ဒါတွေအားလုံး ကျုပ်လိုချင်တယ်
Vol. 40 Ch. 590
လျိုကျီချိန် ဖုန်းယွီအား ကြောင်တက်တက်ဖြင့် ကြည့်လိုက်မိသည်။ သူ့အတွက် အလုပ်လုပ်ရမည်လော။ မည်သည်ကို ဆိုလိုသနည်း။
ဝမ်သောင်ကျွင်း လျိုကျီချိန်ဘက်လှည့်ကာ..
“အစ်ကိုချိန်.. ဖုန်းယွီက သူဌေးကြီးတစ်ယောက်ကွ.. မင်းသူ့အတွက် အလုပ်လုပ်ရင် မင်းခေါင်းဆောင် ကုမ္ပဏီမှာ အလုပ်လုပ်တာထက် ဝင်ငွေပိုရလိမ့်မယ်..”
“ရှောင်ယွီ.. မင်းတက္ကသိုလ်မှာ ကျောင်းတက်နေတာ မဟုတ်ဘူးလား..”
ဖုန်းယွီနှင့် ဝမ်သောင်ကျွင်းတို့သည် ပေကျင်းရှိ တက္ကသိုလ်များသို့ တက်ရောက်ခဲ့ကြသည်။ လျိုကျီချိန် ပြန်လာစဉ် သူ့ဖခင်ပြောထားပေသည်။ ရွာ၏ ဂုဏ်ဆောင်ခဲ့ကြပေသည်။
“ကျောင်းတက်ရင်း စီးပွားရေးလုပ်တာ ပြဿနာမှမရှိတာ.. ကျုပ် ကျောင်းတက်ရင်း အလုပ် ရှိနေတယ်လေ.. ကျုပ်အတွက် လာပြီးအလုပ်လုပ်ပေးပါ.. ကျုပ်ကိုယ်ရံတော်လုပ်ပေး.. ကျုပ်မင်းကို လတိုင်း ယွမ်(၁၀၀၀)ပေးမယ်.. နှစ်တိုင်း တိုးပေးမယ်လို့ ကတိပေးတယ်ကွာ.. ပွဲတော်တွေမှာလည်း အပိုဆုရစေရမယ်..”
“ဘယ်လောက်… ယမ်(၁၀၀၀)လား.. ရှောင်ယွီ မင်းငါ့ကို လာနောက်နေတာလား..”
လျိုကျီချိန် အံ့ဩသါားမိသည်။ တစ်လ ယွမ်(၁၀၀၀)သည် များလွန်းပေ၏။ ရှောင်ယွီတစ်ယောက် သူ့အား စော်ကားကာ သူ့အကူအညီရယူချင်နေသည်လော။ အကယ်၍ တစ်ယောက်ယောက်က ပြဿနာရှာမည်ဆိုပါက ရှောင်ယွီ ဖွင့်ပြော၍ ရနိုင်ပေသည်။ မည်သို့သောသူက ယဉ်မောင်းနှင့် သက်တော်စောင့်အတွက် တစ်လ ယွမ်(၁၀၀၀)ပေးမည်နည်း။
“ငါမင်းကို မနောက်ဘူး.. မင်းလိုလူတွေက အဲ့လောက် တန်ဖိုးရှိတယ်.. ဘယ်သူနဲ့မှ ရန်ငြိုးမရှိဘူး.. ဒါပေမယ့် လုံခြုံချင်တယ်.. ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်.. ငါ့အတွက် နှစ်တော်တော်ကြာအောင် လုပ်ပေးပါ.. မင်းလက်ထပ်ပြီးလို့ ဆက်မလုပ်ချင်တော့ရင် အလုပ်ထွက်နိုင်သလို တခြားနေရာ ပြောင်းချင်လဲ ပြောင်းလို့ရတယ်.. မိသားစုကို ထောက်ပံ့ဖို့ ဝင်ငွေ လုံလောက်မှာပါ..”
တစ်လလျှင် ယွမ်(၁၀၀၀)သည် ဖုန်းယွီအတွက် ဘာမှ မဟုတ်ချေ။ စစ်မှုထမ်းဟောင်း တစ်ဦးကို သက်တော်စောင့် အဖြစ်ထာရှိခြင်းသည် ထိုက်တန်ပေသည်။
“မင်း ဘာစီးပွားရေးတွေ လုပ်နေလဲ..”
