့်သွားနိုင်၏။

မှော်ပညာကဲ့သို့ ထူးဆန်းလွန်းလှသော ထိုစွမ်းရည်ကို ဓားပိုးကောင်ဟု နာမည်ခေါ်ကြသည်။ ဓားပိုးကောင်မျိုးဆက်က သွေးပြာလူသားများ ပင်လယ်ရေနှင့် ပေါင်းစပ်သည့်နည်းလမ်းကို လေ့လာရှာဖွေထားခဲ့ခြင်းဖြစ်သည်။ သူတို့၏ ပစ်မှတ်ကတော့ ကိုယ်ပျောက်နိုင်စွမ်းကို ရရှိနိုင်ရန်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ကောင်းမျိုးရိုးအဘိုးအိုက ထိုအဆင့်ကို ရောက်ရှိသွားပုံရသည်။

ဟယ်ချီက သူ၏ခန္ဓာကိုယ်နှင့် ကမ္ဘာမြေကြီး၏ဆက်သွယ်မှုကို ပိတ်ဆို့ခဲ့ခြင်း မရှိဘဲ ချီစွမ်းအားများကို ဆက်လက်ရှုရှိုက်နေခဲ့သည်။ ထို့ကြောင့် အဘိုးအိုက ဝမ်းသာနေခဲ့၏။ သူ ပြောင်းလဲထားသော ပိုးကောင်များက ပတ်ပတ်လည်မှနေ၍ ဟယ်ချီဆီကို သေချာချဉ်းကပ်လာနေပြီး ချီစွမ်းအင်လှိုင်းလုံးများနှင့်အတူ ဟယ်ချီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။

အကယ်၍ တစ်ဖက်လူကသာ သူ၏ပုံရိပ်ယောင်ခန္ဓာနှင့် အစစ်အမှန်ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်မည်ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် အတူတူသာ ဖြစ်သည်။ အစွမ်းထက်ခြင်းနှင့် အားနည်းခြင်းသာ ကွဲပြား၏။အကယ်၍ အဘိုးအိုကသာ ထိုအရာကို ကောင်းကောင်း အသုံးချနိုင်မည်ဆိုလျှင် ဟယ်ချီ၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှ တိုက်ခိုက်၍ရနိုင်သည်။

ဓားချီစွမ်းအင် (၁)သောင်းခန့်က ဟယ်ချီကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရန် လုံလောက်သည်ထက်ပင် ပိုနေခဲ့၏။ အရေးကြီးဆုံးအရာကတော့ ဟယ်ချီက သူ၏အစွမ်းကို ဓမ္မကာရတစ်ဝက်အဆင့်အထိ ဖိနှိပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အဘိုးအိုက အနိုင်ရရန် အခွင့်အရေးတိုင်းကို ရယူနေပြီး သူ မျှော်လင့်တောင့်တနေသော ဆန္ဒကို ဖော်ထုတ်နေခဲ့သည်။

ဒီရေလှိုင်းများ ထွက်ပေါ်လာပြီး ဓားပိုးကောင်က ရေထဲတွင် ပုန်းအောင်းနေခဲ့သည်။ ချီစွမ်းအင်များက ဟယ်ချီ၏ ကိုယ်တွင်းပေါက်များထဲသို့ တိတ်တဆိတ် ဝင်ရောက်လာနေသည့် အချိန်တွင် ဝမ်းသာနေသော အဘိုးအိုက တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် သူက ဟယ်ချီကို အာရုံခံစားမိခြင်း မရှိတော့ကြောင်း ရုတ်တရက် တွေ့လိုက်ရ၏။ ကမ္ဘာမြေကြီးကတော့ ဆက်လက်တည်ရှိနေခဲ့သည်။ လှုပ်ရှားနေသော ချီစွမ်းအင်ပင်လယ်ကြီးက ကမ္ဘာမြေကြီး၏ နေရာတိုင်းတွင် ဆက်လက်ပျံ့နှံလာခဲ့၏။ တိုက်ပွဲက ဆက်လက်ကြောက်စရာကောင်းနေသေးပြီး ပင်လယ်ရေများက အလိုလို ပြန်ပြည့်လာခဲ့သည်။

