← Chapters

ဒါလား ကိစ္စလေး? ခေါင်းဆောင်ရဲ့အဆိုပြုချက်!

Vol. 48 Ch. 707

ဒါလား ကိစ္စလေး? ခေါင်းဆောင်ရဲ့အဆိုပြုချက်!

Vol. 48 Ch. 707

နောက်ရက်များတွင် ချင်လင်က ဖျော်ရည်ကုမ္ပဏီများနှင့်ပူးပေါင်းရေးကို ရှန်လီဆီလွှဲပေးလိုက်ပြီး လက်လွတ်ခွက်ချွတ်မန်နေဂျာဖြစ်သွားပြန်သည်။

အချိန်ကုန်လွန်ပြီး မျက်စိတမှိတ်အတွင်း ဒီဇင်ဘာလဝက်ရောက်သွားသည်။

ချင်းလင်စံအိမ်စိုက်ခင်းထဲ၌_

ချင်လင်နှင့်လီခိုင်က အသစ်ဖွံ့ဖြိုးအောင်လုပ်ထားသောအကွက်ထဲရောက်နေကြသည်။

"ညီလေးချင်''

လီခိုင်က ငုတ်တုတ်ထိုင်လေ့လာရင်းပြောသည်_

"ဒီမျိုးစေ့တစ်သုတ်က အများကြီးထုတ်ဖို့လုံလောက်တယ်... ဒီရက်ပိုင်းအတွင်း ဒုတိယအသုတ်ရိတ်သိမ်းရင် မင်းနောက်တစ်သုတ်စိုက်ဖို့သုံးလို့ရတယ်''

"အင်း''

ချင်လင်က ယွီရွှေ့မျိုးစေ့ချနေသည်ကိုကြည့်နေသည်။

ဒါတွေက အရည်အသွေး ၁ ခရမ်းချဉ်မျိုးစေ့တွေ။

မျိုးစေ့စိုက်ပြီးနောက် စမ်းသပ်စိုက်ခင်းထဲမှခရမ်းချဉ်မျိုးစေ့များကိုရိတ်သိမ်းသည်။ ခရမ်းချဉ်သီးတစ်လုံးတွင် မျိုးစေ့များစွာပါသောကြောင့် အရည်အသွေး ၁ ခရမ်းချဉ်တစ်ပင်မှာ မျိုးစေ့အများကြီးရသည်။

ပြီးတော့ မျိုးစေ့တစ်စေ့စိုက်ပြီး နောက်ထပ်မျိုးစေ့များထပ်ရနိုင်သည်။

ယွီရွှေ့ ဒီခရမ်းချဉ်တစ်သုတ်မျိုးစေ့များသိမ်းပြီး နောက်သုံးလအကြာတွင် ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ပူးပေါင်းထားသောခရမ်းချဉ်စိုက်ခင်း၌ အရည်အသွေး ၁ ခရမ်းချဉ်များကိုအသုတ်ခွဲစိုက်နိုင်သည်။

ခရမ်းချဉ်မျိုးစေ့များမှာ တစ်သုတ်စိုက်ပြီးကုန်မသွား။ ခရမ်းချဉ်မျိုးစေ့ထပ်ဖြစ်သောကြောင့် ဆက်လက်စိုက်ပျိုးနိုင်သည်။

ထို့ကြောင့် ချင်လုံ၏စိုက်ခင်းထဲတွင် မျိုးစေ့အသစ်များချရန်စီစဉ်ထားသည်။

အရင်ဆုံး ခရမ်းချဉ်တစ်သုတ်ရိတ်သိမ်းပြီး ချင်းလင်အစားအသောက်ကုမ္ပဏီတွင် အရည်အသွေး ၁ ခရမ်းချဉ်ဆော့လုပ်ရန်ဖြည့်ဆည်းပေးမည်။

ချင်လင်တွေးတောနေစဉ် ဖုန်းမြည်လာသည်။ ချင်လုံပင်။ သူကချက်ချင်းဖုန်းကိုင်လိုက်သည်_

"အစ်ကိုလုံ ရောက်နေပြီလား? ဟုတ်ပြီ... ကျွန်တော်အခုလာခဲ့မယ်''

ချင်လင်က ချင်းလင်စံအိမ်ရုံးခန်းဘက်သွားလိုက်ရာ သူ့အမေကချင်လုံအားဧည့်ခံနေသည်ကိုတွေ့ရသည်။



စံအိမ်တွင် သူ့အမေလုပ်ရသောအလုပ်က အလွန်သက်သောင့်သက်သာရှိ၍ ရွာမှအသိမိတ်ဆွေများလာသောအခါ သူမကိုယ်တိုင်တရင်းတနှီးကြိုဆိုနိုင်သည်။

တစ်ခါတရံ ချင်တရှန်းနှင့်ချင်ရွှေ့ကန်းတို့ဇနီးများကို စံအိမ်အလည်ခေါ်ပြီးဧည့်ခံနိုင်သည်။

အရင် သူတို့မိသားစုက သူမကိုကူညီခဲ့ဖူးသည်။ အခု သူ့သားကနာမည်တစ်လုံးရနေပြီဖြစ်၍ အဆက်အသွယ်ပိုလုပ်ရမည်။ အမျိုးသမီးချင်း မကြာခဏတွေ့ပေးသင့်သည်။

ချင်လုံဘေးတွင် လီကျားဝမ်၏အခင်ဆုံးသူငယ်ချင်း၊ လက်ရှိချင်လုံ၏ကောင်မလေးရှန်ရှန်ပါလာသည်။

လင်းဖန်က ရှန်ရှန်လက်ကိုကိုင်ပြီး ချီးကျူးသည်_

"တလုံ... မင်းကောင်မလေးက လှလိုက်တာကွယ်... ကြည့်ရုံနဲ့တင် ချစ်စရာကောင်းလိုက်တာ... ဒီတစ်ခါ မင်းအမြင်ရှိတယ်''

ချီးကျူးစကားကြောင့် ရှန်ရှန်နည်းနည်းရှက်သွားသည်။

သို့ရာတွင် သူမကောင်လေးရွာမှလူကြီးများချီးကျူးလျှင် အမြဲဝမ်းသာမိသည်။

ခဏအကြာ ချင်လင်လည်းရောက်လာသည်။

ချင်လုံကချက်ချင်းတည်သွားပြီး ချင်လင်ကိုလေးလေးစားစားနှုတ်ဆက်လိုက်သည်။

သူတို့နှစ်ဦးမှာ တစ်ရွာတည်းသားဖြစ်ပြီး မိသားစုချင်းဆက်ဆံရေးကောင်းသော်လည်း အခုအသက်မွေးဝမ်းကျောင်းအတွက် ချင်လင်ကိုအားကိုးနေရပြီ။ ချင်လင်ရဲ့အကူအညီကြောင့် သူ့စိုက်ခင်းတွေပေါများခဲ့သည်။ ရုံချန်းလိုနေရာတွင် သူဌေးချင်ဖြစ်လာသည်။

မိဘမျက်နှာကြောင့်၊ တစ်ရွာတည်းသားမလို့၊ ဆက်ဆံရေးကြောင့်မလို့ဟူ၍ ဒီအတိုင်းသဘောမထားလိုက်နိုင်။

လင်နှင့်မယားကြားတောင် အလကားမယူသင့်သောအချိန်များရှိသည်။ မဟုတ်ရင် အနှေးနှင့်အမြန်ကွာရှင်းရလိမ့်မည်။

ထို့ကြောင့် မှန်ကန်သောသဘောထားကိုပြရမည်။

ချင်လင်လည်း သူတို့နှစ်ဦးကိုနှုတ်ဆက်လိုက်သည်။ ချင်လုံ၏လေးစားသမှုကို သူခံစားမိသည်။

သူလည်းမတတ်နိုင်၍ နည်းနည်းလက်လျှော့ထားသည်။



အခု ချင်ရန်တောင် သူ့အပေါ်ဒီလိုသဘောထားမျိုးဖြစ်နေပြီ။

သူတို့အဆင့်အတန်းချင်းကွာဟလာလေလေ ဒါတွေကမလွဲမသွေဖြစ်လာလိမ့်မည်။ သူလုံးဝဂရုမစိုက်ရင်တောင် ဘာမှမတတ်နိုင်ချေ။

"ရှောင်လင်... ချင်လုံနဲ့ရှန်ရှန်ကိုဧည့်ခံလိုက်ဦး... ငါဝမ်ချိုင်နဲ့ရှောင်ရွှယ်ကို လမ်းလျှောက်ခေါ်သွားဦးမယ်''

လင်းဖန်က ချင်လင်ကိုမြင်လျှင်ပြောလိုက်သည်။

ချင်လင်လည်း ချင်လုံနှင့်ရှန်ရှန်ကို စံအိမ်လိုက်ပြသည်။

ချင်လင်ကအကြောင်းရှိ၍ခေါ်ခြင်းဖြစ်မည်ဟု ချင်လုံကသိသည်။ သူကလမ်းလျှောက်ရင်း မေးလိုက်သည်_

"ချင်လင်... ဘာကိစ္စလဲ?''

ချင်လင်ကခေါင်းညိမ့်ပြီး_

"အစ်ကိုလုံ... ဒီမှာခရမ်းချဉ်မျိုးအသစ်ရှိတယ်... အရင်ဆုံး အစ်ကို့စိုက်ခင်းမှာတစ်သုတ်စိုက်စေချင်တယ်... နောက်မှ မျိုးစေ့ပို့ခိုင်းလိုက်မယ်''

ချင်လုံကချက်ချင်းခေါင်းညိမ့်ပြီး_

"အင်း... မျိုးစေ့ရောက်ရင် ချက်ချင်းစိုက်ခိုင်းလိုက်မယ်''

ချင်လင်စကားကို ချင်လုံလည်းအလေးအနက်ထားသည်။ ချင်လင်ကဒီအကြောင်းပြောဖို့သက်သက်ခေါ်မှန်း သူသိသည်။ ဒီခရမ်းချဉ်မျိုးအသစ်က အလွန်အရေးကြီးလိမ့်မည်။

သူအလေးအနက်ထားရမည်။

သူတို့စကားပြောနေစဉ် ချင်လင်ဆီရုတ်တရက် ဝန်ကြီးလုဖုန်းဝင်လာသည်။

ချင်းလင်အပန်းဖြေစံအိမ်အပြင်ဘက်_

တစ်ချိန်တည်းတွင် ကားတစ်စီးလာထိုးရပ်သည်။ ဝန်ကြီးလုကဖုန်းပြောရင်း ကားပေါ်မှဆင်းလာသည်_

"သူဌေးချင်... ငါအရင်ဆုံး အပန်းဖြေစံအိမ်ထဲလူခေါ်ထားမယ်... မင်းကိစ္စပြီးမှပြန်လာလို့ရတယ်''

ကားထဲမှ နောက်ထပ်လူကြီးနှစ်ယောက်ဆင်းလာသည်။ တစ်ယောက်က တစ်ခေါင်းလုံးဖြူဖွေးနေပြီး နောက်တစ်ယောက်က ထိပ်ပြောင်နေသည်။

ဝန်ကြီးလုကဖုန်းချပြီး လူကြီးနှစ်ဦးအား_

"တော်ဝင်ပညာရှင်တို့... အရင်ဆုံး အထဲဝင်ရအောင်!''

ထိုတော်ဝင်ပညာရှင်နှစ်ဦးကို ချင်းလင်အပန်းဖြေစံအိမ်တွင်အားဖြည့်ဖို့စီစဉ်ထားသည်။ သူ့ကိုအရင်လာရှာသောနှစ်ဦးပင်။

စည်းမျဉ်းအရ တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကပြန်သွားရမည်။

သို့ရာတွင် တော်ဝင်ပညာရှင်လီ၏အခြေအနေကထူးခြားပြီး ပါမောက္ခရန်က ချင်းလင်ဓာတ်ခွဲခန်းမှအားဖြည့်ဆေးကိုအာရုံစိုက်ပေးနေရသောကြောင့် အချိန်ပိုင်းအလုပ်အဖြစ်ယူဆ၍ သူတို့နှစ်ဦးလုံးဆက်နေရလိမ့်သည်။

ထို့ကြောင့် တော်ဝင်ပညာရှင်သုံးဦးနှင့်တော်ဝင်ပညာရှင်လောင်းတစ်ဦး ချင်းလင်အပန်းဖြေစံအိမ်တွင်အားဖြည့်ကြမည်။

"ဒီက လေ တကယ်ကောင်းတာပဲ''

"ရှုခင်းရော... တော်ဝင်ပညာရှင်လီက တို့ကိုမညာဘူး''

တော်ဝင်ပညာရှင်နှစ်ဦးက အပန်းဖြေစံအိမ်ထဲဝင်ဝင်ချင်း စကားစပြောကြသည်။

သူတို့နှစ်ဦးမှာ တော်ဝင်ပညာရှင်လီနှင့်မိတ်ဆွေကောင်းများဖြစ်၍ တော်ဝင်ပညာရှင်လီထံမှ ချင်းလင်အပန်းဖြေစံအိမ်အကြောင်းကြားဖူးသည်။

အခုရောက်လာတော့ တော်ဝင်ပညာရှင်လီပြောတာမှန်ကြောင်းသိရသည်။

ဝန်ကြီးလုက တော်ဝင်ပညာရှင်နှစ်ဦးကို အပန်း​ဖြေစံအိမ်ဧည့်ခန်းထဲလမ်းပြသည်။

ခဏအကြာ ချင်လင်လည်းရောက်လာပြီး ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်နှစ်ဦးကိုတွေ့ဆုံသည်။

ဝန်ကြီးလုက တော်ဝင်ပညာရှင်နှစ်ဦးနှင့်ချင်လင်ကိုမိတ်ဆက်ပေးသည်။ တစ်​ဦးက တော်ဝင်ပညာရှင်လင်းဖြစ်ပြီး နောက်တစ်ယောက်က တော်ဝင်ပညာရှင်ဟောင်ဖြစ်သည်။

သူတို့နှစ်ဦးလုံးက တော်ဝင်ပညာရှင်လီနှင့်တစ်ဖွဲ့တည်းဖြစ်ပြီး လက်နက်နှင့်ဆက်စပ်သောသုတေသနတွင်ပါဝင်ကြသည်။

နောက်ပြီး တော်ဝင်ပညာရှင်ဟောင်က ထိုနှစ်ဦး၏လက်နက်သုတေသနထဲတွင်လည်းဝင်ပါထားသည်။

ချင်လင်မှာ ဒီလိုစီနီယာများကိုအလွန်လေးစားသည်ဖြစ်၍ သူကိုယ်တိုင်စာရင်းသွင်းပေးပြီး တော်ဝင်ပညာရှင်နှစ်ဦးအတွက်စီစဉ်ပေးသည်။

ဧည့်ခံရေးအတွက် တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကတာဝန်ယူသည်။

"သူဌေးချင်... ခေါင်းဆောင်က မင်းဆီမှာလိုက်တာရှိတယ်''

ဝန်ကြီးလုက ချင်လင်ကိုပြောသည်။

ချင်လင်ကခေါင်းညိမ့်ပြီး ဝန်ကြီးလုကိုသူ့ရုံးခန်းထဲခေါ်လိုက်သည်။

……



All Chapters