← Chapters

မေးခွန်းများ

Vol. 40 Ch. 588

မေးခွန်းများ

Vol. 40 Ch. 588

ခရိုင်သည် အခြားမြို့ကြီးများကဲ့သို့ မကျယ်ဘဲ လူဦးရေ (၂၀၀၀၀)နီးပါးသာ ရှိသော်လည်း စားသောက်ဆိုင်များနှင့် ဟိုတယ်ငယ်များလည်း ရှိနေပေသေးသည်။

ဤစားသောက်ဆိုင်သည် ယခုနှစ်တွင် အသစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဇနီးမောင်နှံ ဦးစီးဆောင်ရွက်သည့် စားသောက်ဆိုင်ငယ်လေး ဖြစ်ပြီး ၎င်းတို့၏ ဆွေမျိုးအချို့ ကူညီဆောင်ရွက်ပေးခဲ့ပေသည်။ ခရိုင်တွင် စားသောက်ဆိုင် များများစားစားမရှိခြင်းကြောင့် ဤစားသောက်ဆိုင်၏ လုပ်ငန်းမှာ ကောင်းမွန်နေပေသေးသည်။

ဖုန်းယွီနှင့် ကျန်သူများ ရောက်ရှိလာချိန်တွင် စားသောက်ဆိုင်ရှိ စားပွဲ(၆)လုံးအနက် (၄)လုံး မအားတော့ချေ။ သူတို့ (၃)ယောက် ထိုင်ပြီးသည်နှင့် ဝမ်သောင်ကျွင်း ဟင်း(၆)မျိုး မှာလိုက်သည်။

လျိုကျီချိန် မျက်မှောင်ကြုတ်လိုက်သည်။ လူ(၃)ယောက် မည်မျှစားနိုင်မည်နည်း။ သို့ရာတွင် မိမိတကာခံမည် ပြောထားပြီးဖြစ်၍ ဘာမှ ထပ်မပြောခဲ့ချေ။ စစ်မှုထမ်းခြင်းမှ အနားယူပြီးနောက် သူ့မိသားစုသည် အခြေအနေ ပိုကောင်းလာပြီး ငွေကြေးစုဆောင်းလာနိုင်ပေသည်။

သို့ရာတွင် ဝမ်သောင်ကျွင်းနှင့် ဖုန်းယွီတို့ကမူ သူ့ကို တကာခံခွင့်ပေးမည်မဟုတ်ကြောင်း နည်းနည်းမှ မသိချေ။ ဤအတောအတွင်း သည်ထက်ပိုကြီးသည့် စားသောက်ဆိုင်သို့ သွားမည်ဆိုလျှင်ပင် ဖုန်းယွီ ငွေထုတ်ရှင်းပေလိမ့်မည်။ စားသောက်ဆိုင် သေးသေးလေးအတွင်း စားပါက ဝမ်သောင်ကျွင်း ရှင်းမည်ဖြစ်သည်။ ယနေ့ ဝမ်သောင်ကျွင်း ရှင်းမည်ဖြစ်၍ စိတ်ကြိုက်မှာနေခြင်းပင်။

“ဘီယာလား ပုကျိုးလား..”

ဝမ်သောင်ကျွင်း ဖုန်းယွီအား စိုက်ကြည့်လိုက်သည်။ ဖုန်းယွီ အရက်ကောင်းကောင်း မသောက်နိုင်မှန်း သူသိထားပေသည်။ သို့ရာတွင် ဖုန်းယွီ အရက်သောက်ရန် အကြံပေးခဲ့ပေသည်။ ဝမ်သောင်ကျွင်း ဖုန်းယွီကို နောက်ထပ် အမူးတိုက်ချင်နေခြင်းဖြစ်ပေသည်။

“ငါအခုမှ ခရီးရှည်ကြီးကို ကားစီးပြန်လာတာ သိပ်နေမကောင်းချင်ဘူး… ဘီယာလောက်ပဲကောင်းမယ်ထင်တယ်.. သောင်ကျွင်း မင်းနဲ့အစ်ကိုချိန်အတွက် ပုကျိုးမှာလိုက်လေ.. ဆိုင်ရှင် ပုကျိုး(၆၀)ရာခိုင်နှုန်း (၁)ပုလင်းနဲ့ ဘီယာ တစ်ပုလင်းချပေး..”

