လေနှင့်မိုး ပုဂ္ဂလိက လုံခြုံရေး
Vol. 40 Ch. 592
ထိုသို့ဖြင့် လိနသည် ဖုန်းယွီနှင့်အတူ နှစ်သစ်အတွက် အပြင်ထွက်ခွင့်ရခဲ့တော့သည်။ ထွက်၍သာ လာခဲ့ရသော်လည်း သူ့အဖေ မည်သည်ကို ဆိုလိုမှန်း မသိချေ။ သူတို့နှစ်ဦး တွဲသည်ကိုတော့ တားဆီးမည် မဟုတ်တော့ချေ။
လီနသည် ယခု နှစ်သစ်ကူးသည် သူ့အတွက် အပျော်ဆုံး နှစ်သစ်ဟု ခံစားနေမိသည်။
ထိုနေ့ညနေခင်းတွင် ဖုန်းယွီ အပြုံးများနှင့် အိမ်ပြန်လာခဲ့တော့သည်။ ဖုန်းရှင်းထိုင် သူ့သား လက်ဆောင်များ ပေးလိုက်သည်ကို မြင်ယုံဖြင့် မကြာမီ ချွေးမတစ်ယောက် ရတော့မည်ကို သိနေပေသည်။
အိမ်တွင် ရက်အနည်းငယ် အနားယူပြီးနောက် ဖုန်းယွီ နှစ်ကူး(၆)ရက်မြောက်နေ့တွင် ချိုကျီချိန်ထံမှ ဖုန်းလက်ခံရလိုက်သည်။ သူ့တပ်ခွဲမှူးဟောင်း ပမ့်မြို့တော်သိ့ ရောက်လာပြီး ဖုန်းယွီနှင့် တွေ့ချင်နေပေသည်။
ဖုန်းယွီသည်လည်း ထိုလူများနှင့် တွေ့ချင်ပေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အနီးအနား ခရိုင်တစ်ခုတွင် လူသတ်မှုတစ်ခု ဖြစ်သွားကြောင်း ကြားခဲ့ရပေသည်။ တရားခံမှာ ထွက်ပြေးနေဆဲပင်။ ထိုသူများ သူတို့နေရပ်ထိ ပြေးလာပြီး မိမိ ဖခင်အား အန္တရာယ်ပြုပါက မည်သို့ပြုလုပ်ရမည်နည်း။
သို့ရာတွင် ဖုန်းယွီသည် ပမ့်မြို့တော်သို့ မသွားခင် လီန အိမ်သို့ သွားလိုက်သည်။ ဆရာဟောင်းများထံ သွားရောက် ကန်တော့မည်ဖြစ်၍ ရက်နည်းနည်းကြာမည်ဟုသာ ဆင်ခြေပေးခဲ့လိုက်သည်။
ဖုန်းယွီနှင့် လီနတို့သည် ဆရာဟောင်းများထံ သွားရောက်ကန်တော့မည် မှန်သော်လည်း တစ်ရက်နှင့် လုံလောက်ပေသည်။ ဖုန်းယွီ ကျန်နေ့ရက်များတွင် လီနအတွက် အချိန်ပေးချင်၍ ဖြစ်သည်။
လီချွမ်လည်း လီနသည် ဖုန်းယွီနှင့် ပမ့်မြို့တော်သို့ အမှန်တကယ် သွားချင်နေကြောင်း သူ့သမီး မျက်လုံးများမှ တဆင့် အတတ်ပြောနိုင်ပေသည်။ သူသက်ပြင်းချလိုက်သည်။ ဆရာများထံ သွားလည်မည်လော။ သို့ဆိုလျှင် ညဘက် ဘယ်နေရာတွင် နေကြမည်နည်း။ ထားလိုက်ပါတော့။ သူ့ အုပ်ချုပ်မှုအောက်မှ ကျော်လွန်သွားချေပြီ။
ထိုသို့ဖြင့် ဖုန်းယွီ၊ လီန နှင့် လျိုကျီချိန်တို့သည် ပမ့်မြို့တော်သို့ ကားဖြင့် မောင်းသွားတော့သည်။
*****
ဖုန်းယွီ တပ်ခွဲမှူးဟောင်းနှင့် တွေ့ရသည့်အခါ အံ့ဩသွားတော့သည်။ တပ်ခွဲမှူးမှာ အတော်ငယ်ပုံရပေသည်။ အသက်(၃၀)ပင် မကျော်နိုင်သေးချေ။ လျိုကျီချိန် မှ သူ့တပ်ခွဲမှူးဟောင်းအကြောင်း ဖုန်းယွီအား ပြောပြခဲ့ပြီး ဖုန်းယွီက အနည်းဆုံး အသက်(၃၀)ကျော်ဟု ခန့်မှန်းထားမိခြင်းဖြစ်သည်။
“မန်နေဂျာဖုန်း… ဒါငါ့ တပ်ခွဲမှူးဟောင်းပေါ့.. ဒါပေမယ့် သူက ဗိုလ်ကြီးတော့ မဟုတ်ဘူး.. ဒု-ဗိုလ် ပါ.. ခေါင်းဆောင် ဒါ ငါပြောတဲ့ သူဌေး ဖုန်းယွီ.. မန်နေဂျာ ဖုန်းပေါ့..”
