← Chapters

သက်တော်စောင့်လား

Vol. 40 Ch. 594

သက်တော်စောင့်လား

Vol. 40 Ch. 594

လျိုကျီချိန်သည် ဖုန်းယွီ၏ ကိုယ်ရံတော်အဖြစ် တာဝန်ပေးအပ်ခံရသည်။ လက်နှစ်ချောင်းပြတ်သွားသော်လည်း ရက်စက်ကြမ်းကြုတ်သော ထိုစစ်သည်ကို ဖုန်းယွီ ဖခင်၏ သက်တော်စောင့်နှင့် ယဉ်မောင်းအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ကျန်သူများကိုလည်း နှစ်ယောက် သို့မဟုတ် တစ်ယောက် စသည်ဖြင့် ခွဲလိုက်သည်။ ကျန်းဝမ်မုန့်နှင့် ကျန်လူများကိုလည်း ကာကွယ်ရန် တာဝန်ပေးထားလိုက်သည်။

ဝူကျစ်ကန်းက သူ့အတွက် သက်တော်စောင့် ယဉ်မောင်းတစ်ယောက် တာဝန်ပေးထားကြောင်း သိလိုက်ရသည့်အခါ ဝမ်းသာသွားသည်။ ယခုနှစ်စောပိုင်း လစာ(၁၅)ရာခိုင်နှုန်း တိုးလာသည်ထက်ပင် ပိုပျော်နေသေးသည်။

နောက်ဆုံး၌ မိမိတွင် သက်တော်စောင့် တစ်ယောက် ရှိနေပေသည်။

ဝူကျစ်ကန်း အမြစ်တွင် ဟောင်ကောင်နှင့် နိုင်ငံခြားရှိ သူဌေးကြီးများသာ ကိုယ်ပိုင် သက်တော်စောင့်များ ရျိပေသည်။ တရုတ်တွင် သက်တော်စောင့် ငှားထားသည့် စီးပွားရေးသမားမျိုး မတွေ့ဖူးသေးချေ။ နောက်ဆုံး၌ သူ့တွင် သက်တော်စောင့် တစ်ယောက်ရှိပေပြီ။ သူ့ကို မနာလိူသူ ရှိမှာ သေချာပေသည်။

ထို့အပြင် ဝူကျစ်ကန်းသည် သူ့သက်တော်စောင့်အတွက် လစာပေးရန်မလိုဘဲ သူညွှန်ကြားသမျှ နားထောင်ရန် လိုပေသည်။ အလုပ်ချိန်ပြီးပါက ဖောက်သည်များနှင့် တွေ့ဆုံရန် လိုအပ်ခဲ့သလျှင် ကားမောင်းရန် စိတ်မပူဘဲ အရက် သောက်နိုင်ပေသည်။

ပမ့်မြို့တော်တွင် ရက်နည်းနည်းကြာလာသည့်အခါ လီန အိမ်ပြန်ချင်လာသည်။ ပမ့်မြို့တော်တွင် ဖုန်းယွီနှင့်အတူ ရက်ရှည်နေခဲ့ပေသည်။ သူမိဘများ ပျော်နိုင်မည် မဟုတ်ချေ။

ဖုန်းယွီမှာမူ ပမ့်မြို့တော်၌ အလုပ်များ ရှိနေသေးပြီး လီနကို အများသုံး လိုင်းကားဖြင့် မပြန်စေလိုချေ။ ထို့ကြောင့် လီနကို လေနှင့်မိုး ပို့ဆောင်ရေးဌာနသို့ ခေါ်လာခဲ့တော့သည်။

မည်သို့ပင်ဖြစ်စေ လေနှင့်မိုး ပို့ဆောင်ရေးတွင် ယခုအခါ ကားသစ်များ ရှိပေသည်။ ယဉ်မောင်းနှင့် ခရီးသည် ထိုင်ခုံများ ပိုမိုကျယ်ဝန်းကာ သန့်ရှင်းမှု ရှိပေသည်။

“အဘိုးကြီးကျောင်း ကျုပ်ယောက္ဖ ဘယ်မှာလဲ..”

