← Chapters

ပုန်းကွယ်သူ ... ။

Vol. 2 Ch. 15

ပုန်းကွယ်သူ ... ။

Vol. 2 Ch. 15

“ ဒုန်း ... ဒုန်း ... ဒုန်း ... ။ ”

နဖူးနှင့် ကြမ်းပြင် ထိမှန်သံသည် လေးလံပြီးအားပါသဖြင့် ကြမ်းပြင် တစ်ခုလုံး တုန်ခါ နေခဲ့သည်။ ဟွမ်ယွင်ချုံးမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။

လက်သည်းများပင် လက်ဖဝါးပြင်ထဲ စိမ့်ဝင်ကာ အကြိမ်ကြိမ် ​ကန်တော့နေသော သူ့သားထံ လျစ်လျူရှုလိုက်သည်။

“ ဒီမှာပဲ အဆုံးသတ်ရအောင်။ ”

ခဏအကြာတွင် စုရီမှ ရပ်စေလိုက်၏။ ယနေ့သည် ဟွမ်ချမ်ကျွင့်ထံမှ လက်စားချေမှု အတွက် လာရောက်ခြင်း ဖြစ်သည်။

သို့သော် ထိုင်နေရုံဖြင့် ပြီးမြောက်သွား သည်မှာ ပျင်းစရာ ကောင်းချေပြီ။ တစ်ဖက်တွင် ဖူရှန်းက သက်ပြင်းချလိုက်သည်။

ဟွမ်ယွင်ချုံး တစ်ယောက် ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ လှုပ်ရှားလာခဲ့မည်ကို သူ စိုးရိမ်မိခဲ့၏။

“ ကျေးဇူးတင်ပါတယ် … သခင်လေးစု။ ”

“ ငါပြောခဲ့သလိုပဲ ငါ့အတွက် တခြား လူတွေက တိုက်ခိုက်ပေးတာကို မကြိုက်ဘူး ... မင်းကံကောင်းသွားတယ်။ ”

စုရီက ဟွမ်ယွင်ချုံးထံ လေးနက်စွာ စိုက်ကြည့်ပြီး အခန်းထဲမှ ထထွက်သွားတော့ သည်။

“ အဖိုးကြီးဟွမ် လက်စားချေမဲ့ ... မင်းစိတ်ကူးကို စွန့်လွှတ်တာ အကောင်းဆုံးပဲ မဟုတ်ရင် မင်းမိသားစု တစ်ခုလုံး သွေးချောင်း စီးသွားမှာ ငါကြောက်မိတယ်။ ”

စုရီက လှည့်မကြည့်ဘဲ သတိပေးစကား ပြောကြားလိုက်လေသည်။ ဖူရှန်းနှင့် နီပိုင်ဟွာမှ စုရီနောက် အပြေးလိုက်ပါသွား၏။

ဟွမ်ယွင်ချုံးတစ်ယောက် ခွန်အား ဆုံးရှုံးသွားသူကဲ့သို့ ထိုင်ခုံပေါ် ပြိုကျသွားသည်။ မျက်ဝန်းများ အသက်ကင်းမဲ့နေပြီး အိုမင်းသွားချေ၏။

“ ဖေဖေ ... ။ ”

ဟွမ်ချမ့်ကျွယ်က သွေးထွက်နေသော သူ့နဖူးကို အုပ်ကိုင်လျက် မျက်ရည်များ စီးကျ လာသည်။

“ ခြေလှမ်းတစ်လှမ်း မှားသွားတာနဲ့ ငါတို့တစ်သက်လုံး နောင်တ ရလုနီးပါးပါပဲ။ ”

ထို့နောက် ဟွမ်ယွင်ချုံးက အသိစိတ် ဝင်လာပြီး၊

“ သား ... မင်းဒါကို သတိရပါ ... မဟာသခင်နဲ့ မင်းမျိုးမင်းနွယ် အတွင်း မဝင်နိုင် သရွေ့ လက်စားချေဖို့ မကြိုးစားနဲ့။ ”

သူ့အသံတွင် နာကျည်းမှုနှင့် ကူကယ်ရာမဲ့သော ခံစားချက်များ ပါဝင်ချေပြီ။ ဟွမ်ရင်က လက်ပြတ်ကြီးကို ကောက်ယူကာ၊

“ မိသားစု ခေါင်းဆောင် ဒါကို ထားလိုက်တော့ မို့လား။ ”

-ဟု မေးမြန်းလိုက်၏။

“ မင်း ဒုက္ခရောက်မှာ မကြောက်ရင် ဆက်လုပ်ပါ ... မင်းရဲ့ မိသားစုကို သတ်ခြင်း အတွက် ငါ့ကို အပြစ်မတင်နဲ့။ ”

ထိုအချိန်တွင် စုရီသည် လှေခါးထစ်များမှ ဆင်းသက်သွားပြီ ဖြစ်သည်။ ​လှေခါး အဆုံးတွင် အင်မော်တယ် စံအိမ်ပိုင်ရှင်က ပြုံးကာ စောင့်ဆိုင်းနေ၏။

