မျက်လုံးကာ ကိရိယာ
Vol. 40 Ch. 595
ကျန်းလွေ့ချန်းသည် ဖုန်းယွီ လူတစ်ယောက်နှင့်အတူ ဝင်လာသည်ကို တွေ့လိုက်ရသည်။ ပထမ ထိုလူကို စီးပွားရေးသမားဟု ထင်ခဲ့သော်လည်း ထိုလူမှာ ဖုန်းယွီ၏ နောက်လိုက်နဲ့ ပိုတူနေပေသည်။
“ဖုန်းယွီ.. အဲ့ဒါ ဘယ်သူလဲ..”
“အကြီးအကဲ.. ကျုပ်နာမည် လျိုကျီချိန်ပါ.. ဒီနှစ် စစ်မှုထမ်းကနေ အငြိမ်းစာယူထားတဲ့ စစ်သည်ပါ.. အခု ကျုပ် မန်နေဂျာဖုန်းရဲ့ သက်တော်စောင့် ယဉ်မောင်းပါ..”
လျိုကျီချိန်သည် မြို့တော်ဝန် သူ့အကြောင်းမေးသည့်အခါ ချက်ချင်းပင် အလေးပြုရင်း အဖြေပေးလိုက်သည်။
ဖုန်းယွီ စကားမပြောနိုင်တော့ချေ။ သူသည် ကျန်းလွေ့ချန်းအား ပြရန်သာ လျိုကျီချိန်ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် လျိုကျီချိန်မှာ ကျန်းလွေ့ချန်းကို မြင်ကာ ပို၍ပင် စိတ်လှုပ်ရှားနေပုံပေါ်နေပေသည်။
“တာ့ချိန် .. မင်း မြို့တော်ဝန်နဲ့ တွေ့ပြီးပြီဆိုတော့ အောက်ထပ်မှာ စောင့်နေလိုက်တော့..”
ဤနေရာတွင် မိမိက ဤမျှ မော်ကြွားနိုင်ရန် စီစဉ်လာခြင်းကို သူသည် မြို့ဝန်အားတွေ့ရယုံနှင့် အလွန့်အလွန် စိတ်လှုပ်ရှားနေသည်ကို တွေ့သည့်အခါ မိမိအစီအစဉ် မည်သို့ အကောင်အထည်ဖော်မည်နည်း။
လျိုကျီချိန် ထွက်သွားပြီးနောက် ကျန်းလွေ့ချန်း မယုံနိုင်စွာဖြင့် …
“ဒါ မင်းကိုယ်ရံတော်… မင်းသက်တော်စောင့် လား..”
မိမိတွင် သက်တော်စောင့်တစ်ယောက် ရှိကြောင်း ယုံကြည်ရန်ပြရမည်မှာ မည်သို့ခက်မည်နည်း။ မည်သည်များကို နေက်ပြန်တွေးနေသနည်း။ ဖုန်းယွီ ယခုဘဝ မရောက်ခင် စီးပွားရေးသမားများ အပြင်ထွက်သည့်အခါ သူတို့ကို ကာကွယ်ပေးရန် ကိုယ်ရံတော်အများအပြား ထားတတ်ကြပေသည်။ ဥပမာအားဖြင့် ‘ဂျက်မ’သည် ထိုအထဲမှ တစ်ယောက်ဖြစ်သည်။
“ဟူး… သူက ကျုပ်ယာဉ်မောင်းပဲလေ.. သက်တော်စောင့်ဆိုတာ နားလည်မှုလွဲတာနေမှာပါ..”
ဖုန်းယွီ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။ သို့ရာတွင် သူ့မျက်နှာပေါ်တွင် ပေါ်လွင်နေသည့် အမူအရာမှာမူ ‘ငါ့မှာ သက်တော်စောင့်ရှိတယ်’ဟု ပြောနေသည့်အလားပင်။
“မင်းမှာ ကိုယ်ရံတော် ရှိမှဖြစ်မယ်.. လူတွေသာ မင်းဘယ်လောက် ချမ်းသာတယ်ဆိုတာသိရင် ဒုက္ခပေးကြလိမ့်မယ်.. မင်းခန္ဓာကိုယ်က ပိန်ပါးပါးနဲ့ဆိုတော့ ကြက်ကလေး ငှက်ကလေးလို မိသွားလိမ့်မယ်..”