ဖုန်းယွီ လေနှင့်မိုး ပို့ဆောင်ရေး လက်ထောက်အထွေထွေမန်နေဂျာကို နှုတ်ဆက်လိုက်သည်။

“မန်နေဂျာလီ အခုလေးမှ ရှိသေးတယ်.. ကိစ္စတစ်ခုခု ရှိလို့ထင်တယ်.. မင်းတွေ့ချင်လို့လား.. ခေါ်လိုက်မယ်လေ..”

“ရတယ် မလိုဘူး.. ဒီနေ့ မြောက်ဘက်ကို ပြန်မယ့် ကုန်ကားရှိလား.. ကျုပ်ချစ်သူ အိမ်ပြန်ပို့လို့ရမလားလို့..”

“နောက်ထဲမှာတော့ မင်းအဖေစက်ရုံကို ပလတ်စတစ်ဘူးတွေပို့တဲ့ ကား ပဲပုတ်ဆီတင်ပြီး ပြန်လိမ့်မယ်.. နေ့လည်စာ စားပြီးရင် ထွက်လိမ့်မယ်.. အဆင်ပြေရဲ့လား..”

ကုန်ကားသည် နောက်နေ့တွင် မြောက်ဘက်သို့ ထွက်မည်ဟု ယူဆရပေမည်။ သို့ရာတွင် ဖုန်းယွီသည် သူ့ကောင်မလေးကို ပြန်ပို့ချင်သည့်အတွက် စောစောထွက်စေချင်ပေသည်။

“ကောင်းပြီ.. ကျေးဇူးတင်ပါတယ်.. နေ့လည်မှ ဖုန်းဆက်လိုက်မယ်..”

အပေါ်ထပ်၌ လီနသည် ဖုန်းယွီ၏ ရုံးခန်းအတွင်း ထိုင်နေသေးသည်။ ဖုန်းယွီသည် ကုမ္ပဏီဂိုဒေါင်သော့များ ယူခဲ့ပြီး ထိုင်ဟွာ ကုန်သွယ်ရေး ဂိုထောင်သို့ လီနနှင့်အတူ ထွက်လာခဲ့လိုက်သည်။

“ဒီမှာ ဦးလေးနဲ့အဒေါ် ကြိုက်တာတွေကြည့်ရွေးပြီး.. ကားပေါ်တင်ပြီး ပြန်လို့ရတယ်… အဲ့ဒါ နှစ်သစ်ကူး လက်ဆောင်ပဲ..”

လျိုကျီချိန် အံ့ဟသွားသည်။ ဖုန်းယွီသည် အလွန်ချမ်းသာပေသည်။ နှစ်ကူးလက်ဆောင်များ သိမ်းဆည်းရန် ဂိုဒေါင်ပင် လိုအပ်ပေသည်။

“ဒီပစ္စည်းတွေက နင့်ကုမ္ပဏီက ရောင်းတဲ့ ပစ္စည်းတွေမို့လား… ငါတို့ယူလိုက်ရှင် ရှယ်ယာတွေ တိုးမှာမဟုတ်တော့ဘူး..”

ဖုန်းယွီ ရယ်မောကာ..

“စိတ်မပူနဲ့.. ဒီကိုမလာခင်ထဲက သူတို့ကို မေးထားပြီးသား.. ပျက်စီးစာရင်းထဲ ပိုထည့်ခိုင်းလိုက်ယုံပဲ.. ပြဿနာမရှိဘူး.. ဒီဂျာကင်ဘယ်လိုလဲ.. အဲ့ဒါ ရုရှားလေတပ်တွေမှာ သုံးတယ်လေ.. အရမ်းနွေးပြီး စမတ်ကျတယ်.. ပြီးတော့ ဒီဖိနပ်တွေ.. အပူချိန် (၃၀)ဒီဂရီဆိုရင်တောင် ခြေထောက် နွေးနေအုံးမှာ.. တချိန် ဘာတွေစောင့်နေတာလဲ.. မင်းလဲ လိုချင်တာယူပြီး ဦးလေးလျိုဆီ ပို့လိုက်လေ..”

