← Chapters

မောဟ ... ။

Vol. 2 Ch. 24

မောဟ ... ။

Vol. 2 Ch. 24

“ မြေကြီးအဆင့် အဆောင် ရတနာ။ ”

စုရီက အံ့သြသွားမိသည်။ မြေကြီးအဆင့် အဆောင်တံဆိပ်များသည် မူလတာအို နယ်ပယ် အဆင့် ကျွမ်ကျင်သူများသာ သန့်စင်နိုင်သည့် အရာ ဖြစ်၏။

၎င်းတို့တွင် မူလစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ပိုင်ဆိုင်သူများကို မယုံနိုင်စရာ အစွမ်းထက်စေမည်။

မဟာကျိုးအင်ပါယာတွင် ထိုအဆင့် ကျွမ်းကျင်သူများရှားပါးချေပြီ။

“ ဒီတံဆိပ်ကို ကြယ်သန့်စင်ခြင်းလို့ ခေါ်တယ်၊ မင်းအဖေသခင်ကြီး ငါ့ကို ပေးခဲ့တာ သိုင်းတာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်။ ”

စုရီက ခေါင်းယမ်းသည်။ ဝမ်ဘိုးဘေး၏ ရည်ရွယ်ချက်မှာ ရယ်စရာ ကောင်း၏။ မြေကြီး အဆောင်ဖြင့် သူ့ကို ခြိမ်းခြောက် နိုင်လိမ့် မည်ဟု ထင်နေပုံရသည်။

“ မင်းငါ့ကို ဘာပြောချင်တာလဲ ဝမ်ဘိုးဘေး။ ”

“ တတိယသခင်လေး ... ဒီနှစ်တွေထဲမှာ ငါ့ရဲဝမ်မိသားစုက မင်းအပေါ် အနိုင်ကျင့်တဲ့လူ ရှိလား။ ”

စုရီ ခေါင်းခါပြမိသည်။

“ တတိယသခင်လေး ... ဝမ်မိသားစုကို မင်းဘယ်လိုမြင်​မြင် ငါဂရုမစိုက်ဘူး .. ဒါပေမယ့် မင်းသာ ငါတို့ကို...

... ထိခိုက်​အောင်လုပ်ရင် ဒီမြေကြီး အဆောင်တံဆိပ်နဲ့ မင်းကို သတ်ပစ်ရလိမ့်မယ် ငါလုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

ဝမ်ဘိုး​ဘေးက မျက်ဝန်းများ မှေးစင်းလျက် ပြောကြား၏။ သို့သော် သူ့ခြိမ်းခြောက်မှုသည် ထိရောက်ခြင်း မရှိချေ။

အဘယ့်ကြောင့် ဆိုသော် စုရီမှ ပြုံးလျက် ထွက်ခွာသွားသောကြောင့် ပေပင်။ ဝမ်ဘိုးဘေး တစ်ယောက် အတွေး များစွာဖြင့် ကျန်ရစ်ခဲ့သည်။

ယနေ့ စုရီသည် တစ်စုံတစ်ရာ ထူးခြားကြောင်း သတိထားမိ၏။ စုမိသားစုထံ ပြန်လည် သတင်းပို့ရပေမည်။

သို့သော် ခဏအကြာတွင် သက်ပြင်းချကာ ခေါင်းရမ်းလိုက်၏။

​“ မေ့လိုက်ပါ ... အပြင် လူတစ်ယောက် အနေနဲ့ စုမိသားစုအရေးမှာ ငါပါဝင်ဖို့ မသင့်ဘူး၊ ငါနဲ့လည်း အဆက်အသွယ် ပြတ်နေပါပြီ ... ၊

... ဒီကောင်လေးက ဝမ်မိသားစုကို ထိခိုက်အောင် ဘာမှ မလုပ်သရွေ့ ရပ်ကြည့်နေ သင့်တယ်။ ”

ထိုအချိန်တွင် မွေးနေ့ပွဲမှာ ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။ စုရီ ပြန်ရောက်သော အခါ ဝမ်ကျွယ်ယွမ်အနားတွင် လူငယ်များ စုရုံးနေသည်ကို မြင်လိုက်ရ၏။

သူသည် ဝမ်မိသားစု၏ မျိုးဆက်သစ် လူငယ်များကြား ထိပ်တန်း ပါရမီရှင် ဖြစ်သည်။ ဂုဏ်သတင်းအရ လီမိုယွင်ထက် အနည်းငယ်သာ နိမ့်ကျ၏။

“ အစ်ကိုစု၊ ပြန်လာပြီလား။ ”

စုရီကို မြင်သောအခါ ဟွမ်ချမ့်ကျွယ်က အပြုံးဖြင့် ကြိုဆိုလေသည်။ စုရီမှ ခေါင်းညိတ် ပြလျက်၊

“ မင်း မပြန်သေးဘူးလား။ ”

-ဟု ပြန်လည် မေးမြန်းလိုက်သည်။

“ အစ်ကိုစု မင်းတောင် မပြန်သေးဘဲ ငါဘယ်လိုလုပ် ပြန်မလဲ၊ မင်းကို စောင့်ရှောက်ဖို့ ငါရှိနေရမယ်။ ”

ဟွမ်ချမ့်ကျွယ်မှ ခပ်တည်တည် ပြန်ဖြေသည်။ စုရီက ၎င်းတို့၏ အတွေးများကို မြင်နိုင်ပြီး စကား မဆိုတော့ချေ။

“ စုရီ ... အစ်ကိုကျွယ်ယွမ်က မင်းကို ပြောစရာရှိတယ် ... ငါနဲ့အတူ လိုက်ခဲ့ပါ။ ”

ရုတ်တရတ် ဝမ်ရှောင်ပိုင် ရောက်ရှိလာကာ စုရီကိုပြော၏။ စုရီမှ ဝမ်ကျွယ်ယွမ်ထံ တစ်ချက် လှမ်းကြည့်ကာ၊

“ ပြောစရာရှိရင် သူ့ကိုလာခိုင်းလိုက်ပါ။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ မင်း ... ။ ”

“ ဒုန်း ... ။ ”

ဝမ်ရှောင်ပိုင်က အံ့အားသင့်သွားစဉ် ဟွမ်ချမ့်ကျွယ်မှ ဒေါသတကြီးဖြင့် ဝိုင်ခွက်ကို စောင့်ချလိုက်သည်။

“ မင်း နားမကြားတာလား ... လူ့ဘာသာစကားကို နားမလည်တာလား။ ”

ထိုမေးခွန်းကြောင့် ဝမ်ရှောင်ပိုင်ခဗျာ တုန်လှုပ်သွား၏။ ဤလူငယ်သည် ကွမ်လင်၏ နာမည်ကြီး လူရမ်းကား ဖြစ်သည်။

မျိုးဆက်သစ် လူငယ်တိုင်း ၎င်းကို ကြောက်ရွံ့ကြ၏။ သူသည်လည်း ခြွင်းချက် မဟုတ်ချေ။

“ သခင်လေးဟွမ်၊ ဒါက မင်းနဲ့ မဆိုင်ဘူး ထင်ပါတယ် …။

သို့တိုင် အံကြိတ်လျက် စောဒက တတ်ကြည့်လိုက်သည်။

“ ထွီ ... ဒါက ဝမ်ဘိုးဘေးရဲ့ ... မွေးနေ့ပွဲမို့သာ မဟုတ်ရင် မင်းလိုကောင်ကို ငါ ရိုက်မိလိမ့်မယ် ဆိုတာ ယုံလား ...။ ”

ဤတစ်ကြိမ်၌ ဝမ်ရှောင်ပိုင် တစ်ယောက်ချက်ချင်း ထွက်ခွာသွားလေသည်။ လူယုတ်မာဟူသည် သူတို့ထက် ပိုယုတ်မာသည့် ကြမ်းကြုတ်သူများအပေါ် ကြောက်ရွံ့ ကြသည်မှာ သဘာဝပေပင်။

“ အစ်ကိုစု၊ ငါ့ကို စွက်ဖက်လို့ အပြစ် မတင်ပါနဲ့ ... သူ့လို မိသားစုအခွဲက အမှိုက်က မင်းကို မရိုမသေ ဆက်ဆံတာ ... ငါ ရပ်ကြည့်နေလို့ မရဘူး။ ”

ဟွမ်ချမ့်ကျွယ်၏ ကြမ်းကြုတ်သော အသွင်အပြင်သည် စုရီနှင့် စကားပြောချိန်၌ ပြန်လည် နူးညံ့သွားလေသည်။

“ မင်းနာမည်နဲ့ သေချာပေါက် လိုက်လျော ညီထွေပဲ။ ”