ဟယ်ချီ ပျောက်ကွယ်သွားခြင်းကလွဲလျှင် အရာအားလုံးက အတူတူသာဖြစ်သည်။ သူက လုံးဝကို ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ သူနှင့်ပတ်သက်သော ခြေရာလက်ရာများ၊ အငွေ့အသက်များကပင် ပျောက်ကွယ်သွားခဲ့၏။

ဝမ်းသာနေသောအဘိုးအိုက ဟယ်ချီ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည့် အချိန်တွင် သူ ကိုယ်တိုင်က ပုံရိပ်ယောင်တစ်ခုထဲကို ဝင်မိသွားသလို ခံစားလိုက်ရသည်။

ရုတ်တရက်ဆိုသလို သူ၏နားထဲတွင် ယုံကြည်ချက်ရှိသော အသံတစ်ခုကို ကြားလိုက်ရ၏။

"ဦးလေးကောင်း ...

ဒါကမှ အစစ်အမှန်ကိုယ်ပျောက်တာနဲ့ တူတာပဲလေ…"

အနီးအနားတွင် ရှိနေသော လေဟာနယ် အစိတ်အပိုင်းတိုင်းမှနေ၍ သေးငယ်သော ဓားချီစွမ်းအင်များ ထွက်လာခဲ့သည်။ ထိုအရာက ဓားပိုးကောင်ကို တိတိကျကျ တိုက်ခိုက်လိုက်ပြီး အမှောင်ထုကြီးကို လင်းထိန်သွားစေခဲ့သည်။ လင်းလက်တောက်ပနေသော ဓားချီစွမ်းအင်က လေထဲတွင် ထွက်ပေါ်လာသလို ထင်မှတ်ရ၏။

"ဖျောက် ဖျောက် ဖျောက် ..."

ဓားပိုးကောင်များ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံလိုက်ရသောအသံများက မရပ်မနား ထွက်ပေါ်လာခဲ့၏။

ဓားချီစွမ်းအင်များက ထိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပွင့်ဖတ်များ တစ်ခုပြီးတစ်ခု ပွင့်လာသည့် ရောင်စုံပန်းပွင့်များအဖြစ် ပြောင်းလဲသွားသလို ထင်ရသည်။ ချီစွမ်းအင်ပင်လယ်ကြီးကလည်း အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။

ဟယ်ချီက လက်နောက်ပစ်ပြီး ပြန်ပေါ်လာခဲ့သည်။ သူက သူ၏နိုင်ပွဲအတွက် သံသယဝင်နေခဲ့ခြင်း မရှိသလို ထင်ရသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ ။ တကယ်လို့ မင်းကသာ ကိုယ့်ကိုယ်ကိုယ် သွေးပြာလူသားတွေအဖြစ် မပြောင်းလဲဘူးဆိုရင် ဒီလိုအဆင့်အထိ ဘယ်လိုများ လေ့ကျင့်နိုင်ရတာလဲ…"

အလွန်စိုးရိမ်ထိတ်လန့်နေသော အဘိုးအို၏အသံကို ကြားလိုက်ရသည်။

ထိုအချိန်တွင် ရေစက်တစ်စက် အရွယ်အစားခန့်ရှိသော အပြာရင့်ရောင် ကူအဆိပ်ပိုးကောင်တစ်ကောင်က ဟယ်ချီ၏ရှေ့တွင် လွင့်မျောနေပြီး သူ၏အခွံက အချိန်မရွေး ပျက်စီးသွားတော့မည့်အလား အက်ကွဲရာများ ပြည့်နှက်နေသည်။

ဟယ်ချီက ပြုံးလိုက်၏။

"လမ်းကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဦးတည်ချက်ကတော့ တစ်ခုတည်းပဲ။ အဲဒါက ဉာဏ်အလင်းပွင့်မှုလို့ ခေါ်တယ်။ ခင်ဗျားတို့မှာ မကောင်းဆိုးဝါးလမ်းစဉ်ရှိသလို ကျုပ်တို့မှာလည်း အင်မော်တယ်လမ်းစဉ်တွေရှိတယ်…"

