← Chapters

ဖိတ်ကြားချက်။

Vol. 2 Ch. 22

ဖိတ်ကြားချက်။

Vol. 2 Ch. 22

နီပိုင်ဟွာနှင့် ဖူရှန်းတို့ ရောက်ရှိလာ ပြီးနောက် လီတျန်းဟန်မှာ လက်လျော့သွား ခဲ့သည်။

ဟွမ်ချမ့်ကျွယ်က စုရီကို ခိုးကြည့် လိုက်သည်။ အဖေ ပြောသလိုပင် ဤလူသည် သူ့ကိုယ်သူ နက်နက်နဲနဲ ဖုံးကွယ်ထားချေပြီ။

အင်မော်တယ်စံအိမ်မှ ပြန်လာပြီးနောက် သူတို့သားအဖ နှစ်ယောက်က လက်စားချေရန် ကိစ္စကို ဆွေးနွေးခဲ့၏။

အဆုံးတွင် စုရီကို မစော်ကားရန် သဘောတူညီမှု ရရှိခဲ့သည်။ အသုံးမကျသော စုရီဟူသော ခေါင်းစဉ်အောက်၌ တစ်ဖက်လူ တစ်ယောက် ပုန်းကွယ်နေခြင်း ဖြစ်နိုင်၏။

ထို့ကြောင့် အရွက်ကိုးရွက်ပါသော ဂျင်ဆင်းကို ဝမ်လင်ကျောက် အမည်ခံကာ စုရီထံ ပေးအပ်ခဲ့သည်။

ထိုအတူ မြို့တော်သခင်နှင့် တပ်မှူး သည်လည်း စုရီအတွက် ပွဲတစ်ခု ဖန်တီးရန် လာခြင်း ဖြစ်ပေမည်။

လက်ရှိ လီမိသားစု ဖြစ်စဉ်အရ သူနှင့်သူ့အဖေသည် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ခဲ့ပုံပေပင်။

လီသားအဖ ထွက်ခွာသွားပြီးနောက် လေထုမှာ ပြန်လည် နွေးထွေးလာတော့သည်။ ဝမ်ညီအစ်ကိုက မြို့သခင်နှင့် တပ်မှူးကို ဂရုတစိုက် ကြိုဆို၏။

မြို့သခင်က ပြုံးလျက် ဝမ်ချောင်ထုံထံ လျှောက်လှမ်းသွားကာ၊

“ အစ်ကိုထုံ ... မြင့်မြတ်တဲ့ အကြီးအကဲ တစ်ယောက်က ဒီလက်ဆောင်ကို ပေးခိုင်းလိုက် ပါတယ် ကျေးဇူးပြုပြီး စုရီနဲ့ ဇနီးကို ပေးပေးပါ သေတ္တာကို သူတို့ နှစ်ယောက်ပဲ ဖွင့်ပါစေ။ ”

-ဟု ဆိုကာ သေတ္တာ တစ်လုံးကို ထုတ်ပေးလိုက်သည်။

ဝမ်ချောင်ထုံနှင့် ချင်းချင်းမှာ အသက်ရှူ ရပ်သွားတော့သည်။ မြို့သခင်ထံမှ လက်ဆောင် ရလိမ့်မည် သူတို့ မထင်ထားချေ။

ဝမ်ချောင်ကျင်းနှင့် ဝမ်‌ချောင်ချင်း သည်ပင် မှင်တတ်နေ၏။ ဤတစ်ကြိမ်တွင်လည်း စုရီနှင့် ဇနီးပေပင်။

“ ကျေး ... ကျေးဇူးတင်ပါတယ် မြို့တော်သခင်။”

ဝမ်ချောင်ထုံမှ စိတ်လှုပ်ရှားစွာ တုန့်ပြန်စကားဆိုလိုက်သည်။ ချင်းချင်းက သတိ ဝင်လာပြီး၊

“ မြို့တော်သခင်ဖူ ... ၊ ငါ့သမီးနဲ့ သားမက်ကိုယ်စား ဒီလို ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ ”

“ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး ... ငါက ကိုယ်စားလာပေးတာပါ။ ”

“ အဲ့ဒီ အကြီးအကဲက ဘယ်သူလဲလို့ မေးလို့ရမလား မြို့တော်သခင်။ ”

မြို့တော်သခင်မှ ပြုံးသည်။

“ တောင်းပန်ပါတယ် ... ငါပြောဖို့ အရည်အချင်း မရှိပါဘူး ... မင်းသိထားရမှာက ဒီလက်ဆောင်က စုရီနဲ့ သူ့ဇနီးအတွက်ပါ။ ”

“ နားလည်ပါပြီ မြို့တော်သခင်။”

ချင်းချင်းက ဝမ်လင်‌‌ကျောက်ကို ပြန်သတိရလာ၏။ သူမသမီးသည် ကောင်းကင် မူလ အကယ်ဒမီ၌ ကောင်းကောင်း အလုပ်လုပ်ပုံ ပေပင်။

“ တပ်မှူးနီက ... ဒီမှာ ငါ့ကိုယ်စား နေပေးပါလိမ့်မယ် ငါ့မှာ ကိစ္စလေးတွေ ရှိနေလို့ ခွင့်ပြုပါဦး။ ”

မြို့တော်သခင်က လှည့်ထွက် သွားတော့သည်။ ဝမ်ညီအစ်ကိုက သူ့ကို တံခါးဝ အထိ လိုက်ပါ ပို့ဆောင်ပေးတော့၏။

စုရီအနားမှ အဖြတ်တွင် ရုတ်တရက် မြို့တော်သခင်က ခြေလှမ်းကို ရပ်လိုက်ကာ၊

“ သခင်လေးစု ငါ့ကို ခွင့်ပြုပါဦး။”

-ဟု နှုတ်ဆက်လေသည်။

စုရီမှ ခေါင်းညိတ်ပြသည်။ ထိုတုန့်ပြန်မှုသည် လူတိုင်းကို မျက်လုံးပြူးစေ၏။ အသုံးမကျသော စုရီသည် ဝမ်လင်ကျောက် ပုံရိပ်ကို အသုံးချ နေပြီဟု ယူဆလိုက်ကြသည်။

ဟွမ်ချမ့်ကျွယ်သာလျှင် သူနှင့် စုရီကြား ကွာဟချက်များကို မြင်နေရပြီ ဖြစ်လေသည်။ ခန်းမအတွင်း လေထုသည် ယခင်အတိုင်း ပြန်လည် အသက်ဝင်လာ၏။

ဧည့်သည်အများအပြားက ဝမ်ချောင်ထုံနှင့် ချင်းချင်းကို လာရောက် နှုတ်ဆက် ခဲ့ကြသည်။ ထိုအခြေအနေက ချင်းချင်းကို ကျေနပ်စေ၏။

“ အစ်ကိုဟွမ် ... မင်းရဲ့သဘောထားကို ပြောင်းလဲလိုက်ပြီလား။ ”

နီပိုင်ဟွာက ဟွမ်ယွင်ချုံး ဘေးတွင် ဝင်ထိုင်ကာ စကားစမြည်ပြောရန် ကြိုးစား လိုက်သည်။

“ မနေ့က ငါ့မျက်စိ ကန်းခဲ့တယ် ... အမှားအတွက် သခင်လေးစုကို တောင်းပန်ဖို့ ဝန်မလေးပါဘူး။ ”

ဟွမ်ယွင်ချုံးမှ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ နီပိုင်ဟွာ တစ်ယောက် ပြုံး လိုက်မိ၏။

“ အစ်ကိုဟွမ် ... မင်းမှာ တခြား အကြောင်းပြချက် ရှိသေးတယ် မဟုတ်လား။”

ထိုမေးခွန်းကြောင့် ဟွမ်ယွင်ချုံးက ခေါင်းငြိမ့်သည်။

“ ဖခင်တိုင်းက သူတို့သားသမီးကို ... အနာဂတ်အတွက် ... အိမ်မက်ကောင်းတွေ ပေးချင်တာ သဘာဝပါပဲ။ ”