“တွေ့ရတာ ဝမ်းသာပါတယ် မန်နေဂျာဖုန်း.. ငါ့နာမည် ရှာထျန်းယွီပါ..”
“မင်္ဂလာပါ.. ကျုပ်မှန်းထားတာထက် ငယ်တာပဲ..”
လက်ဆွဲနှုတ်ဆက်စဉ် ရှာထျန်းယွီ၏ လက်သည် ကြမ်းတမ်းသန်မာနေပေသည်။
“တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ စစ်မှုထမ်းခဲ့တာလေ.. ဒါ့ကြောင့် ငါရာထူးတိုးမြန်သွားတာ..”
ရှာထျန်းယွီသည် အရာရှိတစ်ဦးဖြစ်ပြီး သူ့တာဝန်မှ အနားယူပြီးနောက် စစ်တပ်အတွက် အလုပ်တစ်ခု ခန့်ရန် ခက်ခဲခဲ့ပေသည်။ ထို့ကြောင့် ကိုယ်ပိုင်စီးပွားရေး တစ်ခုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အမှန်တကယ် ဘွဲ့ရစစ်သည်တစ်ဦး ဖြစ်၍ အခြား သာမန်စစ်သားများထက် ပိုသိပေသည်။
“မစ္စတာရှာ… တက္ကသိုလ်မျာတုန်းက ဘယ်ဘာသာရပ်လဲမသိဘူး.. အဲ့တုန်းက တပ်ထဲကိုဝင်ဖို့ ဘယ်လို ဆုံးဖြတ်မိသွားတာလဲ.”
ဖုန်းယွီ စိတ်ဝင်တစား မေးလိုက်သည်။
ဤခေတ်တွင် တက္ကသိုလ်ဘွဲ့ရများသည် အစိုးရ သို့တည်းမဟုတ် စစ်မှုထမ်းသည့်အချိန် အရာရှိများသာ ဖြစ်ကြသည်။ သူ အဘယ့်ကြောင့် စစ်ထဲဝင်ခဲ့သနည်း။ သူ့မိသားစုမှ ဝင်ခွင့်ပြုခဲ့သည်လော။
“ဒါ ငါ့အဖေရဲ့ နောက်ဆုံး ဆန္ဒဖြည့်ဆည်းပေးဖို့ပါပဲ.. အမေ့ကျန်းမာရေးက သိပ်မကောင်းဘူး.. အဲ့လိုမှမဟုတ်ရင် ဝန်ထမ်းဘဝက အနားယူမှာ မဟုတ်သေးဘူး.. တက္ကသိုလ်မှာတုန်းက သမိုင်းဘာသာရပ်လေ့လာခဲ့တယ်.. အသုံးမဝင်ဘူးထင်ရပေမယ့် စစ်ပွဲထဲကနေ သမိုင်းဝင်တိုက်ပွဲတွေထဲက သင်ယူခဲ့ရတာတွေ အသုံးချပြီး သူတို့အားလုံး အသက်ရှင်နိုင်ခဲ့တာပေါ့..”