"မဖြစ်နိုင်ဘူး ... လုံးဝမဖြစ်နိုင်ဘူး။ ဓမ္မကာရအဆင့်ကို ရောက်ပြီးသွားရင်တောင် ဒီလိုကိုယ်ပျောက်မှုက လုံးဝမဖြစ်နိုင်ဘူး။ ငါ နားလည်ပြီ ... ဒါက ဗုဒ္ဓလက်ဝါးကနေ နားလည်ထားခဲ့တဲ့အရာမဟုတ်လား…"

ထိုအဘိုးအိုက ချက်ချင်းနားလည်သွားပုံရသည်။

"ကိုယ်ပျောက်ခြင်းနဲ့ ပတ်သက်တဲ့ ယူဆချက်တွေက ဗုဒ္ဓလမ်းစဉ်တွေမှာပဲ အများဆုံး ဆွေးနွေးကြတာ ..."

ထို့ကြောင့် ဟယ်ချီက ရယ်လိုက်၏။

"ကျုပ်က ဗုဒ္ဓလက်ဝါးကို နားမလည်ခင်ကတောင် ဒါကို လုပ်နိုင်ပါပြီ ...။ အဲဒါက အားနည်းချက် မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ကျုပ်ရဲ့ပြောင်းလဲမှုတွေက ကိုယ်ပျောက်ခြင်းအဖြစ် ပြောင်းလဲသွားနိုင်ပြီ။ အရှုံးကို ဝန်ခံလိုက်ပါတော့ ဦးလေးကောင်း ..။ ဘာလို့ဆင်ခြေတွေ အများကြီး ပေးနေရတာလဲ…"

"မင်းပြောတာမှန်တယ် ... ဘာပဲဖြစ်ဖြစ် မင်းတို့တွေက ကိုယ်ပိုင်လမ်းကြောင်းကို တွေ့သွားပြီး ကိုယ်ပျောက်ဓားချီစွမ်းအားတွေကို ဒီလောက်အထိ လေ့ကျင့်နိုင်ခဲ့တယ်။ ငါကတော့ အခက်အခဲတွေ အများကြီးကြုံခဲ့ရပြီး ရှုံးနိမ့်သွားသေးတာပဲ ... "

အဘိုးအိုက ဝမ်းနည်းနေသော အမူအယာနှင့် ပြောလိုက်သည်။

"ခင်ဗျားလည်း မဆိုးပါဘူး။ ဓားပိုးကောင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကိုသာ မသိရင် ဒီကမ္ဘာကြီးထဲမှာ လူဘယ်နှစ်ယောက်က ခင်ဗျားကို အနိုင်ရနိုင်မှာလဲ..."

ဟယ်ချီ၏အမူအယာက လေးနက်သွားပြီး တလေးတစား ပြောလိုက်သည်။

ထိုစကားလုံးများက အဘိုးအိုကို ရည်ညွှန်းနေခြင်း မဟုတ်ချေ။ အရှေ့ပင်လယ် ဓားကျေးရွာက လက်ရှိပဟေဠိကို နားလည်သွားခဲ့သည်မှာ ရှာဖွေမှု၊ တိုးတက်အောင် ဖန်တီးမှုနှင့် အကြိမ်ကြိမ် တွက်ချက်မှုများကြောင့် ဖြစ်သည်။ ထိုအရာက မျိုးရိုးစဉ်ဆက် ပါရမီရှင်များ၏ ကျရှုံးမှုအပေါ် အခြေခံပြီး တိုးတက်အောင် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဟယ်မိသားစုက ရှေးဟောင်းအင်အားစုများ၏ အ‌မွေအနှစ်ရှိနေသော ဂိုဏ်းများကို ယှဉ်ပြိုင်နိုင်ခြင်း မရှိချေ။ ယခင်တုန်းကဆိုလျှင်တော့ သူတို့က အမည်မဲ့ဓားကျင့်စဉ်ဟူသော ပျက်စီးနေသည့် သိုင်းကျမ်းတစ်ခုကိုသာ ပိုင်ဆိုင်ထားခဲ့သည်။