လျိုကျီချိန် သိချင်နေပေသည်။ ဤမျှ များသည့်လစာဖြင့် သက်တော်စောင့်ငှားရန် မည်သူ တတ်နိုင်မည်နည်း။ ဦးလေးဖုန်း၏ ပိုက်ဆံများ သုံးနေသည်လော။ ဦးလေးဖုန်း ဒေါသထွက်ကာ ဖုန်းယွီ ထံမှ ငွေလိမ်နေကြောင်း ပြောမည်လော။ နောင် ရွာသို့ မည်သည့်မျက်နှာဖြင့် ပြန်ရမည်နည်း။
ဝမ်သောင်ကျွင်း သူ့ခါးကြားတွင် ညှပ်ထားသည့် ပေဂျာကို ထုတ်ကာ..
“ဒီပေဂျာက သူ့တံဆိပ်ပဲ.. လေနှင့်မိုး၊ စောင်ကျင်း အဲ့ဒါတွေအားလုံး သူ့ဟာတွေ.. ကောင်တာမှာ တင်ထားတဲ့ လီဟဟ ကိုတွေ့လား.. အဲ့ဒါလဲ သူ့ဟာပဲ.. ဘာပဲဖြစ်ဖြစ် တစ်ရက်တစ်ရက် သူရတဲ့ ဝင်ငွေက သူတစ်ပါး တစ်သက်စာထက်တောင် ပိုအုံးမယ်..”
လျိုကျီချိန် မျက်လုံးပြူးကျယ်သွားသည်။ တစ်နေ့တာ၏ ဝင်ငွေသည် အခြားသူများ တစ်သက်တာ ဝင်ငွေထက် ပိုများနေသည်လော။ ဤသည်က ကြွားဝါလွန်းမနေဘူးလော။ သို့တိုင်အောင် ဝမ်သောင်ကျွင်းပုံစံမှာ လိမ်နေပုံ မပေါ်ချေ။
အမှန်တကယ်လည်း ဝမ်သောင်ကျွင်း ချဲ့ကားပြောခြင်းမဟုတ်ချေ။ ဖုန်းယွီသည် တစ်နှစ်လျှင် ဝင်ငွေယွမ်သန်း (၄၀၀) ဆိုပါက တစ်ရက်လျှင် (၁)သန်းကျော်ပေသည်။ တစ်နှစ်လျှင် ပျမ်းမျှ ထောင်ဂဏန်းသာရမည့် လက်ရှိခေတ် အခြားသူများအတွက် တစ်သက်တာ ဝင်ငွေထက်ပင် ပိုများနေသေးသည်။ သို့ရာတွင် ဖုန်းယွီ၏ ဝင်ငွေမှာ တစ်နှစ်လျှင် ယွမ်သန်း(၄၀၀)ကျော်ပေသည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် သန်းဆယ်ချီ ဝင်ငွေပင် ရှိနေပေသည်။
ဤသည်က အများကြီးထင်ရကာ နက္ခတ္တဗေဒဆိုင်ရာ ဥပမာတစ်ခုကဲ့သို့ပင်။ သို့ရာတွင် အနောက်တိုင်းမှ ထိပ်တန်းသူဌေးကြီးများနှင့် နှိုင်းယှဉ်ပါက ဤသည်သည်မှာ ဘာမှ မဟုတ်ချေ။ ဖုန်းယွီ၏ ဝင်ငွေသည် ဂျပန်နှင့် ဟောင်ကောင်ရှိ သူဌေးကြီးအချို့နှင့် အတူတူသာပင်။
ဖုန်းယွီ၏ အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုသည် ရုရှားတွင် ဖြစ်သောကြောင့်ပင်။ ထိုရင်းနှီးမြုပ်နှံမှုမှ အကြိုးအမြတ်များ မရရှိသေးချေ။ သတ္တုတန်ဖိုးသည်လည်း ဆက်လက်မြင့်တက်နေခြင်းကြောင့် မဟုတ်ပါက ဖုန်းယွီသည် ဤရင်းနှီးမြုပ်နှံမှုကြောင့် ဆုံးရှုံးမှု ပိုများလာပေလိမ့်မည်။
