ဒေါသထွက်နေသည့် ကျန်းလွေ့ချန်း
Vol. 40 Ch. 596
ဖုန်းယွီ လှေကားမှ အလျင်အမြန် ပြေးဆင်းကာ အိမ်သာအတွင်း ဝင်လိုက်သည်။ ထို့နောက် သန့်စင်ခန်းအတွင်း မည်သူမှ ရှိမရှိ သေချာစစ်ဆေးပြီးမှ ကာမီဒါမာဆောင် ထံ ဖုန်းခေါ်လိုက်သည်။
“သူဌေး.. တစ်ခုခု လိုလို့လား..”
ကာမီဒါမာဆောင် အံ့ဩသွားသည်။ ဖုန်းယွီသည် များသောအားဖြင့် သူမခေါ်ဘဲ ကုမ္ပဏီအကြောင်း မေးလေ့ မရှိချေ။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တရုတ်နိင်ငံ၏ အကြီးမားဆုံးပွဲတော်အတွင်း သူသည် ဖုန်းယွီအား နှစ်သစ်ကူး ဆုမွန်တောင်းပေးရန် ဖုန်းခေါ်ဆိုခဲ့သေးသည်။ ဖုန်းယွီ မည်သည့်အတွက် ပြန်ခေါ်လာသနည်း။
“ကာမီဒါမာဆောင် လိင်အစားထိုး ထုတ်ကုန်တွေ တရုတ်ပြည် မင်း ဘယ်မြို့မှာ ပို့နေလဲ..”
“အခု ကမ်းရိုးတန်းတလျှောက်က ပြည်နယ်တွေနဲ့ ပေကျင်း၊ တီယန်ကျင်းမှာ ပို့ပေးနေတယ်.. အဝေးဆုံးက ကျင်းလင်းပဲ.. ဘာတွေ မှားနေလို့လဲ..”
ကာမီဒါမာဆောင် စိတ်ရှုပ်သွားသည်။ ဖုန်းယွီသည် တရုတ်ဈေးကွက်သို့ အမြန်ဝင်ရောက်ရန် တွေးနေသည်လော။
သို့ရာတွင် ကာမီဒါမာဆော်သည် ဤပစ္စည်းများရောင်းချရာတွင် ဖုန်းယွီထက် ပို၍ အတွေ့အကြုံရှိပေသည်။ တရုတ် တို့သည် သူတို့၏ ထုတ်ကုန်များအား လက်ခံနိုင်လောက်သည့် ပွင့်လင်းမြင်သာမှုများ မရှိကြသေးချေ။ ဖုန်းယွီသည် တရုတ်ဈေးကွက်ကို အမြန်ဖွင့်ရန် မည်သို့ဖြစ်နိုင်မည်နည်း။
“မင်း ထုတ်ကုန်တွေ ပမ့်မြို့တော်ကို ပို့လိုက်သေးလား..”
“လုံးဝမပို့ပါဘူး.. ငါတို့ ထုတ်ကုန်တွေကို အရှေ့မြောက်ပိင်းက ပြည်နယ်(၃)ခုကိုတောင် မတင်ပို့နိုင်သေးဘူး.. ငါတို့ ကုမ္ပဏီက ငါတို့ကိုယ်ပိုင် ဖြန့်ဖြူးရေးလမ်းကြောင်း တည်ထောင်ထားပြီး မင်းပြောတဲ့နေရာမှာ ဖြန့်ဖြူးသူ မရှာသေးပါဘူး.. အရှေ့မြောက် ကမ်းရိုးတန်း ဒေသက ရှေးရိုးဆန်တယ်လေ.. အဲ့မှာ ဖြန့်ဖြူးရေးလမ်းကြောင်းတွေ ထူထောင်မယ်ဆို ကုန်ကျစရိတ်တောင် ပြန်ရနိုင်မယ်မထင်ဘူး..”
“ဒါဆို ဖြန့်ဖြူးတဲ့သူ တစ်ချို့များ ငါတို့ ထုတ်ကုန်တွေကို ပမ့်မြို့တော်ါမှာ ရောင်းဖို့ လုပ်နေတာလား..”
“မဟုတ်ဘူး.. ဈေးကွက်ဝေစုကို တိုးပေးမယ်ဆိုရင် ဖြန့်ဖြူးသူတွေကို အပိုဆုကြေး ပေးထားတယ်.. သူတို့ ပမ့်မြို့တော်မှာသာ တကယ်ရောင်းရင် အပိုဆုအတွက် စကားပြောလာမှာ.. ဘာမှားနေလို့လဲ.. ဘာလို့များ ဒီလို မေးနေရတာလဲ..”
“ငါ အခု ပမ့်မြို့တော်မှာရောက်နေတာ.. အချစ်ဥ ရောင်းတဲ့သူ တစ်ယောက် တွေ့ထားလို့.. အဲ့ဒါ ငါတို့ ကုမ္ပဏီက လားဆိုတာလဲ မသေချာဘူး.. ပါကင်မှာ ဘာမှ ရေးမထားဘူး..”
“ဒါဆို ငါတို့ပိုင်တာ မဟုတ်ဘူး.. အကယ်၍ ဖြန့်ဖြူးရောင်းချသူတွေ ငါတို့ ကုမ္ပဏီ ထုပ်ပိုးမှုကို ပြောင်းဝံ့တယ်ဆိုရင် လျှော်ကြေး ကြီးကြီး ပေးရမယ်…”
ကာမီဒါမာဆောင် ယုံကြည်ချက် အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ဖုန်းယွီ စိတ်သက်သာရာ ရသွားသည်။ ဤပစ္စည်းသည် မိမိတို့ ကုမ္ပဏီမှ ထုတ်ကုန် မဟုတ်ချေ။
“ကောင်းပြီ.. ကောင်းပြီ.. အဆင်ပြေတယ်..”
ပြောပြီးသည်နှင့် ဖုန်းချလိုက်တော့သည်။ ကာမီဒါမာဆောင် အဖြစ်အပျက်ကို အနည်းငယ် သဘောပေါက်လိုက်သည်။ အချို့သော လိင်ဖျော်ဖြေရေးအရုပ်များသည် ပမ့်မြို့တော်တွင် ပေါ်လာခဲ့ပြီး မိမိတို့ ကုမ္ပဏီမှ မဟုတ်ခြင်းကြောင့်လော။
ဤသည်ကလည်း မဖြစ်နိုင်ချေ။ ဈေးကွက်ဝေစုကို အခြားသူတစ်ယောက် လုယူသွားခဲ့သည်လော။ တရုတ်ဈေးကွက်ကို ပိုမို ပြင်းပြင်းထန်ထန် ချဲ့ထွင်ရန် အချိန်တန်ပေပြီ။ အမြတ်အစွန်း မရှိလျှင်ပင် ဈေးကွက်ကို အရင်ဆုံး ထိန်းချုပ်ရပေလိမ့်မည်။
ဖုန်းယွီ ကျန်းလွေ့ချန်း ရုံးခန်းသို့ ပြန်ရောက်သည့်အခါ ကျန်းလွေ့ချန်းမှ..
“မင်းကုမ္ပဏီက ဒီထုတ်ကုန်တွေ ထုတ်နေတာလား..”
ဖုန်းယွီ အံ့ဩသွားမိသည်။ ဖူကွမ်းကျန့်ပင်လျှင် လိင်အစားထိုးပစ္စည်း ကုမ္ပဏီပိုင်ထားကြောင်း မသိချေ။ ကျန်းလွေ့ချန်း မည်သို့ သိသွားသနည်း။
“မင်းဒါကို တီထွင်ပြီး မူပိုင်ခွင့်တင်ထားတာလား.. အခု တစ်ယောက်ယောက်က မင်းမူပိုင်ခွင့်ကို ချိုးဖောက်နေတာလား..”
ကျန်းလွေ့ချန်း ဆက်မေးလာသည်။
ဤသည်ကို မိမိ တီထွင်ရမည်လော။ သင်သည်သာ အနှိပ်စက်အဖြစ် တီထွင်လိုက်သူ ဖြစ်သည်။ သင့်မိသားစု တစ်ခုလုံး အနှိပ်စက် တီထွင်သူဖြစ်သည်။
ဖုန်းယွီ ပါကင်ကို စစ်ဆေးရန် ထပ်မံကောက်ယူလိုက်သည်။ မည်သည့် စာမှ ရေးမထားချေ။ စာတစ်လုံး၊ ပုံတစ်ပုံ၊ အနက်ရောင်အစက် တစ်စက်ပင် မပါရှိချေ။ ရိုးရှင်းသော အဖြူရောင် ဗူးတစ်ခုသာပင်။
“ဒါကို ငါတီထွင်ထားတာမဟုတ်ဘူး.. စစ်ဆေးဖို့ ဖုန်းဆက်လိုက်.. အဲ့လူ မင်းကို ဂျင်းထည့်သွားပြီ.. ဒီပစ္စည် ရောင်းတဲ့သူကို မင်းဆက်သွယ်လို့ ရသေးလား..”
“ဘယ်လို.. ငါဂျင်းထည့်ခံလိုက်ရတာလား..”
ကျန်းလွေ့ချန်း အံ့ဩသွားမိသည်။ ဤပစ္စည်းသည် ဈေးပိုကြီးနေသော်လည်း သူဘာအမိန့်မှ မပေးရသေးချေ။ အဘယ့်ကြောင့် ဂျင်းထည့်ခံရမည်နည်း။
“အကြီးအကဲ … ဒီပစ္စည်းသုံးရတဲ့ တကယ့်နေရာကို သိရဲ့လား..”
ဖုန်းယွီ ထပ်မေးပြန်သည်။
“ဒါ မျက်လုံး အကာအကွယ် ကိရိယာ မဟုတ်ဘူးလား.. တခြားနေရာမှာ သုံးလို့ရသေးလို့လား..”
ကျန်းလွေ့ချန်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည့်အလား ဖုန်းယွီကို ကြည့်နေပေသည်။ သူသည် ချက်ချင်းပင် ဆိုးရွားသည့် ခံစားချက်တစ်ခု ခံစားလာခဲ့ရသည်။
ဖုန်းယွီ တံခါးဆီသွား လျှောက်သွားပြီး အတွင်းရေးမှူးကို ပင်မရုံးခန်းတံခါး ပိတ်ရင်ပြောကာ အခန်းတံခါး ပိတ်လိုက်သည်။ ဤကိစ္စ ပေါက်ကြား၍ မရချေ။ သို့မဟုတ်ပါက ကျန်းလွေ့ချန်း အရှက်ကွက်ရပေတော့မည်။
ကျန်းလွေ့ချန်း၏ ရာထူးတိုးခြင်းကိုပင် ထိခိုက်စေပေလိမ့်မည်။
ကျန်းလွေ့ချန်း သူ့ကိုယ်သူ ကာကွယ်ရန် ဖုန်းယွီသည် ကြိုးစားနေပေသည်။ သူ၏ စွမ်းဆောင်ရည်မှာ အနည်းဆုံးအဆင့် ပြည်နယ် ဝန်ကြီးများအဆင့်ထိ ရောက်နေပေသည်။ အကယ်၍ ဤအရုပ်ကြောင့် ပြုတ်ကျသွားပါက ဖုန်းယွီ ကြိုးစားထားသမျှ အားလုံး ရေမြောင်းထဲ ကျသွားပေတော့မည်။
ဖုန်းယွီသည် ကျန်းလွေ့ချန်းနှင့် နီးနိုင်သမျှ ကပ်ကာ သူ့နားအတွင်းသို့ တိုးတိုးလေး ပြောလိုက်သည်။
“ဒီပစ္စည်းရဲ့ နာမည်အရင်းကို အချစ်ဥ ဒါမှမဟုတ် တုန်ခါစက်လို့ ခေါ်တယ်.. ကိုယ့်ကိစ္စကိုယ် ရှင်းရတာကြိုက်တဲ့ အမျိုးသမီးတွေ သုံးတာ..”
အဘိုးကြီးကျန်းမျက်နှာတွင် မည်သည့်အတွက် ယောက်ယက်ခတ်နေသနည်း။ မိမိ စကားလုံးများ မရှင်းလင်း၍လော။
ကျန်းလွေ့ချန်း သူ့စကားများကို နားမလည်ကြောင်း တွေ့ရသည့်အခါ..
“အမျိုးသမီးတွေ သူ့တို့ တကိုယ်ရေ မိန်းမကိုယ်ကို တုန်ခါအောင်လုပ်ပြီး စိတ်ကျေနပ်မှုယူတာ.. အိပ်ခန်းထဲမှာ စုံတွဲတွေ သုံးတဲ့ လိင်ဖျော်ဖြေရေး ပစ္စည်းတစ်ခုပဲ..”
ကျန်းလွေ့ချန်း၏ မျက်လုံးများ ကြီးမား ပြူးကျယ်လာတော့သည်။ ဤနေရာတွင် သုံးသည့် ပစ္စည်းလော။ သူသည် မျက်နှာကို ပွတ်နေပေသည်။
သေစမ်း။ ထိုစီးပွားရေးသမား လူမိုက်။ ကျန်းလွေ့ချန်း သေနတ်တစ်လက်ဖြင့် ထိုလူကို သတ်ချင်နေတော့သည်။
ကျန်းလွေ့ချန်းသည် နောက်ဆုံး၌ စောစောက ဖုန်းယွီ ထူးဆန်းသော အမူအရာဖြင့် ထူးထူးခြားခြား ပြောနေသည်ကို နားလည်သွားတော့သည်။ ထိုအရာကိုသာ ကျောင်းများတွင် မိတ်ဆက်ပေးမည်ကို တခြားလူများ သိသွားပါက နာမည်ပျက်ပေတော့မည်။
“မင်း ငါ့ကို နောက်နေတာလား..”
ကျန်းလွေ့ချန်း ထပ်မေးပြန်သည်။
“ကျုပ်က ဘာလို့ ဟာသ လုပ်ရမှာလဲ..”
ဖုန်းယွီ သူ့နောက်ကျောသူ လက်ဖြင့် အသာ ညှစ်နေရတော့သည်။ သို့မဟုတ်ပါက အော်ကြီးဟစ်ကျယ် ရယ်မိပေတော့မည်။ အဘိုးကြီးကျန်းသည် သူ့မျက်နှာပေါ်တွင် တုန်ခါစက်အား ပွတ်တိုက်ခဲ့ပြီး ထိုခံစားချက်ကို ခံစားနေဆဲပင်။ မည်မျှ ရယ်စရာ ကောင်းနေသနည်း။
ကျန်းလွေ့ချန်း သူ့ဖောင်တိန်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။
“ဂျွတ်…”
ဖောင်တိန်ကို လက်တစ်ဖက်ဖြင့် ချိုးပစ်လိုက်သည်။
“လျိုထျန်းယုံ.. အခုဝင်လာခဲ့..”
ကျန်းလွေ့ချန်း အော်ဟစ်လိုက်သည်။
အတွင်းရေးမှူးလျို အခန်းအတွင်းသို့ ချက်ချင်း ဝင်လာကာ..
“ဆရာ.. ကျုပ်ကို ခေါ်လား.. အာ.. မင်း သွေးတွေထွက်နေတယ်.. ရေးဂါပိုး မဝင်အောင် မြန်မြန် ကုလိုက်ပါ..”
အတွင်းရေးမှူး လျိုသည် ဖုန်းယွီကို ကြည့်လိုက်သည်။ မန်နေဂျာ ဖုန်းသည် အကြီးအကဲကို ဒေါသထွက်အောင် မည်သည်များ ပြောခဲ့ပေသနည်း။ ထိုဖေါင်တိန်သည် ကျန်းလွေ့ချန်း၏ အကြိုက်ဆုံး ဖြစ်ပြီး နှစ်ပေါင်းများစွာ သုံးခဲ့သည့် ပစ္စည်း ဖြစ်ပေသည်။
“ဒီမျက်လုံး ကာကွယ်ရေးကိရိယာ ရောင်းတဲ့ စွန်းဖူလင်ကို ချက်ချင်းခေါ်လိုက်.. ပြီးတော့ ပြည့်သူ့လုံခြုံရေး ဗျူရိုက အကြီးအကဲကျောင်းကို ချက်ချင်းဖုန်းဆက်..”
မျက်လုံးကာကွယ်ရေး ကိရိယာဟု ပြောနေချိန်၌ ကျန်းလွေ့ချန်း အံတင်းတင်း ကြိတ်ထားပေသည်။ သူသည် စွန်းဖူလင်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်ချင်နေမိသည်။
“ဟုတ်ကဲ့ပါ ဆရာ.. ကျုပ် ချက်ချင်း ခေါ်လိုက်ပါ့မယ်.. ဒါပေမယ့် ခင်ဗျားလက်က…”
“သူတို့ကို အရင်ခေါ်လိုက်…….”
ကျန်းလွေ့ချန်း၏ ဟောက်သံက ပို၍ပင် ပြင်းထန်လာပေသည်။
အတွင်းရေးမှူးလျို ထိန်လန့်သွားပြီး ဖုန်းခေါ်ရန် ထွက်သွားတော့သည်။ အတွင်းရေးမှူး လျိုအနေဖြင့် ကျန်းလွေ့ချန်းသည် ဒု-မြို့တော်ဝန် ဖြစ်လာပြီးနောက် ဤမျှ ဒေါသထွက်သည်ကို တကြိမ်မှ မမြင်ဖူးခဲ့သေးချေ။
အကြီးအကဲကျောင်းကို မည်သည့်အတွက် ခေါ်ရမည်နည်း။ စွန်းဖူလင်သည် ရာဇဝတ်မှုအချို့ ကျူးလွန်ခဲ့ခြင်းလော။ မဖြစ်နိုင်ပေ။ စွန်းဖူလင် ရာဇဝတ်မှု ကျူးလွန်ပါက ရဲစခန်းသို့ ဖုန်းဆက်ရုံဖြင့် ဖမ်းဆီးနိုင်ပေလိမ့်မည်။ သူ့ကို ခေါ်ရန် မလိုအပ်ချေ။
ကျန်းလွေ့ချန်း ဖုန်းယွီဘက်လှည့်ကာ..
