လီန အိမ်သို့ နှစ်ကူး အလည်အပတ်ခရီး
Vol. 40 Ch. 591
လျိုကျီချိန်သည် သူ့တပ်ခွဲမှူးဟောင်းအား ဖုန်းယွီအကြောင်း ပြောကာ အလွန်ဝမ်းသာနေပေသည်။ ထိုသို့သော သူဌေးနှင့် တွေ့ရသည်မှာ ကံကောင်းပေသည်။ နှစ်သစ်ကူးအပြီးတွင် ကုမ္ပဏီ၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန်အတွက် လူတိုင်းကို ပမ့်မြို့တော်သို့ ခေါ်ခဲ့မည်ဖြစ်ကြောင်း ပြောလာပေသည်။
လျိုကျီချိန်၏ ဖခင်သည် သားဖြစ်သူ ဖုန်းယွီထံတွင် အလုပ်လုပ်မည်ဖြစ်ကာ လစာ ယွမ်(၁၀၀၀)ဖြစ်ကြောင်း သိရသည့်အခါ အလွန် ဝမ်းသာမိပေသည်။ လျိုကျီချိန်နှင့် သူ့ဝင်ငွေဖြင့်ဆိုပါက (၂)နှစ်ခန့်အကြာ စုဆောင်ပြီး မြို့တော်တွင် တိုက်ခန်းတစ်ခန်း ဝယ်နိုင်လောက်ပေသည်။ ထို့နောက် သူ့သားသည် နောက်ထပ် (၁)နှစ်၊ (၂)နှစ်ခန့်အကြာတွင် လက်ထပ်နိုင်ပေသည်။
လျိုကျီချိန်၏ ဖခင်မှာ ဖုန်းယွီသည် တစ်ရွာတည်းသာဖြစ်သောကြောင့် သားဖြစ်သူအား ကူညီပေးခဲ့ကြောင်း ခံစားခဲ့ရသည်။ သို့မဟုတ်ပါက ဖုန်းယွီသည် အဘယ့်ကြောင့် ဤမျှ မြင့်မားသည့် လစာကို ပေးမည်နည်း။
******
ဤသည်မှာ ပျော်စရာ နှစ်သစ်ကူးဖြစ်သည်။ အခမ်းအနား ကျင်းပချိန် အိမ်သူအိမ်သားအားလုံး အနီရောင် စက္ကူများဖြင့် အိမ်များကိုစ၍ အလှဆင်ကြပေသည်။ မိသားစုတိုင်း တစ်ညလုံး မီးထွန်းထားကြပေသည်။
လူတိုင်းတွင် မျှော်လင့်ချက်များ ရျိပေသည်။ ဥပမာ ထိုင်ပေဝက်မွေးမြူရေးခြံတွင် အလုပ်လုပ်သည့် အဖိုးအိုသည် သူ့သားများ လက်ထပ်ရန်အတွက် ငွေပိုရှာနိုင်ရန် မျှော်လင့်နေသည်။ သူ့သားများသည်လည်း ထိုင်ပေ ဝက်မွေးမြူရေးခြံတွင် အလုပ်စလုပ်နေကြပေသည်။ ထိုင်ပေဝက်မွေးမြူရေး အမှတ်တံဆိပ်သည် ပို၍နာမည် ကြီးလာသည်နှင့်အမျှ ဖခင်ရော သားများအဖွဲ့သည်လည်း ကျော်ကြားလာခဲ့ပေသည်။
ခရိုင်အတွင်း၌သာမက မြို့များမှပင် အောင်သွယ်ပေးသူများ၊ အမျိုးသမီးများနှင့် မိတ်ဆက်ပေးရန် ချဉ်းကပ်လာကြသည်။ သားနှစ်ယောက်စလုံးမှာ ရည်းစားများရှိနေပြီး အဘိုးကြီးတွင်ပင် လက်တွဲဖော် ရှိနေပေသည်။
ထိုင်ဟွာ စားသောက်ကုန် ထုတ်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ပြီးနောက်တွင် သားအဖများသည် ဝက်များကို ကျွေးမွေးရန် မလိုအပ်တော့ချေ။ ၎င်းတို့သည် အကြီးတန်း အလုပ်သမားများ ဖြစ်လာကြပြီး သူတို့အလုပ်မှာ ထိုင်ပေ ဝက်မွေးမြူရေးခြံများကို စစ်ဆေးရန်နှင့် အလုပ်သမားအသစ်များကို လေ့ကျင့်ပေးရန် ဖြစ်တော့သည်။ ၎င်းတို့သည် ထိုနေရာတွင် လယ်မြေများကို စစ်ဆေးရန် အခြားပြည်နယ်များသို့ မကြာခန သွားရောက်လေ့ ရှိကြသည်။ အလုပ် မပင်ပန်းတော့ဘဲ ယခင်ကထက် လစာပိုရလာခဲ့တော့သည်။