“ ဟား ဟား ဟား ... ။ ”

စုရီထံမှ မှတ်ချက်သည် သူ့အပေါ် ကောင်းသည်လော ဆိုးသည်လော မသိချေ ဝမ်ချမ့်ကျွယ် စိတ်မဝင်စားချေ။ ကျေနပ်စွာ ရယ်မောမိသည်။

“ ဘာ ... ဒီအသုံးမကျတဲ့ စုရီက သတ္တိရှိလား သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေလဲ။ ”

ဝမ်ကျွယ်ယွမ်အနားရှိ လူငယ်များက ဒေါသထွက်ကုန်သည်။ ဝမ်လင်ရွယ် သာလျှင် စိုးရိမ်စိတ်ဖြင့် စုရီအနား ပြန်ရောက်လာ၏။

“ အစ်ကိုစု ငါတို့ ... ချက်ချင်း ထွက်သွားသင့်တယ် ဝမ်ရှောင်ပိုင်က မင်းနဲ့ ဝမ်းကွဲကျွယ်ယွမ် ကြားမှာ ပြဿနာ တက်အောင် ကြိုးစားနေတယ်။ ”

ထိုအချိန်တွင် ဝမ်​ကျွယ်ယွမ်သည် ဝမ်မိသားစု လူငယ်များခြံရံလျက် လျှောက်လှမ်း လာနေပြီ ဖြစ်သည်။

“ အံ့သြစရာပဲ ... စုရီ မင်းဘယ်တုန်းက မာနရှိလာတာလဲ။ ”

သူသည် ဝမ်မိသားစု၏ မျိုးဆက်သစ် ခေါင်းဆောင်ဖြစ်သည်။ အသုံးမကျသော စုရီ၏ စကားသည် ပွဲတော်မှ တဆင့် ပျံ့နှံ့သွားသော် ရှက်စရာ ကောင်းနိုင်၏။

“ ဝမ်ကျွယ်ယွမ် ... ငါ့အမြင်မှာတော့ မင်းကသာ ပိုပြီး မောက်မာနေတာပဲ ... စုရီကို မင်းဆီလာတွေ့ဖို့ ခွေးတစ်ကောင် စေလွှတ် ရအောင် ... မင်းကိုယ်မင်း ဘာများ ထင်နေတာလဲ ... ။ ”

ဟွမ်ချမ့်ကျွယ်၏ ကျင့်ကြံမှုသည် ဝမ်ကျွယ်ယွမ်ထက် နိမ့်ကျနေသော်လည်း သူ မကြောက်ချေ။

တစ်ဖက်တွင် ခွေးအဖြစ် ရည်ညွှန်း ခံလိုက်ရသော ရှောင်ပိုင်သည် မျက်နှာနီရဲလျက် အံကြိတ်လိုက်မိသည်။ ဝမ်ကျွယ်ယွမ်က မျက်ခုံးပင့်လိုက်၏။

“ ဒါက ... ငါရဲ့ဝမ်မိသားစု ကိစ္စပါ ... မင်းမပါဝင်တာ အကောင်းဆုံးပါပဲ။ ”

ထို့နောက် စုရီဘက်သို့ လှည့်ကြည့်ပြီး၊

“ စုရီ ... မင်းဒီလောက်လည်း ကြောက်မနေပါနဲ့ မင်းလိုဒုက္ခိတကို အနိုင်ကျင့် ရအောင် ငါအရှက် မမဲ့သေးပါဘူး။ ”

-ဟု ပြောကြားလိုက်၏။

“ ဒါဆို ဘာအတွက်လဲ ...။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် ပြန်မေးသည်။

“ မင်း သိထားရမှာက ... ဒီည ဧည့်သည်တိုင်းက လင်ကျောက်ကို လေးစားလို့ လာတဲ့ လူတွေချည်ပါပဲ ... မင်းက သူ့ခင်ပွန်း ဖြစ်ပေမယ့် မထိုက်တန်ဖူး ဆိုတာ မမေ့ပါနဲ့။ ”

“ ဟား ဟား ဟား ... ။ ”

သို့သော် စုရီက စိတ်ဆိုးခြင်း မရှိဘဲ ခေါင်းခါယမ်း လိုက်သည်။ ဟွမ်ချမ့်ကျွယ်မှသာ မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာရယ်၏။

