← Chapters

ဆေးပလာစတာ (၁)

Vol. 40 Ch. 600

ဆေးပလာစတာ (၁)

Vol. 40 Ch. 600

တရုတ်နိုင်ငံတွင် လက်ရှိရေပန်းအစားဆုံး ဆေးဝါးအမှတ်တံဆိပ်မှာ ပမ့်မြို့တော် ဆေးဝါးသုတေသနဖြစ်သည်။ ဒုတိယမှာ Band-Aid ဖြစ်ပြီး တတိယမှာ Janssen ဖြစ်သည်။

ဒုတိယနှင့် တတိယ အမှတ်တံဆိပ်များကို ဖက်စပ်လုပ်ကိုင်ခဲ့သည်။ ၎င်းတို့အားလုံးကို အမေရိကန် ဆေးဝါးကုမ္ပဏီကြီးတစ်ခု ပိုင်ဆိုင်ပေသည်။ ဤဆေးဝါးဘီလူးကြီးမှာ Johnson and Johnson ဖြစ်သည်။

Johnson and Johnson သည် ကမ္ဘာပေါ်ရှိ ထိပ်တန်းဆေးဝါး ကုမ္ပဏီ (၅)ခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၎င်းတွင် ထုတ်ကုန် အမြောက်အများဆုံး ဖြစ်သည်။ ၎င်းတို့၏ လုပ်ငန်းအများအပြားသည် ကျန်းမာရေးနှင့် ဆေးဝါးကုသရေး ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်းသာ ဖြစ်သည်။

Johnson and Johnsonတွင် မူပိုင်ခွင့်ရှိပြီး ပမ့်မြို့တော် ဆေးဝါးသုတေသနသည် ၎င်းတို့ ထုတ်ကုန်များကို တုပခြင်း မပြုနိုင်ချေ။ သို့ရာတွင် Band-Aid သည်ကား မတူချေ။ ၎င်းသည် တိတ် သို့တည်းမဟုတ် ဆေးပလာစတာ တစ်ခုသာဖြစ်သည်။ နည်းပညာ ပါဝင်မှုမှာလည်း အလွန်ရိုးရှင်းပေသည်။

ဖုန်းယွီ၏ ယခင်ဘဝတွင် Band-Aid ၏ရည်ရွယ်ချက်မှာ သွေးထွက်ခြင်းကို ရပ်တန့်ရန်နှင့် ကူးစက်မှုကို ကာကွယ်ရန် ဖြစ်ကြောင်း သတင်းစာများက ဖော်ပြခဲ့သည်။ ဒဏ်ရာများကို ကုစားရန် မကူညီနိုင်ချေ။ ၎င်းသည် ဒဏ်ရာ၏ အနာကျက်ခြင်း လုပ်ငန်းစဉ်ကိုပင် နှေးကွေးစေသေးသည်။ ၎င်းသည် ယန်နန်ပိုင်ယောင်မှ ထုတ်လုပ်သည့် Band-Aid အမှတ်တံဆိပ် မဟုတ်သော်လည်း ဈေးအလွန်ကြီးကာ ဒဏ်ရာများကို ဆေးခန်းသို့ သွားပြရသည့်ထက် ကုန်ကျစရိတ် သက်သာပေသည်။

ထို့ကြောင့် Band-Aid သည် ဆေးပလာစတာ ဈေးကွက်၏ အကြီးမားဆုံး ဈေးကွက်ဝေစု ရရှိခဲ့သည်။ ဖုန်းယွီသည် အခြားပြိုင်ဖက်များ မတွေ့သေးချေ။ ပြိုင်ဖက်များ ရှိကောင်း ရှိနိုင်သော်လည်း မည်သူမှ ၎င်းတို့၏ ထုတ်ကုန်ကို မဝယ်ယူချင်ကြချေ။

လက်ရှိခေတ် လူများသည် နာမည်ကြီး ထုတ်ကုန်များ ပိုကောင်းသည်ဟု လက်ခံထားကြသည်။ Band-Aid နာမည် အကျော်ဆုံး ဆေးပလာစတာ ဖြစ်ပြီး ထုတ်ကုန်ကို ဆေးပလာစတာဟုပင် မသိကြသေးချေ။ ထိုပစ္ဏည်းကို Band-Aid ဟုသာ ခေါ်ကြပေသည်။