ဖုန်းယွီကပင် အော်၍ မှာလိုက်သည်။ ဝမ်သောင်ကျွင်း ရယ်မောလိုက်မိသည်။ ကားမူးသည်လော။ ကားမောင်း၍ နေမကောင်းဖြစ်သူကို ယခုမှ ကြားဖူးတော့ပေသည်။

မသောက်ရဲဟုသာ ပြောနေသော်လည်း ဘီယာကိုမူ မှာဖြစ်အောင် မှာလိုက်သေးသည်။

လျိုကျီချိန်ကမူ ဘာမှမပြောချေ။ စားသောက်ဆိုင်ပိုင်ရှင်သည် အရက်နှင့် မြေပဲတစ်ပန်းကန် ချပေးပေသည်။ ဖုန်းယွီ ချက်ချင်း သူ့ဖန်ခွက် မြှောက်လိုက်သည်။ ဖုန်းယွီ သူ့ခွက်ကုန်အောင်သောက်ကာ..

“ငါမှာ လစ်မစ်ရှိတယ်.. မင်းတို့ ဆက်သောက်ကြပေါ့..”

ဝမ်သောင်ကျွင်း ဖုန်းယွီကို တစ်ချက်ကြည့်လိုက်သည်။ သေစမ်း။ သူ့မှာ ဘီယာထား၍ မိမိတို့ကို သောက်စေချင်နေသည်လော။ ပုကျိုး တစ်ကွက်ပဲ ကုန်အောင်သောက်ကြည့်စေချင်မိသည်။ တစ်ခွက်ဖြင့်ပင် စားပွဲအောက် မှောက်နေမည်မှာ အမှန်ပင်။

သို့ရာတွင် ဝမ်သောင်ကျွင်းသည် ဖုန်းယွီသူ့ကို မျက်စပြစ်ပြသည်အား မြင်လိုက်ရသည်။ သူတို့နှစ်ယောက် အတူကြီးပြင်းလာခဲ့ကြသဖြင့် မည်သည်ကိုဆိုလိုကြောင်း ချက်ချင်းသိလိုက်သည်။ ဖုန်းယွီ လျိုကျီချိန်အား အရက်မူးအောင် လုပ်ချင်နေခြင်းပင်။

ဝမ်သောင်ကျွင်းကမူ လျိုကျီချိန်ကို နောက်ပြောင်ရန်ဟု ထင်နေသော်လည်း ဖုန်းယွီမှာမူ အရက်မူးပြီးနောက် လျိုကျီချိန်ကို စကားပြောလာစေရန် လိုချင်နေခြင်းဖြစ်ပေသည်။

လျိုကျီချိန်သည် ဖုန်းယွီတွင် လစ်မစ်(အရက်ဝိုင်းတွင် အကန့်အသတ်ဖြင့်သောက်ခြင်း)ရှိခြင်းကို တေါ့ပြီးနောက် ဝမ်သောင်ကျွင်း ခနတာ တုံ့ဆိုင်းနေစဉ် သူ့ဖန်ခွက် (၃)ပုံ(၁)ပုံနီးပါး သောက်လိုက်သည်။

ထိုနှစ်ယောက်မှာ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူပြီးနောက် ပထမဆုံးတွေ့ရသည့် သူငယ်ချင်းများဖြစ်ပေသည်။ သူ မည်သည်ကိုမှ မပြောဘဲ သောက်လိုက်တော့သည်။ ယားယံခြင်းနှင့် ပူလောင်ခြင်း ခံစားချက်သည် ပါးစပ်မှ ဝမ်းဗိုက်အထိ ခံစားလိုက်ရသည်။ လျိုကျီချိန် မြေပဲနည်းနည်းအား ချက်ချင်းစားလိုက်ရတော့သည်။

“အစ်ကိုချိန် မင်းတကယ် သောက်နိုင်တာပဲ …. ဒီနေ့ ပိုသောက်ရမယ်…”

လျိုကျိချိန် သောက်သည့်ပုံစံမြင်လိုက်ရသည့်အခါ ဝမ်သောင်ကျွင်း အံ့ဩသွားမိတော့သည်။

လျိုကျိချိန်သည် သူ့နှလုံးသားထဲတွင် မိမိကိုယ်ကိုယ် ကျိန်ဆဲမိတော့သည်။ ကျိုသိခဲ့ပါက တစ်ခွက်လောက်သာ သောက်သင့်ပေသည်။ စစ်မှုထမ်းသက်နှစ်ချီကြာလာကာ နှစ်သစ်ကူးမှလွဲ၍ အခြားအရက်သောက်ခွင့်မရှိချေ။ သူအရက်မူးသွားသည့် တစ်ကြိမ်တည်းသော အချိန်မှာ စစ်မှုမထမ်းမှီ တစ်ရက်အလိုတွင် ဖြစ်ပေသည်။

လျိုကျိချိန်၏ မိသားစုသည် တပ်ထဲမဝင်မီက ဆင်းရဲခဲ့သည်။ တစ်ခါတရံ သောက်တတ်သော်လည်း အမြဲသောက်တတ်သူ မဟုတ်ချေ။ စစ်သားဟောင်း တစ်ယောက်အနေဖြင့် သူ့တွင် မာနနှင့် အတ္တရှိပေသည်။ သူတပါး နှိမ့်ချမှုအား မကြိုက်ချေ။ မသောက်နိုင်လျှင်ပင် သတ္တိရှိရှိ ရှေ့ဆက်ရမည်သာပင်။ ယနေ့ ဒုတိယအကြိမ် မူးမည့် အရိပ်အယောင် ပြလာတော့သည်။

“ဟုတ်တယ်.. ဒီနေ့ ငါတို့တွေ ပိုသောက်ရမယ်.. ရှောင်ယွီ မင်းလဲ ပိုသောက်ရမယ်နော်..”

လျိုကျီချိန် ထပ်ပြောပေသည်။

“အင်းပါ.. ပိုသောက်မှာပါ.. လာ.. လာ.. နောက်တစ်ခွက်ပေါ့…”

ဖုန်းယွီ သူ့ဖန်ခွက်မြှောက်က ချက်ချင်း ပြန်ချလိုက်သည်။

ဝမ်သောင်ကျွင်း စကားတစ်ခွန်းမှ မပြောဘဲ ဖန်ခွက်တစ်ဝက် ပြီးအောင် သောကလိုက်သည်။ ပါးစပ်အတွင်း ပုကျိုးဝင်သွားသည့် ဒဏ်ကို ခံစားလိုက်ရသည်။ များသောအားဖြင့် ဝမ်သောင်ကျွင်းသည် ဤ ပုကျိုး(၆၀)ရာခိုင်နှုန်း၏ (၃၀၀)မီလီခန့် သောက်နိုင်ပေသည်။ သို့ရာတွင် ယနေ့ အရက်သောက်နှုန်း မြန်နေပေသည်။ လျိုကျီချိန် သူထက်ပိုဆိုးပေသည်။ မျက်နှာများ နီမြန်းလာပေသည်။

ထို့နောက် ဖုန်းယွီသည် ၎င်းတို့ အရက်သောက်နှုန်း အရျိန်လျော့ရန် ဝမ်သောင်ကျွင်းကို အသာအချက်ပြလိုက်သည်။ ဝမ်သောင်ကျွင်းသည် လျိုကျီချိ အရက်မူးအောင်လုပ်ရန် ကြိုးစားသူတစ်ယောက်အလား ဖြစ်နေပေသည်။

ဝမ်သောင်ကျွင်းသည် စားပွဲအောက်မှ ဖုန်းယွီ၏ ခြေဖဝါးပေါ်သို့ လှမ်းတို့လိုက်သည်။ သူသည် မိမိအား မူးအောင် တိုက်ခိုင်းသူသာပင်။ ယခုမူ သူက သူတော်ကောင်းယောင် ဆောင်နေပေသည်။

သို့ရာတွင် ဖုန်းယွီသည် လျိုကျီချိန်ကို အမိဖမ်းရန် ကြိုးစားနေကြောင်း ဝမ်သောင်ကျွင်း မသိခဲ့ချေ။ သိသာလွန်း သွားပါက လျိုကျီချိန် သူတို့နှင့် အရက်သောက်ခြင်းကို ရပ်သွားပေလိမ့်မည်။

ဖုန်းယွီ သူ့ယောက္ခမထံမှ ဤလှည့်ကွက် သင်ယူထားပေသည်။ ကီရိလန်ကိုကို မူးအောင်တိုက်ရာတွင်လည်း ဤအတိုင်းသာပင်။ သို့တိုင်အောင် လျိုကျီချိန်အတွက်ပါ အသုံးဝင်ပုံရပေသည်။

ဝမ်သောင်ကျွင်းနှင့် လျိုကျီချိန်တို့သည် ဟင်းပွဲများအားလုံး လာချသည့်အခါ အမြန်စားကြတော့သည်။ ဗိုက်ဆာ၍ မဟုတ်ချေ။ အရက်ပိုသောက်နိုင်ရန် ဖြစ်ပေသည်။ ဖုန်းယွီကမူ ဖြည်းဖြည်းချင်းသာ စားပေသည်။ ထိုစားသောက်ဆိုင်ငယ်လေးထဲတွင် အစားအသောက်များ အမှန်ပင် အရသာ ရှိပေသည်။

ဖုန်းယွီသည် သူ့ဘီယာပုလင်း ကုန်သည့်အခါ ဝမ်သောင်ကျွင်းနှင့် လျိုကျီချိန်တို့သည်လည်း ပုကျိုးတစ်ပုလင်း ကုန်သွားပေပြီ။

“ဆိုင်ရှင်အမရေ နောက်ထပ် ပုကျိုး တစ်ပုလင်းနဲ့ ဘီယာ ချပေးပါအုံး..”

ဖုန်းယွီ ထပ်မှာလိုက်ပြန်သည်။

ဝမ်သောင်ကျွင်းသည် သူ့ကန့်သတ်ချက်အတွင်း၌သာ ရှိနေပေသည်။ ဖုန်းယွီကို ကြည့်လိုက်မိသည်။ သူတို့ ဘာကြောင့် သောက်နေကြသနည်း။ လျိုကျီချိန် မူးလုနီးနီး ဖြစ်နေသည်ကို မတွေ့သည်လော။ ထပ်သောက်ပါက အံ၍ပင် ထွက်လာနိုင်သေးသည်။

ဖုန်းယွီ ဝမ်းသာအားရ ဖန်ခွက်ထပ်ဖြည့်လိုက်သည်။ သူသည် အခြားလူများအား သကာလောင်းရာတွင် အလွန်ကောင်းပေသည်။

“လာ.. လာ အစ်ကိုချန်.. ငါတို့ မတွေ့ရတာ တော်တော်ကြာပြီ.. ငါမင်းကို ဆုတောင်းပေးမယ်..”

ဖုန်းယွီ အရှက်မဲ့စွာပြောရင်း ဘီယာတစ်ခွက်ကုန်အောင် သောက်လိုက်သည်။ ဘီယာ (၂)ပုလင်းဖြင့် မူးမည်မဟုတ်ကြောင်း သူသိနေပေသည်။

လျိုကျိချိန် ပုကျိုးတစ်ငုံသောက်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ကြိုးစားနေပေသည်။

“အစ်ကိုချိန် ငါတို့(၃)ယောက် အမဲလိုက်ထွက်တာ မှတ်မိသေးလား..”

ဖုန်းယွီ ထမေးလိုက်သည်။

ဝမ်သောင်ကျွင်းလည်း စိတ်လှုပ်ရှားစွာဖြင့်..

“ဟုတ်တယ်.. ဘီယာတောင် လိုက်ရှာကြသေးတယ်လေ..”

ဖုန်းယွီ မျက်လုံးပြူးသွားတော့သည်။ ထိုကောင် ဤသည်ကိုသာ သိသည်လော။ လျိုကျီချိန်ကြောင့်သာ မဟုတ်ပါက သူတို့နှစ်ယောက်စလုံးကို ထိုဝက်ဝံက သိတ်ပစ်မည်မှာ အမှန်ပင်ဖြစ်သည်။

လျိုကျီချိန်သည်လည်း မျက်နှာ နီရဲနေပြီး..

“ဒါပေါ့.. ငါဘယ်လိုလုပ် မေ့နိုင်မှာတုန်း..”

ဖုန်းယွီ လျိုကျီချိန်၏ မျက်လုံးများကိုကြည့်၍ ထိုနေ့အဖြစ်အပျက်များကို ပြန်မှတ်မိနေပေသည်။ သို့ရာတွင် လျိုကျီချိန် အရမ်းမူးနေပေပြီ။ ဖုန်းယွီ သူ့တွင် ဖုံးကွယ်ထားစရာ တစ်ခုခုရှိနေမလား မပြောနိုင်ချေ။

“သောင်ကျွင်း မင်းမှာ ဆေးလိပ် ရှိသေးလား မရှိတော့ဘူးလား.. တစ်ဗူးလောက် ဝယ်ပေးပါလား..”

ဝမ်သောင်ကျွင်း စိတ်ရှုပ်သွားတော့သည်။ မိမိသည် ဆေးလိပ်သောက်သူမို့ ဆေးလိပ်ဆောင်လာရမည်လော။ အို။ အစ်ကိုချိန်အတွက် ဖြစ်ရပေလိမ့်မည်။

ဝမ်သောင်ကျွင်း ဆေးလိပ်ဝယ်ရန် စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။ ဖုန်းယွီ ပတ်ဝန်းကျင်ကို ကြည့်လိုက်စဉ် ဖောက်သည်များအားလုံး သူတို့ဟာသူတို့ သောက်နေကြပေသည်။ ငွေရှင်းကောင်တာတွင် ထိုင်နေသည့် အမျိုးသမီးမှ လွဲ၍ ဤစားသောက်ဆိုင်အတွင်း သူသည် အသန်မာဆုံးသူပင်။ ငွေရှင်းကောင်တာသည်လည်း သူတို့ဝိုင်းနှင့် အတော်အတန်ဝေးကွာပြီး မီးဖိုချောင်နှင့် အခြားဖောက်သည်များ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြသဖြင့် ဆူညံနေပေသည်။

“အစ်ကိုချိန် ငါ့စိတ်ထဲ မင်းကို မေးချင်တာတစ်ခုရှိတယ်.. မင်းကြောင့်သာမဟုတ်ရင် အဲ့တုန်းက အမဲလိုက်ခရီးမှာ ဝမ်သောင်ကျွင်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလား..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters