← Chapters

စွမ်းရည်များ စမ်းသပ်ခြင်း

Vol. 40 Ch. 593

စွမ်းရည်များ စမ်းသပ်ခြင်း

Vol. 40 Ch. 593

ဖုန်းယွီသည် ဤလုံခြုံရေး ကုမ္ပဏီကို သူ့ကုမ္ပဏီတစ်ခုအောက်ရှိ လုံခြုံရေးဌာနခွဲအဖြစ် မှတ်ပုံတင်ထားခြင်း မရှိချေ။ သူသည် ဤကုမ္ပဏီအား လေနှင့်မိုး သီoefh လျို့ဝှက်လုံခြုံရေး ကုမ္ပဏီတစ်ခုအဖြစ်သာ မှတ်ပုံတင်ခဲ့သည်။

ထိုအကျိုးကျေးဇူးအတွက် ဖုန်းယွီမှာ ဤလူများကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဤကုမ္ပဏီကို အခြားကုမ္ပဏီတစ်ခု၏ ဌာနခွဲအဖြစ် တည်ထောင်လိုက်ပါက အခြားသူများက ဤကုမ္ပဏီ၏ စီမံခန့်ခွဲမှုကို ဝင်ရောက်နှောက်ယှက်နိုင်ပေသည်။

ဤနည်းဖြင့် ဖုန်းယွီသည် အခွန်ငွေ ပို၍ ပေးဆောင်ရသော်လည်း စိတ်ထဲမထားချေ။ ကုမ္ပဏီ ကြီးထွား လာသည့်အခါ ၎င်းသည် အမှန်တကယ် လုံခြုံရေးကုမ္ပဏီဖြစ်လာပြီး ရပ်ကွက် သို့မဟုတ် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ လုံခြုံရေးပေးရန်အတွက် စာချုပ်များ ချုပ်ဆိုနိုင်မည်ဖြစ်သည်။

ရှာထျန်းယွီသည်လည်း မြန်ပေသည်။ (၃)ရက်အတွင် သူနှင့် သူ့လူအားလုံး ပမ့်မြို့တော်သို့ စုစည်းခဲ့သည်။ စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူများလည်း ပါဝင်ပေသည်။

သူ့ရှေ့တွင် ရပ်နေသည့် လူတန်း(၃)တန်းကို ကြည့်လိုက်သည်။ သူတို့အတွင်းမှ တစ်ယောက်သည် ခြေတစ်ဖက်သာ ရှိပေသည်။ ကျန်သူများနှင့် အတူရပ်နိုင်ရန် ချိုင်းထောက်များ သုံးထားရပေသည်။ ခြေတစ်ဖက်သာ ရှိသော်လည်း ကျန်လူများကဲ့သို့ ဂုဏ်ယူစွာ မတ်တပ်ရပ်နေသည်။ ဤသည်ကပင် စစ်သားတစ်ယောက်၏ ဂုဏ်ယူစရာပင်။

“မင်း.. မင်း… မင်း.. ထွက်ခဲ့လိုက်..”

ဖုန်းယွီ သိသိသာသာ မသန်စွမ်းသူ (၁၀)ယောက်ကျော် ခေါ်ထုတ်လိုက်သည်။ ထိုသူများသည် ကိုယ်ရံတော် အဖြစ် မသင့်လျော်သော်လည်း အခြားနေရာများတွင် ထမ်းဆောင်နိုင်ပေသည်။

သို့ရာတွင် ဖုန်းယွီစကားကြားသော်လည်း ထိုသူများ လှုပ်ပင်မလှုပ်ကြချေ။ ရှာထျန်းယွီသည် ဖုန်းယွီ မျက်နှာပြောင်း သွားသည်ကို မြင်ရသည်နှင့် ချက်ချင်း အော်ငေါက်ကာ..

“မင်းတို့အားလုံးကို မန်နေဂျာဖုန်း အမိန့်ပေးလိုက်ပြိလေ.. နောက်ဆို သူက ငါတို့ရဲ့ ထိပ်တန်း ခေါင်းဆောင်ပဲ.. မင်းတို့အားလုံး သူ့အမိန့် နားထောင်ရမယ်..”

“ခေါင်းဆောင်…..”