ဝမ်သဲကွမ်း ခရိုင်မှူးဖြစ်လာပြီးနာက် သူသည် ယခင်ကထက် အလုပ်ပိုများလာခဲ့သည်။ ယခင်ကမူ ဆောင်းရာသီတွင် မာကျောက်ကစားပြီး သောက်စားနေနိုင်သေးသည်။ ယခုမူ သူသည် ခရိုင်အတွင်းရှိ အလုပ်များ အားလုံးနှင့် အလုပ်ရှုတ်နေလေသည်။ ဤဝါသနာကို စွန့်လွှတ်ယုံမှလွဲ၍ ရွေးစရာ မရှိတော့ချေ။
ဖုန်းယွီသည်သာ သူ့ဘဝသည် ယခင်အတိုင်း ခံစားနေရသည်။ သူနေထိုင်ရာ ခရိုင်တွင် ကြာရှည်စွာ မနေဘဲ လီနနှင့် တစ်ကြိမ်နှစ်ကြိမ်သာ တွေ့ဆုံးနိုင်ပေသည်။
ယနေ့ နှစ်သစ်ကူး၏ ပထမဆုံးနေ့ဖြစ်သည်။ ဖုန်းယွီ လီနအိမ်သို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။
ယောက္ခထီးဟူသည်မှာ ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံး သတ္တဝါများ ဖြစ်ပေသည်ဟု တစ်ချိန်က အဆိုအမိန့် ပေါ်ခဲ့ဖူးပေသည်။ ယောက္ခမသည် ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံးလူဟု အခိုင်အမာ ဆိုခဲ့သူများလည်း ရှိခဲ့ပေသည်။ ယောက္ခမဖြစ်ဖြစ် ယောက္ခထီးဖြစ်ဖြစ် အိမ်ထောင်ပြုရန် မလွယ်ကူလှချေ။
ဝမ်သောင်ကျွင်းကို ကြည့်ပါက ခန္ဓာကိုယ် ပိုမိုကြီးမား သန်မာသည်မှလွဲ၍ ဘာမှမရှိချေ။ အမြဲတစေ တလွဲလုပ်နေတတ်ပေသည်။ မိသားစု (၂)ခုစလုံး၏ အဆင့်အတန်း ကွာခြားချက်က ကြီးမားနေဆဲပင်။ ကျန်းဟန်၏ ဖခင် မည်သည်မှ မပြောခဲ့သည်လော။ သူ့သမီး ချိန်းတွေ့နေသည်ကိုပင် ဝမ်သောင်ကျွင်းအား မကန့်ကွက်ခဲ့ချေ။ ထို့အပြင် ဝမ်သောင်ကျွင်းအား အသက်မွေးဝမ်းကြောင်း စီစဉ်ကာ ပျိုးထောင်ပေးရန်ပင် ကြိုးစားခဲ့သေးသည်။ ဝမ်သောင်ကျွင်း၏ ဖခင်ကို ကူညီရန် အဆက်အသွယ်များလည်း သုံးခဲ့သေးသည်။
သို့ရာတွင် လီန၏ ဖခင်သည်ကား မတူညီချေ။ ဖုန်းယွီအား သဘောမကျချေ။ ဖုန်းယွီ မည်သို့မှ နားမလည်နိုင်တော့ချေ။ မည်သည့်နေရာတွင် လီနနှင့် မထိုက်တန်သနည်း။
အခြားရက်များတွင် လာခွင့်မပေးသည်လော။ ယနေ့သည် နှစ်ကူး၏ ပထမဆုံးနေ့ဖြစ်သည်။ မိမိအား နှင်ထုတ်လိမ့်မည်ဟု မယုံကြည်နိုင်ချေ။
ဖုန်းယွီ နံနက်စောစော အိပ်ရာမှ နိုးလာသည်။ လက်ဆောင်ပါကင် နည်းနည်းယူ၍ အိမ်မှ ထွက်လာခဲ့သည်။ ဖုန်းရှင်းထိုင်နှင့် ကျန်းမုဟွားတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေပေသည်။ သားဖြစ်သူ ဘယ်ကိုသွားမှန်း နှစ်ယောက်စလုံး သတိနေပေသည်။ သူတို့သား ကြီးပြင်းလာပေပြီ။
*****
“ဒေါက်… ဒေါက်.. ဒေါက်..”