“ဒီနေ့ အဖြစ်အပျက် ဘယ်သူ့ကိုမှ ပြောခွင့်မရှိဘူး…”
မိမိက ကူညီခဲ့ပေသည်။ မိမိ ကြောင့်သာမဟုတ်ပါက သူသည် ကျောင်းတွင် အချစ်ဥများ မိတ်ဆက်ပေးပြီး ဖြစ်ပေလိမ့်မည်။ ယခုမူ မိမိအား ခြိမ်းခြောက်နေပြန်သည်။
သို့ရာတွင် လူတိုင်း တစ်ကြိမ်တစ်ခါမျှ တည်ငြိမ်မှု ပျက်စီးတတ်ပေသည်။ ဤတစ်ကြိမ် ခွင့်လွှတ်ပေးရ ပေလိမ့်မည်။
“စိတ်မပူပါနဲ့.. တခြားလူတွေကို ပြန်ပြောရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး.. ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကဲ ကျောင်းကို ဘယ်လိုပြောမှာလဲ..”
ဖုန်းယွီ စိတ်ဝင်စားစွာမေးရင်း ကြည့်နေမိသည်။ ကျန်းလွေ့ချန်း မည်သို့ ပြောမည်ကို သိချင်နေပေသည်။
“မင်းကိစ္စမဟုတ်ဘူး.. မင်းအခုသွားလို့ရပြီ..”
ကျန်းလွေ့ချန်း အေးစက်စက် ပြန်ပြောလိုက်သည်။
“ဒီနေ့ ကျုပ်အလုပ်မရှိဘူး.. ကျုပ်ကို မရှိဘူးလို့သာ သဘောထားစမ်းပါ..”
ဖုန်းယွီအနေဖြင့် မိမိ ဘေးနားတွင် အေးအေးဆေးဆေး ကြည်နေအုံးမည် ဟူသည့် သဘောပင်။
ကျန်းလွေ့ချန်း ထအော်ပြန်သည်။
“မင်း အလုပ်မရှုတ်ပေမယ့် ငါအလုပ်ရှုတ်တယ်ကွ..”
“တခြား ကိစ္စပြောမယ်ဗျာ.. မြို့တော်ကို အလှူငွေ နည်းနည်းလောက် လှူမယ်ဆိုရင်ရော ဘယ်လိုလဲ.. လာပါ.. ဘယ် စီမံကိန်းတွေမှာ လှူသင့်လဲဆိုတာ ဆွေးနွေးရအောင်..”
“မင်း အလှူငွေတွေလဲ ငါမလိုချင်ဘူး..”
ကျန်းလွေ့ချန်း ဒေါသထွက်နေပေသည်။ ဘာအလှူနည်း။ ဖုန်းယွီသည် သူ့ရုံးခန်းတွင် ဆက်နေရန် အကြောင်းပြချက်ရှာကာ ပြပွဲကြည့်ချင်နေခြင်းပင်။
နောက်ဆုံးတွင် အတွင်းရေးမှူးလျိုသည် ဖုန်းယွီအား ကျန်းလွေ့ချန်း အမိန့်ဖြင့် ဆွဲထုတ်သွားတော့သည်။ ဖုန်းယွီသည် သူ့ကားဆီသို့ လျှောက်သွားရင်း အံ့ဩနေပေသည်။
“မန်နေဂျာဖုန်း မင်း အခု ဘယ်သွားမလဲ..”
လျိုကျီချိန် မေးလိုက်သည်။
“ငါဘယ်မှ မသွားဘူး.. ပြပွဲကြည့်ဖို့ ဒီမှာပဲ နေအုံးမယ်..”
မိမိကို နှင်ထုတ်လိုက်ယုံနှင့် လက်လျှော့မည် ထင်နေသည်လော။ ဤသို့သော ပျော်စရာ အဖြစ်အပျက်မျိုး ကြုံရခဲပေသည်။ မိမိတွင် ဆုံးရှုံးစရာ အကြောင်းမရှိချေ။
အဘိုးကြီးကျန်း ထိုလူကို အနိုင်ယူနိုင်မည်လော။ ထိုလူက အနိုင်ယူသွားမည်လော။ ၎င်းကို ကူညီရန် နောက်မှ ပြန်သွားတာ ကောင်းလိမ်မည်ထင်သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)