လျိုကျီချိန် ပြန်လာပြီ
Vol. 40 Ch. 587
မည်သူနည်း။ လျိုကျီချိန်လော။ သူပြန်လာပြီလော။
“မင်းဘယ်လိုလုပ်သိလဲ.. သူမင်းကို လာတွေ့လို့လား..”
ဖုန်းယွီ စိတ်ဝင်တစား မေးလိုက်သည်။ လျိုကျီချိန်၏ အိမ်သည် ရွာတွင်ရှိနေဆဲဖြစ်၍ ဝမ်သောင်ကျွင်းမူကား ခရိုင်တွင် နေထိုင်ပေသည်။ ထိုနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တွေ့စရာမရှိချေ။
“သူက ဒီနှစ်ထဲ စစ်မှုထမ်းပြီး အငြိမ်းစားယူတဲ့ စစ်သည်တွေထဲကတစ်ယောက်လေ. နှစ်သစ်ကူးနေ့ မတိုင်ခင်က ပြန်လာတာ.. ငါ့အဖေ ငါ့ကိုပြောတယ်ကွ..”
ယနေ့ခေတ် ဖုန်းယွီ ဤဘဝသို့ ပြန်မလာမှီအချိန်နှင့် မတူတော့ချေ။ နောင်နှစ်များတွင် လူအများ နွေရာသီတွင် စစ်မှုထမ်းကြပြီး နွေရာသီတွင် အငြိမ်းစားယူကြသည်။ ယခုအချိန်တွင် စစ်သည်အများစုသည် ဆောင်ရာသီ၌ စုဆောင်းခံရပြီး ဆောင်ရာသီတွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူကြသည်။ လျိုကျီချိန်သည် (၁၉၉၀)တွင် စစ်မှုထမ်းခဲ့ပြီး ဖြစ်သော်လည်း စစ်တပ်မဖွဲ့စည်းခင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခဲ့သည်မှာ အပြောင်းအလဲများတွင် ပါဝင်ခဲ့သူများနှင့် အတူတူပင် ဖြစ်သည်။
လျိုကျီချိန်သည် စစ်မှုထမ်းခြင်း (၃)နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ တာဝန်ထမ်းဆောင်မှု အနေအထားအရ အရာရျိတစ်ဦးဖြစ်ပေလိမ့်မည်။
“သူ့ကို ဘယ်ဌာနမှာ တာဝန်ပေးထားလဲ.. ရဲဌာနလား..”
စစ်သည်များ အငြိမ်းစားယူသည့်အခါ သူတို့ မွေးရပ်မြေသို့ ပြန်ပို့ခံရပြီး အရာရှိများကို ရဲတပ်ဖွဲ့ သို့တည်းမဟုတ် အမျိုးသား လုံခြုံရေးအဖွဲ့များသို့ ကမ်းလှမ်းလေ့ရှိသည်။ ခရိုင်ငယ်တစ်ခုအတွက် စစ်မှုထမ်းရန် လူအနည်းငယ်သာပါဝင်ကြပြီး လျိုကျီချိန်သည် ဦးလေးဝမ်နှင့် တပ်စုတစ်ခုတွင် အချိန်အတန်ကြာ အတူတကွ စစ်မှုထမ်းခဲ့သည်။ ရဲတပ်ဖွဲ့သို့ဝင်ရန် ပြဿနာ မရှိလောက်ချေ။
“မဟုတ်ဘူးကွ.. မဲနှိုက်ပြီး မွေးမြူရေးဌာန ရောက်သွားတယ် ထင်တယ်..”