ထို့နောက် နှစ်ယောက်သား ဝိုင်ခွက်ကို မြှောက်ကာ သောက်လိုက်ကြတော့၏။ အဆိုပါ မြင်ကွင်းများအပေါ် ဝမ်မိသားစုဘိုးဘေးက အပြင်လူတစ်ယောက်လို ကြည့်နေခဲ့၏။

ရှုပ်ထွေးသော ခံစားချက်များဖြင့် နှလုံးသားတစ်ခုလုံး တင်းကြပ်နေခဲ့၏။ ယနေ့တွင် များစွာ ဖြစ်ပျက်ခဲ့သည်။

ဝမ်မိသားစုအနေဖြင့် ပြင်ပအင်အားကို အသုံးချကာ ဘေးဥပဒ်အပေါ် ရှောင်ရှားနိုင်ခြင်း ဖြစ်ကြောင်း မြင်သာ၏။

ယင်းသည် ယာယီသာ ဖြစ်သည်။ လုံလောက်သော သန်မာမှု မရှိပါက ရေရှည် တည်တံ့နိုင်မည် မဟုတ်ချေ။

အတွေးများစွာဖြင့် သူမ အကြည့်က လူအုပ်ကို ကျော်လွန်သွားသည်။ ထို့နောက် သက်ပြင်းချကာ အစေခံကို ခေါ်လိုက်၏။

“ တတိယသားရဲ့ ဇနီးကို ငါ့ဆီခေါ်လာခဲ့။ ”

များမကြာခင် အစေခံနှင့် အတူ ချင်းချင်းလိုက်ပါလာသည်။ သူမ အသွင်က ရှုပ်ထွေးနေပြီး၊

“ နှုတ်ဆက်ပါတယ် ဘိုးဘေး။ ”

-ဟု ပြောကြား လိုက်သည်။

“ မြို့တော်သခင်ဖူနဲ့ ဟွမ်မိသားစု ခေါင်းဆောင်ပေးခဲ့တဲ့ လက်ဆောင်တွေကို စုရီကို ပေးလိုက်ပါ။ ”

ဝမ်ဘိုးဘေးက တည်ငြိမ်စွာ အမိန့်ပေး လိုက်သည်။ ချင်းချင်းတစ်ယောက် မျက်နှာ ပျက်ယွင်းသွားသော်လည်း ချက်ချင်း ပြုံးလိုက်တော့၏။

“ စိတ်မပူပါနဲ့ ဘိုးဘေး ... ငါပေးလိုက် ပါ့မယ် ... ဒါပေမယ့် ငါ့သမီးလည်း ပိုင်တာမို့ စုရီ တစ်ယောက်တည်းကို ပေးတာက ... ။ ”

“ မင်းဘာတွေ တွေးနေလဲ ဆိုတာကို ငါသိတယ် ... ဒီလိုကိစ္စတွေမှာ ငါမပါချင်ပေမယ့် ဒီနေ့ ငါပြောတဲ့အတိုင်း လုပ်ပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

ချင်းချင်းတစ်ယောက် ဟုတ်ကဲ့ဟု ဆိုကာ နှုတ်ဆက်ပြီး လှည့်ထွက်မိသည်။ ဝမ်ဘိုးဘေးမှ အစေခံကို ထပ်ကြည့်ကာ၊

“ စုရီကို ပန်းလက်ဖက်စိမ်း စံအိမ်မှာ ငါနဲ့လာတွေ့ဖို့ သွားပြောပါ။ ”

-ဟု ပြောကြားလိုက်တော့၏။

အစေခံက စုရီထံ လျှောက်လှမ်းသွားကာ ပြောကြားလိုက်သည်။ ထို့ကြောင့် စုရီက ပြုံးပြီး ဝိုင်ခွက်ကို လက်စသပ်လျက်၊

“ လမ်းပြပါ။ ”

-ဟု ညွှန်ကြားလိုက်တော့သည်။

***

All Chapters