ဖုန်းယွီ ကျန်းလွေ့ချန်းကို စိုက်ကြည့်နေလိုက်သည်။ ပိန်ပါးပါးနဲ့ အသာလေး မိသွားမယ်ဆိုသည်မှာ မည်သည်ကို ဆိုလိုပေသနည်း။ မိမိသည် သူ့ထက် ပိုတော်ပေသည်။
“အို့.. ငါ မင်းကို မေးစရာရှိလို့ပါ.. နေရာတော်တော်များများကို ရောက်ဖူးပြီး တော်တော်များများလဲ မြင်ဖူးတယ်.. နိုင်ငံရပ်ခြားမှာ ဒီလိုမျိုးတွေ ရှိတယ်ဆိုတာ သိရဲ့လား..”
ကျန်းလွေ့ချန်း သေတ္တာငယ်လေး တစ်ခု ထုတ်ကာ ဖုန်းယွီရှ့ ယမ်းပြလိုက်သည်။
“ငါ မြင်ဖူးတာတွေ များတယ်.. လက်စွဲစာအုပ်တွေ ဖတ်ဖို့တောင် မလိုဘူး.. အဲ့ဒါ ဘာလဲဆိုတာသိသားပဲ..”
ဖုန်းယွီ သေတ္တာကိုဖွင့်ရင်း ကြွားလုံး ထုတ်လိုက်သည်။
ဖုန်းယွီမှာ အနာဂါတ်မှာ လာသူဖြစ်သည်။ အရာများစွာ မြင်ဖူးပေသည်။ ဤသည်မှာ ဘာမှန်း မသိလျှင်ပင် အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
ဖုန်းယွီ သေတ္တာကို ဖွင့်ပြီးနောက် လန့်သွားတော့သည်။
ထိုငကျန်းသည် သူ့အရွယ်တွင် တော်တော်စွန့်စားခဲ့ပေသည်။ သူ ထိုနေရာများအတွင်း ရောက်ခဲ့ဖူးသည်လော။ သို့ရာတွင် ကျန်းလွေ့ချန်းသည် သူ့အား မည်သည့်အတွက် ဤအရာပြသသနည်း။ အမှန်တရားလော။
“ဒါ မင်းကိုယ်တိုင် ဝယ်လာတာလား.. တခြားလူဆီက လက်ဆောင်လား..”
ဖုန်းယွီ မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။ ဖုန်းယွီ ထိတ်လန့်သွားသည်မှာ အံ့ဩစရာမရှိချေ။ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့်မှာ လက်မအရွယ်ခန့်ရှိကာ ချိတ်ဆက်ထားသည့် ကြိုးငယ်တစ်ချောင်းရှိပေသည်။
ဤအရာမှာ ဂျပန်အချစ် ဇာတ်ကားများတွင် မကြာခဏဆိုသလို မြင်တွေ့ရသည့် အရာဖြစ်သည်။ ဖုန်းယွီအနေဖြင့်မူ လက်အတွင်း ကိုင်ဆောင်ကာ ကြည့်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။ ဤသည်မျာ အချစ်ဥ ဖြစ်တော့သည်။ (အမျိုးသမီးသုံး လျှပ်စစ်ပစ္စည်း။)
“ဒါကို စီးပွားရေးသမားတစ်ယောက်က နမူနာအနေနဲ့ ပေးသွားတာကွ.. ဒါ နိုင်ငံခြားက ပစ္စည်းကောင်းတွေမို့ ပမ့်မြို့တော်မှာ မိတ်ဆက်ပေးချင်လို့လေ..”
ကျန်းလွေ့ချန်း ရှင်းပြလိုက်သည်။
ဗုဒ္ဓေါ။ ပမ့်မြို့တော်သည် ဤမျှ ဖွံ့ဖြိုးနေပြီလော။ ဖုန်းယွီသည် ခါမီဒါ မာဆောင်သည် ၎င်းတို့၏ လိင်ပစ္စည်း ထုတ်ကုန်များအား ကမ်းရိုးတန်းဒေသများတွင် ဦးစွာ ချောင်းချခွင့်ပြုခဲ့သည်။ ဆိုလိုသည်မှာ ထိုအရာသည် တရုတ်ပြည် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပေပြီ။
ပမ့်မြို့တော်သည် ကျေးလက်နှင့် ခေတ်နောက်ကျသော မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထိုမြို့သည် ဤအရုပ်များ လက်ခံနိုင်ပါက တခြားဒေသများက လက်ခံရန် ပြဿနာမရှိချေ။
သို့ရာတွင် ဤအဘိုးကြီးကျန်းသည် ဤကိစ္စအား မိမိနှင့် ဆွေးနွေးရန် ရှက်မနေသည့်အပြင် မြို့တော်ကိုပင် မိတ်ဆက်ပေးချင်နေသည်လော။ မဖြစ်နိုင်သေးချေ။
“မင်း ဒီဟာကို ပမ့်မြို့တော်က လူတွေကို မိတ်ဆက်ပေးချင်နေတာလား..”
ဖုန်းယွီ ခက်ခက်ခဲခဲ မေးလိုက်သည်။
“ဟုတ်တယ်လေ.. ဒီဟာက သူပြောထားတဲ့အတိုင်း တကယ်ကို ထိရောက်မှု ရှိလား..”
ကျန်းလွေ့ချန်း ထပ်မေးပြန်သည်။
“ထိရောက်လောက်တယ်…”
ဖုန်းယွီအနေဖြင့် ယခင်က အသုံးမပြုခဲ့သဖြင့် ထိရောက်မှု ရှိမရှိ မည်သို့ သိနိုင်မည်နည်း။ သို့ရာတွင် ဂျပန် အချစ်ကားများ၌ အသုံးဝင်ပုံပင်။ ခါမီဒါ မာဆောင်လည်း အလားတူပြောခဲ့ဖူးပေသည်။
“ကောင်းပြီ.. ဒါကို အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ မိတ်ဆက်ပေးဖို့ အကြီးအကဲ လီကို ဖုန်းဆက်လိုက်မယ်..”
“နေအုံး…”
ဖုန်းယွီ ရူးချင်ချင် ဖြစ်သွားတော့သည်။ ကျန်းလွေ့ချန်းသည် ဤတုခါစက်ကို အလယ်တန်းနှင့် အထက်တန်း ကျောင်းများသို့ မိတ်ဆက်ပေးချင်နေသည်လော။ မည်သည်ကို တွေးနေသနည်း။ မြို့တော်ဝန်လုပ်ရ၍ ရူးကြောင်ကြောင်ဖြစ်ကာ ထွက်ပေါက်ရှာနေသည်လော။
“ဘာမှားနေလို့လဲ…”
“ဒါကို ကျောင်းတွေမှာ မိတ်ဆက်ပေးချင်နေတာလား..”
“ဒီကိစ္စ ကျောင်းတွေမှာ မိတ်ဆက်မပေးရင် ဘယ်မှာသွားမိတ်ဆက်ပေးရမှာတုန်း..”