“ဘယ်သူလဲ…”
“ပျော်စရာ နှစ်သစ်ပါ…”
ဖုန်းယွီ သူဘယ်သူဟု ပြောလိုက်ပါက တစ်ဖက်မှ တံခါးဖွင့်ပေးလိမ့်မည် မဟုတ်ဟု သံသယ ဝင်နေပေသည်။ သို့အတွက် နှစ်ကူး နှုတ်ဆက်၍ ဂါရဝတရားဖြင့် ဖွင့်ခိုင်းခြင်းပင်။
နှစ်သစ်ကူးဖြစ်သည်။ မိမိ မှားနေလျှင်ပင် နှစ်သစ် မင်္ဂလာဖြင့် နှုတ်ဆက်သည့်အတွက် မည်သူမှ စိတ်ပျက်မည် မဟုတ်ချေ။
“မင်း.. ရှောင်ယွီ လား..”
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ အဒေါ်…”
ဖုန်းယွီ ပြုံးရင်း လီနအမေ အထဲသို့ ဖိတ်ခေါ်သည်ကိုပင် မစောင့်တော့ဘဲ ဝင်သွားလိုက်သည်။
လီနဖခင် လီချွမ်သည် တံခါးဖွင့်သံ ကြားသည့်အခါ ဧည့်ခန်းထဲတွင် ထိုင်နေပေသည်။ လက်တစ်ဖက်တွင် ဖရဲစေ့နှင့် မြေပဲ ပန်းကန်ပြား၊ အခြားတစ်ဖက်တွင် သကြားလုံးများ ကိုင်ထားသည်။ ဧည့်သည်ကို ဧည့်ခံရန် လုပ်နေပေသည်။
သို့ရာတွင် ဖုန်းယွီကို မြင်သည့်အခါ အပြုံးများ ပျောက်ကွယ်သွားတော့သည်။ ထိုကောင် အဘယ့်ကြောင့် ရောက်လာသနည်း။
လီန ဖုန်းယွီအား မြင်သည့်အခါ အပြုံးများဖြင့် တောက်ပသွားသည်။ ဖုန်းယွီ ရည်ရွယ်ချက်ရှိရှိ မျက်ခုံးပင့် လိုက်သည့်အခါ ရယ်မောလိုက်တော့သည်။
လီနသည် ယနေ ဖုန်းယွီလာလည်ကို မသိချေ။
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဦးလေးလီ.. နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့ နှုတ်ဆက်ဖို့ လာတာပါ..”
ဖုန်းယွီ သူ့လက်ဆောင်များ တင်ပေးလိုက်သည်။
“အေးပါကွာ.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ…”
လီန ဖခင် ရုပ်မပျက်အောင် ပြန်ဖြေလိုက်သည်။ ဖုန်းယွီအား စိုက်ကြည့်နေပြီး ထိုင်ရန်မပြောဘဲ သူပါ ဆက်ရပ်နေပေသည်။
လီန မိခင် ဝမ့်လန်ယင်း အခန်းထဲသို့ ဝင်လာစဉ် တင်းမာနေသည်ကို တွေ့လိုက်ရသည်။ သူ ဖုန်းယွီအား ချက်ချင်းပင်..