မည်သည့် အမှားအယွင်းမှ မရှိသော်လည်း ဖုန်းယွီသည် ဆေးပစ္စည်းများကို ကုမ္ပဏီ၏ အမှတ်တံဆိပ်မဟုတ်ဘဲ သူ့နာမည်နှင့်သူ နာမည် ထွက်သင့်သည်ဟု ခံစားနေမိသည်။ Johnson and Johnson တို့ထံ ငွေများအားလုံး မပေးချင်ပေ။ ဤဆေးပလာစတာသည် အဘယ့်ကြောင့် ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း၏ လူကြိုက်များသော ထုတ်ကုန် မဖြစ်နိုင်မည်နည်း။

ဖုန်းယွီ၏ အမြင်အရ Band-Aid သည် ဆေးပလာစတာ အမျိုးအစား တစ်ခုသာဖြစ်ပြီး အလယ်ဗဟိုတွင် ကော်မပါသည့် စုပ်ဖတ်ငယ်တစ်ခု ပါသည့် ပုံစံဟောင်းဖြစ်သည်။ ဤသည်မှာ ရေစိမ်ခံခြင်း မရှိသည့်အပြင် လေလုံ နေသေးသည်။

ရယ်စရာ အကောင်းဆုံး အချက်မှာ Band-aid သည် မူရင်းထုတ်ကုန်ဖြစ်ပြီး အခြားဆေးပလာစတာများသည် တုပထုတ်ကုန်များဖြစ်ကြောင်း သုံးစွဲသူများ ထင်မြင်ယူဆထားကြပေသည်။ ထုတ်ကုန်များ၏ အကျိုးသက်ရောက်မှု များသည် တူညီပြီး အခြားအမှတ်တံဆိပ်ထက် ဈေးသက်သာသော်လည်း သုံးစွဲသူများသည် နာမည်မရှိသည့် တံဆိပ်များ ဝယ်ယူမည် မဟု်ချေ။

ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးသုတေသနကို ရေစိုခံကာ လေဝင်လေထွက်ကောင်းသည့် ဆေးပလာစတာများ ထုတ်လုပ်စေတော့သည်။ ဆေးပလာစတာများကို ကာတွန်းပုံစံများဖြင့် ဒီဇိုင်းထုတ်နိုင်သေးသည်။ ပမ့်မြို့တော် ဆေးဝါးသုတေသန၏ ဂုဏ်သတင်းကြောင့် ဖုန်းယွီသည် ၎င်း၏ ဆေးပလာစတာများကို အတုခိုးသည်ဟု သုံးဆွဲသူများ ထင်မြင်လာမည်ကို စိုးရိမ်ခြင်းမရှိချေ။

ထို့အပြင် ဆေးပလာစတာ ကုန်ကျစရိတ်မှာလည်း အလွန်နည်းပေသည်။ လက်ရှိခေတ်တွင် ကုန်ကျစရိတ်မှာ ယွမ် (၁၀)ဆင့်ထက် မပိုသော်လည်း လက်လီဈေး (၁)ယွမ်သို့ ရောက်နိုင်ပေသည်။ အမြတ်အစွန်း ကြီးမားပေသည်။

ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများ ဖြတ်စားမည်ဖြစ်သော်လည်း Band-aid လက်ကားဈေးသည် (၄၀)ဆင့်ထက် မပိုကြောင်း ဖုန်းယွီ ယုံကြည်ပေသည်။ ဤသည်က အနည်းဆုံး (၃)ဆ ကုန်ကျပေသည်။

Band-aid သည် Johnson and Johnson အတွက် အမြတ်အစွန်း ကြီးမားစွာ ယူဆောင်ပေးနေသည်။ တရုတ်နိုင်ငံ တစ်ခုတည်းတွင် Band-aid သည် ဈေးကွက်ဝေစု (၉၈)ရာခိုင်နှုန်း ကျော်ရှိပေသည်။

ဤသည်မှာ ရိုးရှင်းသော လုပ်ငန်းဖြစ်သော်လည်း အခြားသူများ မဝင်နိုင်ချေ။ အဓိကမှာ အဆင့်အတန်းကြောင့်ပင်။ သို့ရာတွင် ပမ့်မြို့တော် ဆေးဝါးသုတေသနသည် အမှတ်တံဆိပ်အတွက် ပြဿနာမရှိချေ။ ဖုန်းယွီတွင် လိုအပ်ချက် ကြီးကြီးမားမား မရှိချေ။ ယခုနှစ်တွင် ကြော်ငြာမည်ဖြစ်ပြီး သူ၏ အရောင်းဖြန့်ဖြူးရေး လမ်းကြောင်းများနှင့် Band-aid ကိုကျော်တက်ကာ တရုတ်နိုင်ငံ၏ ထိပ်တန်း ဆေးပလာစတာ အမှတ်တံဆိပ်တစ်ခု ဖြစ်လာရန် ပြဿနာ မရှိချေ။

ထို့ကြောင့် ဖုန်းယွီသည် ၎င်းတို့၏ ကိုယ်ပိုင်ဆေးပလာစတာများ ပြုလုပ်ရန် ပမ့်မြို့တော် ဆေးဝါးသုတေသန၏ အထွေထွေ မန်နေဂျာကို ပြောလိုက်သည်။ သူတို့၏ ဆေးပလာစတာသည် Band-aid နှင့်မတူချေ။

Band-aid သည် အညိုရောင်ဖြစ်သည်။ ထိုအရောင်မှာ အသားအရေပေါ်တွင် သုံးသည့်အခါ အလွန်သိသာ စေသည့်အတွက် ရွေးချယ်ထားခြင်းပင်။ ထို့ကြောင့် ဖုန်းယွီသည် Band-aid နှင့် ဆန့်ကျင်ဘက် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့ဆေးပလာစတာများသည် တတ်နိုင်သမျှ ရောင်စုံဖြစ်ရပေမည်။

ဆေးပလာစတာကို အများဆုံးသုံးသူများမှာ ကလေးငယ်များဖြစ်သည်။ အရွယ်ရောက်ပြီးသူများသည် သေးသေးမွှားမွှား ဒဏ်ရာများကို စိတ်မဝင်စားကြဘဲ မကြာခဏချော်လဲတတ်သည်မှာ ကလေးငယ်များသာ ဖြစ်သည်။ သူတို့သည် ငယ်ရွယ်စဉ်မှာပင် ပလာစတာများကို လူများ သတိပြုမိကြလိမ့်မည်။

ဖုန်းယွီ၏ ပလာစတာသည် ရောင်စုံဖြစ်ပေသည်။ ၎င်းတို့ကို ကာတွန်းဇာတ်ကောင်းများ ဖြင့်ဖန်တီးထားနိုင်သည်။ ကလေးရော မိန်းကလေးများပါ ကြိုက်ကြပေလိမ့်မည်။ ထို့အပြင် ဆေးပလာစတာသည် ရေစိုခံရပေမည်။

ဤနည်းဖြင့် လူတို့သည် ဒဏ်ရာများ ပြည်တည်မည်ကို မကြောက်ကြဘဲ ရာသီဥတု ပူလာလျှင်ပင် ချွေးများသည် ဒဏ်ရာသို့ သက်ရောက်မည် မဟုတ်ချေ။

ထို့အပင် လေဝင်လေထွက်ကောင်းသော ပလာစတာများသည် အားစကားသမားများအတွက် ပိုသင့်လျော်ပေသည်။

ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးသုတေသနမှ ခေါင်းဆောင်များကို သူ့အကြံအစည်များ ချပြသည့်အခါ အားလုံးက ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် ရှုမြင်သွားကြတော့သည်။

ဤဆေးပလာစတာဈေးကွက်သည် ကြီးမာပြီး အောင်မြင်ပါက နှစ်စဉ် အနည်းဆုံး ယွမ်(၁၀)သန်းအမြတ်အစွန်း ရရှိ စေမည်ဖြစ်သည်။

ထုတ်လုပ်မှု ကုန်ကျစရိတ် အရမ်းနည်းပေသည်။ မအောင်မြင်လျှင်ပင် ဆုံးရှုံးမှု ကြီးမားမည်မဟုတ်ချေ။ သို့ရာတွင် သူတို့ အောင်မြင်ပါက အမြတ်အစွန်း တနင့်တပိုးပင်။ စွန့်စားသင့်ပေသည်။ အမြတ်အစွန်း များလွန်းပေသည်။ ဆေးပလာစတာများ မထုတ်လုပ်သင့်သည့် အကြောင်းပြချက် လုံးဝမရှိချေ။

ဈေးကွက်ဝေစုအတွက် Band-aid နှင့် ယှဉ်ပြိုင်ရန် ထိုထုတ်ကုန်ကို ဆေးပလာစတာဖြစ်ကြောင်းနှင့် Band-aid မဟုတ်ကြောင်း သုံးစွဲသူများအား ပညာပေးရပေလိမ့်မည်။ Band-aid သည် အမှတ်တံဆိပ် တစ်ခုသာဖြစ်သည်။ ထိုအမှတ်တံဆိပ် လွှမ်းမိုးမှုကို လျော့ချနိုင်မှ ဖြစ်ပေလိမ့်မည်။

ပမ့်မြို့တော် ဆေးဝါးသုတေသန၏ ဆေးပလာစတာ အမှတ်တံဆိပ်ကို သုံးစွဲသူများ အလွယ်တကူ မှတ်မိနိုင်သည့်အပြင် Band-aid နှင့် မတူကြောင်း ပြသရမည်ဖြစ်သည်။

သို့ရာတွင် အကြိမ်များစွာ တွေးတော အကြံပြုချက်များကို အားလုံး ကျေနပ်မှု မရှိကြသေးချေ။ ဖုန်းယွီက ပလာစတာကို ဟွာတု ဟုအမည်ပေးချင်သော်လည်း ခေါင်းဆောင်များက ထိုနာမည်ကို လုံးဝအတည်အပြုကြောင်း ပြောကြပေသည်။

ထိုင်ဟွာ ပလာစတာလော။ ဖုန်းယွီ အသံထွက်မကောင်းဟု ခံစားနေရသည်။ သူ့တွင် ထိုင်ဟွာ အမှတ်တံဆိပ်အောက် ထုတ်ကုန်များစွာရှိပြီး ထိုင်ဟွာဆေးဘက်ဆိုင်ရာ ထုတ်ကုန်များတွင် သုံးရန် မသင့်လျော်ချေ။ ဤသည်က အမှတ်တံဆိပ်ကို အဆင့်အတန်း မြှင့်တင်မည်မဟုတ်သည့်အပြင် ဂုဏ်သိက္ခာပင် ကျဆင်းသွားနိုင်စေသည်။

လေနှင့်မိုး နှင့်ပတ်သက်၍ အိုက်ဝါမှာ မဖြစ်နိုင်ချေ။ ၎င်းတို့သည် လျှပ်စစ်ပစ္စည်း အမှတ်တံဆိပ်များ ဖြစ်ပြီး ထိုတံဆိပ်များကို ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များတွင် သုံးပါက ပမ့်မြို့တော် ဆေးဝါးသုတေသန၏ ဂုဏ်သိက္ခာ ကျဆင်းစေလိမ့်မည်။

နောက်ဆုံးထိ သင့်လျော်သည့် နာမည်တစ်ခု မည်သူမှ မစဉ်းစားနိုင်ချေ။ ဝူကျစ်ကန်းက ၎င်းတို့သည့် ပမ့်မြို့တော် ဆေးဝါးကို အမှူးထား၍ ပမ့်မြို့တော်ဆေးသုတေသန ဆေးပလာစတာအဖြစ် အမည်ပေးထားကြောင်း အကြံပြုလာပေသည်။ ဤအမည်ကို အသုံးပြုပါက သီးခြားအမှတ်တံဆိပ်တစ်ခုအဖြစ် မှတ်ပုံတင်စရာ မလိုအပ်ချေ။ ပမ့်မြို့တော် ဆေးဝါးသုတေသန လက်အောက်တွင် အမှတ်တံဆိပ် အမည်များစွာရှိခြင်းသည်လည်း မကောင်းချေ။

ထိပ်တန်းစီမံခန့်ခွဲရေး ဝန်ထမ်းများအားလုံးမှ ဤသည်ကို အကြံပြုချက်တစ်ခုဟု ယူဆကာ သဘောတူထားကြပေသည်။ ပလာစတာ ဒီဇိုင်းများကို လျိုမီချဲ နှင့်အဖွဲ့အား လွှဲအပ်ထားလိုက်သည်။ ဖုန်းယွီ၏ ကုမ္ပဏီလည်း ဖြစ်ပေသည်။

ကာတွန်းဇာတ်ကောင်များသည် မျောက်ဘုရင်ကို အသုံးပြုမည်ဖြစ်သည်။ အဓိကဇာတ်ကောင် အနေဖြင့် မျောက်ဘုရင်ဖြင့် လုံလောက်သည်ဟု အားလုံး ထင်မြင်ယူဆကြပေသည်။ မည်သူက ပကျဲပုံ ပလာစတာများ ကပ်ချင်ကြမည်နည်း။ ဝူကျင်း၊ စွန်းတိနှင့် ဆရာတော်တို့သည်လည်း သင့်လျော်မည် မဟုတ်ချေ။

သို့ရာတွင် ဖုန်းယွီက လျိုမီချဲနှင့် အဖွဲ့အား ချစ်စရာ ဇာတ်ကောင်ပုံစံဖြင့် ပကျဲကိုလဲ ဒီဇိုင်းထုတ်ရန် ပြောလိုက်သည်။ သူ့နားရွက်များအား တောင်ပံအဖြစ် ပုံဖော်နိုင်သေးသည်။ အတောင်ပါသေ ဝက်ကလေး။ စွန်းတိကိုလည်း ခပ်ကြမ်းကြမ်း ဇာတ်ကောင်အဖြစ် ဒီဇိုင်းထုတ်နိုင်ပြီး ဆရာတော်ကို ကြင်နာသည့် အကြည့်ဖြင့် ဒီဇိုင်းထုတ်နိုင်သေးသည်။ နဂါးဖြူကို လူချောအဖြစ် ပုံဖော်နိုင်သည်။ သူသည် နဂါးဘုရင်၏ တတိယ သားတော်ြဖစ်ပြီး မင်းသားများသည် မည်သည့် ဒဏ္ဍာရီပုံမြင်တွင်မဆို လူချောများ ဖြစ်ပေသည်။

ဇာတ်လမ်းထဲမှာ ကျွဲနတ်ဆိုးဘုရင်၊ လူနီလေးနှင့် ကွမ်ရင်ကဲ့သို့သော အခြားဇာတ်ကောင်များ ထုတ်၍ သုံးနိုင်သေးသည်။ ဇာတ်လမ်းထဲမှ ဇာတ်ကောင်များ အားလုံး ပါဝင်ရပေမည်။ ဇာတ်ကောင်များသည် ရုပ်ရည်ချောမောခြင်း၊ လှပခြင်း၊ ချစ်စရာကောင်းခြင်း သို့တည်းမဟုတ် ကြမ်းတမ်းသော ပုံစံများ ဖြစ်နိုင်ပေသည်။ ကလေးများနှင့် လူကြီးများ နှစ်သက်စေရန် ဒီဇိုင်းစုံရပေမည်။

ဖုန်းယွီသည် ဤဆေးပလာစတာဖြင့် ကလေးများသည် ဒဏ်ရာ သို့တည်းမဟုတ် ပြရှမှုတစ်ခုခု မရှိသည့်တိုင် ပလာစတာကို ကပ်ချင်မည်ဟု ယုံကြည်ထားပေသည်။ စတစ်ကာများကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဤကာတွန်းဇာတ်ကောင်များသည် Band-aid နှင့် ယှဉ်ပြိုင်ရန် ဖုန်းယွီ၏ လက်နက်များ ဖြစ်ပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters