← Chapters

ထပ်မလုပ်နဲ့။

Vol. 2 Ch. 16

ထပ်မလုပ်နဲ့။

Vol. 2 Ch. 16

“ အစ်ကိုကြီး၊ ဟွမ်ယွင်ချုံးက စုရီကို အင်မော်တယ် စံအိမ်ဆီ ခေါ်နေပြီ တစ်စုံတစ်ရာ မတော်ဆမှုသာ ဖြစ်မလာရင် သေချာပေါက် သူသေလိမ့်မယ်။”

ဝမ်ချောင်ချင်းက အခန်းထဲ ပြေးဝင်ကာ ဝမ်ချောင်ကျင်းကို သတင်းပေးပို့ လိုက်သည်။

“ လွန်ခဲ့တဲ့ရက်က သခင်လေးဝေကို အပြစ်ပြုခဲ့တယ် အခု မကြာဖူး ဟွမ်မိသားစုကို စော်ကားတယ် ဒီအမှိုက်အတွက် တစ်ယောက် ယောက်က သင်ခန်းစာပေးနိုင်တာ ဝမ်းသာစရာပါပဲ။ ”

ဝမ်ချောင်ကျင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ အစ်ကိုကြီး ... ကျွန်တော် နားမလည်တာ တစ်ခု ရှိတယ် ... စုရီရဲ့ ကျင့်ကြံမှုက လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဆုံးရှုံးခဲ့တာ မဟုတ်လား ... ဒါဆို သူက ဟွမ်ချမ့်ကျွယ်ကို ဘယ်လိုလုပ် အနိုင်ယူ နိုင်တာလဲ။ ”

“ ငါ ဘယ်လိုလုပ်သိမှာလဲ ... ဒါဝမ်လင်ရွယ်ရဲ့ စကားတွေပဲ သူ့လိုအမှိုက်က ဒီလိုလုပ်နိုင်လိမ့်မယ်လို့ မယုံဘူး။ ”

စုရီသည် မြစ်ပြာ ဓားစံအိမ်၏ ပြင်ပတပည့်ကြီး ဖြစ်ချိန်၌ သွေးသန့်စင်ခြင်း တတိယအဆင့် ဖြစ်သည်။

သူ့ဓားရေးသည် သာလွန် ကောင်းမွန်ပြီး ကျော်ကြားလှ၏။ ထို့ကြောင့် အခြေခံအုတ်မြစ် ပြိုကွဲသွား ချိန်တွင် မြစ်ပြာဓားစံအိမ်ရှိ ကူညီရန် ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ချေ။

“ ဒါကအရေး မကြီးပါဘူး ... မနက်ဖြန် ဘိုးဘေးရဲ့ မွေးနေ့ပွဲရှိတယ် ... ဟွမ်ယွင်ချုံး တက်ရောက်လိမ့်မယ် ... အဲဒီအခါကျရင် သူ့ကိုမေးလို့ ရပါတယ်။”

ဝမ်ချောင်ကျင်း စကားကို ဝမ်ချောင်ချင်းက ခေါင်းညိတ်လိုက်၏။

“ ဝမ်မိသားစုအပြင် ... ငါတို့နဲ့ ဆက်ဆံရေးကောင်းတဲ့ မျိုးနွယ်စုတွေလည်း မွေးနေ့ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားပါ။ ”

“ အစ်ကိုကြီး၊ ငါတို့ မိသားစုရဲ့ အခြေအနေကို မင်းလည်း သိပါတယ် ငါတို့က မဟာမိသားစု သုံးခုမှာ အောက်ဆုံး ဖြစ်နေပြီ ကွမ်လင်မြို့ရဲ့ အထက်တန်းစားတွေကို ဖိတ်ဖို့ ခက်လိမ့်မယ်။ ”

“ ဘာပြဿနာ ရှိလဲ။ ”

ဝမ်ချောင်ကျင်းက မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

“ အစ်ကိုကြီး ... ငါမြို့​တော်သခင်ကို ​တွေ့ခွင့်မရသေးဘူး။ ”

ဤနှစ်များအတွင်း ဝမ်မိသားစု၏ သြဇာသည် တရွေ့ရွေ့ ကျဆင်းလာသည်မှာ အမှန် ပေပင်။

ဆန့်ကျင်ဘက်အနေဖြင့် ဟွမ်နှင့် လီမိသားစုများသည် အင်အားများ ပိုမို တိုးပွား လာခဲ့သည်။

နောင်ဆယ်နှစ်အတွင်း ဝမ်မိသားစုကို ကွမ်လင်မြို့၏ မဟာမိသားစုအဖြစ်မှ ဖယ်ရှား ပစ်မည်ဟူသော အသံများပင် ကြားနေရ၏။

ထို့ကြောင့် ဘိုးဘေးသည် မွေးနေ့ပွဲ ကျင်းပကာ အင်အားစုများကို ပြန်လည်စည်းရုံး လိုခြင်း ပေပင်။

ဤအစီစဉ်တွင် မြို့တော်သခင် ဖူရှန်းသည် အဓိကနေရာမှ ပါဝင်၏။ ၎င်းသာ တက်ရောက် ပါက ဝမ်မိသားစုအတွက် ခွန်အား ဖြစ်​စေမည်။

ဝမ်ချောင်ကျင်း၏ အမူအရာမှာ တဖြည်းဖြည်း မည်းမှောင်လာသည်။ ထို့နောက် အသက်ပြင်းပြင်း ရှူလျက်၊

“ ထပ်သွားပါ မြို့​တော်သခင်ကို မွေးနေ့ပွဲတက်ဖို့ ရအောင် စည်းရုံးပါ။ ”

-ဟု ပြောကြားလိုက်သည်။

“ အစ်ကိုကြီး၊ ကျွန်တော် ကိုယ်တိုင် သွားရောက်တာ သုံးကြိမ် ရှိ​နေပြီ သုံးကြိမ်လုံး တံခါးဝကနေ လှည့်ပြန်လာရတယ် ... မြို့တော် သခင်ကို အရိပ်တောင် မတွေ့ခဲ့ရဘူး … ။ ”

ဝမ်ချောင်ကျင်းမှ မျက်ခုံးပင့်လိုက်သည်။

“ အခု သွားကြည့်လိုက် သဘောတူတဲ့ အထိစောင့်နေပါ .. ငါမယုံဘူး ဝမ်​မိသားစုနဲ့ သူ နှစ်​ပေါင်းများစွာ သိလာခဲ့တာ ငါတို့ကို ယတိပြတ် မငြင်းလောက်ပါဘူး။ ”

အဆုံးတွင် ဝမ်ချောင်ချင်းက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ရသည်။

“ ခေါင်ဆောင် စုရီ အိမ်ပြန်ရောက်လာပါပြီ။ ”

ထိုစဉ် အစေခံတစ်ယောက် ပြေးဝင်လာပြီး သတင်းပို့တော့၏။

“ ဒဏ်ရာ ရလာလား။ ”

အစေခံက အနည်းငယ် တွေးတောလျက် ခေါင်းခါပြလေသည်။

“ မရပါဘူး ... သူ့မှာ ဒဏ်ရာ လုံးဝ မရှိပါဘူး။ ”

“ မဖြစ်နိုင်ဘူး။ ”

ဝမ်ချောင်ချင်းက အံ့အားသင့်သွား၏။ ဟွမ်မိသားစုသည် စုရီကို လွှတ်ထား နိုင်စရာ အကြောင်း မရှိချေ။

ဆည်းဆာ ရောင်ခြည်များက ပြတင်းပေါက်၏ ရာဇမတ်ကွက်များမှတဆင့် ကြမ်းပြင်ပေါ်သို့ ဖြာကျနေသည်။

စုရီက သစ်သားစည်ထဲတွင် မျက်လုံးမှိတ်ကာ အသက်ရှူ လေ့ကျင့်နေ၏။ ကျင့်ကြံမှုသည် အရေပြားသန့်စင်ခြင်း အထွတ် အထိပ် ရောက်ရှိလာပြီ ဖြစ်သည်။

ဒုတိယအဆင့်သည် ကြွက်သားသန့်စင်ခြင်း ဖြစ်၏။ ထိုအဆင့်တွင် ဆေးဖက်ဝင် ရေချိုးနည်း အသစ်ကို ပြောင်းလဲရပေမည်။

ထိုအဆင့်၏ အထွတ်အထိပ်တွင် ကြွက်သားများသည် ကျောက်စိမ်းတုံးများကဲ့သို့ ကြည်လင်ကာ သံမဏိကဲ့သို့ မာကျော၏။

သာမန်လက်နက်များမှ အရေပြားကို မထိုးဖောက်နိုင်ချေ။ ထိုပြင် ဆေးဘက်ဝင် အပင် ကုန်ကျစရိတ် သည်လည်း (၁၅၀၀) အထိ တိုးလာနိုင်မည်။

လက်ရှိတွင် ငွေ (၅၀၀)သာ ကုန်ကျ၏။ သစ်သားစည်ထဲမှ ထရပ်လိုက်ပြီး အဝတ်အစား ဝတ်ဆင်သည်။

ကျင့်ကြံမှု ပြန်လည် စတင်နိုင်သည်မှာ ယနေ့ ခြောက်ရက်ရှိပြီ ဖြစ်၏။ ထိုရက်အတွင်း ငွေသုံးထောင်ကုန်သည်။

ဤကာလသည် သာမန် လူများအမြင်တွင် မယုံနိုင်ဖွယ်ကောင်းသော အရှိန်မျိုး ဖြစ်သည်။ သူ့အတွက်မူ နှေးနေသေး၏။

အနာဂါတ်တွင် တိမ်ပြာတောင်များထံ ဦးလှည့်ကာ ဝိညာဉ်ရေးရာ ဆေးဘက်ဝင် အပင် အချို့ ရှာဖွေရပေမည်။

၎င်းတို့သည် ပုံမှန် ဆေးဖက်ဝင် အပင်များနှင့် ကွဲပြားသောကြောင့် ကျင့်ကြံရာ၌ များစွာ အထောက်အကူပြုသည်။

ကောင်းကင်အဆင့် ဆေးဘက်ဝင် အပင်များမှတပါး သာမာန် ဆေးပင်များစွာကို အရိုင်းမြေကိုးပါးတွင် အလွယ်တကူ ဝယ်ယူ ရရှိနိုင်သည်။

မဟာကျိုး အင်ပါယာတွင် သာမာန် ဝိညာဉ်ရေး ဆေးဝါးများပင် ရှားပါးကာ ဝယ်ယူရ ခက်ခဲနေချေ၏။

အဝတ်အစား ဝတ်ဆင်ပြီးနောက် ခြံထဲဆင်းကာ ထင်းရှူးကြိုးကြာ နည်းစနစ်ကို စတင်ကျင့်ကြံသည်။

ကျင့်ကြံမှု လမ်းကြောင်းသည် ခက်ခဲ ကြမ်းတမ်းလှ၏။ ခိုင်မာသော ဆန္ဒနှင့် လုံးလ မရှိသော် အောင်မြင်မည် မဟုတ်ချေ။

အထူးသဖြင့် အတိတ်မှ အောင်မြင်မှုများထက် ပိုမို လျှောက်လှမ်း လိုသော သူ့အတွက် ဖြစ်သည်။

မနက်ခင်း အလင်းရောင် ရောက်သည်နှင့် ဝမ်မိသားစု စံအိမ်တစ်ခုလုံး သက်ဝင်လှုပ်ရှား လာသည်။

ယနေ့သည် ဘိုးဘေး၏ အသက် ရှစ်ဆယ်မြောက် မွေးနေ့ဖြစ်၏။ သို့သော် စုရီက စိတ်မဝင်စားဘဲ မိုးပြာမြစ်ကမ်းဆီသို့ ထွက်ခွာလာခဲ့သည်။

ခဏအကြာတွင် ပိုးစာပင်အောက်၌ သူ့ကို စောင့်မျှော်နေသော မြေးအဖိုး နှစ်ယောက်နှင့် ဆုံ၏။

“ ဒီအဖိုကြီးက ဆရာစုကို နှုတ်ဆက်ပါတယ်။ ”

“ မင်္ဂလာပါ ဆရာစု။ ”

ဇီကျင်းသည်လည်း လှမ်းတက်ပြီး ရိုသေစွာဖြုင့် နှုတ်ဆက်လေသည်။ ယနေ့တွင် သူမသည် မိုးပြာ၀တ်စုံကို ၀တ်ဆင်ထား၏။

သူမ အသားအရည်သည် နှင်းကဲ့သို့ ဖြူဆွတ်နေပြီး လှပသောကောက်ကြောင်းကို ထင်းခနဲ မြင်သာစေသည်။

“ မင်းတို့ နှစ်ယောက်က ငါ့ကို သံသယ ဝင်နေတာလား။ ”

စုရီက တည်ငြိမ်စွာ မေးသည်။

“ ဒီအဖိုးကြီး အမြင်နဲ့ မထင်ဝံ့ပါဘူး။ ”

“ ဟား ဟား ဟား ... ပြောတာ ကောင်းတယ်။ ”

“ ဆရာစု ... လူအချို့ကို မင်းနောက် လိုက်ခိုင်းတာ မကောင်းတဲ့ ဆန္ဒတွေ မရှိပါဘူး ဒီအတွက် ကောင်းကင်ကို ကျိန်ဆိုဝံ့ပါတယ်။ ”

“ နောက်ထပ် မလုပ်နဲ့ ... ။ ”

“ ဟုတ်ကဲ့ပါ။ ”

ရှောင်တျန်းချွယ်က မျက်နှာ ပျက်ယွင်းစွာ တောင်းပန်လိုက်၏။ စုရီက ခေါင်းညိတ် ပြမှသာ မြေအဖိုးနှစ်ယောက် စိတ်သက်သာရာရပြီး သက်ပြင်းချမိသည်။

“ ခဏစောင့်ပါ ... ငါကျင့်ကြံစရာ ရှိသေးတယ် ပြီးမှ စကားပြောရအောင်။ ”

စကားဆုံးသည်နှင့် စုရီက ပိုးစာပင်အောက် သွားရောက်ကာ ထင်ရှူး ကြိုးကြာ နည်းစနစ်ကို စတင်တော့၏။

အာရုဏ်ဦး ရောင်ခြည်တွင် ဝိညာဉ်စွမ်းအင်များ သိပ်သည်းစွာ ပါရှိသည်။ ထို့ကြောင့် လက်လွတ် မခံလိုချေ။

ထိုအပြုအမူကြောင့် ရှောင်တျန်းချွယ်နှင့် ဇီကျင်းက တစ်ယောက်ကို တစ်ယောက် ပြန်၍ ကြည့်လိုက်မိလေသည်။

ဆရာစုသည် သူတို့ရှေ့၌ ကျင့်ကြံမှု နည်းစနစ်ကို ထုတ်ပြချင်သည်လော။ ကျင့်ကြံမှု နည်းစနစ်များ ဟူသည် တစ်စုံတစ်ဦးအတွက် ဝှက်ဖဲများ ဖြစ်ချေပြီ။

***

All Chapters