သေခြင်း၊ ရှင်ခြင်း အတွေ့အကြုံများစွာကို ရင်ဆိုင်ခဲ့ရသော မိတ်ဆွေပေါင်းများစွာကသာ နည်းလမ်းများကို နားလည်ခဲ့ကြ၏။ သူတို့၏လမ်းကြောင်းက ကွဲပြားကြသော်လည်း အချင်းချင်း တွေ့ရှိထားသည့် အတွေးအခေါ်အသစ်များကို တဖြည်းဖြည်း တိုးတက်လာအောင် ပေါင်းစည်းလာခဲ့ကြသည်။

ပထမဆုံးမျိုးဆက် အနည်းငယ်တွင် ဓမ္မကာရအဆင့် ပညာရှင်(၂)ယောက်က သူတို့၏ စွမ်းရည်ထဲရှိ အားနည်းချက်များကို ပြသခဲ့သည်။ ထို့နောက် သူတို့က တစ်ကြိမ် အသုံးပြုသည့်အချိန်တိုင်း သူတို့၏သက်တမ်းကို ပေးဆပ်ရကြောင်း တွေ့ခဲ့ရ၏။

ဟယ်ချီ မွေးဖွားလာခဲ့သည့်အချိန်တွင် ထိုအရာက သာမန်ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုသာ ဖြစ်နေခဲ့သည်။ ဟယ်ချီ၏ အဘိုးနှင့်အဖေက အသက်တိုပြီး သူတို့၏စွမ်းရည်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်နေရင်း အမြင့်ဆုံးတွင် သေဆုံးသွားခဲ့ကြ၏။ အကြီးအကဲများ၏ ကြိုးစားအားထုတ်မှုသာမရှိခဲ့လျှင် အရှေ့ပင်လယ်ဓားကျေးရွာက ယနေ့အထိ တည်ရှိနေလိမ့်မည် မဟုတ်ချေ။

အဘိုးအိုက လမ်းလွဲပြီး မကောင်းဆိုးဝါးလမ်းစဉ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ဟယ်ချီကတော့ သိုင်းပညာအပေါ် သူ၏ကြိုးစားရှာဖွေမှုများကို လေးစားခဲ့သည်။ လူတစ်ယောက်အပေါ် ပို၍လေးစားလေလေ သူက လမ်းမှားကို ရောက်သွားသောအခါ ပို၍ကြောက်စရာကောင်းသော ရန်သူတစ်ယောက် ဖြစ်လာလေလေ ဖြစ်သည်။

အဘိုးအိုကတော့ ကျေနပ်သွားပုံရပြီး ပြုံးလိုက်မိသည်။

"ကိစ္စမရှိပါဘူး။ ငါက ရှုံးတယ်ဆိုမှတော့ ဘာမကျေနပ်စရာရှိသေးလို့လဲ။ ဓားပိုးကောင်အဆောင်က ချမ်းယွမ်ရဲ့ လက်ထဲမှာ ရှိတယ်။ သူ့ရဲ့ပြောင်းလဲမှုက တစ်ခုခု မှားနေခဲ့တဲ့အတွက် သူက စွမ်းအား အကုန်သုံးတဲ့အချိန်တိုင်း သူ့ရဲ့သက်တမ်းက ကုန်သွားနေတယ်။ သူက အရှေ့ဝင်ရိုး အင်မော်တယ် ဆေးရည်ကို သောက်ခဲ့ပေမယ့် နှစ်ပေါင်း(၆၀)လောက် သက်တမ်းကို ပြန်ဖြည့်ဖို့ အဆင်မပြေခဲ့ဘူး။ ဒါကြောင့် ငါက သူ့ရဲ့အစွမ်းကို ပြည့်ပြည့်ဝဝ အသုံးပြုဖို့အတွက် အဲဒီအဆောင်ကို ပေးထားခဲ့တာ။ တကယ်လို့ မင်းကသာ သူ့ဆီကနေ ယူနိုင်ခဲ့တယ်ဆိုရင် ဓားကျေးရွာရဲ့စွမ်းရည်တွေကို ဖြန့်ပေးလို့ရတယ် ... "

သူ့အသံက တဖြည်းဖြည်း အားနည်းလာပြီး အပြာရင့်ရောင် ကူအဆိပ်ပိုးကောင်က ပျက်စီး၍ အမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