ရှာချန်းယွီ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဘာသာရပ်တိုင်းက သူ့ဟာနဲ့သူ အသုံးဝင်တာတွေချည်းပါပဲ.. ဘာသာရပ်တစ်ခုခုက အသုံးမဝင်ဘူးဆို အသုံးချနိုင်မယ့် နည်းလမ်း တွေ့ကို တွေ့မှာမဟုတ်တော့ဘူး.. မစ္စတာရှာ.. ခင်ဗျားလူတွေကို ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီအဖြစ် ပေါင်းစည်းချင်တာက ခင်ဗျားမှာ ထူးခြားတဲ့ အမျှော်အမြင်ရှိတယ် ဆိုတဲ့ သဘောပဲ.. ဒါပေမယ့် ကျုပ်မှာ မေးခွန်းတစ်ခုတော့ရှိသေးတယ်.. ဒီအကြံကို နိုင်ငံခြားကနေ ရလာတာလား..”
ရှာထျန်းယွီ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်.. တခြားနိုင်ငံတွေမှာ စီးပွားရေးသမားတွေ တော်တော်များများက အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ရ့တော်တွေငှားကြပြီး အများစုက အငြိမ်းစားစစ်သည်တွေလို့ စာတမ်းတွေမှာ ဖတ်ရတယ်လေ.. ငါတို့နိုင်ငံရဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာနေတော့ လုပ်ငန်းရှင် အရေအတွက် တိုးလာမယ်လို့ ငါထင်တယ်.. ဈေးကွက် တောင်းဆိုမှုတွေ ရှိလာလိမ့်မယ်.. အဲဒါကြောင့် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတစ်ခု ထူထောင်ချင်တာ..”
“မစ္စတာရှာ.. နိုင်ငံခြားက သက်တော်စောင့်တွေ အားလုံး လက်နက်ကိုင်ကြတယ်ဆိုတာ သိရဲ့လား.. တရုတ်မှာဆိုရင် နံပါတ်တုတ်တောင် ကိုင်ခွင့်မရကြဘူး.. ပြောချင်တာက ခင်ဗျားနဲ့ ခင်ဗျားရဲဘော်တွေ စီးပွားရေးသမားတွေကို လက်ဗလာနဲ့ ကာကွယ်ကြရမှာ.. သူတို့ကို ကာကွယ်နိုင်မယ် ထင်လား..”
“ပြည်မမှာလဲ လက်နက်မဲ့ သက်တော်စောင့်တွေလဲ ရှိပါတယ်.. သူတို့တောင် လုပ်နိုင်သေးတာ ငါတို့လဲ လုပ်နိုင်ပါတယ်လေ..”
ရှာထျန်းယွီ အခိုင်အမာ ပြောနေပေသည်။
“ဒါဆိုရင်.. မစ္စတာရှာ.. ပြည်ပက သက်တော်စောင့်တွေက သေနတ်သမားနဲ့ မျက်နှာချင်းဆိုင်တွေ့ရင် သူတို့ခန္ဓာကိုယ်နဲ့ ကာကွယ်စောင့်ရှောက်ပေးမယ် ဆိုတာရော ခင်ဗျားသိလား.. ခင်ဗျားလူတွေက အဲ့လို လုပ်နိုင်မှာလား..”
ငှားရမ်းသူအား အကာအကွယ်ပေးရန် သူတို့၏ ခန္ဓာကိုယ်ဖြင့်ကာကွယ်ကာ ပစ်သတ်ခံရမည်ကို ဆိုလိုပေသည်။ သူတို့အလုပ်အတွက် အသတ်ခံရနိုင်ပေသည်။ ရှာထျန်းယွီ တုံ့ဆိုင်းသွားမိသည်။ ဤသည်က သူ့ရေဲဘော်များ ဖြစ်သည်။ အစိုးရက သူတို့အား အလုပ်ခန့်ထားသော်လည်း အားလုံး သူနှင့် ပူးပေါင်းရန် ခေါ်ခဲ့ပေသည်။ သူတို့ တာဝန်ထမ်းနေစဉ် အသတ်ခံရပါက သူ့တွင် အပြစ်ရှိကြောင်း ခံစားနေရ ပေလိမ့်မည်။
ဖုန်းယွီ အနည်းငယ် စိတ်ပျက်သွားမိသည်။ ဤလူများသည် နိုင်ငံခြားမှ ကျွမ်းကျင်သည့် သက်တော်စောင့်များနှင့် ကွာခြားပုံပင်။ သို့ရာတွင် တရုတ်၌ ဤမျှလောက် အန္တရာယ်မရှိသေးချေ။ ဖုန်းယွီသည် အထူးသဖြင့် အမေရိကန် နိုင်ငံ သို့တည်းမဟုတ် အခြားနိုင်ငံများတွင် လက်နက် ထိန်းချုပ်မှုမရှိသည့် နိုင်ငံရပ်ခြားသို့သွားလျှင် ကျွမ်းကျင် ကိုယ်ရံတော် ငှားရမ်းရလိမ့်မည်။
“မန်နေဂျာဖုန်း.. ငါတို့ ကျီကာအင်္ကျီဝတ်ထားရင် အဲ့လိုလုပ်ပေးနိုင်တယ်.. ပြီးတော့ ငါတို့လူတွေအားလုံးက စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့သူတွေကြီးပဲ.. ရန်သူ(၁၀)ယောက်ကျော်လက်ထဲကနေတောင် သူတို့ကိုယ်သူတို့ လွှတ်အောင် လုပ်နိုင်ခဲ့တဲ့သူတွေကြီးပဲ.. စိတ်ချရပါတယ်..”
ရှာထျန်းယွီ ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်သည်။
အမှန်တကယ်တွင် ရှာထျန်းယွီ ဤသည်ကို စဉ်းစားဖူးသည်။ တရုတ်နိုင်ငံသည် တရားမဝင် လက်နက်များကို အကြိမ်ကြိမ် နှိမ်နင်းခဲ့ပေသည်။ အမဲလိုက် ရိုင်ဖယ်များပင်လျှင် သိမ်းထားပေသည်။ ယနေ့ခေတ်တွင် တရားမဝင် သေနတ်များ အလွန်ရှားပါးပေသည်။
အကယ်၍ ၎င်းတို့အား သေနတ်ဖြင့် တိုက်ခိုက်ရန် အမှန်တကယ် တစ်ယောက်ယောက် ရှိလာပါက သူ့လူများသည် အလုပ်အပ်သူများအား အကာအရံမပါဘဲ ခန္ဓာကိုယ်ဖြင့် အကာအကွယ်မပေးပါက သေနတ်ဖြင့် ပစ်သတ်ခံရပေလိမ့်မည်။
“ကောင်းပြီ.. မစ္စတာရှာ.. ခင်ဗျားက ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တည်ထောင်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ နောက်ဆို ခင်ဗျားက ဈေးကွက်သုတေသနတွေ လုပ်ပြီး ဒေသအာဏာပိုင်တွေနဲ့ အစီအစဉ်တွေ လုပ်သင့်တယ်.. အဲ့လုံခြုံရေးကုမ္ပဏီကို ကျုပ်ဝယ်မယ်.. ခင်ဗျားတို့အားလုံး ကျုပ်အတွက် အလုပ်လုပ်ပေးကြပါ.. ခင်ဗျားတို့အားလုံးကို လစာတွေ ကျုပ်ပေးမယ်..”
ရှာထျန်းယွီ စိတ်ရှုတ်သွားသည်။ ဤကုမ္ပဏီကို ဝယ်မည်ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤကုမ္ပဏီသည် မှတ်ပုံတင်မထားရသေးချေ။ ဤမန်နေဂျာဖုန်းသည် သူတို့ကို ပိုက်ဆံပေးရန် အကြောင်းပြချက် တစ်ခုပေလော။
“မန်နေဂျာဖုန်း.. မင်း ဒီကုမ္ပဏီအတွက် ဘယ်လောက်ပေးမှာလဲ..”
