ပမ့်မြို့တော် ဆေးဝါးဆိုင်ရာ တိုးတက်မှုများ
Vol. 40 Ch. 599
စွန်းဖူလင်အား စစ်ဆေးမေးမြန်းရန်အတွက် အကြီးအကဲကျောင်း ပြန်ခေါ်လာခဲ့သည်။ တစ်ညတာ စစ်ဆေးမေးမြန်းပြီးနောက် သူသည် လိမ်လည်မှုကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့ပေသည်။
သို့ရာတွင် မအောင်မြင်သေးကြောင်းနှင့် ယခုစွဲချက်များသည် လိမ်လည်မှု ကျူးလွန်ရန် ကြိုးပမ်းသည့် အဆင့်သာ ဖြစ်သည်ဟု အခိုင်အမာ ပြောနေပေသည်။ အပြင်းထန်ဆုံးမှာ ဒဏ်ငွေ တပ်ရိုက်ခြင်းသာ ဖြစ်ရပေလိမ့်မည်။
စွန်းဖူလင် ဒဏ်ငွေရိုက်ခံရယုံဖြင့် မြို့တော်ဝန် ထိုရလဒ်ကို ကျေနပ်မည်လော။ အကြီးအကဲ ကျောင်း ဒေါသထွက်သွားသည်။ စွန်းဖူလင် သူ့ကို ဒုက္ခရောက်လုနီးနီး ပြုလုပ်နေပေပြီ။ မြို့တော်ဝန် ဘာမှ မပြောလျှင်ပင် အလွယ်တကူ ထွက်သွားခွင့်မပေးနိုင်ချေ။
နောက်ထပ် စုံစမ်းမှု အနည်းငယ် ပြုလုပ်ပြီးနောက် အကြီးအကဲကျောင်းသည် စွန်းဖူလင်တွင် နောက်ခံမရှိကြောင်း တွေ့လိုက်ရသည်။ ပမ့်မြို့တော်တွင် တည်ခိုးခငွေများ အကြွေးတင်နေသေးသည်။ စွန်းဖူလင်သည် တုန်ခါစက်များအတွက် ထုပ်ပိုးမှုပြုလုပ်ရန် ပုံနှိပ်စက် ကုမ္ပဏီတစ်ခုနှင့်လည်း စာချုပ် ချုပ်ခဲ့သေးသည်။ ထုပ်ပိုးမှုကို မျက်စိကာကွယ်ရေး ကိရိယာဟူသော စာလုံး ရိုက်နှိပ်မည်ဖြစ်သည်။
ထိုစာချုပ်တွင် ပါဝင်သည့် ငွေပမာဏမှာ ကြီးမားလွန်းပေသည်။ စပေါ်ငွေ ပေးချေထားသဖြင့် ဤသည်ကို သက်သေအဖြစ် သတ်မှတ်၍ ရပေသည်။ စွန်းဖူလင်သည် သွင်းကုန်သမားများထံ အကြွေးတင်ထားပြီး ဘဏ်ချေးငွေများလည်း မဆပ်ရသေးချေ။ သူနှင့် ပတ်သက်သမျှ အရာအားလုံး ဖော်ထုတ်နေလိုက်တော့သည်။
စွဲချက်များအားလုံးမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်ခြင်း မရှိသော်လည်း အနည်းဆုံး (၁၀)နှစ်အထိ အကျဉ်းထောင်အတွင်း နေထိုင်ရပေတော့မည်။ ဆိုးသွမ်းသည့် စီးပွားရေးသမားသည် သူ့ရာဇဝတ်မှုအတွက် ကြီးမားသည့် တန်ကြေး ပြန်လည် ပေးဆောင်ရတော့သည်။
******
ပမ့်မြို့တော် ဆေးဝါးသုတေသနသည်လည်း ကောင်းကောင်း တိုးတက်လာနေသည်။ ကျန်းမာရေး ဖြည့်စွက်စာ အနည်းငယ်ဖြင့် အမြတ်အစွန်းများစွာ ရရှိခဲ့ပေသည်။ ဤထုတ်ကုန်များအတွက် အမှာစာများ ဆက်တိုက် ရောက်ရှိ နေပေသည်။ ကုမ္ပဏီသည် လုပ်ငန်းရရှိရေးအတွက် အရောင်းသမားများ စေလွှတ်ရန်ပင် မလိုအပ်ချေ။
တုပ်ကွေး၊ အစာအိမ်ရောင်ရမ်းမှုပျောက်ဆေး၊ စသည့် ဆေးဝါးများသည်လည်း ရောင်းအားကောင်းခဲ့ပေသည်။ ပမ့်မြို့တော် ဆေးဝါးသုနေသနသည် တရုတ်နိုင်ငံ၏ အကောင်းဆုံး ဆေးဝါးကုမ္ပစီ ဖြစ်သင့်ပေသည်။ ထိုသို့ မဖြစ်လျှင်ပင် အနည်းဆုံး ဒုတိယ အကောင်းဆုံး စွမ်းဆောင်နိုင်သည့် ကုမ္ပဏီ ဖြစ်သင့်ပေသည်။ တိုးတက်မှုနှင့် အမြတ်ငွေများသည် နိုင်ငံ၏ ပထမဆုံး ဖြစ်လောက်ပေသည်။
ကုမ္ပဏီ၏ ထိပ်တန်း စီမံခန့်ခွဲရေးမှူးများသည် ၎င်းတို့၏ ရလဒ်များကို ကျေနပ် ပျော်ရွှင်ခဲ့ကြသည်။ ၎င်းတို့၏ ဆေးဝါးများကို ဘေးကင်းသော ဆေးဝါးများအဖြစ် ဈေးကွက်တင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံများ၏ ထောက်ခံချက်များ မှလည်း ရလဒ်ကောင်းများ ရခဲ့ပေသည်။
ဖုန်းယွီ သူတို့၏ ဆေးဝါးများကို ဈေးမတက်စေချေ။ သို့မဟုတ်ပါက နှုန်းထားများကို အနည်းဆုံး (၁၀)ရာခိုင်နှုန်း မြင့်တက်သွားနိုင်ပေသည်။
ဤဆေးများကို အခြားကုမ္ပဏီများမှ ထုတ်လုပ်နိုင်သည်ဟု ဖုန်းယွီ ခံစားမိပေသည်။ ဆေးဝါးများ၏ အာနိသင်သည်လည်း အတူတူပင် ဖြစ်သည်။ အမြတ်အစွန်းအတွက် ဈေးမတက်သင့်ချေ။
ပမ့်မြို့တော် ဆေးဝါးသုတေသနသည် တရုတ်နိုင်ငံတွင်ကဲ့သို့ နိုင်ငံရပ်ခြားတွင် နာမည်ကြီးပါက ကွဲပြားသွားပေလိမ့်မည်။ ဖုန်းယွီသည် ငွေရန်ရန်အတွက် ၎င်းတို့၏ ရောင်းဈေးကို မြှင့်တင်ရန် စိတ်မဝင်စားချေ။ တရုတ်နိုင်ငံတွင် ပမ့်မို့တော် ဆေးဝါးသုတေသန၏ အမြတ်ငွေများသည် အခြားဆေးဝါးကုမ္ပဏီများထက် ပိုများနေပြီးသား မဟုတ်ပေလော။
ပမ့်မြို့တော် ဆေးဝါးသုတေသန၏ သံဓါတ်ဖြည့်စွက်ဆာနှင့် အခြားကျန်းမာရေး ဖြည့်စွက်ဆေးဝါးများကို အခြားနိုင်ငံများသို့ တင်ပို့ခဲ့ပြီး အမြတ်အစွန်း များစွာရရှိခဲ့သော်လည်း နိုင်ငံတကာ ဆေးဝါးကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် နောက်ကျကန်နေသေးသည်။
နောင်တွင် အခြားနိုင်ငံများ၌ ကျော်ကြားလာမည့် တရုတ်နိုင်ငံမှ ဆေးဝါးများ ရှိလာမည်လော။ မှန်ပေ၏။ ယန်နန်ပိုင်ယောင် ဟုခေါ်သည့် ဆေးအမျိုးအစား ဖြစ်ပေသည်။ ထိုကုမ္ပဏီသည် စာချုပ်ကို တရားမဝင် ဖေါက်ဖျက်သည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း၏ အရှုပ်တော်ပုံနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ တရားစွဲဆိုခြင်း ခဲခဲ့ရသေးသည်။
ဤဆေးကို အားကစားသမားများ၏ တွင်ကျယ်စွာ အသုံးပြုကြပြီး အိမ်သူအိမ်သား အများအပြားသည် ၎င်းတို့၏ ရှေးဦးသူနာပြုစုနည်းအတွက် အိမ်တွင်းဆေးအဖြစ် သိမ်းဆည်းထားကြပေလိမ့်မည်။ ဤဆေးသည် သွေးထွက်ခြင်းကို ရပ်တန့်စေပြီး နာကျင်မှုကို သက်သာစေသည်။ ကလေးများသည် ခြေခေါက်လဲခြင်း၊ ပြုတ်ကျခြင်းများ ဖြစ်တတ်ပေသည်။
ဤ ယန်နန်ပိုင်ယောင်၏ ဖော်စပ်နည်းသည် အမျိုးသားရေး လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ဤတစ်ခုတည်းကြောင့် ထိုဆေး၏ တန်ဖိုး တိုးလာခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်၌ ကုမ္ပဏီက Aerosol ဖြန်းဆေး မတီထွင်နိုင်သေးချေ။ ဆေးသည် အမှုန့်၊ ဆေးတောင့် ပုံစံများဖြင့်ရ သာပေသေးသည်။ ဤသည်ကပင် သူတို့၏ တိုးတက်မှုကို သိသိသာသာ ကန့်သတ်ထားပေသည်။
ယမန်နှစ်တွင် ဖုန်းယွီသည် ယန်နန်ပိုင်ယောင် စက်ရုံကို ဆက်သွယ်ရန် ပမ့်မြို့တော် ဆေးဝါးသုတေသနမှ သူ့ဝန်ထမ်းများကို ပြောလိုက်သည်။ ဆေးဝါးဖော်စပ်နည်း ဝယ်ချင်ပေသည်။ သို့ရာတွင် ပမ့်မြို့တော်ဆေးဝါး သုတေသနသည် ပုဂ္ဂလိက ပိုင်ဖြစ်ပြီး နိုင်ငံပိုင် လုပ်ငန်း မဟုတ်ချေ။ စက်ရုံမှ မရောင်ချင်ချေ။ ဖုန်းယွီ၏ ယခင်ဘဝမှ ရှင်ဟွာကုမ္ပဏီသည် ဖော်စပ်နည်း ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ထိုကြိုးပမ်းမှုတွင် ယွမ်(၂)ဘီလီယံကျော် သတ်မှတ် ထားပေသည်။ သူတို့ ဆုံးရှုံးမှုးများမှာ သိသာထင်ရှားပေသည်။
သို့ရာတွင် ဖုန်းယွီ၏ ယခင်ဘဝတွင် ယန်နန်ပိုင်ယောင်သည် ၎င်းတို့၏ ဆေးဝါးများကို အမေရိကန်သို့ တင်ပို့လိုပြီး အမေရိကန်ရှိ စည်းမျဉ်းများကြောင့် ၎င်းတို့၏ ပါဝင်ပစ္စည်းများကို တံဆိပ်ပေါ်တွင် ရိုက်နှိပ်ဖေါ်ပြခဲ့ရသည်။ တရုတ်နိုင်ငံ ယန်နန်ပိုင်ယောင်၏ လျှို့ဝှက်ဖော်မြူလာကို အမေရိကန်သို့ တင်ပို့ရောင်းချသည့် ကုန်ပစ္စည်းများ၏ ထုပ်ပိုးမှုတွင် ရိုက်နှိပ်ထားရသည်။
ဖုန်းယွီမှာ သူ့ယခင်ဘဝ ယန်နန်ပိုင်ယောင်ကို အမေရိကန်မှ ဝယ်ယူခဲ့သည့် မိတ်ဆွေ တစ်ယောက်ရှိပေသည်။ သူ့မိတ်ဆွေမှ ထိုဆေးကို ဖုန်းယွီအိမ်တွင် ထားခဲ့ပြီး ဖုန်းယွီ ပျင်းပျင်းရှိတိုင်း ဤတံဆိပ်ကို အကြိမ်ကြိမ် ဖတ်ခဲ့ဖူးပေသည်။
Boea Clarkean (85)mg
Galanga (30)mg
Cranebill (36)mg
Tienchi (200)mg
Companatum (57.5)mg
Chinese Yam (66.5)mg
ပမ့်မြို့တော် ဆေးဝါးသုတေသနတွင် တရုတ်ရိုးရာ ဆေးစက်ရုံတစ်ခု ရှိပေသည်။ ဖုန်းယွီ ၎င်းတို့အား ဤဖော်စပ်နည်းကို ပြောပြကာ တရုတ်ရိုးရာ သမားတော်ထံမှ ယွမ်(၁)သန်းနှင့် ဝယ်ခဲ့ကြောင်း အသိပေးထားလိုက်သည်။ သူ့စက်ရုံကို သုတေသနလုပ်၍ ဤဆေးကို တီထွင်ရန် ကြိုးစားခိုင်ခဲ့ပေသည်။
ဖော်စပ်နည်းကို စမ်းသပ်ပြီးနောက် ထိရောက်မှုရှိကြောင်း တွေ့ခဲ့ပေသည်။ ဖုန်းယွီ၏ ဖော်စပ်နည်းသည် ယန်နန်ပိုင်ယောင်နှင့် အနည်းငယ်ကွာခြားကြောင်း သုနေသန ပြုချက်များအရ သိရပေသည်။ ဆိုလိုသည်မှာ ယန်နန်ပိုင်ယောင်သည် သူတို့နည်းပညာကို အမေရိကန်များအား ဖုံကွယ်ထားခြင်း သို့တည်းမဟုတ် ဖုန်းယွီ၏ မှတ်ဉာဏ် မှားယွင်းခြင်း ဖြစ်သည်ဟု ဆိုခြင်းဖြစ်ပေသည်။
ဖုန်းယွီသည် သူ့အတိတ်တွင် ယန်နန်ပိုင်ယောင်တွင် ကပ်ကျူ ပင်နှင့် ဂျင်ဆင်းပင် အစိတ်အပိုင်းများ ရှိသည်ဟူသည့် စကားတစ်ခွန်းရှိသည်ကို သတိရမိလိုက်သည်။ ဖုန်းယွီသည် တရုတ်တိုင်းရင်းဆေး စက်ရုံမှ ထိုဖော်စပ်နည်းကို သုတေသနပြုပြီး စမ်းသပ်ရန် ထပ်ပြောလိုက်သည်။ ဆေးနှင့် ပေါင်းစပ်ရန် aerosol spray ကို သုတေသန ပြုလုပ်ရန် ညွှန်ကြားလိုက်သည်။ သူသည် အရေပြားကို မထိခိုက်စေဘဲ ပိုးသတ်ရန်နှင့် အနာကျက်စေမည့် ဆေးဘက်ဆိုင်ရာ ဖြန်းဆေး တစ်မျိုး တီထင်လိုပေသည်။
ဤသည်မှာ ဖုန်းယွီ၏ ထိပ်တန်း ဦးစားပေးဖြစ်သည်။ ပမ့်မြို့တော် ဆေးဝါးသုတေသနသည် သူ့အတိတ်ဘဝက ယန်နန်ပိုင်ယောင် ဖြန်းဆေး တီထွင်နိုင်ပါက ဤဆေးဖြင့် ၎င်းတို့သည် ထိပ်တန်း ထုတ်ကုန် ဖြစ်လာပြီး ကုမ္ပစီ အမှတ်တံဆိပ်ကို သိသိသာသာ မြှင့်တင်ပေးလာလိမ့်မည်။
စက်ရုံမှ ထုတ်သည့် ပဋိဇီဝဆေးများနှင့် ရောင်ရမ်းမှု ကုသရေး ဆေးဝါးများ ကျန်နေပေလိမ့်မည်။ ဤဆေး၏ အမြတ်ငွေသည် အများကြီး မဟုတ်သော်လည်း ရောင်းအား ကောင်းနေမြဲပင်။ တခြားဆေးဝါးကုမ္ပဏီများမှ ဈေးသက်သာပြီး အလားတူထုတ်ကုန်များကို မိတ်ဆက်သည့်အခါ ထိုကျန်းမာရေး ဖြည့်စွက်ဆေးများ၏ ရောင်းအား ကျဆင်းသွားမည်ဖြစ်သည်။
ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးသုတေသန၏ ဂုဏ်သတင်းကို နိုင်ငံခြားတွင် မြှင့်တင်ရန် နည်းလမ်း မရှိသော်လည်း စာအုပ်သည် ရောင်းအား အကောင်းဆုံး ဖြစ်ပေသည်။
ဖုန်းယွီသည်လည်း ထိုစာအုပ်ကို ဤမျှ လူကြိုက်များမည်ဟု မမျှော်လင့်ခဲ့ပေ။ စာတမ်းရေးသားသည့် ပညာရှင်များ ကြောင့် ဖြစ်ပေလိမ့်မည်။ တရုတ်ပြည်တွင်း၌ ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ လူများသည် ထိုကျွမ်းကျင်ပညာရှင်များကို ယုံကြည်ကြပေလိမ့်မည်။
ထို့အပြင် စာအုပ်ဈေးကြီးမြင့်၍ မရောင်ရဘဲ မနေချေ။ ထိုစာအုပ်တွင် တရုတ်နိုင်ငံ၏ နှစ်ထောင်ပေါင်းများစွာသော တိုင်းရင်းဆေးပညာ၏ အနစ်သာရများ ပါဝင်သည်ဟုဆိုကာ ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်များက အကြံပြုထားပေသည်။ စာအုပ်ထဲမှ အကြောင်းအရာများသည် မည်သို့ မှားနိုင်မည်နည်း။
ဆင်းရဲမွဲတေပြီး စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံများမှ လွဲ၍ မည်သည့်နိုင်ငံများ လူများသည် ကျန်းမာရေး ဂရုမစိုက်ကြသနည်း။ ထိုစာအုပ်သည် ကမ္ဘာတစ်ဝှမ်း စာအုပ်ရေ(၁၀)သန်းကျော် ရောင်းခဲ့ရပြီး တရုတ်နိုင်ငံတွင်ပင် စာအုပ်ရေ (၃)သန်းကျော် ရောင်းချခဲ့ရပေသည်။
ဖုန်းယွီသည် ဤစာအုပ် တစ်အုပ် ရောင်းချတိုင်း (၃)ယွမ်နီးပါး ရနေပေသည်။ ဆိုလိုသည်မှာ စာအုပ် ထုတ်ဝေပြီး (၆)လအကြာတွင် ဖုန်းယွီသည် ယွမ် သန်း(၃၀)ကျော် ရခဲ့ပေသည်။ အုပ်ရေ (၁၀)သန်းကျော် ပြီးနောက် ဖုန်းယွီသည် ကမ္ဘာတစ်ဝှမ်းရှိသတင်းစာများတွင် ဆွဲဆောင်မှုကောင်းသည့် ကြောငြာများကိုသုံး၍ ရောင်းအား မြှင့်တင်ရန် ကြိုးစားခဲ့သည်။
စောင်ရေ များနေပင်လျှင် မရောင်းရ မရှိချေ။
ဂရင်းနစ် ကမ္ဘာ့စံချိန်ကို မချိုးဖျက်ဘဲ ကောင်းမွန်သည့် ကျန်းမာရေး အယူအဆရှိနေသရွေ့ လူအများသည် ထိုစာအုပ် ဆက်လက် ဝယ်ကြပေလိမ့်မည်။ မွမ်းမံတည်းဖြတ်မှုများဖြင့်လည်း နှစ်စဉ် ထုတ်ဝေမည်ဖြစ်သည်။ နောင်တွင် အုပ်ရေ သန်း(၁၀၀)ထိ ရှိလာနိုင်ပေသည်။
ဤစာအုပ်နှင့် နိုင်ငံခြားမှ ကျွမ်းကျင်သူများ၏ အကြံပြုချက်များကြောင့် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းမှ ကျန်းမာရေး ဖြည့်စွက်စာများ ရောင်းအား တိုးလာခဲ့သည်။ ဤတစ်ကြိမ်တွင် ဖုန်းယွီသည် ငွေရှာရန် နောက်ထပ် အခွင့်အရေးတစ်ခု ရှာတွေ့လိုက်တော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)