← Chapters

အားဖြည့်ဆေးရည်ကိုပွဲထုတ်! ၂

Vol. 48 Ch. 709

အားဖြည့်ဆေးရည်ကိုပွဲထုတ်! ၂

Vol. 48 Ch. 709

အားလုံး ဝန်ထမ်းများအတွက်ဖြည့်ဆည်းပေးထားခြင်းဖြစ်သည်။

နိုင်ငံတကာမြို့ကြီးမှာတောင် ချင်းလင်ဓာတ်ခွဲခန်းအရွယ်အစားကကြီးသည်။

ရုံချန်းနေရာအသစ်ပြီးလျှင် ချင်းလင်ဓာတ်ခွဲခန်းကိုရုံချန်းနှင့်ဆက်မည်။ နောက်ပိုင်း လမ်းသွားလမ်းလာများက ဒီနေရာကိုခပ်လှမ်းလှမ်းမှမြင်ရလိမ့်မည်။ ရုံချန်းတွင် အထင်ကရအဆောက်အဦးတစ်ခုဖြစ်လာနိုင်သည်။

ချင်လင်က ဝန်ကြီးလုကိုအပြင်အားကစားရုံခေါ်သွားသည်။

အရင်ကနေရာမရှိသောကြာင့် စမ်းသပ်ရန် ရုံချန်းအားကစားရုံကိုငှားရသည်။

အခုချင်းလင်ဓာတ်ခွဲခန်းနားတွင် အပြင်အားကစားရုံအသင့်ရှိပြီဖြစ်၍ ဓာတ်ခွဲခန်းထဲတွင်ချက်ချင်းစမ်းသပ်နိုင်သည်။

ချင်လင်နှင့်ဝန်ကြီးလုရောက်လာချိန်တွင် အားကစားသမားတာဝန်ခံဒါရိုက်တာရန်က ပါမောက္ခရန်နှင့်အချက်အလက်များကြည့်နေသည်။

သူတို့နှစ်ဦးကိုတွေ့သောအခါ ဒါရိုက်တာရန်ကချက်ချင်းနှုတ်ဆက်သည်_

"ဝန်ကြီးလု... သူဌေးချင်!''

ပါမောက္ခရန်လည်းခေါင်းထောင်ပြီး သူတို့နှစ်ဦးကိုနှုတ်ဆက်သည်။ ထို့နောက် ခေါင်းပြန်ငုံ့၍ အချက်အလက်ဆက်ကြည့်သည်။

"ပါမောက္ခရန်... စမ်းသပ်ချက်ဘယ်လိုလဲ?''

ဝန်ကြီးလုကမေးသည်။

ပါမောက္ခရန်ကရှင်းပြသည်_

"စုယဲ့ကလွဲပြီး ကျန်တဲ့စမ်းသပ်ချက်တွေပြီးသွားပြီ... ဒီအားကစားသမားတွေက နေ့တိုင်း လေ့ကျင့်ခန်းကို အပြင်းအထန်ကြာရှည်လုပ်လာတာ... အားဖြည့်ဆေးရည်အကူအညီနဲ့ သူတို့ရဲ့ရလဒ်တွေတိုးတက်မှုကအရမ်းမြန်တယ်... အားလုံးလိုလို သူတို့သက်ဆိုင်ရာပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံရှစ်ဝင်ပြိုင်နိုင်စွမ်းရှိကြတယ်''

"စစ်သားတွေလည်း တိုးတက်တာအရမ်းမြန်တယ်... ဒါပေမဲ့ သူတို့က အားကစားသမားနဲ့မတူဘူး''

"သူတို့ရဲ့လေ့ကျင့်ရေးအရ အားကစားသမားတွေက စစ်သားတွေထက်ပိုပြီးကျွမ်းကျင်တယ်''

"ဒါပေမဲ့ ခြုံငုံကြည့်ရင်တော့ စစ်သားတွေက အားကစားသမားတွေထက်သာတယ်''



"ပြောရရင်တော့ တစ်ဖက်က ပြိုင်ပွဲအတွက်... တစ်ဖက်က တိုက်ပွဲအတွက်''

ပါမောက္ခရန်ဆိုလိုတာ ဝန်ကြီးလုသဘောပေါက်ပြီ။

အားကစားလေ့ကျင့်ရေးက သီးသန့်အထူးပြုဖြစ်ပြီး တိုးတက်မှု၊သာလွန်မှုကလည်း ထိုအချက်နှင့်ဆက်စပ်သည်။

စစ်သားများက အားလုံးလေ့ကျင့်ရပြီး အစုံသုတ်လေ့ကျင့်ရေးဖြစ်၍ ခြုံငုံအဆင့်တိုးတက်သည်။

ဥပမာ မီတာ ၁၀၀ တာတိုပြေးပွဲပြိုင်ရင် စစ်သားတွေက စုယဲ့ကိုလုံးဝမီမည်မဟုတ်။ သို့သော် ခွန်အား၊ သည်းခံနိုင်မှု၊ လက်ဝှေ့၊ ထိုင်ထ၊ ဒါမှမဟုတ် အဝေးပြေးကဲ့သို့ တခြားရှုထောင့်များပြိုင်ရင် စုယဲ့က စစ်သားများကိုရှုံးမှာသေချာသည်။

စစ်သားတွေက ဒီအပိုင်းမှာသာလွန်ရင် အထူးတပ်ဖွဲ့လေ့ကျင့်ဖို့အများကြီးပိုလွယ်သွားမည်။ မူလက အထူးတပ်ဖွဲ့ဝင်ဖြစ်ရန်အခွင့်အရေးရှိသူများမှာ အား​ဖြည့်ဆေးရည်အကူအညီကြောင့် အဆင့်မြင့်အထူးတပ်ဖွဲ့ဝင်များ၊စစ်ဘုရင်များဖြစ်လာလိမ့်မည်။

ဒီမှာပြောတဲ့စစ်ဘုရင်ဆိုတာ သေရွာပြန်၊ ကျည်ဆန်လွဲ၊ ဒါမှမဟုတ် လူပေါင်းထောင်ချီကို ကိုယ်တိုင်အနိုင်ယူခဲ့တဲ့စစ်ဘုရင်မျိုးမဟုတ်။ သမားရိုးကျအမြင်အရ စစ်ဘုရင်မျိုးဖြစ်သည်။

ဒီနည်းနှင့်လေ့ကျင့်ပေးထားသောအဖွဲ့က မည်သည့် Seal၊ Alpha၊ Delta ဒါမှမဟုတ် Sasu အဖွဲ့ကိုမဆို အနိုင်ယူနိုင်သည်။

ဒီလိုအဖွဲ့မျိုးကိုချေမှုန်းချင်ရင် နေရာအနှံ့တရစပ်ဗုံးကျဲမှသာရမည်။

သူတို့စကားပြောနေစဉ် စုယဲ့ကပြေးလမ်းဝင်ပြီး ပြင်ဆင်နေလေပြီ။

တခြားသူများက စမ်းသပ်ပြီးနောက် လေ့ကျင့်ရေးပြန်ဆင်းကြသည်။ စုယဲ့မှာ ဒီနေ့ ရွှေမာယာတာတိုပြေးပွဲကိုအထူးစမ်းသပ်ရမည်။

နောက်ပြီး သူအကြိမ်ကြိမ်စမ်းသပ်ရမည်။

ဘာပဲဖြစ်ဖြစ် အားဖြည့်ဆေးရည်သောက်ထားသောအားကစားသမားကို ပထမဆုံးအကြိမ်ပွဲထုတ်ရတော့မည်ဖြစ်ခြင်းကြောင့်ပင်။

ပါမောက္ခရန်ကဆက်ပြောသည်_

"စုယဲ့က မီတာ ၁၀၀ တာတိုပြေးဖို့အရည်အချင်းရှိတယ်... သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ပြေးအားက လူအများစုထက်သာတယ်... အဲဒါကြောင့် အားကစားသမားတွေထဲမှာ သူကအမြန်ဆုံး အထင်ရှားဆုံးပဲ''



ဒိုင်လူကြီးလည်း စုယဲ့ဆီလျှောက်လာပြီး အသင့်ပြင်ခိုင်းသည်။

ထို့ကြောင့် ချင်လင်နှင့်ပါမောက္ခရန်က စုယဲ့ကိုအာရုံစိုက်လိိုက်သည်။

စုယဲ့လည်း အတော်လေးစိတ်လှုပ်ရှားနေသည်။

ချင်းလင်ဓာတ်ခွဲခန်းတွင်လေ့ကျင့်ဖို့ရွေးချယ်ခံရစဉ်က လေ့ကျင့်ရေးလက်ရွေးစင်ကာလသာရှိသေးသည်။ နိုင်ငံတကာပြိုင်ပွဲတောင်မဝင်ရသေး။

ဒါပေမဲ့ အခု ရွှေဂန္တဝင်များတွင် ဝင်ပြိုင်ရတော့မည်။

အားကစားလောကတစ်ခုလုံးတွင် ဒီပွဲက အိုလံပစ်ကစားပွဲ၊ အာဆီယံပွဲ၊ ကမ္ဘာ့ချန်ပီယံရှစ်ပွဲလောက်မကောင်းသော်လည်း မီတာ ၁၀၀ အပြေးသက်သက်တွင် လုံးဝခမ်းနားသောပွဲဖြစ်သည်။

ဒီပြိုင်ပွဲတွင် နိုင်ငံထဲကဘယ်သူမှ တရားဝင်ဝင်မပြိုင်ခဲ့ဖူးပေ။

သူက ပထမဆုံးဖြစ်သည်။

သူ့ယှဉ်ပြိုင်မှုက ဘာကိုကိုယ်စားပြုလဲ သူလည်းသိသည်။

ခဏအကြာ အသင့်ပြင်၊ အချက်ပြ၊ စပြေးပြီး အရှိန်တင်သည်။

စုယဲ့က အရှိန်ပြင်းပြင်းနှင့်ပြိုင်ကားလို တဟုန်ထိုးပြေးသည်။

ကြည့်ရတာ ဒီလိုဖိအားနှင့်အပြင်းအထန်ပြေးခြင်းကြောင့် သူ့ခန္ဓာကိုယ်က နောက်တစ်ဆင့်ရောက်သွားပုံရသည်။

ဒီနေ့လည်း အားဖြည့်ဆေးရည်ကိုသောက်ခဲ့သည်။



စုယဲ့ခြေထောက်က အရိပ်လိုလှုပ်ရှားနေသည်။ အချိန်တိုအတွင်း သူ့ပုံရိပ်ကလွှားခနဲ အဆုံးမျဉ်းကိုဖြတ်သွားသည်။

ထိုအချိန်တွင် အားလုံးအကြည့်က အဆုံးမျဉ်းရှိအချိန်မှတ်စက်ပေါ်ရောက်သွားသည်။

အချိန်မှတ်စက်မှာ အိုလံပစ်ကစားပွဲအဆင့်အတန်းနှင့်ထပ်ထူကျလုနီးပါး အဆင့်အမြင့်ဆုံးဖြစ်သည်။

၉.၇၁ စက္ကန့်!

အချိန်မှတ်စက်ပေါ်တွင် ဩချလောက်စရာနံပါတ်ပေါ်လာသည်။

ထိုအရှိန်ကြောင့် ဒါရိုက်တာရန်ပါးစပ်အဟောင်းသားဖြစ်သွားပြီး_

"အရင်စမ်းသပ်ချက်ထက် ၀.၀၂ စက္ကန့်မြန်တယ်''

၀.၀၂ စက္ကန့်မှာ အလွန်သေးငယ်သောနံပါတ်ဖြစ်သော်လည်း ကန့်သတ်ချက်ရောက်နေသူအဖို့ ၀.၀၁ စက္ကန့်တိုးဖို့တောင်ခက်သည်။

၁၀ စက္ကန့်ပြေးနိုင်သူက ၉.၉၉ စက္ကန့်နှင့်ပြေးဖို့မခက်ပါလော?

အခု စုယဲ့က နောက်တစ်ဆင့်တက်သွားပြီ။

ပြီးတော့ ဒီရလဒ်က ဘာကိုကိုယ်စားပြုလဲ?

မီတာ ၁၀၀ တာတိုပြေးပွဲကမ္ဘာ့စံချိန်က ၉.၇၂ စက္ကန့်။

စုယဲ့ရလဒ်က ကမ္ဘာ့နောက်ဆုံးမီတာ ၁၀၀ တာတိုစံချိန်တွင် စတုတ္ထဖြစ်သည်။

ပါမောက္ခရန်က_

"အခုပဲ လေဟုန်ခွင်းသွားပြန်ပြီ... လေအရမ်းပြင်းတယ်... မင်းတို့အားကစားပြိုင်ပွဲစည်းမျဉ်းအတိုင်းဆို ရမှတ်ထပ်ပေါင်းရမယ်မလား?''

ထိုစကားကြောင့် ဒါရိုက်တာရန်ကြောင်သွားသည်။

ဒါက ၀.၀၂ စက္ကန့်။

စုယဲ့အချိန်က ၉.၆၉ စက္ကန့်။

ဒီတော့ ကမ္ဘာ့မီတာ ၁၀၀ တာတိုစံချိန်မှာ ဒုတိယပေါ့။

အရင်မီတာ ၁၀၀ တာတိုအိုလံပစ်ချန်ပီယံရဲ့အချိန်က ၉.၈၀ စက္ကန့်။

တစ်နည်းဆိုသော် စုယဲ့အခုဝင်ပြိုင်ရင် သူ့ရလဒ်က အားလုံးကိုကျော်တက်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာလိမ့်မည်။



All Chapters