"အစ်ကိုချမ်းယွမ် ... "

ဟယ်ချီက တီးတိုးရေရွတ်လိုက်မိ၏။

ရုတ်တရက်ဆိုသလို သူက အလွန်ကြီးမားသော အပြာရောင်ကျောင်းဆောင်ကြီးကို လှည့်ကြည့်လိုက်သည်။ ကျောင်းဆောင်၏ရှေ့တွင် ရှိနေသော အဆင့်မြင့်နတ်ဆရာဆီမှ ထူးဆန်းသော လှုပ်ရှားမှုများနှင့်အတူ ထိုကျောင်းဆောင်က ခန့်မှန်း၍ မရနိုင်သော အငွေ့အသက်တစ်ခုကို ရရှိထားသည့်အလား အလင်းတန်းများ စတင်တောက်ပလာခဲ့သည်။

ထိုအရာကို သူ၏သိစိတ်နှင့် စစ်ဆေးကြည့်၍ ရနိုင်သော်လည်း ကောင်းကင်ကြီးက စိမ်းပြာရောင ်ပြောင်းလဲသွားကြောင်းသာ ဟယ်ချီက ခံစားမိခဲ့၏။ ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စကြဝဠာကြီးတစ်ခုလုံးတွင် ရေအလင်းရောင်များ ပြည့်နှက်လာခဲ့သည်။

"ဒါက ဘိုးဘေးနတ်ဘုရားဆိုတာပဲ..."

ဟယ်ချီက စိုးရိမ်ထိတ်လန့်သွားခြင်းမရှိသလို ကြောက်လန့်သွားခြင်းလည်း မရှိချေ။ သူက ထိုကဲ့သို့ဖြစ်စဉ်မျိုးအတွက် အကြောက်တရားမရှိဘဲ သူ့ကိုယ်သူ ယုံကြည်နေခဲ့၏။ သူ၏သိစိတ်က ပတ်ပတ်လည်တွင် ရှိနေသော တိုက်ပွဲများကိုသာ စစ်ဆေးကြည့်နေပြီး သူက တိုက်ပွဲကို သေချာကြည့်နေခဲ့သည်။

ဝမ်မိသားစု သခင်ကြီး၏ အပေါ်ဘက်တွင်တော့ လော်စာအုပ်က ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေသော သွေးပြာလူသားတစ်ယောက်နှင့် ရင်ဆိုင်နေခဲ့သည်။ လော်စာအုပ်ဆီမှ အလင်းရောင်က အောက်ဘက်သို့ အာရုံစိုက်နေပြီး ယင်နှင့်ယန်၏ ဓာတ်ကြီး(၅)ပါးစွမ်းအားများကို အသက်သွင်းရင်း ရေစွမ်းအားများနှင့် ကြီးထွားလာသော အငွေ့အသက်များကို သိမ်းဆည်းနေခဲ့သည်။ ထို့ကြောင့် ဝမ်မိသားစုသခင်ကြီး၏ ပတ်ပတ်လည်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ရေစွမ်းအားများကို ထိန်းချုပ်နိုင်သော သွေးပြာလူသား၏ စွမ်းရည်ကလည်း သူ့အပေါ် အသုံးမဝင်ခဲ့ပေ။ သူက ပုံမှန်အတိုင်းသာ အတင်းအကြပ် တိုက်ခိုက်နေရ၏။ လက်ဝါး၏ အရှိန်အဝါကလည်း တောင်တန်းကြီးများကို ဖျက်ဆီးနိုင်သော ရေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

တစ်ပြိုင်နက်တည်းဆိုသလိုပင် သွေးပြာလူသားပညာရှင်က ချီစွမ်းအင် ပင်လယ်ကြီးထဲတွင် ဝါးမြိုခံလိုက်ရသည်။ သူက ရေနစ်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး လူသားအငွေ့အသက်ပင် ပျောက်ကွယ်သွားခဲ့၏။ သူက ကြောက်စရာအကောင်းဆုံး လက်ဝါးချက်ကို တိုက်ခိုက်လိုက်ရာ တခြားပညာရှင်များက အသက်ရှူရန်ပင် ခက်ခဲသွားခဲ့သည်။ ထိုသို့ဆိုရာတွင် သူက ရန်သူများကို ဖိနှိပ်နိုင်သော အန္တရာယ်အငွေ့အသက်တစ်ခု ရှိနေသေး၏။

