← Chapters

လူပျံ! ဆေးသုံးတာဖြစ်မယ်! ၃

Vol. 48 Ch. 713

လူပျံ! ဆေးသုံးတာဖြစ်မယ်! ၃

Vol. 48 Ch. 713

ပုံမှန်အတိုင်းဆို အုပ်စုပြိုင်ပွဲမှာအားကုန်သုံးလေ့မရှိ။ အဆင့်တက်ဖို့လိုအပ်မှသာ အင်အားသုံးသည်။ သို့ရာတွင် စုယဲ့ကြောင့် ၉.၈၀ စက္ကန့်အတွင်းအားကုန်သုံးလိုက်သည်။ ဟိုလူဝါကောင်ကို သူမရှုံးချင်။ မီတာ ၁၀၀ ပြေးလမ်းက လူမည်းတွေရဲ့အပိုင်။

သို့သော် အရင်လူဖြူအတိုင်းပင်။ Andrea degraz သုတ်ခြေတင်ပြီးနောက် စုယဲ့ကသူ့ကိုကျော်တက်ပြီး သူ့ရှေ့ရောက်လာသဖြင့် သူအံ့ဩသွားသည်။ အတတ်နိုင်ဆုံးလိုက်မီအောင်ကြိုးစားသော်လည်း မမီချေ။

စုယဲ့က ဦးဆောင်သွားပြန်သည်။

ထိုမြင်ကွင်းကြောင့် အားလုံးအံ့အားသင့်သွားသည်။

တရုတ်ပြည်_

ကစားပွဲ live ကိုကြည့်နေသူတိုင်း တင်ဆက်သူ၏အော်သံကိုကြားရသည်။

"စုယဲ့.. စုယဲ့.. ဦးဆောင်သွားပြန်ပြီ... ကမ္ဘာ့ချန်ပီယံရှစ်လောင်းတစ်ဦး Andrea degraz ကိုကျော်တက်သွားပြီ... Richard!''

ထိုအသံကြောင့် ပရိသတ်များသွေးဆူသွားသည်။

ပေကျင်း_

ဝန်ကြီးလုနှင့်ခေါင်းဆောင်တချို့က Live ကိုကြည့်ရင်းပြုံးနေသည်။

မဆိုး။

ဝန်ကြီးလုက ခေါင်းဆောင်များကိုပြုံးပြုံးနှင့်အစီရင်ခံသည်_

"ခေါင်းဆောင်တို့... ဒါအားဖြည့်ဆေးရည်ရဲ့အစွမ်းပါ... ပြီးတော့ ဒါကန့်သတ်ချက်မဟုတ်သေးဘူး... ဒီ Andrea degraz က ကမ္ဘာ့ချန်ပီယံ... အခု စုယဲ့က အားဖြည့်ဆေးရည်အစွမ်းနဲ့ သူ့ကိုအသာလေးကျော်တက်သွားပြီ... နောက်ကျရင် အားကစားသမားတစ်စုရွေးပြီး အသုံးချလို့ရပြီ''

ထိုစကားကြောင့် ခေါင်းဆောင်များက ကျေကျေနပ်နပ်ခေါင်းညိမ့်လိုက်ကြသည်။

အားဖြည့်ဆေးရည်ကြောင့် သူတို့ကစားသမားတွေက မီတာ ၁၀၀ မှာ ပြိုင်ဘက်ကိုအသာလေးအနိုင်ယူနိုင်ရင် တခြားအားကစားတွေလည်း ချန်ပီယံရှစ်ရဖို့လုံးဝမခက်တော့။

အမျိုးသားဘောလုံးအသင်းဆိုရင်တောင် ဒီအားဖြည့်ဆေးရည်နဲ့ ကမ္ဘာ့ဖလားရနိုင်လောက်တယ်မလား?

အားကစားပြိုင်ပွဲကလည်း အင်အားပြရာရောက်သောပွဲပင်။



TV တွင်_

စုယဲ့က အဆုံးမျဉ်းဖြတ်သွားသည်။

အချိန်မှတ်စက်တွင် အချိန်ပေါ်လာသောအခါ အားလုံးပါးစပ်အဟောင်းသားဖြစ်သွားသည်။ Andrea degraz တောင်မယုံနိုင်။

စုယဲ့ - ၉.၇၆ စက္ကန့်!

သူ့ပြိုင်ဘက်က ၉.၈၀ စက္ကန့်။

၉.၈၀ စက္ကန့်က လူမည်းများမကျော်နိုင်သောအတားအဆီးပင်။ ဒါကြောင့် နောက်ဆုံးအိုလံပစ်ကစားပွဲချန်ပီယံက ၉.၈၀ စက္ကန့်သာရှိသည်။

အခု အသားဝါကောင်က ၉.၈၀ စက္ကန့်ကိုကျော်သွားပြီ။

သူ့ပြိုင်ဘက်ကို တကယ်ရှုံးပြီပေါ့။

ပတ်ပတ်လည်က ကနေဒါလူမျိုးများမှာ မယုံနိုင်ကြ။

Andrea degraz ချန်ပီယံဖြစ်ဖို့မျှော်လင့်နေသော်လည်း အခု Andrea degraz က အုပ်စုအဆင့်မှာ အသားဝါကောင်ကိုရှူံးသွားပြီတဲ့။

"မဖြစ်နိုင်တာ... သူကအာရှသားလေ... ဘယ်လိုလုပ်ပြီး ဒီလိုအမှတ်ရတာလဲ?''

ပြိုင်ပွဲတာဝန်ခံ Will က အမှတ်မြင်ပြီး မတ်တပ်ထရပ်လိုက်သည်။ ရလဒ်ကို သူလုံးဝမယုံနိုင်ဘဲ သူ့လက်ထောက်ကိုမေးလိုက်သည်_

"လှည့်စားတာဖြစ်မယ်... သူဖျော်ရည်သောက်လား?''

လက်ထောက်ကခေါင်းခါပြီး_

"ဟင့်အင်း... ကျွန်တော်တို့စစ်ဆေးပြီးပြီ... အဲလိုဖျော်ရည်မျိုးမယူလာဘူး... ဘယ်သူမှဖျော်ရည်လာမပေးနိုင်အောင် သူတို့ကိုစောင့်ကြည့်ထားတာ''

Will မျက်နှာက ချက်ချင်းစိတ်လှုပ်ရှားပုံပေါက်လာပြီး_

"လှည့်စားတာဖြစ်ရမယ်... သူ့ကိုဆေးစစ်ဖို့လုပ်ပါ... ဒီတစ်ခါဖျော်ရည်မပါဘူးဆိုတော့ ဆေးသုံးတာဖြစ်မယ်''

သို့ရာတွင် စုယဲ့လက်သီးတင်းတင်းဆုပ်လိုက်သည်ကို ဘယ်သူမှသတိမထားမိ။ ကမ္ဘာ့ချန်ပီယံ Andrea degraz ကိုရင်ဆိုင်ပြီး သူနည်းနည်းစိတ်လှုပ်ရှားနေသည်။ သူသေချာမပြေးခဲ့သလို ဒါအကောင်းဆုံးရလဒ်မဟုတ်သေး။

စုယဲ့က အနားယူနေရာပြန်လာစဉ် ဒါရိုက်တာရန်ကချက်ချင်းမေးသည်_

"စုယဲ့... ဘယ်လိုနေလဲ?''

"စောစောက ကျွန်တော်သေချာမပြေးခဲ့ဘူး''

စုယဲ့ကပြုံးပြုံးနှင့်ပြောသည်_

"နောက်တစ်ခါပြေးရင် ၉.၇၀ စက္ကန့်နဲ့ပြေးမယ်''



"မင်းယုံကြည်ချက်ရှိတာကောင်းတယ်''

ဒါရိုက်တာရန်ကပြုံးပြီးပြောလိုက်သည်။

ထိုအချိန်တွင် Will က ဆေးဝါးအဖွဲ့မှလူတချို့နှင့်ရောက်လာသည်။

"လူကြီးမင်းစုယဲ့... စိတ်မကောင်းပါဘူး''

Will က စုယဲ့ကိုမြင်မြင်ချင်းပြောသည်_

"မင်းဆေးသုံးတယ်လို့ သံသယရှိတယ်... ဆေးစစ်ဖို့ပူးပေါင်းပေးပါ''

"ထင်တဲ့အတိုင်း... ဒီအကွက်ပဲ''

ဒါရိုက်တာရန်မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူမပြင်ဆင်ထားတာမဟုတ်။ တစ်ဖက်လူကိုဘာမဆိုလုပ်ခွင့်မပေးနိုင်။

စုယဲ့က ဒါရိုက်တာရန်ကိုကြည့်လိုက်သည်။

ဒါရိုက်တာရန်ကခေါင်းညိမ့်ပြပြီး Will နောက်သို့ စုယဲ့နှင့်လိုက်သွားသည်။

ထိုမြင်ကွင်းကို အားလုံးမြင်သွားသည်။

"ထင်တဲ့အတိုင်း လှည့်စားတာပဲ!''

Andrea degraz က ချက်ချင်းသူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။

ပရိသတ်များကမြင်ပြီး ဘူးမှုတ်လိုက်ကြသည်။

Andrea degraz က အာရှသားကိုမရှူံးမှန်းသိသားပဲ။ လှည့်စားခံရတာ။

…

အချိန်ကုန်လွန်သွားသည်။

ဆေးစစ်ချက်မထွက်သေးသော်လည်း အကြိုဗိုလ်လုပွဲဆက်ပြိုင်နေသည်။

ဒီတစ်ကြိမ်အကြိုဗိုလ်လုပွဲတွင် အုပ်စုနှစ်စုရှိပြီး လူ ၁၂ ယောက်ဝင်ပြိုင်မည်။

စုယဲ့က အုပ်စု A တွင်ပါပြီး ပထမဆုံးစင်ပေါ်ရောက်နှင့်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကနေဒါ၏ကမ္ဘာ့ချန်ပီယံ Andrea degraz နှင့်တွဲကျသည်။



Andrea degraz လည်း မထင်မိ။ အရင်တစ်ခါရထားသောရလဒ်ကိုတွေးမိပြီး မသတီသလိုလုပ်ပြန်သည်_

"ကြည့်ရတာ လုံးဝစိတ်လှုပ်ရှားပုံမရဘူး... လှည့်စားပြီးရတဲ့အမှတ်ကိုထည့်မတွက်ဘူး''

တစ်ဖက်လူက ဒီလိုအမှတ်မျိုးရအောင်ပြေးနိုင်တာ သူမယုံ။ သူလည်းမလုပ်နိုင်သောကြောင့်ပင်။

ဒါပေမဲ့ သူကလူမည်း၊ ကွင်းပြင်ကိုအုပ်စိုးတဲ့လူမျိုး။

ဒိုင်လူကြီးအချက်ပြ၍ စုယဲ့၊ Andrea degraz နှင့်တခြားပြိုင်ပွဲဝင်များ အသင့်ပြင်လိုက်သည်။ သို့သော် ထိုခဏတွင် ရုတ်တရက်အော်သံထွက်လာသည်။

"မလှည့်စားရ!''

"မလှည့်စားရ!''

"မလှည့်စားရ!''

“……”

စုယဲ့ရမှတ်ကိုမယုံသော ကနေဒါသားများပင်။ ရှင်းကျန့်တယ်နှင့်မဟာမိတ်ဖြစ်ပြီးနောက် သစ္စာခံခွေးများဖြစ်နေကြသည်။ လေဒီမုန့်နှင့်​ဖြစ်ရပ်က အကောင်းဆုံးသက်သေဖြစ်သည်။

စုယဲ့ကဆေးသုံးပြီးလှည့်စားသည်ဟု အခိုင်အမာယုံကြည်ထားကြသည်။

ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံကလှည့်စားတဲ့နိုင်ငံကြီး ။ ဖျော်ရည်နဲ့လှည့်စားတဲ့သတင်းက တစ်ကမ္ဘာလုံးပြန့်နေပြီ။

အဲဒီနည်းကို ဒီအသားဝါကောင်မှာသုံးပြီး ဗီဇပြချင်နေတာ။

သို့ရာတွင် ထိုအော်သံများက စုယဲ့ဒေါသကိုနှိုးဆွလိုက်သလိုပင်။ သူ့ဒေါသကြောင့် သူ့ခန္ဓာကိုယ်ထဲမှဆဲလ်များအားလုံးဆူပွက်ပြီး အကောင်းဆုံးပြိုင်ဆိုင်လိုစိတ်ဖြစ်လာသည်။

ထို့ကြောင့် သေနတ်ဖောက်သံကြားသောခဏတွင် အားလုံးအံ့အားသင့်ကုန်သည်။

စုယဲ့ကအရိပ်လိုဖြစ်သွားပြီး ဒုန်းစိုင်းပြေးနေသည်။ ပြီးပြည့်စုံသောပြေးပွဲပင်။

အစကတည်းက ထိုအရှိန်ကြောင့် Andrea degraz အံ့ဩသွားသည်။ သူ့ဟန်ချက်ပျက်ပြီး ဟပ်ထိုးလဲမတတ်ပင်။

အသားဝါကောင်က မြန်လိုက်တာ။

အားလုံးကြောင်ကြည့်နေစဉ် စုယဲ့ကအားလုံးနှင့်အကွာကြီးကွာပြီး အဆုံးမျဉ်းဖြတ်သွားသည်။

၉.၆၉ စက္ကန့်!

ရလဒ်ထွက်လာသောအခါ Andrea degraz အံ့ဩပြီး မျက်လုံးပြူးသွားသည်။

ကမ္ဘာ့ဒုတိယစံချိန်!

အကောင်းဆုံးစံချိန်က လူပျံ Bolt ရဲ့ ၉.၅၈ စက္ကန့်သာရှိတော့သည်။

ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ လူပျံအသစ်ရှိလာလေပြီ။

"မဖြစ်နိုင်တာ!''

ပြိုင်ပွဲတာဝန်ခံ Will က ရလဒ်မြင်ပြီး အော်လိုက်သည်_

"မြန်မြန်... ဆေးစစ်ချက်ထွက်ပြီလား မေးစမ်း... သူ့ရလဒ်က စံချိန်ကျော်နေပြီ... ဆေးစစ်ချက်ထွက်လာရင် ဒီလှည့်စားတဲ့အကျိုးဆက်ကိုခံရမယ်မှတ်''



All Chapters