လျိုကျီချိန် သူ့ကိုယ်သူ ညွှန်ပြရင်း..

“ဒါတွေ ငါလဲ ယူလို့ရတယ်လား..”

“စိတ်မပူနဲ့.. ဒီပစ္စည်းတွေအားလုံး ရုရှားက ဆိုပေမယ့် လက်ကားဈေးနဲ့ ရထားတာ.. မင်းထင်ထားသလောက် ဈေးမကြီးဘူး..”

ဖုန်းယွီ လျိုကျီချိန်တွင် လောဘတအားကြီးလွန်းပါက မသုံးချင်ချေ။ သို့ရာတွင် သူ့အတွက် ဤသို့သော လက်ဆောင်လေးများကို စိတ်မဝင်စားချေ။

လျိုကျီချိန်သည် သားရေဂျာကင်တစ်ထည်၊ ရုရှားသားရေဖိနပ်နှင့် သားရေလက်အိတ်တစ်စုံ ယူလိုက်သည်။

“တချိန် ကျုပ်နဲ့ အသာရပ်မနေနဲ့ နောက်ထပ် နည်းနည်း ထပ်ယူအုံး..”

“မန်နေဂျာဖုန်း.. အဆင်ပြေပါတယ်.. ဒီလောက်ဆို လုံလောက်ပြီ..”

လျိုကျီချိန်သည် ဖုန်းယွီအနေဖြင့် သူ နောက်ထပ် ပစ္စည်းနည်းနည်း ထပ်ယူလျှင်လည်း စိတ်မဝင်စားကြောင်း သိပေသည်။ သို့ရာတွင် ထိုပစ္စည်းများကို တကယ်ယူပါက ဖုန်းယွီအနေဖြင့် လောဘကြီးသူအဖြစ် ရှုမြင်သွားပေလိမ့် မည်။

ဖုန်းယွီကမူ လျိုကျီချိန် သူ့စိတ်ကို ချိုးနှီမ်ထားနိုင်သည့်အတွက် ကျေနပ်သွားခဲ့သည်။ လျိုကျီချိန်သည် ထိုင်ဟွာဝက်ပေါင်ခြောက် တစ်ဗူးနှင့် ကျန်းလိပေါင် တစ်ဗူးသာ သူ့အိမ်သို့ ပို့ရန်ပေးလိုက်သည်။

အားလုံးကားပေါ်တင်ပြီးသည်နှင့် ဖုန်းယွီ နေ့လည်စာစားရန် လျိုကျီချိန်အား ရုံးသို့ မောင်းခိုင်းလိုက်သည်။

ယခုခေတ်သည် နောင်ခေတ်ကဲ့သို့ မချမ်းသာသေးချေ။ နှစ်ကူး၏ ဆယ်ရက်မြောက် ဖြစ်သော်လည်း ဈေးဆိုင်နှင့် စားသောက်ဆိုင်များစွာ မဖွင့်သေးချေ။ ကံကောင်းသည်မှာ လေနှင့်မိုး ပို့ဆောင်ရေးတွင် ကိုယ်ပိုင် စားသောက်ဆိုင် ရှိကာ အလွန်အရသာရှိပေသည်။

“နန .. စားရတာ အဆင်ပြေရဲ့လား..”

“ဘာလို့ မပြေရမှာလဲ.. ကျောင်းက ဆိုင်ထက် အများကြီး ကောင်းတာကို..”

ကျောင်း စားသောက်ဆိုင်များသည် ယနေ့ခေတ်တွင် အလွန်ဆိုးရွားပေသည်။ အစားအသောက်များ ရနိုင်သည်မှာပင် ကံကောင်းသည်ဟု ပြောရပေလိမ့်မည်။ ထိုသို့မဟုတ်ပါက လီန ကျောင်းတွင် စားမည် မဟုတ်ချေ။

နေ့လည်စာ စားပြီးသည်ဣျင့် လီနကို ပလပ်စတစ် စက်ရုံသို့ ပို့ပေးသည်။ ကုန်တင်ကားကြီးပေါ်သို့ ဖုန်းယွီနှင့် လျိုကျီချိန်တို့သည် နှစ်ကူးလက်ဆောင်များအားလုံး ကားခေါင်းခန်းထဲသို့ ထည့်ပေးလိုက်သည်။ ဖုန်းယွီသည် ယာဉ်မောင်းအား ဟောင်တရှန် စီးကရက်တစ်ပါကင် ပေးလိုက်သည်။

“မန်နေဂျာဖုန်း.. မလိုပါဘူးဗျာ…”

ယာဉ်မောင်းသည် ဖုန်းယွီကို နှုတ်ဖြင့် ငြင်းနေသော်လည်း လက်များကမူ စီးကရက်ပါကင်ကို တင်းတင်း စုပ်ကိုင် ထားပေသည်။

“ယူသာ ယူလိုက်ပါ.. သူ့အိမ်ကိုသာ တည့်တည့်ပြန်ပို့ပေးပြီး အဲ့ပစ္စည်း အိမ်ပြန်ယူသွားလိုက်..”

“စိတ်ချ မန်နေဂျာဖုန်း..”

ကားသမား ရယ်မောက စီးကရက်ပါကင်ကို သိမ်းလိုက်သည်။ ယနေ့ သူစောစောထွက်ရမည် ဖြစ်သော်လည်း ဖုန်းယွီထံမှ စီးကရက်တစ်ပါကင် ရလိုက်ပေသည်။ ထိုက်တန်ပေ၏။

ဤ ဟောင်တရှန်စီးကရက်ကို မိမိ သုံးခြင်းမှာ အလဟသ ဖြစ်ပေမည်။ ယောက္ခမအား ပေးရပေလိမ့်မည်။

ကိုယ့်ကိုကိုယ် ဂရုစိုက်ရန် လီနအား မှာပြီးနောက် ဖုန်းယွီ နှုတ်ဆက်လိုက်သည်။ သူတို့အချင်းချင်း မေလလောက်တွင်မှ ပြန်တွေ့ရပေလိမ့်မည်။

“လာ ကုမ္ပဏီကို ပြန်ရအောင်..”

ကုမ္ပဏီသို့ ပြန်ရောက်သည့်အခါ ဖုန်းယွီသည် သူ့ယောက္ခမကား အောက်ထပ်တွင် ရပ်ထားသည်ကို တွေ့လိုက်ရသည်။ အလျင်းသင့်ပေသည်။ သူနှင့် ဆွေးနွေးစရာများ ရှိပေသည်။ တစ်ချိန်တည်းတွင်ပင် သက်တော်စောင့်များအကြောင်း ပြောရပေလိမ့်မည်။

“ယောက္ဖ…”

“ရှောင်ယွီ.. အဘိုးကြီးကျောင်း မင်းငါ့ကို ရှာနေတယ်တဲ့.. မင်းကောင်မလေး ပြန်ပို့လိုက်ပြီလား..”

လီရှစ်ချမ်း ဖုန်းယွီကို ပြန်နောက်လိုက်သည်။

“ဟုတ်တယ်.. ပြန်ပို့လိုက်ပြီ.. အာ.. ဒါ ချိန်တဲ့.. တချိန်ပေါ့.. ဒါ ငါ့ယောက္ဖ လီရှစ်ချမ်း.. ဒီလေနှင့်မိုး ပို့ဆောင်ရေးက သူ့ကုမ္ပဏီပေါ့..”

လီရှစ်ချမ်း လျိုကျီချိန်ထံ ဘက်ဖြန့်ပေးလိုက်သည်။ ထိုလူကို ဖုန်းယွီ၏ သူငယ်ချင်းဟုသာ ထင်ထားခဲ့သည်။ သို့ရာတွင် လျှိုကျီချိန်က သေချာအလေးပြုကာ..

“မင်္ဂလာပါ မန်နေဂျာလီ..”

လီရှစ်ချမ်း မသိစိတ်ဖြင့် ပြန်အလေးပြုကာ..