ရင်းနှီးမြုပ်နှံမှု ပမာဏ ကြီးလေလေ အကျိုးအမြတ်များလေလေပင်။ ဖုန်းယွီသည် သူ၏ ရင်းနှီးမြုပ်နှံမှုများအတွက် (၁၀၀)ရာခိုင်နှုန်း ပြန်လည်ရရှိနိုင်ပေသည်။ အခြားသူများအတွက် (၂၀)ရာခိုင်နှုန်း ပြန်ရခဲ့၍ ဖုန်းယွီထက် (၁၀)ဆ ပိုလျှင် ၎င်းတို့အမြတ်ငွေသည် သူ့ထက်(၂)ဆ ဖြစ်ပေလိမ့်မည်။
ဖုန်းယွီတွင် အရန်ငွေ အမြောက်အများမရှိချေ။ တရုတ်နိုင်ငံတွင် ၎င်း၏ အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုမှာ စက်ယန္တရား ကုမ္ပဏီဖြစ်သည်။ ယခုအချိန်အထိ ရင်းနှီးမြုပ်နှံငွေများ ပြန်မရရှိသေးချေ။
ဂျော့ချ်ဆိုးရော့စ်နှင့် အခြားသော ငွေကြေးသားကောင်များကဲ့သို့သော သူများသည် လွန်ခဲ့သော နှစ်အနည်းငယ်က ရန်ပုံငွေ ဒေါ်လာ(၁)ဘီလီယံကျော်ရှိခဲ့ပေသည်။ သူတို့နှင့် နှိုင်းယှဉ်ပါက ဖုန်းယွီသည် ဘာမှ မဟုတ်ချေ။ သို့ရာတွင် လည်မည့် နှစ်အနည်းငယ်အတွင်း ပြောင်းလဲသွားပေလိမ့်မည်။
“အစ်ကိုချိန်.. ငါ့အတွက် အလုပ်လုပ်ပေးပါ.. ဦးလေးလျိုလဲ စိတ်ချမှာပါ.. (၂)နှစ်အတွင်း မင်း ပမ့်မြို့တော်ထဲမှာ တိုက်ခန်းတစ်ခုဝယ်ပြီး မြို့ထဲကို ခေါ်နိုင်စေရမယ်ကွာ.. ဦးလေးလျို မြို့ထဲကို မပြောင်းချင်ရင် ခရိုင်မှာရှိတဲ့ တိုက်ခန်းလဲ ဝယ်လိုရတယ်.. သူ… အခု ငယ်သေးလို့လား.. သူ့အသက်အရွယ်နဲ့ လယ်လုပ်နေတာ မင်းမြင်ရက်သေးလို့လား..”
ဖုန်းယွီ လျိုကျီချိန်၏ ဖခင်နှင့် လျိုကျီချိန်၏ ပြဿနာကို သူ့အမြင်ဖြင့် ပြေလိုက်ခြင်းပင်။
“ခက်တာက ငါ့ဗိုလ်ကြီးကို ကတိပေးပြီးသွားပြီကွ.. ကတိဖျက်လို့မရတော့ဘူး.. မဟုတ်ရင် ငါ့ရဲဘော်ဟောင်းတွေနဲ့ ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ရတော့မှာလဲ..”
လျိုကျီချိန် စကားကြားသည့်အခါ ဖုန်းယွီ ဝမ်းသာသွားတော့သည်။ သူ့အား ငွေဖြင့် သွေးဆောင်၍မရလေလေ ဖုန်းယွီ သူ့အနား ခေါ်ထားချင်လေလေပင်။
“အစ်ကိုချိန်.. မင်းခေါင်းဆောင်ဟောင်းဘယ်နှစ်ယောက် ဆက်သွယ်ထားလဲ.. အဲ့ကုမ္ပဏီကို ဘာလို့ ငါမဝယ်နိုင်ရမှာတုန်း.. အဲလိုသာဆို မင်းငါ့အတွက် အလုပ်လုပ်ပေးနိုင်တဲ့အပြင် ကတိဖျက်ရာလဲ မရောက်တော့ဘူးလေ..”