၎င်းက ခေါင်းငုံ့ခါးညွှတ်ကာ ချိုမြိန်သော အပြုံး တစ်ပွင့်ဖြင့်၊

“ သခင်လေးစု ... မင်း ဘေးကင်းစွာ ပြန်လာမယ်ဆိုတာ ငါသိတယ်။ ”

-ဟု နှုတ်ဆက်လိုက်လေသည်။

“ မင်းရဲ့ အင်မော်တယ် စံအိမ်က တကယ်ခိုင်ခံတာပဲ ... တကယ့်ကို ဖျက်ဆီးလို့ မရနိုင်ဘူး။ ”

စုရီက အေးစက်စွာ ပြန်ပြောသည်။ ထိုမှတ်ချက်ကြောင့် ယွီတျန်ဟဲခမျာ ရှက်ရွံ့စွာ ပြုံးပြတော့၏။

“ သခင်လေးစု ... မင်းရဲ့ချဲ့ကားမှုက ငါ့ကို အရှက်ရစေပါတယ် တစ်နေ့ ငါ့စံအိမ်မှာ ထမင်း ဖိတ်ကြွေးပါရစေ။ ”

စုရီက ​ဆက်မပြောတော့ချေ။ အင်မော်တယ်စံအိမ်ထဲမှ ထွက်ခွာလာ ခဲ့သည်။

“ မြို့သခင်ဖူ ... ၊ တပ်မှူး နီ ... ။ ”

“ သခင်လေးစု ဘာမှ မဖြစ်ခဲ့တာ မင်းကံကောင်းတယ် မဟုတ်ရင် အင်မော်တယ် စံအိမ် တစ်ခုလုံး ပြိုချပစ်ရလိမ့်မယ်။ ”

မြို့တော်သခင် ဖူရှန်းနှင့် နီပိုင်ဟွာက သတိပေးစကားဆိုလျက် စုရီနောက် ဆက်လိုက် သွားလေသည်။ ယွီတျန်ဟဲခမျာ နဖူးတွင် ချွေးများ ဖုံးလွှမ်းလျက် ကျန်ရစ်ခဲ့၏။

“ မြို့သခင်ဖူနဲ့ ... သခင်လေးစု တခြားဘာမှ မရှိတော့ရင် ငါ့ကို သွားခွင့်ပြုပါဦး။ ”

အပြင်ရောက်သည်နှင့် နီပိုင်ဟွာက နှုတ်ဆက်လိုက်သည်။ ဖူရှန်းက ခေါင်းညိတ်ပြီး ‘ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူ့မှ မပြောနဲ့’ -ဟု သတိ လှမ်းပေး၏။

“ တပ်မှူးနီ ... မင်းမှာ သားကောင်း တစ်ယောက် ရှိတယ်။ ”

ထွက်ခွာသွားသော ၎င်း၏ ကျောပြင်ထံ လှမ်းကြည့်ကာ စုရီမှ ပြောကြားလိုက်သည်။ နီပိုင်ဟူတစ်ယောက် တုန့်ခနဲ ရပ်လိုက်မိ၏။ ထို့နောက် ပြုံးလျက် ဆက်၍ ထွက်ခွာ သွားတော့သည်။

“ သခင်လေးစု ကျောက်စိမ်း ဝိညာဉ် သခင်မလေးဆိုတာ ... ဘယ်သူလဲ မင်း ခန့်မှန်း ပြီးပြီ ထင်ပါတယ်။ ”

ဖူရှန်းက ပြုံးရွှင်စွာ​ဖြင့် စုံစမ်းကြည့်သည်။ စုရီမှ ခေါင်းညိတ်ပြလိုက်၏။

“ ဒီလို နောက်ယောင်ခံ လိုက်ခိုင်းပြီး မြို့တော်သခင်ကို စေလွှတ်လာလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ ”

“ သခင်လေးစု ကျေးဇူးပြု၍ နားလည်မှု မလွဲပါနဲ့ သခင်မလေးက ... ။ ”

“ ရှင်းပြနေစရာ မလိုပါဘူး မြို့သခင်ဖူ ... ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်းငါ့ကို ကူညီပေးခဲ့တယ် ဒီလို ကျေးဇူးကြွေးတင်နေတာကို မကြိုက်ဘူး ... နောင်မှာ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာ ကြုံလာတဲ့အခါ ငါ့ကို သတိရပါ။ ”

စုရီပျောက်ကွယ်သွားသည်အထိ ဖူရှန်းတစ်ယောက် ငြိမ်သက်စွာ ရပ်ကျန်ရစ် ခဲ့လေသည်။

ထို့နောက် မြို့တော်သခင်ဖူရှန်းက စံအိမ်တော်သို့ ပြန်ကာ ဇီကျင်းထံ ပြန်လည် အစီရင်ခံလိုက်သည်။

“ သခင်လေးစုက တပါးသူရဲ့ ခွန်အားကို အားကိုးရတာ မကြိုက်ဘူး ဒီနေ့ ဟွမ်ယွင်ချုံးတို့ သားအဖ ကံကောင်းသွားတယ်လို့ ပြောတယ်။ ”

“ စိတ်ဝင်စားစရာပဲ ... ဦးလေးဖူးရဲ့ အကူအညီ မရရင်တောင် ကိုင်တွယ် ဖြေရှင်းဖို့ သူ့မှာ နည်းလမ်းတွေ ရှိနေပုံရတယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

ဖူရှန်း ခေါင်းညိတ်လိုက်ပြီး၊

“ ပြီးတော့ လူအချို့နဲ့ သူ့ကို စောင့်ကြည့်ခိုင်းထားတာကို သူ သိနေပုံရတယ်။ ”

“ ဘာပြောလဲ ။ ”

“ အဆင်ပြေပါတယ် တစ်ခုပဲ ကျေးဇူးကြွေး မလိုချင်ဘူးတဲ့ ... ပြဿနာ တစ်ခုခု ကြုံလာရင် သူ့ဆီ လာပါလို့ မှာလိုက်တယ်။ ”

“ ကောင်းပြီ ... ဦးလေးဖူ မင်း ထွက်သွားလို့ရပြီ။ ”

ဇီကျင်းမှ ခေါင်းညိတ်လိုက်သည်။ ဖူရှန်း ထွက်ခွာသွားသည်နှင့် အိမ်ထဲ လှည့်ဝင်လာ ခဲ့၏။

ရှောင်တျန်ချွယ်က လက်ဖက်ရည် သောက်နေရာမှ ပြုံးပြီး သူမထံမော့ကြည့်သည်။

“ သူပြောတာ မှန်တယ် ... ဒီနေ့ မြို့တော်သခင် ဖူရှန်းက ဟွမ်မိသားစုကို ကယ်တင်လိုက်တာပဲ မဟုတ်ရင် ... ။”

“ အဘိုး၊ သူက ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပါဘူး ဝမ်မိသားစုရဲ့ သာမန် သားမက်ပါ ဒါဆိုဘာလို့ သူ့ကို တန်ဖိုးထားနေရတာလဲ။ ”

ဇီကျင်းမှ နားမလည် ဖြစ်လာသည်။

“ မြေး ... မင်းအဖိုးရဲ့ အသက်အရွယ် ရောက်လာရင် အဆင့်အတန်း၊ ရာထူးနဲ့ ဂုဏ်က အရေး မပါတော့ဘူး ... စိတ်နေစိတ်ထားနဲ့ ဉာဏ်ပညာသာ လေးစားစရာပါ ...

... ဒီကနေ့ ဆရာစုပြသတဲ့ ခွန်အားနဲ့ အရည်အချင်းအရ သူ့ကိုယ်သူ ​ဝမ်မိသားစုရဲ့ အသုံးမကျတဲ့ သမက်ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ ပုန်းနေခဲ့မှာ ငါကြောက်မိတယ်။ ”

သို့တိုင် ဇီကျင်းမှ သူ့စကားအပေါ် သံသယဝင်မှန်း သိသဖြင့် ရှောင်တျန်းချွယ်က ရယ်မောလိုက်သည်။

“ ဟား ဟား ဟား ကောင်းပြီး ဒါကို ဒီလောက်အထိ တွေးနေစရာ မလိုပါဘူး ဆရာစု ညွှန်ကြားထားတဲ့ ဆေးညွှန်းက ငါ့ဒဏ်ရာ တွေကို လုံးဝနီးပါး ...

... ပျောက်ကင်းသွားစေပြီ မဟုတ်လား ... ဒါက သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြဖို့ လုံလောက်ပါတယ်။ ”

“ ဒါတော့ အမှန်ပဲ ...။ ”

“ ကောင်းပြီ ... မနက်ဖြန် ငါတို့ ဆရာစုနဲ့ တွေ့ရမယ် ... အဖိုး မှာထားတာတွေ မမေ့ပါနဲ့ လေးလေးစားစား ဆက်ဆံပါ။ ”

“ အဖိုး ... မြေးကို တစ်ချိန်လုံး ဒါပဲ မှာနေတာပဲ။ ”

“ ဟား ဟား ဟား ခွင့်လွှတ်ပါ ... အဲဒီနေ့ တောင်ပေါ်ကနေ ပြန်ဆင်းလာတော့ ငါ့ကိုယ်ငါ သေဖို့ သေချာနေပြီ၊ ...

... ဆရာစုက ဘဝသစ်တစ်ခု အဖိုးကို ပြန်ပေးခဲ့တယ် ... ဒါကြောင့် ဒီအဖိုးကြီးက စိတ်ပူ နေမိလို့ပါ။ ”

အဖိုးစကားကြောင့် ဇီကျင်းတစ်ယောက် အတွေးနက်သွားသည်။ စုရီဟူသည် အမှန်ပင် ပုန်းကွယ်နေသူ ပင်လော။

***

All Chapters