ကျန်းလွေ့ချန်း ဖုန်းယွီကို ပြန်မေးလိုက်သည်။
ဖုန်းယွီ စိတ်အတွင်း တွေးနေသည်။ ဤအရာကို ဆေးရုံတွင် မိတ်ဆက်ခဲ့လျှင် လက်ခံဖွယ်ရှိသေးသည်။ သို့ရာတွင် ကျောင်းများတွင်လော။ ကျန်းလွေ့ချန်းက ဤအကြံဉာဏ်ကို မည်သည့် ဉာဏ်ကြီးရှင်က ပေးခဲ့သနည်း။ ကျန်းလွေ့ချန်းတွင် ချိုးတုကုမ္ပဏီကဲ့သို့ အကြံပေးအဖြစ် ဗေဒင်ဆရာတစ်ယောက် ရှိနေသည်လော။ ယနေ့ ကျန်းလွေ့ချန်း မကျန်းမမာ ဖြစ်နေသည်လော။ ကျောင်းသားများသည် အသစ်အသစ်သော အရာများကို အလျင်အမြန် လက်ခံနိုင်သော်လည်း ဤအရာကို မိတ်ဆက်မပေးသင့်ချေ။ အထူးသဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ဖြစ်ပေသည်။
ဤပစ္စည်းကို မည်သို့မိတ်ဆက်ပေးမည်နည်း။ အသုံးပြုနည်းကို သရုပ်ပြရန် ဆရာများ ခေါ်မည်လော။ မိဘများအား ပြနိုင်မည်လော။ အားလုံး ရူးသွားကြပြီလော။
“အကြီးအကဲ.. မင်း အဆင်ပြေရဲ့လား..”
ဖုန်းယွီ မေးလိုက်မိသည်။ အဘိုးကြီးကျန်း သူ့ကို နောက်ပြောင်နေသည်လော။ သို့ရာတွင် ကျန်းလွေ့ချန်း အမူအရာမှာ ဟာသပြောနေပုံမပေါ်ချေ။ သို့ဆိုလျှင်ပင် ဤဟာသမှာ လွန်လွန်းလှပေသည်။
အဘိုးကြီးကျန်းကို တစ်ယောက်ယောက် ဂျင်းထည့်သွားသည်လော။ သို့တည်းမဟုတ် မှိုင်းမိသွားသည်လော။
“ကောင်းပါတယ်… မင်းဘာဖြစ်နေတာလဲ.. မင်း ဒီနေ့ ဘာလို့ ဒီလောက်ထူးဆန်းနေရတာလဲ..”
ကျန်းလွေ့ချန်း ပြန်မေးလိုက်သည်။
မိမိသည် ထူးဆန်းနေသည်လော။ ယနေ့ ထူးဆန်းနေသည်မှာ မည်သူနည်း။ မိမိကပင် သူ့ထက် ထူးဆန်းနေသည်လော။
ဖုန်းယွီသည် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။ အဘိုးကြီးကျန်းအနေဖြင့် ယောင်ဝါးဝါး ဖြစ်နေပြီး ဤပစ္စည်း၏ အသုံးပြုပုံကို မသိချေ။
“အကြီးအကဲ… ဒီပစ္စည်းရဲ့ အသုံးဝင်ပုံကိုရော သိရဲ့လား..”
“သိတာပေါ့.. အဲ့စီးပွားရေးသမားက ငါ့အတွက် ဒီပစ္စည်းကို တစ်ကြိမ် သုံးပြဖူးတယ်..”
ကျန်းလွေ့ချန်း ပြန်ပြောပြီးသည်နှင့် အချစ်ဥကို လက်ပြောင်းယူလိုက်သည်။ ထို့နောက် ထိုတုန်ခါနေသည့် အချစ်ဥကို ကောက်ယူကာ သူ့မျက်လုံးအောက်တွင် ထားလိုက်သည်။
ဖုန်းယွီ မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။ တုန်ခါစက်ကို သူသည် ဤသို့ သုံးနေသည်လော။
“ဒီမျက်လုံး ကာကွယ်ကရိယာက အပ်စိုက်အမှတ်အသားတွေကို လက်နဲ့ နှိပ်တာထက် ပိုအဆင်ပြေတယ်.. ကျောင်းသားတွေသာ ဒါကို သုံးမယ်ဆိုရင် သူတို့ မျက်လုံးတွေ ကာကွယ်နိုင်တဲ့အပြင် မျက်စိမှုန်တာတွေမဖြစ်အောင် ကာကွယ်နိုင်လိမ့်မယ်.. နိုင်ငံခြားသားတွေက ဒါမျိုး တီထွင်ဖို့ ဘယ်လိုများ စိတ်ကူးရသွားလဲမသိဘူး.. နောက်နောင် ငါတို့ကျောင်းသားတွေ အားလုံး ဒါကိုသုံးပြီး အမြင်အာရုံတွေ ပိုကောင်းလာလိမ့်မယ်..”