ဟမ်။ မိမိအတွက် ကုမ္ပဏီကို ဝယ်ယူမည်လော။
လျိုကျီချိန် ရင်ထဲထိသွားတော့သည်။ သူ့ရဲဘော်ဟောင်များလည်း သူကဲ့သို့ လစာကောင်းကောင်း ရနိုင်ပါက အလွန်ကောင်းပေသည်။
“ရှောင်ယွီ…. အာ မဟုတ်သေးပါဘူး.. မန်နေဂျာဖုန်း.. ငါတို့က ကုမ္ပဏီအပြည့်အဝ မဟုတ်ပေမယ့် လူပေါင်း (၃၀)ကျော်တယ်.. ဒဏ်ရာရတဲ့သူတွေကလွဲရင် ယဉ်မောင်းနဲ့ ကိုယ်ရံတော်လုပ်နိုင်တဲ့သူ (၂၀)ကျော်ရှိမယ်ကွ.. များမနေဘူးလား..”
လျိုကျီချိန် မေးလိုက်မိသည်။
“လူ(၂၀)လောက်လား.. မများပါဘူးဟ.. ငါ သူတို့အကုန်လုံးကို ခေါ်ချင်တယ်..”
လူ(၂၀)ကျော်လော။ ဖုန်းယွီ သူ့အဖေကို ကာကွယ်ရန် လူ(၂)ယောက် ခန့်နိုင်ပြီး သူ့ကုမ္ပဏီ အချက်အချာဆောင်ရွက်သူ အားလုံးအတွက် ကိုယ်ရံတော်များလည်း ခန့်အပ်နိုင်ပေသည်။ ဤသည်က မတော်တဆမှုများ မဖြစ်ရန် ကာကွယ်ရန်သာပင်။ ထို့အပြင် မိမိ၏ အဓိက အမှုထမ်းများကို ကာကွယ်ရန် သက်တော်စောင့်နှင့် ယဉ်မောင်းများ ငှားရမ်းခန့်အပ်ထားပါက ပို၍ပင် ကျေးဇူးတင်ကာ ပိုမိုသစ္စာစောင့်သိကြပေလိမ့်မည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် ဝန်ထမ်းများသည် ၎င်းတို့အလုပ်ရှင်များထံမှ လိုချင်သည့်အရာနှင့်ပတ်သက်၍ အင်တာနက်ပေါ်တွင် စစ်တမ်းတစ်ခု ရှိခဲ့ပေသည်။ ဝန်ထမ်းများလိုချင်သည့် နံပတ်(၁)အချက်သည် လစာနှင့် ခံစားခွင့်များမဟုတ်ချေ။ ဝန်ထမ်းများသည် သူတို့၏ အထက်လူကြီးများမှ ပိုအလေးထားကာ လေးစားမှု ပြစေချင်ခြင်းပင်ဖြစ်သည်။
“အားလုံးလား.. သူတို့ အားလုံးလား.. မန်နေဂျာဖုန်း.. သူတို့လစာကရော ငါနဲ့ အတူတူပဲလား..”
လျိုကျီချိန် ပြန်မေးလိုက်သည်။
“ဒါတော့ သူတို့ စွမ်းဆောင်ရည်အပေါ် မူတည်မှာပေါ့.. သူတို့သာ မင်းနဲ့အတူတူဆိုရင် ပြဿနာမရှိပါဘူး. မင်းလောက် မတော်ရင်တော့ သူတို့လစာ ပိုနည်းမှာပေါ့.. မင်းထက်ပိုတောရင် လစာပိုကောင်းမယ်လေ..”
“မန်နေဂျာဖုန်း.. ငါမင်းကို ငါ့ရဲဘော်တွေကိုယ်စား အာမခံတယ်.. ငါတို့လုပ်မယ်…”
လျိုကျီချိန် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သူသည် သူ၏ ပုကျိုးခွက်ကို တစ်ကျိုက်တည်း ထပ်မော့လိုက်သည်။ ဖုန်းယွီပင် တားချိန်မရလိုက်ချေ။
“မန်နေဂျာဖုန်း.. နောင်ဆို မင်းငါ့ သူဌေးပဲ.. မင်းငါ့ကို အစ်ကိုချိန်လို့ ခေါ်စရာမလိုတော့ဘူး.. ချိန်ကျစ် ဒါမှမဟုတ် တာချိန် လို့ခေါ်လို့ရတယ်..”
“ကောင်းပြီလေ.. နောက်ဆို တချိန်လို့ ခေါ်မယ်.. မနက်ဖြန် မင်းတပ်ခွဲမှူးဟောင်းကို ဖုန်းဆက်ပြီး ကျန်လူတွေကို အကြောင်းကြားလိုက်ပေါ့.. နှစ်ကူးပြီးတာနဲ့ အစည်းအဝေးလုပ်ဖို့ ပမ့်မြို့တော်မှာ ဒါမှမဟုတ် ပေကျင်းကို ခေါ်သွားလို့ရတယ်.. ဒဏ်ရာရတဲ့ ဝန်ထမ်းတွေကိုလဲ ငါ့အတွက် အလုပ်လာလုပ်ပေးလို့ရတယ်.. ငါ့ကုမ္ပဏီမှာ လစာ ကောင်းကောင်းနဲ့ သင့်တော်တဲ့ အလုပ်တစ်ခု စီစဉ်ပေးမယ်.. သူတို့တွေ ကိုယ့်အားကိုယ်ကိုးပြီး တခြားလူတွေအပေါ် အားကိုးနေစရာမလိုဘူး..”
စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခဲ့သည့် ဒဏ်ရာရ စစ်သည်အများအပြားရှိပေသည်။ သူတို့ကို ထောက်ပံ့ရန် တိုင်ပြည်ကို အားကိုးချင်ကြသည်။ သူတို့၏ မာနသည် အစိုးရအပေါ် ကပ်ပါးကောင်များကဲ့သို့ ဖြစ်ခွင့် မပေးချင်ကြချေ။ အများစုသည် အစိုးရထံမှ လစာများရရှိရန်ထက် လစာနည်းသော အစောင့်အကြပ်များအဖြစ်သာ လုပ်ကိုင်ချင်ကြသည်။ ဖုန်းယွီ ထိုသူများအပေါ် လေးစားမှု အပြည့်ရှိပေသည်။
လျိုကျီချိန် ဖုန်းယွီစကား ကြားသည့်အခါ အလွန်ပင် ထိတ်လန့်သွားတော့သည်။
“မန်နေဂျာဖုန်း.. စိတ်ချ.. ငါ့ရဲဘော်တွေ မင်းအတွက် ကြိုးစားပေးမယ်််််််််(၁၀၀)ရာခိုင်နှုန်း ကွာ..”
“တာချိန် မင်းအရမ်း လေးနက်လွန်းနေပါပြီ.. အရက်သောက်တာ တော်လောက်ပြီ.. ဒီည ခရိုင်မှာနေတယ်သိအောင် အိမ်ပြန်ပို့ပေးမယ်.. မနက်ဖြန်မှ ဆက်ပြောကြတာပေါ့….”
အိမ်မပြန်မှီကပင် ခရိုင်ဟိုတယ်တွင် လျိုကျီချိန်အတွက် အခန်းတစ်ခု ကြိုတင်မှာပေးလိုက်သည်။
“ဒီနေ့ ဘယ်သွားတာလဲ.. မင်းပြန်လာပြီး တစ်ရက်လုံး မတွေ့ရဘူး..”
ဖုန်းရှင်းထိုင် လှမ်းမေးလိုက်သည်။
“အဖေ.. ဒီနေ့ လျိုကျီချိန်နဲ့ တွေ့ခဲ့တယ်.. ဦးလေးလျိုရဲ့သားလေ.. သူက ကျုပ်ထက် အသက်နည်းနည်းကြီးတယ်.. သူ့နဲ့ သူ့ရဲဘော်တွေ စစ်မှုထမ်းကနေ အငြိမ်းစာ ယူလာကြတယ်.. သူတို့တွေအကုန်လုံးကို စုပြီး ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတစ်ခု ထူထောင်ချင်နေကြတာ.. နောက်ဆို အဖေမှာ ထိပ်တန်းအရာရှိတွေလိုမျိုး လိုက်ပို့ဖို့ ကိုယ်ပိုင်ယဉ်မောင်း တစ်ယောက် ရှိလာလိမ့်မယ်..”
“တကယ်လား… အဟေး.. ကြားရတာနဲ့တင် စိတ်အေးရပြီ.. ဒီလိုမျိုး ခံစားချက် အရင်က မကြုံဖူးသေးဘူးကွ.. လာစမ်းပါအုံး .. အသေးစိတ် ပြောစမ်းပါအုံး…”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)