မင်းအမေ********
Vol. 40 Ch. 597
ဖုန်းယွီ ရုံးခန်းမှ ထွက်သွားသည်နှင့် ကျန်းလွေ့ချန်း ပစ္စည်းများ ပစ်ပေါက် ရိုက်ချိုးကာ ဒေါသများ ဖြေဖျောက်တော့သည်။
လက်ဖက်ရည်ခွက်များ၊ ဘောပင်များ၊ ပြာခွက်များ၊ သတင်းစာများ၊ မဂ္ဂဇင်များ၊ မီးခြစ်များ စသည်ဖြင့် ပျံ့ကျဲသွားတေ့သည်။
ကျန်းလွေ့ချန်းသည် အသက်(၂၀)အရွယ်မှစ၍ လုပ်ငန်းခွင်ဝင်ခဲ့သူဖြစ်ပြီး အယခု အသက်(၄၀)ရှိပေပြီ။ သူ့ဘဝ တစ်လျှောက်လုံး ဤမျှ အရှက်တကွဲ မဖြစ်ဖူးဘူးချေ။ အဆိုးဆုံးမှာ ဖုန်းယွီ ဤသည်ကို သိကာ အလုပ်အမြဲရှုတ်နေသူမှ သူ့မျက်နှာကို ကြည့်နေခြင်းပင်။
ဖုန်းယွီ ယနေ့ ရုံးသို့မလာဘဲ ဤတုန်ခါစက်အကြောင်း သမန်ကာလျှံကာ မေးမိပါက ပြည်နယ်တစ်ခုလုံး၏ ရယ်စရာ ဖြစ်ပေတော့မည်။
တစ်နိုင်ငံလုံး သူ့အကြောင်း ပြောနေကြတော့မည်။ ပြည်နယ်ခွဲအဆင့်မှ တာဝန်ရှိသူ တစ်ယောက်သည် ကျောင်းတွင် လိင်ထုတ်ကုန်များ မိတ်ဆက်ပေးသည်။
ထိုကိစ္စသည် သူ့အတွက် ထာဝရ လွှမ်းမိုးနေပေလိမ့်မည်။ သူကွယ်လွန်သွားသည့်တိုင် ထိုပျက်လုံးမှာ သူ့မျိုးဆက်များထိ ဆက်လက် တည်ရှိနေပေလိမ့်မည်။
လုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ထုတ်ကုန်များကို ပရီမီယံဈေးနှုန်းဖြင့် ရောင်းချရန် ကြိုးစားပါက ကျန်းလွေ့ချန်း လက်ခံနိုင်သေးသည်။ သို့ရာတွင် တုန်ခါစက်ကို မျက်လုံးကာကွယ်ရေး ကိရိယာ ဆိုသည်က လွန်လွန်းအားကြီးသွား ပေပြီ။
ကျောင်းသားမိဘများ သိရှိပါက ကျိန်ဆဲကာ တံတွေးခွက်အတွင်း ပက်လက်မျောရ ပေတော့မည်။
အတွင်းရေးမှူးလျို ဖုန်းယွီထွက်သွားသည်ကို မြင်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ ခေါင်းဆောင်၏ ရုံးခန်းသည် ပျံကျဲနေပေသည်။ ကျန်းလွေ့ချန်း အလွန်ဒေါသ ထွက်နေပေသည်။
အတွင်းရေးမှူးလျို စကားတစ်ခွန်းမှ မပြောဝံ့ချေ။ ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို တိတ်တဆိတ် ကောက်ယူနေတော့သည်။
စာရွက်စာတမ်းများ ဘေးဖယ်၍ လက်ဖက်ရည်ခွက်များ၊ ပြာခွက်များ စသည်ဖြင့် ခွဲခြားထားလိုက်သည်။
အတွင်းရေးမှူး လျိုသည် အမှိုက်များအားလုံး သည်အတိုင်း မထုတ်ဝံ့ချေ။ ဤသည်ကို အခြားလူများ မြင်၍ မရပေ။
ပစ္စည်းများအားလုံး အိတ်အနက်ဖြင့် သေချာထည့်ပြီး အိမ်သာအမှိုက်ပုံးသို့ သယ်သွားလိုက်သည်။ ထို့နောက် ရုံးခန်းအတွင်း ပြန်လာပြီး ကြမ်းပြင်သေချာ တိုက်လိုက်သည်။ ထို့နောက် ပြာခွက်အသစ်တစ်လုံး ယူလာ၍ ကျန်းလွေ့ချန်း၏ စားပွဲပေါ်တွင် တင်ထားလိုက်သည်။
အတွင်းရေးမှူးလျို အလုပ်လုပ်နေချိန်တွင် ကျန်းလွေ့ချန်း ပြတင်းပေါက်မှ ကြည့်နေပေသည်။ တစ်ယောက်ယောက် ကို စောင့်နေပုံပင်။
သို့ရာတွင် ကျန်းလွေ့ချန်း မည်သူ့ကိုမှ စောင့်နေခြင်းမဟုတ်ချေ။ ရုံးဝန်းအတွင်း ရပ်ထားသည့် ကားတစ်စီးကို စိုက်ကြည့်နေခြင်းပင်။ ဖုန်းယွီ ထွက်မသွားသေးဘဲ ဤဇာတ်လမ်းကို ထိုင်ကြည့်ရန် ကားထဲမှ စောင့်နေသည့်ပုံပင်။
“အကြီးအကဲ.. မင်းက နိုင်ငံတော်ကောင်စီရဲ့ ပိုင်ဆိုင်မှု ကြီးကြပ်ရေးနဲ့ စီမံခန့်ခွဲရေး ကော်မရှင် (SASAC) မှာ (၁၀)မိနစ်အတွင်း ရောက်ရမှာနော်.. သွားမှာလား..”
အတွင်းရေးမှူး လျို မေးလိုက်သည်။
“ဒီနေ့ ငါချိန်းထားသမျှ အားလုံးဖျက်လိုက်…”
အတွင်းရေးမှူးလျို လက်ဖက်ရည်ခွက် အသစ်ကို အဟောင်းနှင့် သေချာအစားထိုးပြီး လက်ဖက်ရည်တစ်ခွက် ဖျော်ပေးခဲ့သည်။ မြို့တော်ဝန်သည် ယနေ့ မတွေ့ဆုံနိုင်ကြောင်း (SASAC) သို့ ဖုန်းဆက် အကြောင်းကြားလိုက်သည်။ အခြားချိန်းဆိုမှုများအားလည်း ဖျက်သိမ်းခဲ့ပေသည်။
အတွင်းရေးမျူးလျိုသည် ကျန်းလွေ့ချန်း အဘယ့်ကြောင့် ဤမျှ ဒေါသထွက်နေသည်ကို မသိချေ။ ဖုန်းယွီကြောင့်ဟု ထင်နေပေသည်။ ယခုမူ ဖုန်းယွီသည် အကြောင်းပြချက် ဟုတ်ဟန်မတူချေ။ ကျန်းလွေ့ချန်းသည် စွန်းဖူလင်နှင့် အကြီးအကဲကျောင်းကို မည်သည့်အတွက် ခေါ်သနည်း။ ထိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်မရှိချေ။ တစ်ယောက်သည် စီးပွားရေးသမားဖြစ်ကာ ကျန်တစ်ယောက်မှာ ရဲအရာရှိ ဖြစ်ပေသည်။ ရုံးသို့ ခေါ်ရသည့် အကြောင်းအရင်းမှာ မည်သည်နည်း။
ခဏအကြာတွင် အကြီးအကဲကျောင်း ရောက်လာပြီး အတွင်းရေးမှူးလျိုကို တွေ့လိုက်ရသည်။ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ သို့ရာတွင် အတွင်းရေးမှူးလျို၏ စကားများမှာ မူမမှန်သည်ကို သတိပြုမိလိုက်သည်။ မြို့တော်ဝန်သည် ရဲဌာနကိ မကျေမနပ် ဖြစ်နေသည်လော။
“အတွင်းရေးမှူးလျို.. မြို့တော်ဝန် ငါ့ကို ဘာလို့ခေါ်တာလဲဆိုတာ သိလား..”
အကြီးအကဲကျောင်း အတွင်းရေးမှူးလျိုထံ ကပ်မေးနေသည်။ လျို၏ ရာထူးမှာ ဒု-ဌာနခွဲမှူးနှင့် ညီပေသည်။
အတွင်းရေးမှူးလျို ခေါင်းယမ်းကာ..
“အကြောင်းအရင်း တော့မသိဘူး.. ဒါပေမယ့် ဒီနေ့ မြို့တော်ဝန် တော်တော် စိတ်ဆိုးနေတယ်..”
အကြီးအကဲကျောင်း ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည်။ အတွင်းရေးမှူးလျို၏ သတိပေးချက်ကြောင့် အကြီးအကဲနှင့် တွေ့ဆုံသည့်အခါ သူပြောသည့်စကားကို စောင့်နားထောင်ရပေတော့မည်။ သတိမထားမိပါက ဒုက္ခရောက်သွားနိုင်ပေသည်။ ထို့ကြောင့် အကြီးအကဲနှင့် အတွင်းရေးမှူး၏ ရင်းနှီးသော ဆက်ဆံရေးသည် အလွန် အရေးကြီးပေသည်။
“အကြီးအကဲကျောင်း လာပါပြီ…”
အတွင်းရေးမှူးလျို တံခါးခေါက်ကာ ကျန်းလွေ့ချန်းကို အကြောင်းကြားလိုက်သည်။
“သူ့ကို ဝင်ခိုင်းပြီး လက်ဖက်ရည် ဖျော်ပေးလိုက်အုံး..”
အကြီးအကဲကျောင်းသည် ကျန်းလွေ့ချန်း၏ စကား ကြားသည့်အခါ စိတ်သက်သာရာ ရသွားသည်။ ကျန်းလွေ့ချန်းက သူ့အတွင်းရေးမှူးကို လက်ဖက်ရည် ဖျော်ခိုင်းသဖြင့် ဆူပူကြိမ်းမောင်းမည်တော့ မဟုတ်တော့ချေ။ ကျန်းလွေ့ချန်း သူ့ကို တစ်ခုခု မေးပေလိမ့်မည်။
“မြို့တော်ဝန် ကျွန်တော့ကို ရှာလားမသိဘူး..”
“အဘိုးကြီးကျောင်း… လူလိမ်တွေအတွက် အပြင်းထန်ဆုံး ပြစ်ဒဏ်က ဘာလဲ..”
ကျန်းလွေ့ချန်း အကြီးအကဲကျောင်း ရုံးခန်းအတွင်း ဝင်ရောက်လသည်နှင့် မေးလိုက်သည်။ အကြီးအကဲကျောင်းသည် ဗဟိုနိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်၏ လက်ထောက်အတွင်းရေးမှူးဖြစ်ပြီး ၎င်း၏ ဦးနှောက်ထဲတွင် ဥပဒေနှင့် ပြစ်ဒဏ်များ သာရှိနေပေသည်။
လူလိမ်လော။ မြို့တော်ဝန်ကို တစ်ယောက်ယောက် ခေါ်ယူခဲ့သည်လော။ မြို့တော်ဝန်ကို မည်သို့သောလူက လိမ်ရန် သတ္တိရှိသနည်း။
“တကယ်လို့ ကြီးလေးတဲ့ လိမ်လည်မှုမျိုးဆိုရင် ပြစ်ဒဏ်က အနည်းဆုံး ထောင်ဒဏ်(၁၀)နှစ်ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ပါတယ်.. လိမ်လည်မှုအတွက် အပေါ့ပါးဆုံး ပြစ်ဒဏ်က ထောင်ဒဏ်(၃)နှစ်နဲ့ ဒဏ်ငွေလဲရှိပါတယ်..”
အမြင့်ဆုံး ပြစ်ဒဏ်သည် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်လော။ ဤလူလိမ်သည် သေဒဏ်ပေးသင့်ပေသည်။
“ခနနေရင်.. လူလိမ်ရောက်လာလိမ့်မယ်.. မြို့တော်အစိုးရကို လိမ်ဖို့ကြိုးစားတာ.. မင်းသူ့ကို ကြည့်ပြီး သူ့အကြောင်း ဘယ်လောက်လေးနက်ရမယ်ဆိုတာ စောင့်ကြည့်ပေါ့..”
အကြီးအကဲကျောင်းသည် မြို့တော်ဝန်က သူ့ကို တစ်ယောက်ယောက်အား သင်ခန်းစာပေးရန် ရုံးခန်းသို့ ခေါ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဤသည်မှာ မကောင်းသည့်အရာတစ်ခုမဟုတ်ချေ။ ထို့အစား ကောင်းကြိုးတစ်ခုပင်။ မြို့တော် ရဲတပ်ဖွဲ့ အများစု ရာထူးတိုးနိုင်ပေလိမ့်မည်။ ၎င်းတို့သည် ဗဟို နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူးများ ဖြစ်လာနိုင်ပြီး တရုတ်ကွန်မြူနစ် ပါတီသို့ ဝင်ရောက်နိုင်ပေသည်။ ရာထးမှာ ဗျူရို-ဒါရိုက်တာအဆင့် ဖြစ်ပေလိမ့်မည်။ အကြီးအကဲကျောင်းသည် လက်ရှိ ဗဟိုနိုင်ငံရေး၏ လက်ထောက် အတွင်းရေးမှူးဖြစ်ပြီး ဥပဒေရေးရာကော်မရှင်ဖြစ်ကာ သူ့ရာထူးမျာ ဒု-ဗျူရိုဒါရိုက်တာအဆင့်သာ ဖြစ်ပေသည်။
မြို့တော်ဝန်သည် သူ့စွမ်းဆောင်ရည်ကို ကျေနပ်ပါက မြို့တော်ဝန်၏ ချီးကျူးစကားများနှင့် ရာထူးအမြန်တိုးအောင် ကူညီပေးနိုင်ပေလိမ့်မည်။ မြို့တော်ဝန်ကျေနပ်စေရန် ပြင်းထန်သည့် ပြစ်ဒဏ်ပေးရပေလိမ့်မည်။
******
စွန်းဖူလင်သည် ဖူကျန့်မှဖြစ်သည်။ ထိုင်ဝမ်သို့ အလည်လာရင်း လိင်ဖျော်ဖြေရေးအရုပ် အနည်းငယ်တွေ့ခဲ့ပေသည်။ တရုတ်နိုင်ငံတွင် ဤလိင်အရုပ်အတွက် ဈေးကွက်တစ်ခု ရှိလောက်သည်ဟု ခံစားမိသည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် လိင်အရုပ်များ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ထောင်ခဲ့သည်။ သို့ရာတွင် သူ၏ ပထမဆုံး ထုတ်ကုန်ဖြစ်သည် အချစ်ဥကို ထုတ်လုပ်လိုက်သည့်အခါ ဆဋ္ဌမအာရုံဆိုသည့် လိင်အစားထိုး အရုပ်များ တရုတ်ဈေးကွက်အတွင်း ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
စွန်းဖူလင်သည် တုန်ခါစက်များကို ဈေးချရောင်းသည့်တိုင် မည်သူမှ စိတ်မဝင်စားခဲ့ချေ။ လက်လီဆိုင်ဖွင့်ရန်မှာလည်း အရင်းအနှီးမရှိချေ။
ထို့ကြောင့် စွန်းဖူလင်သည် ကုန်းတွင်းပိုင်း ပြည်နယ်များသို့ ကုန်ပစ္စည်းများ ရောင်းချရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ကုန်းတွင်းပိုင်းရှိလူများသည် ပို၍ပင် ရှေးရိုးဆန်ကာ တုန်ခါစက်မှာ မည်သည်ကိုပင် မသိကြချေ။
တစ်ကြိမ်တွင် သူ့ထုတ်ကုန်ကို လူတစ်ယောက်နှင့် မိတ်ဆက်သည့်အခါ ထိုလူမှ သူ့ထုတ်ကုန်သည် မျက်လုံးကာကွယ်ရေး ကိရိယာ သို့မဟုတ် မျက်လုံးတစ်ဝိုက် နှိပ်နယ်ရန် သုံးနေခဲ့သည်။
သို့ဖြစ်၍ သူသည် တုန်ခါစက်များကို မျက်လုံးကာကွယ်ရေး ကိရိယာများအဖြစ် ရောင်းချရန် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် အနီးပတ်ဝန်းကျင် ပြည်နယ်များကို ပစ်မှတ်ထားကာ ပထမဆုံးရွေးခဲ့သည်မှာ ပမ့်မြို့တော် ဖြစ်သည်။
စွန်းဖူလင်သည် ဤထုတ်ကုန်ကို နိုင်ငံရပ်ခြားမှ သိပ္ပံပညာရှင်တစ်ဦး တီထွင်ခဲ့ပြီး သုံးစွဲသူ၏ အမြင်အာရုံကြောများ ကာကွယ်ရန် သုံးခဲ့သည်ဟူသည့် နိုင်ငံခြား စာရွက်စာတမ်းများ အတုလုပ်ခဲ့ပေသည်။ သူသည် တရုတ်ပြည်တွင် ဖြန့်ဖြူးသူဖြစ်သည်။ အရာအားလုံး သူ့အတွက် ချောမွေ့ကာ မြို့တော်ဝန်နှင့်ပင် တွေ့ဆုံနိုင်ခဲ့ပေသည်။
မြို့တော်ဝန်သည်လည်း သူ့ထုတ်ကုန်ကို ကြည့်ကာ စိတ်ဝင်စားသွားသည်။ ပမ့်မြို့တော် အစိုးရသည် ပညာရေးအတွက် လုံလောက်သော ရံပုံငွေများရှိကြောင်း စွန်းဖူလင် သိခဲ့ရပြီး ဤမျက်လုံး ကာကွယ်ရေး ကိရိယာများ ဝယ်ယူလိုပါက ကျောင်းသားများအတွက် အစိုးရထောက်ပံ့ငွေ အနည်းငယ်ပင် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
ပမ့်မြို့တော်၏ လူဦးရေးသည် (၁၀)သန်းခန့်ရှိသည်။ မြို့တော်တွင် ကျောင်းသားဦးရေမှာ တစ်သိန်းကျော်ရှိပေသည်။ စွန်းဖူလင် ချမ်းသာပေတော့မည်။ ကျောင်းသားတစ်ဦးထံမှာ (၁၀)ယွမ် ရလျှင်ပင် သူ့အမြတ်ငွေသည် ယွမ်(၁)သန်းကျော်ရှိပေလိမ့်မည်။
မြို့တော်ဝန်က အတွင်းရေးမှူးမှတဆင့် တွေ့ဆုံရန် ခေါ်လာပေပြီ။ မြို့တော်ဝန်သည် သူ့ဈေးနှုန်းကို သဘောတူ၍ အမိန့်ချချင်သည်များ ဖြစ်နိုင်သည်လော။
“မြို့တော်ဝန်ကျန်း ကျုပ်ရောက်ပါပြီ.. မြို့တော် အစိုးရက ကျုပ်ထုတ်ကုန်တွေ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီလား..”
စွန်းဖူလင် ရယ်ရယ်မောမောဖြင့်ပင် ရုံးခန်းအတွင်းသို့ ဝင်လာခဲ့လိုက်သည်။
“စွန်း.. ဖူ.. လင်… ၊ မင်းမေ******* ကို ဒီဟာတွေ မျက်စိကာကွယ်ရေး ကိရိယာလို့ ခေါ်တာလား…”
စွန်းဖူလင် ရုံးခန်းအတွင်း ဝင်လိုက်သည်နှင့် ဗူးပါကင်တစ်ခု သူ့မျက်နှာကိုထိကာ ထိတ်လန့် တုန်လှုပ်သွားတော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)