“ယွမ် (၅)သိန်း.. တစ်ယောက်ကို ယွမ်(၁၀၀၀၀)ကနေ (၂၀၀၀၀)ပေးယုံနဲ့ လုံလောက်ပါတယ်.. ဒါ နည်းတဲ့ပမာဏ မဟုတ်ဘူး.. ဒါပေမယ့် ခင်ဗျားအပါအဝင် ခင်ဗျားလူတွေအားလုံး နှစ်ရှည်စာချုပ် လက်မှတ်ထိုးရမယ်.. ပြောချင်တာက ကျုပ်တို့ ကုမ္ပဏီကလွဲပြီး တခြားကုမ္ပဏီတွေနဲ့ အခုလိုမျိုး သဘောတူစာချုပ် ချုပ်ခွင့်မရှိဘူး.. စက်ရုံတွေမှာတောင် တခါးစောင့်တောင် ရှိသေးတာပဲ.. ခင်ဗျားတို့အားလုံး လျို့ဝှက် သဘောတူညီချက်တစ်ခုလဲ လက်မှတ်ထိုးရမယ်.. ခွင့်ပြုချက်မရှိဘဲ ကျုပ်ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်သူ့ကိုမှ ထုတ်ပြောလို့မရဘူး.. ဇနီး၊ သားသမီးတွေတောင်မရဘူး..”
ဖုန်းယွီ သူတို့ကို ငွေအမြောက်အများ ပေးခဲ့သော်လည်း အပြန်အလှန်အားဖြင့် သူတို့အားလုံး ထိုသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရမည် ဖြစ်ပေသည်။ ဤလူများသည် ကုမ္ပဏီ၏ ပင်မနည်းပညာများ နှင့်ပတ်သက်သည့် အချက်အလက်များ ဝင်ရောက်ကြည့်ရှုခွင့် ပေးရနိုင်ပေသည်။ ထိုမှတဆင့် သတင်းပေါက်ကြားပါက ဆုံးရှုံးမှု ပို၍ပင်များပြားလာပေလိမ့်မည်။
နည်းပညာမှရရှိသည့် အမြတ်အစွန်းသည် အမြင့်ဆုံးဖြစ်ပေသည်။
ရှာထျန်းယွီ အချိန်အတန်ကြာ စဉ်းစားလိုက်သည်။ သူတို့အား ပိုက်ဆံပေးသည်မှာ ထိုလူအနေဖြင့် သူ့မိသားစုအတွက် ငွေကြေးဆုံးရှုံးနည်းမှုရှိရန်ပင်။ နှစ်ရှည်စာချုပ်နှင့် လျှို့ဝှက် သဘောတူညီချက်အရ အဆင်ပြေပေသည်။ တပ်မတော်မှ အနားယူပြီးချိန်တွင် လျို့ဝှက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ပေသည်။
“ကောင်းပြီလေ.. ငါ့ရဲဘော်တွေကိုယ်စား မင်းတောင်းဆိုတာတွေ ငါသဘောတူတယ်.. ဒါပေမယ့် ငါတို့ လစာကရော ဘယ်လိုဖြစ်မလဲ.."
“ခင်ဗျားက ဒီကုမ္ပဏီရဲ့ မန်နေဂျာဖြစ်ပြီး တစ်လကို ယွမ်(၂၀၀၀)နဲ့ နှစ်ကူး အပိုဆုငွေရမယ်.. ကျန်တဲ့ ခင်ဗျား လူတွေမှာ တာချိန်နဲ့ အဆင့်တူတဲ့သူတွေကို ယွမ်(၁၀၀၀)နဲ့ အပိုဆုရမယ်.. တာချိန်ထက် ပိုသာရင် လစဉ်လစာ ယွမ်(၁၅၀၀)ပေါ့.. ဒါပေမယ့် ကျုပ် သူတို့စွမ်းရည်တွေကို အရင်စမ်းသပ်ဖို့တော့ လိုလိမ့်မယ်..
“မင်းမျှော်လင့်ချက်တွေကို ငါတို့ သေချာပေါက် ဖြည့်ဆည်းပေးမှာပါ..”
ဖုန်းယွီသည် ရှာထျန်းယွီ မျှော်လင့်ထားသည်ထက်ပင် လစာများ မြင့်မားစါာ ပေးထားခဲ့ပေသည်။
“မနက်ဖြန် ဒီကုမ္ပဏီကို မှတ်ပုံတင်ရအောင် ခင်ဗျားနဲ့လိုက်ဖို့ တစ်ယောက်လွှတ်လိုက်မယ်.. အော်.. နောက်ဆို ကျုပ်တို့ ကုမ္ပဏီကို လေနှင့်မိုး လျှို့ဝှက်လုံခြုံရေး လို့ နာမည်ခေါ်ရမယ်….”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)