“မင်း စစ်တပ်ကလာတာလား..”

“ဟုတ်တယ်.. ငါ စစ်တပ်က အနားယူပြီး အခု မန်နေဂျာဖုန်းရဲ့ ကိုယ်ရံတော်နဲ့ ယာဉ်မောင်းပေါ့..”

လျိုကျီချိန်သည် မန်နေဂျာလီနှင့် ပြန်တွေ့ရသည်ကို ဝမ်းသာနေပေသည်။ လီရှစ်ချမ်း ဖုန်းယွီကို အံ့ဩစွာကြည့်နေတော့သည်။ သက်တော်စောင့်လော။ ဤကောင်လေး ကိုယ်ပိုင် သက်တော်စောင့် ငှားထားသည်လော။

ပမ့်မြို့တော်၏ ပါတီအတွင်းရေးမှူးနှင့် မြို့တော်ဝန်ပင်လျှင် သက်တောင်စောင့်မရှိချေ။ ဖုန်းယွီသည် အမြဲ နှိမ့်ချနေတတ်ပြီး ထင်ပေါ်မှုကို ရှောင်ချင်နေသည် မဟုတ်ပေလော။ ယခုတစ်ကြိမ် မည်မျှ မြင့်မားသွားပေသနည်း။

“ယောက္ဖ.. ငါ မင်းကိုလဲ သက်တော်စောင့်ပေးမယ်.. အဲ့ဒါဆို ပိုလုံခြုံသွားမယ့်အပြင် မင်းသွားချင်ရာ မောင်းပို့ပေးလိမ့်မယ်.. ဒါဆို မင်းအတွက် ပိုအဆင်ပြေသွားမယ်..”

“မဟုတ်ဘူး.. မင်း သက်တော်စောင့် ဘယ်နှစ်ယောက်တောင် ငှားထားလဲ ငါသိချင်တာ..”

စကားပြောနေစဉ် ဝူကျစ်ကန်း အောက်ထပ်သို့ ဆင်းလာပေသည်။ သူထွက်သွားပေတော့မည်။ သူ့နောက်တွင် လက်ဆွဲအိတ်သယ်ရန် ကူညီသူ ရှိနေပေသည်။ ထိုလူသည် ဝူကျစ်ကန်း၏ သက်တော်စောင့်လော။ ထိုကလေး ဝူကျစ်ကန်းတွင် သက်တော်စောင့် တစ်ယောက် ရှိနေသည်လော။

“မင်းမနာလို ဖြစ်နေတာလား.. ကိုယ်ရံတော်တွေ အများကြီး ငါငှားထားပြီး အဲ့အထဲက တစ်ယောက် ဝူကျစ်ကန်းအတွက် ပေးထားတာ.. မင်းအတွက် ဘယ်လိုလူမျိုး ပေးရမလဲ..”

လီရှစ်ချမ်းသည် ဝူကျစ်ကန်း သူ့သက်တော်စောင့်နှင့်အတူ လှေကားမှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သက်တော်စောင့် တစ်ယောက် လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ၊ သက်တော်စောင့် တစ်ယောက်နှင့် အပြင်ထွက်ရမည့် စိတ်ကူးသည် အလွန် စိတ်လှုပ်ရှားစရာ ကောင်းပေသည်။

လီရှစ်ချမ်းလည်း…

“ကောင်းပြီ.. ငါလဲငှားမယ်…”

ဖုန်းယွီ ရှာထျန်းယွီကိုခေါ်ကာ သူ့ယောက္ဖအတွက် တစ်ယောက် စီစဉ်ပေးခိုင်းလိုက်သည်။ ဤသည်များ စီစဉ်ဖြေရှင်းပြီးနောက် ဖုန်းယွီသည် လျိုကျိချိန်အား ကျန်းလွေ့ချန်းနှင့် တွေ့ရန် ခေါ်သွားလိုက်သည်။ ထိုသူအား သူ့ကိုယ်ရံတော်များကို ချပြချင်၍ပင်ဖြစ်တော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters