← Chapters

လက်ဆောင်များ ... ။

Vol. 2 Ch. 19

လက်ဆောင်များ ... ။

Vol. 2 Ch. 19

“ လင်ရွယ် ... တောင်းပန်ပါတယ် ငါမှားသွားတယ်။ ”

သို့မှသာ ဝမ်လင်ရွယ်က ကျေနပ်သော အသွင်ဖြင့် လျစ်လျူရှုလိုက်ပြီး စုရီကို လှည့်ကာ ပြုံးပြသည်။

“ အစ်ကိုစု ခံစားချက် အရမ်းကောင်းတယ်။ ”

“ လင်ရွယ် ... လောကကြီးမှာ မင်းရဲ့ ခွန်အားနဲ့ နောက်ခံကို ဘယ်လို အသုံးချရမယ် ဆိုတာ ကိုယ်တိုင် သင်ယူပါ ...

... အစွမ်းထက်တဲ့ လူတချို့က ကောင်းကင်မြေကြီး စွမ်းအားကို သူတို့တာအိုနဲ့ ငှားယူသုံးဆွဲနိုင်တယ် ... ဒါပေမယ့် ငှားယူ ထားတာမို့ မမြဲပါဘူး ...

... မင်းကံကောင်းနေတဲ့ အချိန်မှာ ကောင်းကင်နဲ့မြေကြီးက မင်းကိုဝိုင်းရံပေးပြီး ကျရှုံးနေချိန်မှာတော့ တစ်ယောက်တည်း ရုန်းကန်ရလိမ့်မယ် ...

... ဒါကြောင့် သန်မာအောင် နေပါ၊ ပြင်ပ စွမ်းအားကို အားကိုးရင် တစ်ချိန်ချိန်မှာ မင်းကို ဖယ်ထုတ်ခံရလိမ့်မယ်။ ”

စုရီက ရှည်လျားစွာ ဆုံးမ သွန်သင်လိုက်သည်။ ဝမ်လင်ရွယ်သည် လိမ္မာ ပါးနပ်သူ ဖြစ်သည်။ အချို့သော အရာများကို စကားအချို့ဖြင့် နားလည်နိုင်၏။

​ဝမ်ရှောင်ပိုင်က မကျေမနပ်ဖြင့် သူတို့ကို စောင့်ကြည့်သည်။ အထူးသဖြင့် စုရီကို ဖြစ်၏။ ဝမ်လင်ရွယ်ကို မစော်ကားရဲသဖြင့် ပစ်မှတ် ပြောင်းလိုက်ခြင်း ပေပင်။

စုရီသည် ဝမ်မိသားစု အတွင်း အသုံးမကျသော သမက် ဖြစ်သည်။ သူ့ဒေါသကို ထိုအမှိုက်အပေါ် ထုတ်ပစ်ရန် ကြံရွယ်ထား၏။

စုရီက ဝမ်ရှောင်ပိုင်၏ အကြည့်ကို သဘာဝအတိုင်း သတိပြုမိသော်လည်း ဂရု မစိုက်ချေ။

တစ်ဖက်လူသည်သာ လှုပ်ရှားဝံ့သော် မည်သို့ပြုမူနေထိုင်ရမည်ကို အခမဲ့သင်ကြားပေး ရပေမည်။

စားပွဲတိုင်းတွင် လူအများဖြင့် ပြည့်ကျပ်နေပြီး စုရီနှ​င့် ဝမ်လင်ရွယ် စားပွဲတွင် လူသူကင်းရှင်းနေ၏။

ထိုအခြေအနေသည် ထင်သာလွန်းသဖြင့် ဝမ်လင်ရွယ်မှ မျက်နှာ ပျက်ယွင်းလာလေသည်။ သို့သော် စုရီက ပြုံးပြီး သက်တောင့်သက်သာ အသွင်ဖြင့်၊

“ လင်ရွယ် ခံစားမနေနဲ့ ... သူတို့က ငါတို့နဲ့အတူသောက်ဖို့ မထိုက်တန်ပါဘူး ... ဒီလောက်ပါပဲ။ ”

-ဟု နှစ်သိမ့်လိုက်သည်။

ထိုစဉ် ချစ်စဖွယ် ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ထိုင်စရာ နေရာ ရှာဟန်ဖြင့် ခန်းမအတွင်း ဝေ့ကြည့်၏။

“ ဝမ်မင်ရုံ ဒီမှာလာထိုင် ... ။ ”

ဝမ်လင်ရွယ်မှ လှမ်းခေါ်လိုက်သည်။ ကောင်လေးက ခေါင်းညိတ်လိုက် သော်လည်း စုရီကိုမြင်သောအခါ ချက်ခြင်း ရပ်သွား၏။

“ ငါဝမ်မင်ရုံက ငယ်သေးပေမယ့် စုရီလို အသုံးမကျတဲ့ သားမက် အနားမှာ မထိုင်နိုင်ဘူး။ ”

ဝမ်မင်ရုံ အဖြေကြောင့် လူတိုင်းက ပြန်ကြည့်လာသည်။ ဝမ်ရှောင်ပိုင်နှင့် အဖွဲ့မှာ ကျေနပ်စွာ ရယ်မောလိုက်၏။

“ ဟား ဟား ဟား ... ဒီကလေး မျက်လုံးကောင်းတယ်။ ”

တစ်ဖက်တွင် ဝမ်လင်ရွယ်က မျက်နှာ အေးစက်လာပြီး ဝမ်မင်ရုံထံ စိုက်ကြည့်လိုက် မိသည်။ သူမတွင် ပြောစရာစကား မရှိချေ။

စုရီမှာမူ မမြင်၊မကြားသည့် အလား ဝိုင်တစ်ခွက်ကို အရသာခံ သောက်နေ၏။

တစ်ဖက်တွင် ချင်းချင်းသည် ချောက်ကပ်နေသော သူမ၏ စားပွဲဝိုင်းထံ ကြည့်ပြီး မကျေမနပ် ဖြစ်လာသည်။

သူမ၏ ခဲအိုနှစ်ဦးဖြစ်သော ဝမ်ချောင်ကျင်းနှင့် ဝမ်ချောင်ချင်းတို့၏ စားပွဲ၌ ကျော်ကြားသော ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေ၏။

“ ချောင်ထုံ နင့်အစ်ကိုတွေကို ကြည့်စမ်း ... ဘယ်လောက် စည်ကားလိုက်လဲ နင်က လုံးဝ အားမကိုးရဘူး။ ”

ဤသို့ ဖြစ်မည်မှန်း သိပါက သူမ၏ သမီးကြီးထံသို့ စာပို့ကာ အကူအညီ တောင်းမိ ပေမည်။

ဝမ်ချောင်ထုံသည် သူ့အစ်ကိုများဖြင့် ကွဲပြားစွာတစ်ယောက်ထဲ ထိုင်လျက် အေးအေး လူလူ ဝိုင်သောက်နေ၏။

“ ချင်းချင်း ... ငါတို့က မိသားစုတွေပဲ ဒါကဘာများ ပြဿနာ ရှိလို့လဲ။ ”

ထိုစကားက ချင်းချင်းကို ပို၍ ဒေါသ ထွက်လာစေ၏။

“ ဟမ့် ... ဌာနခွဲက လူတွေတောင် ... ငါတို့အပေါ် လှောင်ပြောင်နေတာ ... ဒီပွဲမှာ နင့်အစ်ကိုကြီးရဲ့သား ကျွယ်ယွမ်က လူတိုင်းရဲ့ အာရုံစိုက်မှုကို ရသွားပြီ။ ”

... နင်သာ နည်းနည်းလေး အရည်အချင်းရှိခဲ့ရင် ငါတို့ ဒီလိုအဆင်မပြေတဲ့ အနေအထားမျိုး ရှိလာမှာ မဟုတ်ဘူး။ ”

ဝမ်ချောင်ထုံမှ ငြင်းခုံခြင်း မပြုတော့ချေ။ သူတို့စကားများ နေစဉ်တွင် သြဇာကြီးမားသော ပုဂ္ဂိုလ်များက ဂုဏ်ပြုလွှာများ ပေးအပ်လာ ကြသည်။

ဝမ်ချောင်ကျင်းနှင့် ဝမ်ချောင်ချင်း သာလျှင် ၎င်းတို့ကို တာဝန်ယူ ဧည့်ခံ၏။ သူ့ယောကျ်ား မှာမူ ထိုင်ခုံမှ မထချေ။

ထိုအချိန်တွင် ခန်းမတစ်ခုလုံးကို ရယ်မောစေသော ဝမ်မင်ရုံ၏ စကားသံကြောင့် ချင်းချင်းမှ လှည့်ကြည့်မိသည်။

သူမခင်ပွန်းသည် ကြင်နာတတ်ပြီး သူမသမီး၏ ခင်ပွန်းမှာ လုံးဝပင် အသုံးမကျချေ။ လောကကြီးက ရက်စက်ချေ၏။

“ ဟွမ်မိသားစု ခေါင်းဆောင်က မွေ့နေ့ပွဲတက်ရောက်ဖို့ အတွက် ရောက်ရှိ လာပါပြီ။ ”

အစေခံတစ်ဦး၏ အော်ဟစ် သတင်းပို့သံကြောင့် လူတို​င်း လှည့်ကြည့် လိုက်မိ၏။ အစေခံ တစ်ဦး၏ လမ်းပြမှုနှင့် ဟွမ်ယွင်ချုံး ဝင်ရောက်လာသည်။

မိသားစု နှစ်ခုကြားတွင် ပြိုင်ဆိုင်မှုများ ရှိသော်လည်း ဤသို့ မိသားစု၏ ခေါင်းဆောင် ကိုယ်တိုင် တတ်ရောက်လာခြင်းသည် ဂုဏ်ယူစရာ ပေပင်။

ဝမ်ချောင်ကျင်းနှင့် ဝမ်ချောင်ချင်းက ချက်ချင်းထကာ ကြိုဆိုရန် ပြင်ဆင်လိုက်သည်။ ခရမ်းရောင်တွင် ရွှေချည် အနားကွပ်ပါရှိသော ဝတ်ရုံဖြင့် ဟွမ်ယွင်ချုံးမှ ကြီးစိုးစွာ ဝင်လာ၏။

သူ့နောက်တွင် ဟွမ်အကြီးအကဲ နှစ်ယောက်ပါရှိသည်။

“ ခေါင်းဆောင်ဟွမ် ... ။ ”

“ ဦးလေးဟွမ်။ ”

“ အစ်ကို ဟွမ်။ ”

လမ်းတစ်လျှောက် ဧည့်သည်တော် များက ချက်ချင်းထရပ်ပြီး နှုတ်ခွန်းဆက်စကား ဆိုလာ ကြသည်။

ဟွမ်ယွင်ချုံးနောက်တွင် ဟွမ်ချမ့်ကျွယ်တစ်ယောက် ဂုဏ်ယူဝင့်ကြွားစွာ လိုက်ပါလာ၏။

ဤပွဲမျိုးသည် သူ့အတွက် ရိုးအီနေချေပြီ။ ထို့ကြောင့် ပျင်းရိစွာဖြင့် လျှောက်လှမ်းနေမိ၏။ ထိုစဉ် သူ့အဖေသည် ခြေလှမ်းရပ်လိုက်ပြီး စားပွဲဝိုင်းတစ်ခုထံသို့ လှမ်းကြည့်သည်။

ထိုအရပ်တွင် စုရီနှင့် ဝမ်လင်ရွယ်က ဝိုင်သောက်လျက် ထိုင်နေကြ၏။ သူ့အကြည့်ကို ခံစားရခြင်း မရှိသလိုမျိုး ပေပင်။

လူတိုင်းက မတ်တပ်ရပ်ကာ နှုတ်ဆက် နေခဲ့သော်လည်း ၎င်းတို့ နှစ်ဦးသည် ဝိုင်သောက် မပျက်ခဲ့ချေ။

“ ရိုင်းလိုက်တာ ... ။ ”

ထို့ကြောင့် ဝမ်ညီအစ်ကို နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ အော်ငေါက်ရန် ပြင်မိသည်။

သို့သော် ဟွမ်ယွင်ချုံးက စုရီထံ လျှောက်သွားပြီး ခါးကို အနည်းငယ်ညွှတ်ကာ ‘သခင်လေးစု’ဟု နှုတ်ဆက်တော့၏။

ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ စုရီက ထရပ်ရန် ဆန္ဒရှိပုံမရဘဲ ပြန်၍မော့ကြည့် လိုက်သည်။

“ မွေးနေ့ လာတာလား။ ”

“ ဟုတ်ပါတယ်။ ”

“ အင်း ... ။ ”

စကားဝိုင်းသည် ထိုမျှသာ ဖြစ်၏။ စုရီက ဆက်မပြောတော့ဘဲ ဝိုင်တစ်ခွက်ငှဲ့ကာ မျက်နှာ လွှဲသွားလေသည်။

ထိုအချိန်တွင် ဝမ်ညီအစ်ကို နှစ်ယောက် အပြေးအလွှား ရောက်ရှိလာပြီး၊

“ အစ်ကိုဟွမ် ... မင်းဒီမှာ ရှိနေတာ ဂုဏ်ယူစရာပါပဲ တံခါးအထိ ... ထွက်မကြိုမိတဲ့ အတွက် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ပင်မ စားပွဲဝိုင်းကို လာပါ။ ”

-ဟု ဖိတ်ခေါ်လိုက်သည်။

စုရီထံမှ တုန့်ပြန်မှု မရှိတော့သဖြင့် ဟွမ်ယွင်ချုံးက ခါးပြန်မတ်ကာ ဝံ့ကြွားသော အသွင်မျိုး ပြန်လည် ရရှိသွားသည်။

“ ဒါက နည်းနည်း ထူးဆန်းနေတယ် ရုတ်တရက်ကြီး ဟွမ်ခေါင်းဆောင်က ဘာလို့ စုရီကို ဂရုစိုက်နေရတာလဲ။ ”

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ဝမ်ရှောက်ပိုင်နှင့် အဖွဲ့မှာ နားမလည်နိုင် ဖြစ်လာ၏။ ဧည့်သည်များသည်ပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသည်။

“ အစ်ကိုစု ဒါက ဘာဖြစ်တာလဲ။ ”

ဝမ်လင်ရွယ်က စုရီထံ ပြန်ကြည့်သည်။

“ စိတ်မပူနဲ့ အနာဂါတ်မှာ ဟွမ်ချမ့်ကျွယ်က မင်းကို နောက်ယှက်ဝံ့တော့မှာ မဟုတ်ဘူး။ ”

ထိုအချိန်တွင် ဟွမ်ယွင်ချုံးသည် ဝမ်ဘိုးဘေးထံ လျှောက်လှမ်းကာ လက်ချောင်း များကို ယှက်ကိုင်လျက် အရိုအသေ ပေးလိုက်ပြီး၊

“ တစ်ယောက်ယောက် ဘိုးဘေးအတွက် လက်ဆောင် ယူလာပါ။ ”

-ဟု အမိန့်ပေးလေသည်။

သူ့နောက်ရှိ ဟွမ်အကြီးအကဲတစ်ဦး လှမ်းတက်လာပြီး ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ယူ ဖွင့်ပြလိုက်သည်။

“ ဘိုးဘေးဝမ် ... ဒါ ငါတို့မိသားစုက မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ နှစ်တစ်ရာ ကျောက်ရိုင်းနဲ့ ထုဆစ်ထားတဲ့ လှံတံပဲ ... သက်ရှည်ကျန်းမာ စေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်။ ”

“ ဟွမ်ခေါင်းဆောင် မင်းရောက်လာတာကိုက ဝမ်မိသားစုအတွက် ဂုဏ်ယူစရာ ကောင်းနေပါပြီ ... လက်ဆောင် ပေးဖို့ မလိုပါဘူး ချောင်ကျင်း ... ခေါင်းဆောင် ဟွမ်ကို လမ်းပြပေးလိုက်ပါဦး။ ”

“ ဟုတ်ကဲ့ ဘိုးဘေး ... အစ်ကိုဟွမ်၊ ကျေးဇူးပြုပြီး ဒီလမ်း ... ။ ”

“ ခဏ နေပါဦး ... ။ ”

​ဝမ်ချောင်ကျင်းက ပြုံးလျက် လမ်းပြရန်ပြင်သော်လည်း ဟွမ်ယွင်ချုံးသည် စိတ်ဝင်စားပုံ မပြချေ။ ၎င်းမှ လက်ပြလျက် ဝမ်ချောင်ထုံနှင့် ချင်းချင်းတို့ စားပွဲထံ လျှောက်လှမ်း သွားတော့သည်။

ထို့နောက် ပြုံးကာ လက်သီးဆုပ်ပြီး၊

“ အစ်ကိုချောင်ထုံနဲ့ အစ်မချင်း၊ မင်းတို့သမီးက ကောင်းကင်မူလ အကယ်ဒမီကို ဝင်ရောက်သွားပြီလို့ ငါကြားတယ် ... ဒါက သတင်းကောင်းပဲ ... တစ်ယောက်ယောက် ။ ”

ဟွမ်ယွင်ချုံးက လက်ဟန်ပြလိုက်သည်။ ထိုစဉ်က အကြီးအကဲမှပင် ရွှေရောင် သေတ္တာ တစ်လုံးကို ကမ်းပေးလာတော့၏။

***

All Chapters