ရန်သူက သူ့ကို ဓားနှင့်ထိုးလိုက်သည့်အချိန်တိုင်း မျက်စိတမှိတ်အတွင်း သူ၏အလယ်ဗဟိုကို တိုက်ခိုက်မိပြီး လက်ဝါးချက်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သူက နည်းလမ်းကို ပြောင်းချင်နေသည့်အချိန်တွင် ပြိုင်ဘက်က သူ့ထက် ခြေတစ်လှမ်း ပိုသာနေခဲ့သည်။

သူက ပြိုင်ဖက်၏ရှေ့တွင် ကလေးငယ်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သူ၏ရည်ရွယ်ချက်၊ အတွေးနှင့် လှုပ်ရှားမှုများအားလုံးကို တစ်ဖက်လူက ကြိုမြင်နေရသည်။ သူ့ဆီတွင် လျှို့ဝှက်ချက်မရှိတော့သလို ဖြစ်နေခဲ့၏။

ထိုအငွေ့အသက်ကိုလည်း ဝမ်မိသားစု သခင်ကြီးက သတိထားမိခဲ့သည်ေ။ လော်စာအုပ်က ချက်ချင်း ပြန်လှည့်သွားခဲ့ပြီး အနက်ရောင်နှင့်အဖြူရောင်အစက်များက တဖြည်းဖြည်းပိုပြီးထင်ရှားလာ၍ သဘာဝတရားကြီး၏ အငွေ့အသက်များအားလုံးကို တွက်ချက်၍ ကိုယ်ပိုင်နယ်မြေတစ်ခု ဖန်တီးလိုက်သည်။

စာအုပ်ဆီမှ အလင်းရောင်များ ထွက်ပေါ်လာပြီး ရွှေရောင်ပါးကွ(၈)ကွက် ဝင်္ကပါများက လေဟာနယ်ထဲတွင် ပျံ့နှံ့လာခဲ့၏။ သူတို့က တစ်ခုတည်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး မဟာလမ်းစဉ်၏ လျှို့ဝှက်ချက်များကို ပြသလိုက်သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းက တစ်လှည့်ဆီ ပြောင်းလဲနေပြီး စကြဝဠာကြီးကလည်း ပြောင်းပြန်ဖြစ်သွားခဲ့၏။ သူတို့က သွေးပြာလူသားပညာရှင်ကို ချုပ်နှောင်လိုက်သည်။ ထိုအချိန်တွင် သွေးပြာလူသားကို ချိန်ထားသော ဓားရှည်ကြောင့် သူက ပျက်စီးသွားခဲ့ပြီး အပြာရောင်သလင်းကျောက်အဖြစ် ပြောင်းလဲသွားခဲ့၏။

ယွမ်သခင်ကြီးကတော့ တတိယသခင်လေး ၊ ဟွမ်တိုက်ချုံ၊ သူ့မိသားစု အကြီးအကဲများနှင့် ပူးပေါင်း၍ သွေးပြာလူသား သိုင်းသခင်(၅)ယောက်ကို တိုက်ခိုက်နေကြသည်။ သူက လက်(၂)ဖက်ကို ခပ်တင်းတင်း ဆုပ်ထားခဲ့၏။ စောင်းသံကလည်း ကောင်းကင်ဇာမဏီငိုကြွေးသံ၊ နဂါးဟိန်းသံနှင့် လောကသုံးပါး ဖျက်ဆီးခြင်းဟူသောတေးသံများ ဆက်တိုက် ထွက်လာနေခဲ့သည်။

ထိုအသံများက သိုင်းသခင်(၅)ယောက်ကို ချုပ်နှောင်ထားပြီး လူသားသိုင်းသခင်(၃)ယောက်အတွက် ပြီးပြည့်စုံသောအခွင့်အရေးများကို ဖန်တီးပေးနေခဲ့သည်။

တတိယရွမ်သခင်လေးနှင့် တခြားသူများကတော့ ပို၍ကြီးမားသော တိုက်ခိုက်စွမ်းရည် ရှိနေသည့် စောင်းသံများကို ပြောင်းလဲအသုံးပြုနေခဲ့၏။ သူတို့က တောင်တန်းများကို မီးရှို့ပြီး ပင်လယ်ရေများကို ဆူပွက်သွားစေနိုင်သည်။ သိုင်းသခင်များ၏ ပင်မဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်၏။

သွေးပြာလူသားများက တဖြည်းဖြည်း အရေးနိမ့်လာပြီး ရန်သူများက ပို၍များပြားလာသည်။ တစ်ယောက်ပြီး တစ်ယောက်ဆိုသလို သူတို့က တန်ပြန်တိုက်ခိုက်ရန် သူတို့၏ရတနာများကို အသုံးပြုနေရ၏။ ထိုသို့ဆိုရာတွင် သူတို့က အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိပုံမရတော့ပေ။ အကယ်၍သူတို့ကသာ ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေနိုင်ခဲ့ခြင်း မရှိလျှင် သေရမည်သာဖြစ်၏။

ထို့ကြောင့် သူတို့က ဘိုးဘေးနတ်ဘုရား၏ အငွေ့အသက်ကို ခံစားမိသည့်အခါ အလွန်ဝမ်းသာသွားခဲ့သည်။ ထိုအချိန်တွင် ရွမ်သခင်ကြီး၏ မျက်နှာအမူအယာက ပြောင်းလဲသွားခဲ့၏။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏စောင်းအမြှီးကို ဖိနှိပ်လိုက်သည်။

"ချွမ် ..."

သူ၏ပတ်ပတ်လည်တွင် အဖြူရောင်ဆံနွယ်များ လှုပ်ရှားလာပြီး လူက အနည်းငယ် အသက်ကြီးသွားသလို ထင်မှတ်ရသည်။ သူက‌ စောင်းကို ဆက်လက်တီးခတ်နေပြီး အသံက သူ၏ပင်မဝိညာဉ်ထဲမှ ထွက်ပေါ်လာခဲ့၏။

သွေးပြာလူသား သိုင်းသခင်(၅)ယောက်ကတော့ ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး ရေစက်များအဖြစ် ပြောင်းလဲနိုင်ခြင်းပင် မရှိတော့ပေ။ သူတို့၏ လှုပ်ရှားမှုများက ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား ဖြစ်လာခဲ့၏။

"ကောင်းကင်အက်ကွဲ ကမ္ဘာမြေပြောင်းလဲခြင်းတေးသံ…"

ဟွမ်တိုက်ချုံနှင့် တခြားသူများကလည်း တပြိုင်နက်တည်းဆိုသလို သူတို့၏သတ်ဖြတ်ရေးသိုင်းကွက်များကို အသုံးပြုလိုက်ကြသည်။ ရုတ်တရက်ဆိုသလို ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး သွေးပြာလူသား သိုင်းသခင်(၅)ယောက်ကို လျင်မြန်စွာ ခုတ်ဖြတ်သွားခဲ့၏။

"ဖျောက် ... ဖောက် ... ဖောက်"

အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူတို့က သေဆုံးသွားခဲ့၏။ ထိုအရာက တိုက်ပွဲထဲတွင် လှုပ်ရှားလိုက်သော ဟယ်ချီသာဖြစ်သည်။

………….

လန်းယာ့မြို့ထဲတွင်…

မုန့်ချီက ရွမ်ယောင်ကွမ်း၏ ရှင်းပြမှုများကိုနားထောင်ပြီး ရွမ်မိသားစု၏ ပင်မအင်အားစုများက ပင်လယ်ကြမ်းပြင်ကို ရောက်နေကြောင်း နားလည်သွားခဲ့သည်။ ဤနေရာကတော့ ဟန်ပြသက်သက်သာဖြစ်သည်။ ထို့ကြောင့်လည်း အစောပိုင်းတွင် မိသားစု၏ သဘောထားက ထူးဆန်းနေခဲ့ရခြင်းဖြစ်၏။

"အခုဆိုရင် တိုက်ပွဲက စနေလောက်ပြီ။ ဒီတော့ ပေါ်သွားမှာကို စိုးရိမ်ဖို့ မလိုတော့ဘူး။ ငါတို့က တိုက်ပွဲကိုအခွင့်ကောင်းယူပြီး တခြားသူတွေ တိုက်ခိုက်မရအောင် ဝင်္ကပါကို အသက်သွင်းထားရလိမ့်မယ် ... "

ရွမ်ယောင်ဟွမ်းက ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြောလိုက်သည်။

ခြံဝင်းတစ်ခုထဲတွင်…

လက်(၉)ချောင်း သွေးပြာလူသား၏ အမူအယာက အေးစက်သွားပြီး ရုတ်တရက် ပြောလိုက်၏။

"သွားကြစို့…"

ပုံမှန်အခြေအနေတွင် သူတို့က သာမန်လူသားများနှင့် ကွဲပြားနေခြင်း မရှိကြပေ။ ထို့ကြောင့် သူတို့က ဤနေရာတွင် သတင်းစုံစမ်းရန် လူလွှတ်လိုက်ခြင်းဖြစ်၏။ ယခုတော့ ပင်လယ်ကြမ်းပြင်တွင် တစ်စုံတစ်ခု ပြောင်းလဲနေပြီဖြစ်ကြောင်း သူတို့က သိသွားကြပြီဖြစ်သည့်အတွက် ဤနေရာတွင် ဆက်မနေရဲကြတော့ပေ။

ထို့ပြင် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်၌ ရှိနေသော ပညာရှင်(၃)ယောက်နှင့် သာမန်ဝေ့ကျင်းအဆင့် ပညာရှင်(၃)ယောက်က လန်းယာ့တွင် ဘာများလုပ်နိုင်မည်နည်း။

အကယ်၍ ပင်လယ်ကြမ်းပြင်တွင် ရှိနေသော ပြောင်းလဲမှုများက ရွမ်ကလန်၏ လုပ်ဆောင်ချက်ဆိုလျှင်ပင် သူတို့ဆီ၌ သိုင်းသခင်များ ကျန်နေနိုင်သေးသည်။ အစောပိုင်းတွင် လှည့်ပတ်သွားလာနေသော ဖရာကျဲတူနှင့် ပေါင်းလိုက်မည်ဆိုလျှင် သူတို့က ပြဿနာအနည်းငယ်သာ ရှာနိုင်သည်။

သူတို့က မြို့ထဲမှ ထွက်ပြေးရန် အခွင့်အရေးကို ရှာရမည်ဖြစ်၏။ ထိုသို့ဆိုလျှင် မျှော်လင့်ချက်များ ရှိနိုင်သေးသည်။ သူတို့က ပင်လယ်ကြမ်းပြင်သို့ ပြန်သွားရန် ရက်ပေါင်းများစွာ ကြာနိုင်၏။ ထိုအတွက် အချိန်မရှိနိုင်တော့ပေ။

…………..

သူ၏လက်အောက်ငယ်သားများ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်နေသည်ကိုမြင်သည့်အခါ အဆင့်မြင့်နတ်ဆရာ၏ စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာခဲ့သည်။ သူက လက်(၂)ဖက်ကို အောက်သို့ ဖိနှိပ်လိုက်သည်။

ထိုအချိန်တွင် ဘိုးဘေးနတ်ဘုရား၏ အငွေ့အသက်က ကျောင်းဆောင်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီး ကျောင်းဆောင်တစ်ခုလုံးက ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ ရုတ်တရက်ဆိုသလို ကျောင်းဆောင်၏ အတောင်(၂)ဖက်ကလည်း ပြန့်လာခဲ့သည်။ ကျောင်းဆောင်၏ အောက်ဘက်မှနေ၍ တွန်းကန်အားတစ်ခုထွက်လာပြီး ကျောင်းဆောင်ကြီးတစ်ခုလုံးက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲလာခဲ့သည်။

"ဗုန်း ... "

ကျောင်းဆောင်ကြီးက အလွန်လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ အဆင့်မြင့်နတ်ဆရာက ထွက်ပြေးသွားရန် ပြင်ဆင်လိုက်ခြင်းဖြစ်၏။

Translated by Hein Htet.

All Chapters