“ရှောင်ဖုန်း ထိုင်လေကွယ်.. ဖရဲစေ့တွေ ယူလိုက်.. နန လက်ဖက်ရည်တစ်ခွက် သွားဖျော်ချေလေ.. ရှောင်ဖုန်း.. မင်း ပေကျင်းမှာ ကျောင်းတက်နေတာ မဟုတ်ဘူးလား..”
“ဟုတ်တယ်.. ပေကျင်းတက္ကသိုလ် စီမံခန့်ခွဲရေးဌာနမှာပါ..”
“မင်းကျောင်းနဲ့ နနကျောင်း ဝေးလား..”
“သိပ်မဝေးဘူး.. မိနစ်(၃၀)လောက်ပဲ ကားမောင်းရပါတယ်..”
“ကားမောင်းတယ်.. အဘိုးကြီးဖုန်း မင်းကို ပေကျင်းလွှတ်ပြီး စာသင်ခိုင်းတာ မင်းက အဲ့မှာ ပျော်နေတယ်ပေါ့.. ကားတစ်စီးတောင် ဝယ်ထားသေးတယ်လား..”
လီချွမ် ထဟောက်လိုက်သည်။ ကားတစ်စီး ဘယ်လောက်ဈေးကြီးသနည်း။ ဤဖုန်းယွီ တကယ်ကို အသုံးမဝင်ချေ။
“ဦးလေးလီ.. ကျွန်တော် ပေကျင်းတက္ကသိုလ်မှာ ကျောင်းတက်နိုင်တာက အထက်တန်းကျောင်းတုန်းက ရလဒ်ကြောင့်ပါ.. အရင် ဆိုဗီယက်ယူနီယံ နွေရာသီစခန်း ကျွန်တော် တက်ဖူးတယ်.. အဲ့က ပိုက်ဆံနဲ့ ကားဝယ်လိုက်တာပါ..”
ကားမောင်းသည်မှာ မည်သည့်အပြစ်ဖြစ်သနည်း။ မိမိတို့သည် တက္ကသိုလ်တွင် ကိုယ်တိုင် မမောင်းပါက လိုင်းကား တိုးစီးရမည်လော။
“မင်းငွေနဲ့… မင်းငွေ ဘယ်ကရတာလဲ.. မင်းမုန့်ဖိုး စုထားတာလား..”
“အဖေ.. ဖုန်းယွီက တကယ်ကို အရည်အချင်း ရှိတဲ့သူပါ…”
“ပါးစပ် ပိတ်ထားစမ်း.. ငါ နင့်ကို မမေးဘူး..”
“ကျွန်တော် စီးပွားရေးလုပ်နေတယ်. အဖေ့ လယ်ထဲမှာ ရှိတဲ့ စက်ယန္တယားတွေအားလုံး ရုရှားကပါ.. ကျုပ် သူတို့ကို ခေါ်လာတာပါ.. ပမ့်မြို့တော် စက်ရုံအများစု အရင်ကဆို ရုရှတစ်ပတ်ကျ စက်တွေ သုံးခဲ့ရတာ.. အခု ကျွန်တော် စက်တော်တော်များများ ရောင်းပေးထားတယ်.. ရေငွေထိန်းစက်နဲ့ အရွက်မပါတဲ့ ပန်ကာတွေလဲ ဖန်တီးထား ပါသေးတယ်.. ရုပ်မြင်သံကြားမှာ နေ့တိုင်းမြင်နေရတဲ့ လေနဲ့မိုး အမှတ်တံဆိပ်ကလဲ ကျုပ်ရဲ့ အမှတ်တံဆိပ်ပါပဲ.. ကျုပ်က အဲ့အမှတ်တံဆိပ်တွေကို ဖန်တီးခဲ့တာပါ.. အားလုံးလဲ တော်တော် အကျိုးရှိပါတယ်..”
“လေနဲ့မိုးလား.. အဘိုးကြီးလီ.. ဒီကလေး တော်တော် ထူးချွန်တာပဲ..”
ဝမ့်လန်ယင်း သက်ပြင်းချလိုက်သည်။ ဖုန်းယွီသည် လေနှင့်မိုး အမှတ်တံဆိပ်ကို ဖန်တီးသူဖြစ်သည်။
ဖုန်းယွီ သိပ်ရှင်းပြမနေတော့ချေ။ လီချွမ် မှာမူ ဖုန်းယွီ၏ စကားကို သံသယရှိနေဆဲပင်။ ဖုန်းယွီသည် ယခု တရုတ်ပြည်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောလာပါက ယုံရမည်လော။
တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်သည် သူ့အဖေနှင့်အတူ ဤခရိုင်ငယ်လေးတွင် မည်သည့်အတွက် နေထိုင်နေသေးသနည်း။ မည်သည့်အတွက် မြို့သို့ မပြောင်းသနည်း။
“အဒေါ်.. အဒေါ်.. လီနာနဲ့ကျွန်တော် ရည်းစားတွေလို့ နှစ်ယောက်စလုံး ဝန်ခံပါတယ်.. ကျွန်တော်တို့ ချိန်းတွေ့ ဖြစ်ကြပါတယ်…”
ဖုန်းယွီ လိန မိခင်များနှင့် အမြင်ရှင်းအောင် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ လီန လက်ကို လှမ်းကိုင်လိုက်သည်။
လီန သူ့လက်ပြန်ရုတ်ရန် ကြိုးစားသော်လည်း ဖုန်းယွီ တင်းတင်း ဆုပ်ကိုင်ထားတော့သည်။ လိန သူ့အဖေ မျက်နှာကို မကြည့်ဝံ့တော့ချေ။
လီချွမ်နှင့် ဝမ့်လန်ယင်းတို့သည် ဖုန်းယွီ ဤကဲ့သို့ပြောလာမည်ဟု ထင်မထားကြချေ။ ထိုဖုန်းယွီ အလွန် သတ္တိရှိနေပေသည်။ သို့ရာတွင် သူတို့သမီး၏ ရှက်ရွံ့နေသည့် အမူအရာကို မြင်သည့်အခါ ချိန်းတွေ့ခြင်းအား တားရန် နည်းလမ်း မရှိတော့ကြောင်း သိသွားကြသည်။
ထိုနှစ်ယောက် ချိန်းတွေ့မှု ရပ်တန့်လိမ့်မည်မဟုတ်ချေ။ ဖုန်းယွီသည် ရုပ်ရည်ချောမောကာ ပညာရည်မြင့်မားကာ ငွေရှာနည်းနှင့် မိသားစု နောက်ခံကောင်းရှိပေသည်။ သူ့အတွက် မကောင်းသည့် အကွက်ပင် မရှိချေ။
အမှန်တကယ်တွင် ဝမ့်လန်ယင်းသည် သူ့သမီး ဖုန်းယွီနှင့် ချိန်းတွေ့ရန် အချိန်အတော်ကြာကတည်းက သဘောတူထားခဲ့ပေသည်။ သူ့ခင်ပွန်းအား ကြည့်လိုက်စဉ် ဘာပြောရမှန်းမသိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လီချွမ်း ကျောမတ်ကာ ပါးစပ်ဖွင့်လိုက်သော်လည်း ဘာသံမှ ထွက်မလာခဲ့ချေ။ ဖုန်းယွီသည် ချွမ်းသာကြွယ်ဝသော မျိုးဆက်သစ်ကောင်းတစ်ယောက်ဟု သူထင်ထားပေသည်။ သို့ရာထို ထိုကလေးသည် သူထင်ထားသည်ထက် ပို၍ပင် စွမ်းဆောင်နိုင်ပုံပင်။ သူ့သမီးနှင့် အတူရှိနေပါက အနာဂတ်တွင် ကောင်းမွန်သော ဘဝ ပိုင်ဆိုင်ပေလိမ့်မည်။ ကိစ္စမရှိတော့ချေ။ ဖြစ်ပြီးသမျှ ဖြစ်ပါစေတော။
လီချွမ် လက်ဝှေ့ယမ်းကာ နှစ်ယောက်စလုံး အပြင်ထွက်ရန် အချက်ပြလိုက်သည်။ ထို့နောက် စီးကရက် မီးညှိလိုက်တော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)