ဥက္ကဌချင်မှာတဲ့ဆန်တစ်ခွက်! ၂
Vol. 48 Ch. 706
ပက်စီနဲ့ကိုလာကိုလာကို ဒီကိုလာနဲ့ယှဉ်သောက်ပြီးရင် ဦးနှောက်ရှိသူတိုင်း ချင်းလင်ဓာတ်ခွဲခန်းကစမ်းသပ်နေတဲ့ကိုလာကိုရွေးကြလိမ့်မည်။
ရှန်လီကပြုံးပြီး_
"အားလုံးပဲ... ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းရဲ့အသီးဖျော်ရည်အရသာက ဘယ်လိုလဲ? အပြင်ကကိုလာထက်မညံ့လောက်ဘူးမလား?''
“????”
ရန်လင်း ရုတ်တရက်ကြောင်သွားသည်။
ရှန်လီစကားကြောင့် တခြားဖျော်ရည်ကုမ္ပဏီသူဌေးများလည်း ဇဝေဇဝါဖြစ်သွားသည်။
ဥက္ကဌရှန်ဘာပြောလိုက်တာလဲ?
အသီးဖျော်ရည်?
ဒီကိုလာက အသီးဖျော်ရည်?
နောက်နေတာလား?
သူတို့သောက်နေတာ ကိုလာ။
ဘယ်လိုလုပ် အသီးဖျော်ရည်ဖြစ်မှာလဲ?
ထိုအချိန်တွင် ရှန်လီက စားပွဲပေါ်မှခလုတ်နှိပ်ပြီး ဓာတ်ခွဲခန်းဝန်ထမ်းများအား ရန်လင်းတို့ရှေ့တွင်ကိုလာသီးများချခိုင်းလိုက်သည်။
"အားလုံးပဲ မြည်းကြည့်ပါ''
ရှန်လီက ဖိမန္တကဟန်ပြုပြီး_
"အဲဒါကိုလာသီးပါ... အသီးဖျော်ရည်က ဒီကိုလာသီးကိုညှစ်ထားတာ''
ရန်လင်းက သူ့ရှေ့မှအရာကိုတအံ့တဩကြည့်လိုက်သည်။
ဒါဆီးပြာသီးမလား?
ဘယ်လိုလုပ် ကိုလာသီးဖြစ်သွားတာလဲ?
တခြားသူများလည်းကြောင်သွားသည်။ အားလုံး အသီးကိုစိတ်ဝင်စားသွားကြသည်။
သို့ရာတွင် ချင်းလင်ဓာတ်ခွဲခန်းကနောက်မည်မဟုတ်မှန်းသိ၍ သူတို့လည်းတစ်လုံးစီကောက်မြည်းကြည့်ကြသည်။
ရန်လင်းကတစ်လုံးကောက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ တစ်ကိုက်ကိုက်ပြီးနောက် အရည်ရွှမ်းရွှမ်းထွက်လာ၏။ အသီးအရသာကြောင့် ချက်ချင်းသူ့မျက်နှာထားပြောင်းသွားသည်။
အထဲကအရည်က တကယ်ကိုလာအရသာ?
နောက်နေတာလား?
ဆီးပြာသီးက ကိုလာအရသာ။ ပြီးတော့ ပက်စီထက်တောင်အရသာရှိနေသည်။
အသီးရည်တွေအများကြီးရောနေတယ်ဆိုပေမဲ့ ပက်စီမယှဉ်နိုင်ဘူးမလား?
တခြားသူများလည်း လက်ထဲကဆီးပြာသီးကိုတစ်ကိုက်ကိုက်ပြီး ကြောင်သွားသည်။ ပန်းထွက်လာသောညိုညစ်ညစ်အရည်ကိုကြည့်နေကြ၏။
ကိုလာနဲ့မတူဘူးလား?
တကယ်အသီးဖျော်ရည်ပဲ။
သူတို့ဘဝမှာကြုံဖူးသမျှထဲတွင် အံ့ဩစရာအကောင်းဆုံးအရာကိုပြောပါဆိုရင် သူတို့ရှေ့ကအရာပဲဖြစ်လိမ့်မည်။
ကိုလာက ဆီးပြာသီးထဲကထွက်လာတယ်တဲ့။
ဒိထက်မယုံချင်စရာကောင်းတာရှိသေးရဲ့လား?
ဘယ်လိုများလုပ်လိုက်တာလဲ?
"ဥက္ကဌချင်... ဒါပါမောက္ခလီခိုင်လုပ်ထားတာလား?''
ရန်လင်းက မမေးဘဲမနေနိုင်တော့။
တခြားသူများလည်း လှုပ်လှုပ်ရွရွဖြစ်သွားသည်။
ချင်းလင်ဓာတ်ခွဲခန်းမှာ ပါမောက္ခလီခိုင်လည်းရှိတာပဲ။
အဲဒီပါမောက္ခလီခိုင်ကလည်း အံ့ဩစရာနာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး။ ချင်းလင်ကုမ္ပဏီရဲ့လုပ်ငန်းအတော်များများကိုဖွံ့ဖြိုးအောင် သူလုပ်ထားတာဟုပြောကြသည်။
ပါမောက္ခလီခိုင်က ကိုလာထွက်နိုင်တဲ့ဆီးပြာသီးကိုလုပ်နိုင်မည်ဟုမထင်မိချေ။
ချင်လင်ကမငြင်းဘဲခေါင်းညိမ့်ပြီး_
"ကိုလာသီးကို ပါမောက္ခလီခိုင်တွေ့ထားတာအမှန်ပါပဲ... ဒီတစ်ခါကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းနဲ့ဆွေးနွေးမယ့်ပူးပေါင်းရေးက ကိုလာသီးနဲ့ဆိုင်ပါတယ်... ကိုလာသီးနဲ့ကိုလာကိုယှဉ်ကြည့်တော့ ဘယ်လိုထင်လဲ? အထူးသဖြင့် ရှင်းကျန့်တယ်ကကိုလာကုမ္ပဏီနှစ်ခုနဲ့ယှဉ်ရင်ပေါ့?''
ထိုစကားကြောင့် ရန်လင်းတို့ကကြောင်သွားပြီးမှ ဝမ်းသာအားရဖြစ်သွားကြသည်။
ဥက္ကဌချင်ပြောတာ သူတို့သဘောပေါက်သည်။
ကိုလာသီးက ကိုကာကိုလာနဲ့ပက်စီထက်အများကြီးသာသည်။
အတွေ့အထိနဲ့အရသာက လုံးဝပိုပြင်းသည်။
နောက်ပြီး ကိုလာအောင်မြင်ရတဲ့အကြောင်းရင်းက ကာဗွန်နိတ်ဖျော်ရည်ဖြစ်သောကြောင့်ပင်။ ကိုလာသောက်ရင် စိတ်သက်သာရာရစေသည်။
သို့သော် ဒီအသီးဖျော်ရည်က ကာဗွန်နိတ်ဖျော်ရည်ထက်ပိုပြီးလန်းဆန်းစေသည်။ တကယ်တော့ သူ့လန်းဆန်းမှုကို ကိုလာမယှဉ်နိုင်။
အခြေအနေအားလုံးထဲတွင် အဓိကအကျဆုံးမှာ ရှင်းကျန့်တယ်ကိုလာက ကင်ဆာဖြစ်စေသောဓာတ်များပါဝင်သည်ဟုတွေ့ရှိထားသည်။ သူတို့ဒေသခံနှင့်နိုင်ငံရပ်ခြားဖောက်သည်များကိုတောင် ခွဲခြားဆက်ဆံကြသေးသည်။ ရှင်းကျန့်တယ်တွင် ကင်ဆာဖြစ်စေသောဓာတ်များမပါသလောက်ဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံထဲတွင်စစ်ဆေးတိုင်း ကင်ဆာဖြစ်စေသောဓာတ်များမြင့်တက်နေသည်။
ဒီအချက်ကိုအဓိကထားပြီး ကိုလာသီးမှာ အန္တရာယ်ကင်းသည့်အပြင် ဗိုက်တာမင်ဓာတ်များပါဝင်သည်ဟုကြော်ငြာနိုင်သည်။
အဖက်ဖက်မှာအားကောင်းနေပြီး ကျယ်ပြန့်ရင်ကျယ်ပြန့်သလို ဒီကိုလာကုမ္ပဏီနှစ်ခုကိုအပြီးသတ်နိုင်လိမ့်မည်။
ရုတ်တရက်ဆိုသလို ရန်လင်းတို့ကအချင်းချင်းကြည့်လိုက်ကြသည်။
ဒါ သူတို့အပိုင်း။
အဲဒီနောက် အားလုံးကစမ်းသပ်ကြည့်ချင်လာကြသည်။ ဘာပဲဖြစ်ဖြစ် နှစ်တိုင်းကိုလာကုမ္ပဏီနှစ်ခုက ကြောက်စရာကောင်းသောငွေပမာဏကိုဖန်တီးနိုင်သည်။ ကင်ဆာဖြစ်စေသောဓာတ်များကြောင့် ကိုလာမသောက်ချင်တော့ရင်တောင် US ဒေါ်လာဘီလီယံ ၁၅ သန်းကျော်သေးသည်။
ကင်ဆာဖြစ်စေတဲ့ဓာတ်တွေမပါရင် စိတ်ချလက်ချသောက်နိုင်သည်။ ကိုလာမှာအအေးခံသောက်ရင် နာမည်ကြီးနေဆဲဖြစ်၍ US ဒေါ်လာဘီလီယံ ၂၀ အထိရောက်နိုင်သည်။
ကိုလာသီးက ကိုလာကိုလုံးဝအစားထိုးနိုင်သည်။
ကိုလာကုမ္ပဏီသူဌေးတစ်ယောက်က မျှော်လင့်တကြီးနှင့်မေးသည်_
"ဥက္ကဌချင်... ချင်းလင်ဓာတ်ခွဲခန်းက ကိုလာသီးပေးမယ်ပြောနေတာလား?''
ချင်လင်ကခေါင်းညိမ့်ပြီး_
"အမှန်ပါပဲ... လက်လီလုပ်ပိုင်ခွင့်ပေးနေတာပါ... ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းက လိုင်စင်ကြေးအနေနဲ့ အကျိုးအမြတ်ရဲ့ရာခိုင်နှုန်းတချို့ပဲကောက်ခံပါမယ်... ကိုလာရဲ့စျေးကွက်ကြီးနဲ့ယှဉ်မယ်ဆိုရင် လိုင်စင်ကြေးကမပြောပလောက်ပါဘူး''
ကောင်းကင်စံအိမ်ကိုလာပိုင်ရှင်ကနားထောင်ရင်း အလောတကြီးမေးသည်_
"ဥက္ကဌချင်... ကိုလာသီးရဲ့ကုန်ကျစရိတ်ကို သိပါရစေ?''
ချင်လင်ကရှင်းပြသည်_
"ပါမောက္ခလီခိုင်ရဲ့အချက်အလက်နဲ့ ဥက္ကဌရှန်တို့ရဲ့ဘတ်ဂျက်အရ ကိုလာကုန်ကျစရိတ်က LEGO နဲ့သိပ်မကွာလောက်ပါဘူး... အဓိကက ကိုလာကုမ္ပဏီနှစ်ခုကိုသက်ရောက်မှုရှိပြီဆိုတာနဲ့ လူတိုင်းကိုလာထုတ်နိုင်ပြီ... အရည်အသွေးကို အရင်ကိုလာနှစ်မျိုးထက်ပိုကောင်းအောင် ရောစပ်နိုင်တယ်''
နောက်ဆုံးအချက်က နည်းနည်းမရိုးဘူးပေါ့။
သို့သော် ရှင်းကျန့်တယ်ကိုလာကုမ္ပဏီနှစ်ခုကိုလုံးဝဖယ်ရှားနိုင်ရင် သူဘာမှမပြောရင်တောင် ဒီလူတွေကဒီလိုပူးပေါင်းကြမည်မှန်း သူလည်းသေချာသိသည်။
ဒါ စီးပွားရေးသမားရဲ့သဘာဝ။
ဒီလိုဆိုမှတော့ အခုထုတ်ပြောထားရင် ဆွဲဆောင်မှုကြီးကြီးဖြစ်လာမည်။ နောက်ပြီး တန်ဖိုးချင်းအတူတူ ကိုလာကုမ္ပဏီနှစ်ခုထက်ပိုကောင်းတဲ့ဖျော်ရည်ထုတ်နိုင်ရင် လူတွေလုံးဝနစ်နာစရာမရှိပေ။
ရန်လင်းတို့က ကိုလာသီးစျေးကွက်ကြီးကိုမြင်ပြီဖြစ်၍ ချင်လင်၏ပူးပေါင်းရေးအဆိုကို စိတ်အားထက်သန်နေကြသည်။ လုံးဝကန့်ကွက်စရာမရှိ။
မကြာမီ ချင်လင်က သက်ဆိုင်ရာပူးပေါင်းစာချုပ်နှင့်လျော်ကြေးကြီးသောလျှို့ဝှက်သဘောတူညီချက်ကို ထိုဖျော်ရည်ကုမ္ပဏီသူဌေးများနှင့်လက်မှတ်ထိုးသည်။
ရှင်းကျန့်တယ်ကိုလာကုမ္ပဏီနှစ်ခုကိုဓားထုတ်မပြခင် အားလုံးလျှို့ဝှက်ထားရမည်။
မျိုးစေ့များကိုမူ ပျိုးထောင်ပြီးမှ ချင်းလင်ဓာတ်ခွဲခန်းကဖြည့်ဆည်းပေးမည်။
ဒီမတိုင်ခင် ဖျော်ရည်ကုမ္ပဏီများက မြေနေရာရွေးပြီး ကနဦးဖွံ့ဖြိုးအောင်လုပ်ထားနိုင်သည်။
ဒါအချိန်တိုအတွင်းပြီးနိုင်သည်မဟုတ်။ ပြီးရင်တောင် နောက်နှစ်မှရမည်။ အဲဒီနောက် သူတို့အတွက် မျိုးစေ့များကိုအသုတ်ခွဲပျိုးထောင်ပေးနိုင်သည်။
ပူးပေါင်းမှုဆွေးနွေးပြီးနောက် ချင်လင်က Lazda အား ရန်လင်းတို့အတွက်အကြီးအကဲစားပွဲပြင်ခိုင်းသည်။
ရန်လင်းလည်း အကြီးအကဲစားပွဲကိုပထမဆုံးစားဖူးခြင်းပင်။ အင်တာနက်မှာနာမည်ကြီးသလို တကယ်စားကောင်းသည်ဟုဝန်ခံရပေမည်။
အထူးသဖြင့် ဥက္ကဌချင်ပေးသောဝိုင်အားလုံးကောင်းသည်။ အားလုံးက သက်တမ်းရင့်ဘရန်းဝိုင်များဖြစ်သည်။ ကမ္ဘာပေါ်မှာဒီလိုဝိုင်မျိုးအရမ်းရှားပြီး လူအတော်များများပိုက်ဆံရှိရင်တောင်မဝယ်နိုင်ဟုဆိုရမည်။
ပိုက်ဆံနှင့်မဝယ်နိုင်သောလူထဲတွင် သူလည်းပါသည်။
ဒီလိုသက်တမ်းရင့်ဝိုင်မျိုးကို လူချမ်းသာအသိုင်းအဝိုင်းတွင်ကျင်လည်သူများသာဝယ်နိုင်သည်ဟုပြောရမည်။ ထိုလူများမှာချမ်းသာပြီး ဝိုင်စုဆောင်းတတ်သောကြောင့် ဝိုင်လုပ်ငန်းတွင်နာမည်ကြီးသည်။
သူမတတ်နိုင်။
သို့ရာတွင် ဥက္ကဌချင်က ဒီလိုသက်တမ်းရင့်ဝိုင်များနှင့်သူတို့ကိုဧည့်ခံမည်ဟုမထင်မိပေ။ ဒီတစ်နပ်စာအတွက်ဝိုင်နှင့်တင် ကြွားလောက်သည်။
ထိုတစ်နပ်စာကို ရှန်လီကဧည့်ခံရင်းတန်းလန်း_
"အားလုံးပဲ... ပြန်ရောက်ရင် ဒီကိစ္စကိုလျှို့ဝှက်ထားကြပါ''
ရန်လင်းတို့ကထောက်ခံသည်_
"ဥက္ကဌရှန်... ဥက္ကဌချင်ကိုစိတ်မပူဖို့ပြောပေးပါ... ကျုပ်တို့သေချာပေါက် သူ့အစီအစဉ်အတိုင်းပူးပေါင်းမှာပါ''
"အမှန်ပဲ... ရှေ့လျှောက် ဥက္ကဌချင်ကအရှေ့လို့ပြောရင် အရှေ့ကိုပဲသွားမှာပါ''
"ဥက္ကဌချင်စကားအတိုင်းပါပဲ!''
“……”
ထိုအချိန် ရန်လင်းတို့ပြောသောစကားတွင် လေးစားသံပါသည်။
သူတို့ဥက္ကဌချင်ကို တကယ်လေးစားသည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းကကိုလာသီးကိုအိတ်စိုက်မြှင့်တင်ပြီးအချိန်ယူရင် အကျိုးအမြတ်ကိုလက်ဝါးကြီးအုပ်နိုင်မှန်း သူတို့ကောင်းကောင်းသိသည်။
ဥက္ကဌချင်ရဲ့အစီအစဉ်က အကျိုးအမြတ်ကိုအဓိကမထားမှန်းသေချာသည်။ ရှင်းကျန့်တယ်ကိုလာကုမ္ပဏီနှစ်ခုကိုပစ်မှတ်ထားပြီး ဒီနောက်ကွယ်မှာ ထူးခြားတဲ့အဓိပ္ပါယ်ရှိပုံရသည်။
သို့ရာတွင် ဒီလိုလူမျိုးကိုသူတို့လေးစားကြောင်းဝန်ခံရမည်။ နောက်ပြီး ဒီအစီအစဉ်အတွက်အကျိုးခံစားခွင့်ရှိသူက သူတို့ပင်။
ဥက္ကဌချင်ရဲ့အစီအစဉ်အောင်မြင်ပြီး ရှင်းကျန့်တယ်ကိုလာကုမ္ပဏီနှစ်ခုမှာသက်ရောက်မှုရှိရင် ဥက္ကဌချင်ရဲ့အသုံးစရိတ်ကို လူတိုင်းလန့်သွားမှာသေချာသည်။
အဲဒီအချိန်ကျရင် ချင်းလင်ဓာတ်ခွဲခန်းရဲ့ဂုဏ်သတင်းက အတော်မြင့်သွားလိမ့်မည်။
ဥက္ကဌချင်ကတော့ ဥက္ကဌချင်ပါပဲ။