ဤသည်မှာ သူကြားခဲ့ရသမျှ ပြက်လုံးများအနက် ရယ်စရာ အကောင်းဆုံး ပေပင်။

မြို့သခင်၊ တပ်မှူးနှင့် သူ့အဖေသည် မည်သူ့ကြောင့် လာသည်ကို ဤဘဝင်ရူးများ သိပုံမရချေ။

ဝမ်မိသားစုသည် မျက်လုံးများပါ ရှိသော်လည်း မမြင်နိုင်ချေ။ ယင်းကြေင့်ပင် မဟာမိသားစုသုံးခုအနက် အောက်ဆုံးသို့ ရောက်ရှိ နေရခြင်းဖြစ်သည်။

ဝမ်လင်ရွယ်က စုရီအစား ဝင်ပြောရန် ကြံရွယ်လိုက်သော်လည်း ဟွမ်ချမ့်ကျွယ်ထံမှ လှောင်ပြောင် ရယ်မောသံကြောင့် ပါးစပ်ပိတ် ထားလိုက်သည်။

ဟွမ်ချမ့်ကျွယ်မှ အဘယ့်ကြောင့် ရယ်မောနေသည်ကိုမသိသော ဝမ်ကျွယ်ယွမ်က သူ့ကို လျစ်လျူရှုလျက်၊

“ အနာဂါတ်မှာ ... လင်ကျောက်ရဲ့ နာမည်ကိုသုံးပြီး တခြားလူအပေါ် အနိုင်ကျင့် ဝံ့ရင် ... မင်းကို ပထမဆုံး သင်ခန်းစာပေးမယ့် လူက ... ငါဆိုတာ မမေ့ပါနဲ့။ ”

-ဟု ဆိုပြီး လှည့်ထွက် သွားတော့သည်။

စုရီအတွက် သူ့အချိန်များ မကုန်လိုတော့ချေ။ ဝမ်လင်ရွယ်က စိတ်ပျက် လက်ပျက်ဖြင့် ကြည့်နေလိုက်သည်။

“ ဝမ်းကွဲကျွယ်ယွမ်က ဒီလိုလုပ်ရပ်မျိုး လုပ်ပြလိမ့်မယ်လို့ မထင်မိဘူး ... ငါသူ့ကိုအရမ်း စိတ်ပျက်မိတယ် ...။ ”

ဤမတိုင်မီ ဝမ်ကျွယ်ယွမ်ကို သူမ၏ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ လေးစားအားကျ ခဲ့သည်။

“ ဒါက လူငယ်တစ်ယောက်ရဲ့ မောက်မာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသိဉာဏ် ကင်းမဲ့မှုပဲ ... အဝိဇ္ဇာလို့ ခေါ်တယ် လူငယ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ”

စုရီက မှတ်ချက်ပေး လိုက်လေသည်။ သူ့ဘေးရှိ ဟွမ်ချမ့်ကျွယ်ခမျာ တုန်ရင်သွား၏။ လွန်ခဲ့သောနှစ်ရက်က အင်မော်တယ်စံအိမ်၌ ပြုမူခဲ့သော သူ့ကိုယ်သူ ပြန်မြင်လာသည်။ ဘဝင်မြင့်မှုကြောင့် ဖြစ်ပေါ်လာသည့် မောဟပေပင်။

ထိုစဉ်က မည်မျှ ရှက်စရာကောင်းသော မောက်မာမှု ဖြစ်သည်ကို ယခု နားလည် မိပြီ ဖြစ်သည်။

“ လင်းရွယ် သွားရအောင်။ ”

ဝမ်လင်ရွယ်က ဝမ်သာအားရ ထရပ် လိုက်သည်။ ထိုအချင်းအရာများကို စောင့်ကြည့် နေမိသော နီပိုင်ဟွာနှင့် ဟွမ်ယွင်ချုံးက စကား ပြောနေရာမှ ချက်ချင် ရပ်လိုက်တော့၏။

ယနေ့ည မွေးနေ့ပွဲသည် သူတို့၏ ဘဝတစ်လျှောက် ပျင်းစရာ အကောင်းဆုံးသော ပွဲတစ်ပွဲ ဖြစ်ချေပြီ။

ထို့ကြောင့် နှစ်ယောက်သား တိုင်ပင်ထားခြင်း မရှိဘဲ ချက်ချင်းနှုတ်ဆက်ကာ ထထွက်လာခဲ့သည်။

***

All Chapters