← Chapters

ဘာလို့ပြဿနာမရှိ?

Vol. 48 Ch. 714

ဘာလို့ပြဿနာမရှိ?

Vol. 48 Ch. 714

အသားဝါကောင်က ၉.၆၉ စက္ကန့်နဲ့ပြေးနိုင်တယ်ဆိုတာ Will မယုံ။

ဒီရလဒ်က ဘာကိုကိုယ်စားပြုလဲ?

မီတာ ၁၀၀ တာတိုပြေးပွဲမှာ ကမ္ဘာ့ဒုတိယစံချိန်ပင်။ လူပျံ Bolt ခေတ်နောက်ပိုင်း ကမ္ဘာ့ပထမဖြစ်သည်။

အာရှသားက မီတာ ၁၀၀ မှာ အနောက်တိုင်းသားကိုကျော်သွားပြီ။ ဒါမီတာ ၁၀၀ သမိုင်းမှာ လုံးဝမရှိခဲ့ဖူး။

ဖြစ်လည်းမဖြစ်နိုင်။

သူ့ဘေးမှလက်ထောက်ကဖုန်းဆက်ပြီးပြောသည်_

"မစ္စတာ Will... ဆေးစစ်ချက်ထွက်ပါပြီ''

"မြန်မြန်... စမ်းသပ်ချက်ပို့''

Will ကအလောတကြီးပြောပြီး အားကစားရုံထဲမှယာယီရုံးခန်းထဲသွားလိုက်သည်။

တရုတ်ပြည်_

၉.၆၉ စက္ကန့်အချိန်ထွက်ပြီး အင်တာနက်တွင်ပွက်လောရိုက်သွားသည်။

နောက်ဆုံးအိုလံပစ်ချန်ပီယံက ၉.၈၀ စက္ကန့်သာရှိမှန်းသိပြီးနောက် ၉.၆၉ စက္ကန့်က ဘာအဓိပ္ပါယ်လဲ လူတိုင်းသိသည်။

နိုင်ငံထဲက နောက်ထပ်လူပျံထွက်လာပြီ။ နောက်ပြီး မီတာ ၁၀၀ တသမတ်ပြေးရသည်။ ဒါလူပျံထက်တောင်ပိုတန်ဖိုးရှိသေးသည်။

အလွန်အားတက်စရာ!

တာတိုပြေးပွဲတွင် တရုတ်လူမျိုးတစ်ယောက်မှ ရွှေတံဆိပ်မရဖူးသော်လည်း ရှေ့လျှောက်ပြောင်းလဲသွားပြီ။



"ငါ့ကောင်မလေးကမေးတယ်... ဘာလို့ရုတ်တရက်ကြီးဒူးထောက်တာလဲတဲ့... နတ်ဘုရားထွက်လာတာမြင်လို့လို့ပြောလိုက်တာ... သူက ငါဂေါက်သွားပြီတဲ့''

"ငါသိတယ်... အမျိုးသားဘောလုံးကလွဲရင် ဘယ်အားကစားမဆို ထူးထူးခြားခြားဖြစ်နိုင်တယ်''

"ငါတို့အားကစားသမားက မီတာ ၁၀၀ ပြေးပွဲမှာတောင် ဒီလိုရလဒ်ထွက်သေးတာ... အမျိုးသားဘောလုံးအသင်းကိုယုံကြည်ပေးလိုက်ပါ''

“…”

…

Will ကယာယီရုံးခန်းရောက်ပြီးမကြာမီ ဆေးစစ်ချက်ရောက်လာသည်။

စမ်းသပ်ချက်ကို Will ကချက်ချင်းဖွင့်ဖတ်လိုက်သည်။

"မစ္စတာ Will... ဘယ်လိုလဲ? ဆေးသုံးထားလား? သူ့ကိုအခု ပြိုင်ပွဲကထုတ်ခိုင်းလိုက်မယ်''

လက်ထောက်ကမေးပြီး ထွက်သွားဖို့ပြင်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

Will ကရုတ်တရက်ရေရွတ်သည်_

"ဆေးမတွေ့ရင် ဘယ်လိုလုပ်လှည့်စားတာဖြစ်မလဲ?''