ဖုန်းယွီ စကားမဲ့သွားတော့သည်။ မဲနှိုက်ရသည်လော။ ထိုသို့သော နေရာချထားပေးခြင်းသည် စစ်သည်များအတွက် မည်သို့ တရားမျှတနိုင်မည်နည်း။ ဤသည်ကို ဦးလေးဝမ်အကြံပြုခဲ့သည်လော။
မွေးမြူရေးဌာနခွဲ၏ အလုပ်အကိုင်များကို ထိုနယ်ပယ်တွင် လေ့ကျင့်ထားသူများအတွက် သီးသန့်ထားသင့်ပေသည်။ အနည်းဆုံး လျှောက်ထားသူများတွင် အထူပြုဘာသာရပ် ရှိရပေလိမ့်မည်။ လျှိုကျီချိန်သည် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး တိရစ္ဆာများအကြောင်း မည်သို့ သိနိုင်မည်နည်း။
“သူ တပ်ထဲမှာ ဘယ်ဌာန တာဝန်ထမ်းခဲ့ရလဲဆိုတာ သိလား.. ဘယ်လိုစစ်သည်မျိုးလဲ..”
ဖုန်းယွီ ထပ်မေးမိပြန်သည်။
“ငါ ဘယ်လိုလုပ် သိမှာတုန်း.. ဒါပေမယ့် အဖေ့ကိုတော့ မေးလို့ရမယ်ကွ.. သူသိလောက်တယ်.. မင်းဘာလို့ သိချင်တာလဲ.. စစ်ထဲဝင်ချင်လို့လား..”
“ငါ့ကိုယ်ငါ ညှင်းစဲမယ်များ ထင်နေလား..”
စစ်သား လုပ်ရမည်လော။ လူတော်တော်များများ၏ အိပ်မက်ဖြစ်နိုင်ပေသည်။ သို့ရာတွင် စစ်သည်များ စစ်တိုက်ရန် အခွင့်မသာချေ။ အများစုမှာ နေ့ရောညပါ လေ့ကျင့်နေကြရလိမ့်မည်။ တစ်ချို့ စစ်စခန်းများ၌ ဝက်စာကျွေး ရကောင်း မှန်းပင် မသိကြချေ။
ဖုန်းယွီ စစ်သည်ဖြစ်ရန် စိတ်မဝင်စားချေ။ သို့ရာတွင် လျိုကျီချိန်ကို စိတ်ဝင်စားခဲ့သည်။ နှစ်များ ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားမည်လော သိချင်နေမိသည်။
“အော်.. ဟုတ်သားပဲ.. လျိုကျီချိန်နဲ့ ကျန်တဲ့သူတစ်ချို့ ဒီနေ့ မွေးမြူရေးဌာနကို သတင်းပို့ရမယ်ကွ.. ငါတို့ သူနဲ့ မတွေ့တာကြာပြီ.. သူနဲ့သွားတွေ့ပြီး လက်ဆောင်တွေ ပေးကြမလား..”
ဖုန်းယွီ ဝမ်သောင်ကျွင်းကို တစ်ချက်ကြည့်လိုက်သည်။ ဒင်းနောက်ဆုံး ရည်ရွယ်ချက်က ဤသည်ပင်လော။
ခရိုင်ကား မကြီးချေ။ ဖုန်းယွီနှင့် ဝမ်သောင်ကျွင်းတို့သည် မွေးမြူရေးဌာနသို့ လျှောက်သွားခဲ့ကြရာ (၁၀)မိနစ်ပင် မကြာချေ။ ထိုသည်မှာလည်း ဝမ်သောင်ကျွင်း၏ စိတ်ကူးသာပင်။ သူ့အား မျောက်တစ်ကောင်ကဲ့သို့ လူအများ ကြည့်နေခြင်း ရှိမရှိ သိချင်နေခြင်းကြောင့်ပင်။
သို့ရာတွင် နှင်းများစွာ ကျဆင်းနေသဖြင့် မည်သူမျှ သတိမထားမိကြချေ။
******
“အစ်ကိုချိန်..”
ဝမ်သောင်ကျွင်း လျိုကျီချိန်နှင့် တွေ့သည့်အခါ အလွန်စိတ်လှုပ်ရှားနေပေသည်။ သူပထမဆုံးအကြိမ် အမဲလိုက်စဉ်က လျိုကျီချိန်နှင့် အတူတူဖြစ်သည်။
“သောင်ကျွင်း.. ရှောင်ယွီတို့လား.. မင်းတို့ဘာလို့ ရောက်လာတာတုန်း..”