ဖုန်းယွီသည် အထက်တန်းကျောင်းတွင် စစ်သင်တန်း တက်ခဲ့ဖူးပေသည်။ သူသည် ထိုစစ်သည်ဟောင်းကို ကြည့်ကာ..

“ပြောစမ်း…”

ယခုမူ ဖုန်းယွီသည် စစ်တပ်အရာရှိ တစ်ယောက်ကဲ့သို့ ခံစားနေရသည်။

“မန်နေဂျာဖုန်း.. ငါ့မှာ လက်နှစ်ချောင်း ဆုံးရှုံးခဲ့ပြီး သေနတ်မကိုင်နိုင်ဘူး.. ဒါပေမယ့် ငါ့ကိုယ်ခံပညာက တခြားသူတွေနဲ့ တန်းတူပဲ.. ငါ သက်တော်စောင့် ဖြစ်နိုင်ပါသေးတယ်..”

ဖုန်းယွီသည် ထိုမသန်မစွမ်း စစ်သည်များအတွက် အခြားအလုပ်များ ပေးမည်ကို သူတို့အားလုံး သိထားကြပေသည်။ သို့ရာတွင် ထိုအလုပ်များမှာ သက်တော်စောင့်များကဲ့သို့ လစာကောင်းမည် မဟုတ်ချေ။ ဖုန်းယွီသည် လူမိုက်မဟုတ်ချေ။ သူ့ကုမ္ပဏီအတွက် တံခါးစောင့်တစ်ယောက်ကို လစာ ယွမ်(၁၀၀၀)မပေးနိုင်ချေ။ သူ့ပိုက်ဆံများ အလဟသ ဖြုန်းတီးမည် မဟုတ်ချေ။

ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ အားလုံး ပိုက်ဆံရှာချင်ကြပေသည်။ ဤသည်က ပုံမှန်ပင်။ သို့ရာတွင် လစာ မြင့်မားစွာရနိုင်မည်လားဆိုသည်မှ သူတို့၏ စွမ်းဆောင်နိုင်မှုအပေါ် မူတည်ပေလိမ့်မည်။

“မင်းတို့အားလုံး လောလောဆယ်တော့ ကျတယ်.. မင်းတို့ကို နောက်မှ ပြန်စစ်မယ်.. စစ်ဆေးပွဲအောင်ရင် အားလုံး သက်တော်စောင့် ဖြစ်စေရမယ်..”

ထိုမသန်မစွမ်း စစ်သည်များ ဖုန်းယွီစကားဆုံးသည်နှင့် တန်းစီနေရာမှ ထွက်သွားကြသည်။

“ပြီးရင် မင်းတို့ အားလုံးကို အရည်အချင်း စစ်ကြည့်ရမယ်.. ငါနဲ့အတူ ဒီအခန်းထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ရမယ်.. ရလဒ်တွေကို အားလုံးပြီးရန် ကြော်ညာမယ်.. ဒီစစ်ဆေးမှုက တရားမျှတမှု ရှိမရှိ အားလုံး သိရလိမ့်မယ်.. ကောင်းပြီ.. မင်းအရင်စလိုက်..”

ဖုန်းယွီ ပထမဆံးလူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

အခန်းထဲတွင် ကာယပညာကျောင်းမှ ကျောင်းသားများ ရှိပေသည်။ သူတို့သည် လက်ဝှေ့၊ ကိုယ်ခံပညာ၊ ဂျူဒိုစသည်ဖြင့် လေ့ကျင့်ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့သည် စစ်သည်ဟောင်းများနှင့် ယှဉ်ပြိုင်ရပေလိမ့်မည်။ အနိုင်ရပါက ယွမ်(၁၀၀)ရကာ၊ ရှုံးနိမ့်ပါက ယွမ်(၅၀)ရပေလိမ့်မည်။ ထို့အပြင်း (၂)ယောက် (၁)ယောက် တိုက်ခိုက်ရမည် ဖြစ်သည်။