လက်ထောက်က လမ်းတဝက်တွင်ရပ်ပြီး မယုံနိုင်ပုံနှင့်_

"မလှည့်စားဘူးလား?''

သူတို့နှစ်ယောက်သား မယုံနိုင်ကြ။

တရားမဝင်တာမတွေ့ရင် သူပြေးတာတကယ်မြန်လို့ပေါ့။

သူ့အရွယ်နဲ့ဆို နောက်ဆယ်စုနှစ်တွေမှာ မီတာ ၁၀၀ ပြေးပွဲကို သူလွှမ်းမိုးထားမယ်ဆိုတဲ့အဓိပ္ပါယ်မလား?

"မစ္စတာ Will... ဘာလို့သူ့ကိုမဖျက်ဆီးတာလဲ?''

လက်ထောက်က အသံတိုးတိုးနှင့်အကြံပြုသည်။



ဘာပဲ​ဖြစ်ဖြစ် ဒီလိုလုပ်တာပထမဆုံးမဟုတ်။ အရင်က ဆေးစစ်ချက်သုံးပြီး သူတို့ပြိုင်ဘက်ကမ္ဘာ့ချန်ပီယံရှစ်တစ်ဦးကိုဖျက်ဆီးခဲ့ဖူးသည်။

Will ကနည်းနည်းစိတ်လှုပ်ရှားသွားသည်။ သို့သော် ချက်ချင်းခေါင်းခါလိုက်ပြီး_

"ငါတို့ကိုလည်း စောင့်ကြည့်နေကြတာ... အဲဒီနိုင်ငံရဲ့ဒေါသကို ငါတို့မထိန်းနိုင်ဘူး''

သူ့စကားကြောင့် လက်ထောက်အံ့ဩသွားသည်။

အမှန်ပင်။ သူတို့စိတ်မချမ်းသာသော်လည်း အကျိုးဆက်ကို သူတို့မခံနိုင်။

"ဒါဆို ဘယ်လိုလုပ်ကြမလဲ?''

လက်ထောက်ကမေးပြန်သည်။

Will ကမျက်မှောင်ကြုတ်လိုက်ပြီး_

"သူတို့ကိုစမ်းသပ်ချက်ပို့လိုက်... ဒါပေမဲ့ ငါတို့တိတ်တိတ်နေမယ်... ရလဒ်ကိုမကြေညာဘူး''

လက်ထောက်က ချက်ချင်းသဘောပေါက်သည်။

ပုံမှန်အတိုင်းဆို ဆေးစစ်ချက်ထွက်လာရင် ကစားသမားနာမည်ရှင်းအောင် ချက်ချင်းကြေညာပြီး မျှမျှတတဖြစ်စေသည်။

သို့သော် တစ်ခါတရံ တရားမျှတမှုက ဆွေမျိုးတော်သည်။

သူတို့အခုမကြေညာရင် အပြင်လူတွေက ဆေးသုံးသည်ဟုဆက်ထင်ကြလိမ့်မည်။ တစ်ဖက်လူမှာဆေးစစ်ချက်ရှိရင်တောင် သူတို့ဝန်မခံမချင်း ရွံရှာမဆုံးဖြစ်နေလိမ့်မည်။

တစ်ဖက်လူကိုမဖြေရှင်းနိုင်ရင် ရွံရှာအောင်လုပ်ရုံသာ။ ဒါကလည်း သူတို့လုပ်နေကျနည်းလမ်းပင်။

လက်ထောက်ကထွက်လာပြီး ဆေးစစ်ချက်ကိုဒါရိုက်တာရန်တို့ဆီပေးခိုင်းလိုက်သည်။

သို့ရာတွင် ဒါရိုက်တာရန်က ဆေးစစ်ချက်ရပြီး မျက်နှာပျက်သွားသည်။

ကစားသမားအပြစ်ကင်းကြောင်း ဆေးစစ်ချက်ကိုကြေညာပြီးမှ သူ့ဆီပို့ရမည်မှန်း သူသိသည်။

အခုတော့ ဘာမှမကြေညာဘဲ ဆေးစစ်ချက်ကိုတန်းပို့လာသည်။ သူတို့ဘာတွေအကြံထုတ်နေလဲ အားလုံးအသိ။

သို့ရာတွင် ဒီလိုရွံ့မုန်းစရာမျိုးအကြိမ်ကြိမ်ကြုံခဲ့ပြီးဖြစ်၍ ခံနိုင်ရည်ရှိနေပြီ။

ဘာပဲဖြစ်ဖြစ် ဂျွမ်းဘားပြိုင်ပွဲမှာ ပစိဖိတ်သမုဒ္ဒရာဖြတ်ရတာလောက် ရွံ့မုန်းစရာမကောင်းဘူးမလား?

"ဟမ့်... နောက်အာရှဖလား.. နောက်အိုလံပစ်ပွဲကျရင် အရှေ့တိုင်းရဲ့အင်အားကိုသိစေရမယ်''

ဒါရိုက်တာရန်က စိတ်ထဲမထား။ အားဖြည့်ဆေးရည်အကြောင်း သူသိသည်။

ဒီတစ်ခေါက် စုယဲ့ပြန်ပြီးရင် အားကစားသမားတွေကိုအုပ်စုဖွဲ့ပြီး အားဖြည့်ဆေးရည်ပေးမည်။ နောက်နှစ်နိုင်ငံတကာပြိုင်ပွဲက အရမ်းစိတ်လှုပ်ရှားစရာကောင်းလိမ့်မည်။

ထို့နောက် ဒါရိုက်တာရန်လည်း အားကစားချန်နယ်မှတစ်ယောက်ကိုဖုန်းဆက်ပြီး ဆေးစစ်ချက်ကိုထုတ်လွှင့်ခိုင်းသည်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းကလူတွေကို စုယဲ့မလှည့်စားကြောင်းအသိပေးရမည်။

ဆေးစစ်ချက်ကိုတရုတ်ပြန်ပို့သောအခါ ပြည်သူတွေလုံးဝစိတ်လှုပ်ရှားကုန်သည်။

အချိန်တိုအတွင်း အင်တာနက်တစ်ခုလုံးတွင် စုယဲ့၏ ၉.၆၉ စက္ကန့်နှင့်ဗီဒီယိုများဖုံးလွှမ်းသွားသည်။

အမျိုးသားဘောလုံးအသင်း၏အားလပ်ချိန်လေ့ကျင့်ရေးပိတ်သိမ်းသောသတင်းနှင့်စာလျှင် ဒီသတင်းက အားလုံးမြင်လိုကြားလိုသောသတင်းပင်။

ထို့ကြောင့် ရွှေမာယာမီတာ ၁၀၀ တာတိုပြေးပွဲအတွင်း အားကစားချန်နယ်တွင် live ကြည့်သူများလျှံထွက်နေသည်။

အချိန်တိုအတွင်း အားကစားချန်နယ်ကြည့်သူက အရေအတွက်အတော်တက်သွားသည်။

စုယဲ့လည်း စိတ်မပျက်။ ရွှေမာယာတာတိုပြိုင်ပွဲဗိုလ်လုပွဲတွင် ၉.၆၉ စက္ကန့်နှင့် ချန်ပီယံရှစ်ရခဲ့ပြန်သည်။

…

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကပြိုင်ပွဲရလဒ်ကြည့်ပြီး ပြုံးနေသည်။ အားဖြည့်ဆေးရည်က ထင်ထားတဲ့အတိုင်း။ အားကစားသမားတွေကိုအုပ်စုဖွဲ့ပေးပြီး စစ်တပ်ထဲမှာကျယ်ကျယ်ပြန့်ပြန့်အသုံးချရင် အကြီးအကျယ်ပြောင်းလဲလာလိမ့်မည်ဟု သူယုံကြည်ထားသည်။

ဒါ သူမြင်ချင်နေတဲ့အရာ။

"ဒီအားဖြည့်ဆေးရည်က တကယ်စွမ်းတာပဲ''

တော်ဝင်ပညာရှင်လီအံ့ဩနေသည်။

တခြားတော်ဝင်ပညာရှင်နှစ်ဦးလည်း ခေါင်းညိမ့်လိုက်သည်။ ပြိုင်ပွဲမကြည့်ခင် မီတာ ၁၀၀ တာတိုပြေးပွဲအကြောင်းသိထားသည်။ ၉.၆၉ စက္ကန့်က ဘာအဓိပ္ပါယ်လဲ သူတို့သိသည်။



All Chapters