ကျန်းလွေ့ချန်း သူ့မျက်လုံးတစ်ဝိုက် ပွတ်သပ်ပြရင်း ရှင်းပြနေပေသည်။
မျက်လုံး ကာကွယ်ရေး ကိရိယာလော။
ဗုဒ္ဓေါ….။ အဲ့ပစ္စည်းဟု မည်သူပြောခဲ့ပေသနည်း။
ဖုန်းယွီမှာမူ ကျန်းလွေ့ချန်း ဤအရာကို တကယ့်အသုံးပြုသည့်နေရာအား ရှင်းပြရန် တုန်လှုပ်နေမိသည်။ ကျန်းလွေ့ချန်းသည်လည်း ရှက်လွန်း၍ မိမိကိုယ်မိမိ သတ်သေသွားလိမ့်မည်လော။
အသက်(၄၀)အရွယ် လူတစ်ယောက်သည် လိင်အစားထိုးပစ္စည်းနှင့် သူ့မျက်လုံးအား ပွတ်နေပေသည်။
ဖုန်းယွီသည် ပမ့်မြို့တော်မှ တစ်ယောက်ယောက်အား ရောင်းချရန် ခါမီဒါမာဆောင် ပြုလုပ်နေသည်လောဟု ရုတ်တရက် တွေးလိုက်မိသည်။
အကယ်၍ ဤကိစ္စနောက်ကွယ်တွင် ခါမီဒါမာဆောင် ဖြစ်နေပါက ထိုလူသည် အလွန်မိုက်မဲသူ ဖြစ်ပေလိမ့်မည်။
ဖုန်းယွီသည် ကျန်းလွေ့ချန်းထံမှ အချစ်ဥ ကိုချစ်ချင်း ဆွဲယူကာ သေတ္တာအတွင်း ပြန်ထည့်လိုက်သည်။
“အကြီးအကဲ.. ခနစောင့်အုံး.. ကျုပ်ဖုန်းဆက်လိုက်အုံးမယ်.. ကျုပ် ဘာမှ ထပ်မပြောခင် ဒီပစ္စည်း တခြားသူကို မပြဖို့ ကြပ်ကြပ် သတိရပါ…”
ကျန်းလွေ့ချန်းသည် ဖုန်းယွီ၏ မျက်နှာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ဖုန်းယွီနှင့် မျက်လုံး ကာကွယ်ရေး ကိရိယာကို သူကြည့်လိုက်သည်။ ထို မျက်လုံးကာကွယ်ရေး ကိရိယာသည် တစ်ခုခု မှားနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
သို့ရာတွင် မည်သည့်နေရာ၌ မှားနေသနည်း။ ဖုန်းယွီသည် ဤအရာကို တီထွင်နိုင်ခဲ့ပြီး တစ်ယောက်ယောက်က သူ့မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့သည်လော။ ဤသို့သာ ဖြစ်နိုင်ပေသည်။ ဖုန်းယွီသည်သူ့ မူပိုင်ခွင့်များကို အလွန် အလေးပေးခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မိမိ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ပါက တရားဆွဲဆိုမည်မှာ အသေအချာပင်။
အဲ့ကောင်။ ဤသည်လည်း ကောင်းပေသည်။ သူ့မွေးရပ်မြေတွင် မိတ်ဆက်မပေးထားချေ။ ပြန်လာမှ ကြိမ်းမောင်းရပေလိမ့်မယ်။
မိမိ ထိုအရာကို အလွန်နစ်သက်ပေသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)