ကျောင်းသားများသည် ကျောင်းပြင်ပတွင် မကြာခဏ ရန်ဖြစ်လေ့ရှိပြိး ၎င်းတို့သည် သူတို့သားကောင်များအား ဆေးဘိုးကုန်ကျစရိတ်နှင့် လျော်ကြေးငွေများ မကြာခန ပေးရလေ့ရှိသူများပင်။ သို့ရာတွင် ဤတစ်ကြိမ်တွင် သူတို့နှလုံးသားအတွင်းမှ တင်းများမှုများ ဖျောက်ဖျက်ချင်သေးသည်။ ချက်ချင်းပင် ဤကိစ္စတွင် ပါဝင်ရန် သူတို့ သူငယ်ချင်းများကို ခေါ်လိုက်ကြသည်။ အယောက်(၂၀)ကျော်ပေသည်။

“မန်နေဂျာဖုန်း.. ဒီခပ်ပိန်ပိန်လူကို စမ်းသပ်ဖို့ ငါတို့ကို ငှားထားတာလား.. သူ့အတွက် (၂)ယောက် မလိုပါဘူး.. ငါတစ်ယောက်ထဲနဲ့တင် အနိုင်ယူနိုင်တယ်..”

(၁.၈၅)မီတာခန့် အမြင့်ဖြင့် ကြွက်သားများ ဖုထစ်နေသည့် လက်ဝှေ့သမားက အော်ပြောလိုက်သည်။

အခန်းအတွင်း ဝင်လာသည့် ရဲဘော်ကမူ ဘာမှ မပြောချေ။ ထိုလက်ဝှေ့သမားကို မျက်နှာမူ၍ ဒေါသတကြီးဖြင့် လက်တစ်ချောင်းသာ မြှောက်ပြလိုက်သည်။ စစ်သည်တော်တို့၏ စွမ်းဆောင်ရည်မှာ အားကစားကွင်းအတွက် မဟုတ်ဘဲ သတ်ရန်လေ့ကျင့်ထားခြင်းဖြစ်သည်။ သူသည် စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့ပြီး လူသတ်နည်းများ လေ့ကျင့်ခဲ့ရသူဖြစ်သည်။ သူ့ပြိုင်ဘက်သည် သူ့ထက် အကောင်ပို၍လျှင်ပင် (၃)ချက်လောက်ဖြင့် ပြီးနိုင်မည်ကို ယုံကြည်ပေသည်။

လက်ဝှေ့သမား ဒေါသထွက်သွားသည်။ သူ့သူငယ်ချင်းများရှေ့တွင် စော်ကားခံရသည်ဟု ခံစားလိုက်ရသည်။ ရှေ့တိုးလာလိုက်တော့သည်။

“ဝှစ်… ဝုန်း…”

တစ်ချက်သာပင်။ စစ်သည်ဟောင်း တစ်ကွက်သာလှုပ်ရှားလိုက်ယုံဖြင့် ထိုလက်ဝှေ့သမား ကြမ်းပြင်ပေါ် မှောက်ကျသွားတော့သည်။

သို့ရာတွင် ဖုန်းယွီ မကျေနပ်သေးချေ။ ထိုစစ်စားသည် လူများ၏ပေါင်ကြားသို့ မည်သို့ကန်နိုင်သနည်း။ ဤသည်က အလွန်ထိရောက်သော်လည်း အရည်အချင်းမပြနိုင်ချေ။

“ခါးပတ်အောက်ကို မထိနဲ့.. မျက်လုံးပြူးမနေနဲ့.. နှစ်ယောက်သွား..”

ဖုန်းယွီ နောက်မှ လူနှစ်ယောက်ကို ညွှန်ပြလိုက်သည်။

ညစ်ပတ်သည့် လှုပ်ရှားမှုကြောင့် သူတို့ သူငယ်ချင်းခံလိုက်ရသဖြင့် ထိုနှစ်ယောက် ဒေါသထွက်နေပေသည်။ သူတို့နှစ်ယောက် အရှိန်ဖြင့် ပြေးထွက်လာကာ တစ်ယောက်က ဦးခေါင်းပိုင်းကို တိုက်ခိုက်၍ နောက်တစ်ယောက်က အမှောက်သိပ်ရန် ပြင်ဆင်လိုက်ကြသည်။

ထိုစစ်သည် ရုတ်တရက် ရှေ့သို့ရွှေ့ကာ ကျောင်းသားတစ်ယောက်ကို လက်သီးနှင့်ထိုးလိုက်ပြီး နောက်တစ်ယောက်၏ ခြေထောက် မြေသို့မကျမှီပင် ခြေချိတ်၍ ပွတ်ဆွဲချလိုက်သည်။ အရာအားလုံးကို အားမစိုက်ဘဲ လုပ်ခဲ့ခြင်းဖြစ်သည်။

“မင်းတို့ (၂)ယောက်စလုံး ရှုံးသွားပြီ.. ငါသာ အားသုံးလိုက်မယ်ဆိုရင် ဒီကောင်မေ့ပြီး.. ဟိုကောင် လက်တွေ ကျိုးသွားလိမ့်မယ်..”