လျိုကျီချိန် သူတို့ကို မြင်သည့်အခါ ပြုံးလိုက်သည်။ သူ့မွေးရပ်မြေကို လွမ်မနေချေ။ သို့ရာတွင် တစ်ရွာတည်းသားကို တွေ့ရ၍ ဝမ်းသာပေသည်။
ဖုန်းယွီ ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။ သူ့ဘေးနားရှိ လျိုကျီချိန်ကိုသာ ကြည့်နေပေသည်။ လျိုကျီချိန်နှင့် ပတ်သက်၍ ကွဲပြားမှုတစ်ခု သတိပြုမိလိုက်သည်။ ခံစားချက် တစ်ခု ဖြစ်ခဲ့ပေသည်။ မစ္စတာလူ၏ သက်တော်စောင့်တစ်ဦးမှ ပေးသည့် ခံစားချက်နှင့် တူညီပေသည်။
မစ္စတာလူ၏ ကိုယ်ရံတော်သည် စစ်တိုက်၍ လူများစွာ သတ်ခဲ့ဖူးပေသည်။ လျိုကျီချိန်သည် စစ်တပ်ထဲသို့ ဝင်ခဲ့သည်။ လူများစွာ သတ်ခဲ့ဖူးသည်လော။
“အစ်ကိုချိန် မင်းပြန်လာပြီပဲကို .. ဘာလို့များ ငါတို့ကို လာမတွေ့ရတာတုန်း.. မင်းအတွက် အဖေ့ကို ရဲဌာန လွှဲခိုင်းလို့ ရတာပဲလေ.. အလုပ်သက်သာပြီး လစာတောင် ပိုသေးတယ်.. တိရစ္ဆာန်တွေ ထိန်းရတာထက် ကောင်းပါတယ်ဟ..”
ဝမ်သောင်ကျွင်း မွေးမြူရေးဌာနအတွင်း ရှိနေသည်ကို ဂရုမစိုက်ဘဲ ပြောချင်ရာပြောတော့သည်။
လျိုကျီချိန်ပြုံ၍..
“မလိုပါဘူးကွာ.. တကယ်တော့ ဒီနေ့ ငါဒီကိုလာတာ စာရွက်စာတမ်းကိစ္စ ရှင်းဖို့ပါပဲ.. ရွာမှာ အလုပ်မလုပ်ချင်ပါဘူး..”
“ဘာကြီး.. ဒါဆို မင်းဘာဆက်လုပ်မှာလဲ..”
ဝမ်သောင်ကျွင်း မေးလိုက်သည်။ လျိုကျီချိန် အလုပ်မလုပ်ပါက သူ့မိသားစုအား မည်သို့ ထောက်ပံ့မည်နည်း။ သူ့အဖေကဲ့သို့ လယ်သမားအဖြစ် ဆက်သွားလိုသည်လော။
သို့ရာတွင် မွေးမြူရေးဌာနတွင် အလုပ်လုပ်သည်က လယ်သမားထက် ပိုကောင်းပေသည်။ လျိုကျီချိန်၏ ဖခင်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စွန့်ပစ်မြေများ စိုက်ပျိုးခဲ့ပေသည်။ လယ်မြေများကို အစိုးရက ပြန်ပေးသည့်အခါ တော်တော်များများ ရလိုက်သည်။ သူသည် ရုရှားတွင် လယ်မစိုက်သော်လည်း ခရိုင်အတွင်း ဖန်လုံအိမ်ဆောက်သည့် ပထမဆုံးသူဖြစ်ပေသည်။ သူ့တစ်နှစ်တာ အမြတ်အစွန်းသည် တော်တော် ကောင်းပေသည်။ လျိုကျီချိန်သည် သူ့အဖေကဲ့သို့ မှန်လုံအိမ် ဆောက်ချင်နေသည်လော။ သို့ရာတွင် မြေမြူရေးဌာနတွင် အလုပ်ပြီးမြောက်ပါက ဆက်လုပ်နိုင်ပေသည်။
“ငါ့တပ်ခွဲမှူးက ရှန့်ယန်မှာ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတစ်ခု ထူထောင်ထားတယ်ကွ… သူငါ့ကို လာပြီး ကူညီစေချင်နေတာ..”
ဖုန်းယွီ အံ့ဩသွားမိသည်။ ယခုအချိန်တွင် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများ ရှိနေသည်လော။ သို့ရာတွင် လျိုကျီချိန်သည် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုတွင် ဘာလုပ်နိုင်မည်နည်း။ ရာဇဝတ်မှု ကျူးလွန်ခြင်း ခံရနိုင်ပေသည်။
“ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီလား.. အဲဒါ ဘာလုပ်တာလဲ..”
ဖုန်းယွီ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“တစ်ချို့သူဌေးတွေအတွက် ယဉ်မောင်း လုပ်ပေးပြီး သူတို့ဘေးကင်းရေး သေချာလုပ်ရတာပေါ့.. လစာတော့ တော်တော်များတယ်.. တစ်လ ယွမ်(၅၀၀)လောက်ရှိမယ်..”
လျိုကျီချိန်သည် စစ်မှုမထမ်းမှီက ပမ့်မြို့တော်၏ တစ်နှစ်ပျမ်းမျှဝင်ငွေမှာ ယွမ်(၁၀၀၀)ခန့်ရှိပေသည်။ ယခုအချိန်၌ပင် တစ်နှစ်လျှင် ပျမ်းမျှလစာသည် ယွမ်(၃၀၀၀)အောက်သာ ရှိပေသည်။ လစဉ်လစာမှာ ယွမ် (၂၀၀)မှ (၃၀၀)ခန့်ဖြစ်ပေသည်။
လူအချို့သည် အနည်းငယ် ဝင်ငွေပိုသည် နည်းသည် ဖြစ်သော်လည်း မွေးမြူရေးဌာန၏ လစာမှာ တစ်လလျှင် ယွမ်(၂၀၀)ခန့်သာ ရှိပေသည်။ ယခု ယွမ်(၅၀၀)လစာဖြင့် အခြား အလုပ်တစ်ခုမှ ကမ်းလှမ်းထားပြီးဖြစ်သဖြင့် လျိုကျီချိန် အလွန်သွေးဆောင်ခံခဲ့ရပေသည်။
ဖုန်းယွီ သူ့၌ ဟောင်ကောင်တွင် ကားမောင်သူရှိကြောင်း ရုတ်တရက် သတိရသွားသည်။ သို့ရာတွင် သူတရုတ်ပြည်သို့ ပြန်ရောက်ပါက မိမိကိုယ်တိုင် မောင်းရပေလိမ့်မည်။ သူအနေဖြင့် မည်သည့်အတွက် တရုတ်တွင် ကားသမား မငှားရမည်နည်း။
ဖုန်းယွီ ဖခင်သည် အရက်သောက်ခြင်းကို နှစ်သက်ပေသည်။ အရက်သောက်ပြီး ကားမောင်းပါက မည်သို့ဖြစ်မည်နည်း။ သူ့အဖေသည်လည်း ကားမောင်းရပေလိမ့်မည်။
ဖုန်းယွီ လွန်ခဲ့သည့်(၂)နှစ်အတွင်း ပေါ်လာခဲ့သည့် လူ(၃)ယောက်ကို သတိရမိလိုက်သည်။ နောက်(၁)နှစ်ခွဲအကြာ ဘွဲ့ရပေတော့မည်။ မိမိလုံခြုံရေးအတွက် ကိုယ်ရ့တော် ထားရှိသင့်ပေသည်။
“အစ်ကိုချိန်.. မင်းတပ်ထဲမှာတုန်းက ဘာတာဝန်ထမ်းခဲ့တာလဲ.. ဘယ်စစ်တပ်မှာလဲ..”
ဖုန်းယွီ မေးလိုက်မိသည်။
လျိုကျိချိန် စိတ်ရှုတ်သွားပုံ အကြည့်ဖြင့်..
“စိတ်မကောင်းပါဘူးကွာ.. စည်းကမ်းဖေါက်ပြီး ထုတ်ပြောလို့မရလို့ပါ..”
ထုတ်မပြောနိုင်ဘူးလော။ ဤသည်မှာ ထိပ်တန်းလျှို့ဝှက် စစ်ဘက်ဆိုင်ရာအဖွဲ့တစ်ခုပေလော။
“ဒါဆို မင်း စစ်ပွဲအတွေ့အကြုံရှိလား.. စစ်တိုက်ဖူးလား..”
“တိုက်ဖူးတာပေါ့..”
“စစ်ပွဲမှာ ဆုတံဆိပ်တွေ ရခဲ့သေးလား.. စစ်မှုထမ်းပြီး အငြိမ်းစားယူတဲ့အချိန် ဘယ်အဆင့်ရောက်နေပြီလဲ.. ဒု-ဗိုလ်လား.. ဗိုလ်မှူးလား..”
ဝမ်သောင်ကျွင်း ဝင်မေးလိုက်ခြင်းပင်။ သူ့မျက်လုံးများ တောက်ပနေပေသည်။ လျိုကျိချိန်သည် စစ်ပွဲတွင် အမှန်တကယ် တိုက်ခိုက်ခဲ့ဖူးပေသည်။
“ငါက တပ်ကြပ်ကြီး တစ်ယောက်ပါပဲလေ.. ငါ့မှာ ပညာရေးနိမ့်တော့ အဆင့်တက်ဖို့ ခက်တယ်ကွ..”
ဖုန်းယွီ လျိုကျီချိန်အား ကြည့်လိုက်သည်။ ဒိကောင် နှုတ်ခမ်းများ တင်နေသည်။ သို့ရာတွင် စစ်သားများ သောက်ခွင့်မရှိချေ။ နှစ်ပေါင်းများစွာကြာမှသာ အရက်သောက်ခြင်းသည် အရာရာ မထိန်းချုပ်တော့ချေ။
မှန်ပေ၏ မူအောင်တိုက်၍ ထုတ်ဖော်ခိုင်းရပေတော့မည်။
လျိုကျီချိန်အား သူ့ကိုယ်ရံတော်အဖြစ် ထားရန်မှာ သူအတိတ်ကို ဦးစွာနားလည်ထားမှ ရပေလိမ့်မည်။
“အစ်ကိုချိန် အားလုံးမှာ ကိုယ်စီ ဆန္ဒရှိနေတာပဲ.. ဒီမှာအလုပ်မလုပ်ချင်ရင်လဲ ကောင်းတာပဲ.. နောက်(၂)နှစ်လောက်ဆို ဦးလေးလျိုကို မြို့ထဲမှာနေဖို့ ခေါ်လို့ရတပဲ.. အဲ့မှာပျော်အောင် ထားလိုက်ပေါ့.. အခုလောလောဆယ် ဘာလုပ်စရာမှမှ မရှိတာ ငါတို့နဲ့ ဘာလို့ မသောက်တာလဲ.. (၂)လမ်းမှာ စားသောက်ဆိုင် အသစ်ဖွင့်ထားတယ်.. သွားသောက်ရအောင်လေ..”
ဝမ်သောင်ကျွင်း ဖုန်းယွီကို အံ့ဩစွာကြည့်လိုက်သည်။ ဒီကောင် ဖုန်းယွီ သောက်ရန် အကြံပေးခဲ့သည်လော။ ယနေ့ အနောက်အရပ်မှ နေထွက်ပေတော့မည်။
လျိုကျိချိန် သူ့အိတ်ထမ်းရင်း ရယ်မောကာ..
“ကောင်းလိုက်တဲ့အကြံကွာ.. ငါတကာခံမယ်ဟေ့..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)