ဗုဒ္ဓေါ.. အလွန်သန်မာလွန်းပေသည်။

“ကောင်းပြီ.. မင်းအောင်တယ်.. ကျစ်ကန်း သူ့ကို ဘေးအခန်းမှာ အနားယူခိုင်းပြီး နောက်တစ်ယောက် ဝင်ခိုင်းလိုက်..”

ရှာထျန်းယွီ အပါအဝင် လူပေါင်း (၂၀)ကျော်သည် တိုက်ခိုက်ရေးသမားများ မဟုတ်ပုံပေါ်နေသော်လည်း အထက်ပါ ကာယကျောင်းမှ ကျောင်းသားများကို နှိပ်ကွပ်ရန် စက္ကန့်(၃၀)ပင် အချိန်မယူခဲ့ချေ။ သူတို့အားလုံး ကျွမ်းကျင်သူများ ဖြစ်ကာ သေစေနိုင်ပေသည်။

ထိုကျောင်းသားအုပ်စု ဒုက္ခရောက်တော့သည်။ ပိုက်ဆံရှာရန်နှင့် လူများကို ရိုက်နှက်ရန် ဤနေရာသို့ လာခဲ့ခြင်းဟု ထင်ခဲ့ကြပေသည်။ သို့ရာတွင် ဆန့်ကျင်ဘက်ဖြစ်မည်ကို မည်သူ သိနိုင်မည်နည်း။ အားလုံး မကျေနပ်ကြချေ။

ဝူကျစ်ကန်း အားလုံးကို လှမ်းအော်လိုက်သည်။

“ဒီကို မလာခင်ထဲက အားလုံးကို ငါရှင်းပြပြီးသားလေ.. မင်းတို့အားလုံး ဘပြောကြလဲ.. (၁)ယောက်ချင်းဆိုရင်တောင် အဲ့စစ်သားတွေကို နိုင်မယ်ဆို.. အခု (၂)ယောက်(၁)ယောက်နဲ့တောင် တစ်ပွဲမှ မနိုင်တာ.. မင်းတို့ကောင်တွေ ချိုကြွချင်နေကြသေးလား.. ပြည်နယ်ပြိုင်ပွဲမှာ ပထမရခဲ့တယ်ဆိုတာ ဘယ်သူလဲ.. (၂)ယောက်ပဲ ရှိတာလား…”

နောက်ဆုံး စစ်သည်ဟောင်း အခန်းမှ ထွက်သွားပြီးနောက် ဝူကျစ်ကန်းသည် မသန်စွမ်း စစ်သည်တစ်ယောက် ဝင်ခိုင်းလိုက်သည်။ စစ်ပွဲတွင် လက်(၂)ချောင်း ဆုံးရှုံးခဲ့သူ ဖြစ်သည်။

ပထမဆုံး အလဲထိုးခံရသည့် လက်ဝှေ့သမား ပြန်လည် ကောင်းမွန်လာခဲ့ပေပြီ။ စစ်သားသည် လက်နှစ်ချောင်း ဆုံးရှုံးထားသည်ကို မြင်ရပြီး လက်နက်မဲ့တိုက်ခိုက်ရေးလှုပ်ရှားမှု အချို့ မလုပ်နိုင်မှန်း ချက်ချင်းသိလိုက်သည်။ သူနှင့် အရွယ်တူ သူငယ်ချင်းတစ်ယောက်ကို ခေါ်လိုက်သေးသည်။ လက်စားချေရန် အသင့်ဖြစ်နေပေပြီ။

အကောင်းအတိုင်းလူကို အနိုင်မယူနိုင်သော်လည်း မသန်မစွမ်းလူတစ်ယောက်ကို မည်သို့ ဆုံးနိုင်မည်နည်း။

ဖုန်းယွီ ဤအခြေအနေကို မကြည့်ဘဲမနေနိုင်တော့ချေ။ ဤစစ်သားသည် လက်နှစ်ချောင်း ဆုံးရှုံးခဲ့သော်လည်း သားသတ်သမား တစ်ယောက်ကဲ့သို့သာပင်။ သူသည်လည်း အခြားသူများကဲ့သို့ စွမ်းဆောင်နိုင်ကြောင်း သက်သေပြရန်လိုပြီး ခွန်အား ပိုမိုသုံးခဲ့ပေသည်။ အကယ်၍ ဤနေရာသည် စမ်းသပ်ပွဲမဟုတ်ပါက ထိုကျောင်းသား (၂)ယောက် သေဆုံးခြင်း၊ သို့တည်းမဟုတ် လေဖြတ်ခြင်းတို့ ဖြစ်သွားနိုင်ပေသည်။

ထိုစစ်သည်သည် သူ့မျက်နှာအား လက်သီးဖြင့် ထိုးခဲ့သော်လည်း ထိခိုက်မှု မရှိချေ။ သူ့ဘဝတွင် တိုက်ပွဲများ ဖြင့်ဖြတ်သန်းခဲ့ရ၍ ပြင်းပြသည့် အမူအရာများသာ ရှိနေပေသည်။ ဖုန်းယွီသည် သူ့ကို ကြည့်သည့်အခါ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

ခဏအကြာ၌ မသန်မစွမ်း စစ်သည်ဟောင်းများအားလုံး စစ်ဆေးမှု ပြီးသွားချေပြီ။ လက် သို့တည်းမဟုတ် ခြေထောက်များ၊ နားရွက်များ ပြတ်သူများပင် စမ်းသပ်မှု အောင်မြင်ခဲ့သည်။ ခြေလက်အင်္ဂါဆုံးရှုံးသွားသူများသည် ကျောင်းသားများကို အနိုင်ယူနိုင်သော်လည်း ကားမောင်း၍မရနိုင်ချေ။ သို့အတွက် ကံကြမ္မာကိုသာ အပြစ်ပြောရပေတော့မည်။

“ကျစ်ကန်း.. သူတို့ကို လုပ်အားခ(၂)ဆပေးလိုက်… တော်တော် သနားဖို့ကောင်းလွန်းတယ်..”

ဖုန်းယွီ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည့် ကျောင်းသားများကို ကြည့်လိုက်သည်။ သူတို့ကို သနားနေမိသည်။

ထိုကျောင်းသားအုပ်သည် ကျောင်းပြင်ပတွင် ရန်ဖြစ်နေကြသူတွေလော။ သူတို့အားလုံး ကိုယ်ခံပညာ၊ လက်ဝှေ့၊ ဂျူဒို စသည်ဖြင့် လေ့ကျင့်ခဲ့ကြသည်လော။ မည်သည့်အတွက် ဤမျှ အသုံးမကျကြသနည်း။ သို့တိုင်အောင် ထိုကျောင်းသားအုပ်စုသည် လက်နက်မဲ့ တိုက်ခိုက်ရေးတွင် အလွန်ကောင်းကောင်း သက်သေပြနေပေသည်။

ထိုသို့ သနားစရာ ကျောင်းသားအုပ်စုများသည် အနာဂတ်တွင် သူတို့ကိုယ်သူတို့ ပြုပြင်သင့်ပေသည်။ အရိုက်ခံရသည့် အရသာ ခံစားဖူးပေလိမ့်မည်။

ဝူကျစ်ကန်းသည် ကျောင်းသားများကို ‌ငွေပေးနေစဉ် ဖုန်းယွီသည် ရှာထျန်းယွီနှင့်အတူ စစ်သည်ဟောင်းများ၏ ကောင်းကျိုးအတွက် ဆွေးနွေးရန် ဘေးခန်းသို့ ထွက်သွားလိုက်သည်။ သက်တော်စောင့်များ ဈေးသက်သက်သာသာဖြင့် တွက်လျှင်ပင် ဤလူများကို တစ်လ ယွမ်(၁၀၀၀၀)တန်သည်ဟု ဖုန်းယွီခံစားနေရပေသည်။ ယခု သူသည် တစ်လလျှင် ယွမ်(၁၀၀၀)သာ ပေးချေထားပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters