ဘာလို့ပြဿနာမရှိ? ၂
Vol. 48 Ch. 715
ဒိလိုရလဒ်မျိုးရနိုင်တဲ့တစ်ယောက်သောသူက လူမည်း။ ဆယ်စုနှစ်ချီပေါ်ခဲတဲ့လူမည်းဖြစ်သည်။
အလွန်ကြောက်စရာကောင်းသောအာနိသင်ဖြစ်ပြီး ကန့်သတ်ချက်မရောက်သေးပေ။
ပါမောက္ခရန်ကပြုံးပြီး_
"တကယ်အံ့ဩစရာပဲ... ဒါပေမဲ့ လက်ရှိအားဖြည့်ဆေးရည်က ကန့်သတ်ချက်များလွန်းတယ်... အပြင်းအထန် ၅ နာရီလေ့ကျင့်ရတယ်... စစ်သားတွေနဲ့အားကစားသမားတွေပဲလုပ်နိုင်တာ... တချို့အားကစားသမားတွေတောင် ဆေးရည်သုံးဖို့လိုအပ်ချက်မပြည့်ဘူး''
"အဲဒါကြောင့် အားဖြည့်ဆေးရည်ပါဝင်ပစ္စည်းတွေကိုဓာတ်ခွဲပြီး ကန့်သတ်ချက်အဲလောက်မများတဲ့ ရိုးရိုးရှင်းရှင်း ဒါမှမဟုတ် သာမန်ပုံစံလုပ်ကြည့်မယ်... အာနိသင်လျော့သွားလည်းရတယ်''
ပါမောက္ခရန်ဖုန်းမြည်လာသည်။
နံပါတ်ကိုကြည့်ပြီး သူကချက်ချင်းဖုန်းကိုင်လိုက်သည်_
"ကောင်းပါပြီ... နားလည်ပါပြီ... ဟုတ်ကဲ့''
ဖုန်းချပြီးနောက် ပါမောက္ခရန်ကသက်ပြင်းချပြီး_
"တော်ဝင်ပညာရှင်တို့... ကြည့်ရတာ ဒီမှာခင်ဗျားတို့နဲ့အတူ အားမဖြည့်နိုင်တော့ဘူး... အထက်လူတွေက ပြန်ခေါ်နေပြီ... အားဖြည့်ဆေးရည်ရဲ့နောက်ထပ်သုတေသနအစီအစဉ်လုပ်ရမယ်''
"အားကစားသမားနဲ့စစ်သားတွေက ကျွန်တော်တို့နဲ့အတူပြန်ရမယ်... ပြီးရင် စမ်းသပ်မှုကို သီးသန့်နေရာမှာ လျှို့ဝှက်လုပ်ဆောင်မယ်''
တော်ဝင်ပညာရှင်လီတို့က ခေါင်းညိမ့်လိုက်သည်။
ဒါလည်း လိုအပ်သည်။
စုယဲ့ရလဒ်ကိုလုံးဝစိတ်ဝင်စားပြီး တချို့က အားဖြည့်ဆေးရည်ကိုတောင်သတိထားမိသည်။
ထို့ကြောင့် နောက်ဆက်တွဲစမ်းသပ်ချက်များက သူဌေးချင်အတွက် ဒုက္ခများနိုင်သည်။
နောက်ပြီး နောက်စမ်းသပ်ချက်များကို လျှို့ဝှက်ထားရမည့်အဆင့်က အရမ်းမြင့်သည်။
ပါမောက္ခရန်က ချင်လင်ကိုထပ်ကြည့်ပြီး သက်ပြင်းချဟန်ဆောင်ကာ_
"သူဌေးချင်... ငါသွားရတော့မယ်... ရှေ့လျှောက် မင်းလက်ရာစားဖို့အခွင့်အရေးတွေအများကြီးမရမှာစိုးတယ်''
ချင်လင်ကချက်ချင်းသဘောပေါက်သည်။ သူကပြုံးပြီး_
"ကျွန်တော်ပြင်ဆင်ထားလိုက်မယ်... စုယဲ့အတွက်အောင်ပွဲခံဖို့ နေ့လယ်စာချက်ပြီး ပါမောက္ခရန်ကိုနှုတ်ဆက်မယ်''
သူ့စကားကြောင့် စီနီယာကြီး ၄ ယောက်ရယ်လိုက်သည်။
သူတို့ကအစားကြီးသူမဟုတ်သော်လည်း သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်ကြောင့် အစားတလိုင်းဖြစ်လာသည်။
နောက်နေ့တွင် ပါမောက္ခရန်ကနှုတ်ဆက်ထွက်ခွာသွားသည်။
ချင်းလင်ဓာတ်ခွဲခန်းမှအားကစားသမား၊စစ်သားများလည်း ထွက်သွားသည်။

အဲဒီနောက် အားဖြည့်ဆေးရည်နှင့်ပတ်သက်သောသုတေသနမှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သွားသည်။
တစ်ချိန်တည်းတွင် ဝန်ကြီးလုက အားဖြည့်ဆေးရည်တစ်သုတ်ပြင်ဆင်ပြီး အားကစားဌာနနှင့်သီးသန့်ကုမ္ပဏီကိုဖြည့်ဆည်းပေးထားသည်။
ချင်လင်က အထက်ကိုအားဖြည့်ဆေးရည်ပေးဖို့ဆုံးဖြတ်ပြီးနောက် လူများနှင့်ဆေးရည်ပြင်ဆင်သည်။
ထို့နောက် အားဖြည့်ဆေးရည်ကို အုပ်စုလိုက်စတင်စမ်းသပ်သည်။
အားကစားသမားများကို အားဆေးဟုဆိုပြီး နေ့စဉ်သောက်ခိုင်းသည်။
စုယဲ့တို့ကိုလည်း လျှို့ဝှက်ခိုင်းထားသည်။
စုယဲ့ကပြန်ရောက်လာပြီးနောက် သူရဲကောင်းဖြစ်လာသည်။ နောက်ရက်များတွင် နေ့တိုင်းလိုလို သူ့ဗီဒီယိုများကိုတွေ့နေရသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်သစ်ရောက်လာသည်။
နောက်တစ်နှစ်ကုန်သွားပြန်ပြီ။
ညပိုင်း_
ချင်လင်က အစားအသောက်လမ်းထဲတွင် ကျောက်မိုချင်းနှင့်လျှောက်သွားနေသည်။ လူသိသွားမှာစိုး၍ နှာခေါင်းစီးတပ်ပြီးဦးထုပ်ဆောင်းထားသည်။
ဘာပဲဖြစ်ဖြစ် အင်တာနက်ဆယ်လီရှောင်ချင်နဲ့ရှောင်ကျောက်မဟုတ်လား။ သူတို့ကိုမှတ်မိသွားရင် ဝိုင်းအုံနေလိမ့်မည်။
အတော်ဆိုးသောအခြေအနေပင်။ အပြင်ထွက်ရင်တောင် လွတ်လွတ်လပ်လပ်မရှိတော့။
"ချင်လင်... ဒီနှစ်ဘာလို့စိန်လက်စွပ်ပေးတာလဲ?''
ကျောက်မိုချင်းက သူမလက်ချောင်းမှစိန်လက်စွပ်ကိုကြည့်ပြီး ပြုံးရွှင်နေသည်။ ဒီနေ့နှစ်သစ်ကူးနေ့ကိုထွင်းထားပြီး သူမနှင့်ချင်လင်နာမည်လည်းပါသည်။ သူမအတွက် ချင်လင်၏နှစ်သစ်လက်ဆောင်ပင်။
သူမက စိန်လက်စွပ်ကို ဘယ်ဘက်လက်သူကြွယ်မှာစွပ်ထားသည်။
ဒါ မင်္ဂလာလက်စွပ်ဝတ်ရမယ့်နေရာ။
ဒီစိန်လက်စွပ်က မင်္ဂလာလက်စွပ်မဟုတ်သော်လည်း သူမကအိမ်ထောင်ရှင်မှန်းသိအောင်ဝတ်ထားရမည်။
သူမစိတ်ထဲတွင် အိမ်ထောင်ကျပြီးနောက် တစ်ကိုယ်တည်းသမားလိုလက်စွပ်မဝတ်ပါက သူမယောက်ျားအပေါ်မလေးစားရာကျမည်။
လက်စွပ်ကိုကြိုက်သလိုဝတ်နိုင်သည်ဟုဆိုသော်လည်း ဘယ်လိုဝတ်ရင် ဘာအဓိပ္ပါယ်ဆိုတာ သိထားရမည်။ တစ်ခါတရံ လွတ်လပ်မှုနဲ့မဆိုင်။
ဘာပဲဖြစ်ဖြစ် အမျိုးသားတစ်ယောက်တွေ့သွားရင် တစ်ကိုယ်တည်းသမားဟုအထင်မှားနိုင်သည်။
ဒီလိုအမျိုးသမီးကဘယ်လိုတွေးမှန်းမသိသော်လည်း သူမယောက်ျားအပေါ်မလေးစားသောအပြုအမူပင်။

ချင်လင်ကရှင်းပြသည်_
"စိတ်တိုင်းကျအပ်ထားတာ... နာမည်နဲ့နေ့စွဲထည့်ထားတယ်... လက်မှတ်မပါရင် သိပ်တန်ဖိုးမရှိဘူး''
ကျောက်မိုချင်းကထေ့သည်_
"ရှင့်ဆီကလက်ဆောင်ဆိုသဘောကျတာပဲ... တန်ဖိုးရှိရှိမရှိရှိ ဂရုမစိုက်ပေါင်''
ချင်လင်က ကျောက်မိုချင်းလက်ကိုဆွဲပြီး အစားအသောက်လမ်းထဲလျှောက်သွားသည်။ သူနှင့်ကျောက်မိုချင်းက အပြင်ထွက်ခဲသည်။
အစားအသောက်လမ်းမှာ ရုံချန်း၏ထူးခြားသောလမ်းတစ်လမ်းဖြစ်လာလေပြီ။ ချင်းလင်စံအိမ်လာသောခရီးသည်များက ဒီကိုလာလည်ပြီး ရုံချန်းအစားအစာများစားကြသည်။
ချန်လီဂရုတစိုက်လုပ်ထားသောကြောင့် လက်ရာကောင်းသောစားဖွယ်အားလုံးတွေ့ခဲ့သည်။ ရုံချန်းရုံး၏ကြီးကြပ်ညွှန်ကြားမှုအောက်တွင် အစားအသောက်လမ်းမှစားကောင်းသောက်ဖွယ်မှာအလွန်ကောင်းပြီး ခရီးသည်များအကြားနာမည်ကောင်းရခဲ့သည်။
အစားအသောက်လမ်းကြောင့် ဆိုင်ရှင်များလည်းဝင်ငွေရွှင်သည်။ အိမ်ဝယ်၊ကားဝယ်နိုင်လာသည်။ ထို့ကြောင့် အားလုံးက ငွေပင်ပျက်စီးမည်စိုး၍ လက်ရာပိုကောင်းအောင်အားထုတ်ကြသည်။
စိတ်ကောင်းမရှိသူများမှာ အဆုံးသတ်မကောင်း။ သေချာမစဉ်းစားဘဲလုပ်ငန်းစသော ဆုံးရှူံးသူတချို့ရှိပြီး တခြားသူများဝင်လာကြသည်။
အခု သေချာမတွေးတောခဲ့သူများ နောင်တအကြီးအကျယ်ရနေကုန်ပြီ။
အစားအသောက်လမ်းပေါ်တွင် မီတာ ၁၀၀ ချန်ပီယံရှစ်ဟူသော စုယဲ့၏ဂုဏ်ပြုစာတန်းကိုတွေ့နိုင်သည်။
မီတာ ၁၀၀ ချန်ပီယံရှစ်ရခြင်းက တရုတ်ပြည်အတွက် လုံးဝထူးခြားသည်။
ချင်လင်က ကျောက်မိုချင်းလက်ကိုတွဲပြီး အစားအသောက်လမ်းပေါ်ရှိအကြီးဆုံးသုံးထပ်အဆောက်အဦးရှေ့တွင်ရပ်လိုက်သည်။
ထိုဆိုင်နာမည်က 'ချင်စားသောက်ဆိုင်'!
အစားအသောက်လမ်းထဲတွင် နာမည်အကြီးဆုံးစားသောက်ဆိုင်လည်းဖြစ်သည်။ လက်ရာကောင်းသည့်အပြင် ဆိုင်မျက်နှာစာကကျယ်ကျယ်ဝန်းဝန်းနှင့် ပတ်ဝန်းကျင်လည်းအရမ်းကောင်းသည်။
ချင်လင်က ကျောက်မိုချင်းကို ချင်မိသားစုစားသောက်ဆိုင်ထဲခေါ်လာပြီး တတိယထပ်သီးသန့်ခန်းဆီတန်းသွားလိုက်သည်။
ထိုချင်စားသောက်ဆိုင်ကို ဦးလေးတလင်နှင့်အစ်ကိုချင်ကာဖွင့်ထားခြင်းပင်။ သူသတင်းပေးလိုက်ခြင်းကြောင့် ဦးလေးတလင်က အရင်ဆိုင်ကိုထားခဲ့ပြီး အကောင်းဆုံးနေရာရွေးဝယ်ရန် အိမ်ချေးငွေတောင်ယူခဲ့သည်။
အခုလောက်ဆို မူလအိမ်ပိုင်ရှင်နောင်တရနေလောက်ပြီ။
ချင်လင် သီးသန့်ခန်းထဲရောက်သောအခါ ချင်ရန်၊ချင်လုံ၊လျောင်လီနှင့်ရှန်ရှန်တို့က နေရာယူထားပြီ။
လျောင်လီက ချင်ရန်၏ကလေးကိုမွေးထားပြီး အတော်လေးဝလာသည်။ ရှန်ရှန်နှင့်ချင်လုံကိုလည်း နှစ်ဖက်မိဘကသဘောတူထားပြီဟုကြားသည်။
နောက် တစ်ယောက်တည်းဖြစ်နေတဲ့အစ်ကိုချင်ကာ။ သူကပိုကြီးပြီး သူ့ဇနီးကပထမထပ်မန်နေဂျာဖြစ်၍ အပေါ်တက်မလာနိုင်။
ချင်လင်ကြောင့် သူတို့သုံးယောက်က ရွာမှာအခြေအနေအကောင်းဆုံးဟုဆိုရမည်။
သူတို့ကိုယ်ပိုင် BMW e-sports ကားကိုဝယ်နိုင်ရုံသာမက သူတို့အဖေအတွက်လည်းတစ်စီးဝယ်နိုင်သည်။
အခြေအနေအကောင်းဆုံးက ချင်ရန်ပင်။ လျောင်လီထသွားထလာလုပ်ရန် Audi တစ်စီးဝယ်ပေးထားပြီး သူကိုယ်တိုင်အတွက် Porche Palmera ရှိသည်။
သူတို့မိသားစုအခြေအနေပိုကောင်းကောင်းလာ၍ ရွာသားများကအားကျပြီး ချင်လင်မိသားစုကိုမကူညီခဲ့သောကြောင့် နောင်တရနေကြသည်။
မနာလိုသူများလည်းရှိပြီး သူတို့မှာချင်လင်ရှိ၍ကံကောင်းနေသည့်အကြောင်း ဆဲတောင်ဆဲကြသည်။
သို့ရာတွင် ထိုလူများလည်း ချင်လင်ကိုကျေးဇူးတင်သင့်သည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်ဖရဲသီးစိုက်ပြီး ဝင်ငွေရနေသည်လေ။
ချင်လင်သာကပ်တွက်ရင် ဖရဲသီးစိုက်ခွင့်တောင်ရမည်မဟုတ်။
"မိုချင်း... ရောက်လာပြီလား''
ရှန်ရှန်က ကျောက်မိုချင်းကိုမြင်လျှင်ရှေ့တိုးပြီး လက်တွဲကာထိုင်လိုက်သည်။ ထို့နောက် စကားစပြောကြတော့သည်။
"ငါတို့မင်းကိုစောင့်နေတာ''
ချင်ကာလည်း ချင်လင်ကိုမြင်ပြီး နွေးနွေးထွေးထွေးကြိုဆိုကာ ထိုင်ဖို့နေရာပေးသည်။
တွေ့ဆုံပွဲလေးဖြစ်၍ ချင်လင်ကဒီနေ့အချိန်ယူပြီးအရောက်လာခဲ့သည်။
…
ပေကျင်း_
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလုမှာ နှစ်သစ်ကူးနေ့မနားရ။ အားဖြည့်ဆေးရည်ပို့ပြီး ၁၀ ရက်ကျော်ပြီဖြစ်၍ ပထမဆုံးစမ်းသပ်ချက်ကိုဒီနေ့ပို့လာသည်။
ပါမောက္ခရန်ပို့ပေးသောအချက်အလက်အရ ၁၀ ရက်ကျော်ပြီးနောက် စုယဲ့လိုအရည်အချင်းရှိသူများတွင် ကနဦးအာနိသင်ပြလာသည်။
သူလည်း တစ်ညလုံးအချက်အလက်များစိစစ်ပြီး ခေါင်းဆောင်ကိုအစီရင်ခံလိုက်သည်။
နောက်ပြီး သူကိုယ်တိုင်မလုပ်ရရင် စိတ်မအေးနိုင်။ ဘာပဲဖြစ်ဖြစ် အားဖြည့်ဆေးရည်ကိုလျှို့ဝှက်စမ်းသပ်မှုအဖြစ်သတ်မှတ်လိုက်ပြီ။
"ရလဒ်က အတော်လေးကောင်းတယ်''
ဝန်ကြီးလုက အချက်အလက်ကိုကြည့်ရင်း ပြုံးနေသည်။
အားဖြည့်ဆေးရည်သောက်ထားတဲ့သီးသန့်ကုမ္ပဏီကစစ်သားတွေမှာ အချိန်တိုအတွင်းအာနိသင်တချို့ပြလာတာ ပြောစရာမလိုတော့။
အားကစားဘက်တွင် ကြက်တောင်၊ တင်းနစ်၊ အပြေး၊ မာရသွန်ပွဲများတွင် တစ်ယောက်စ၊နှစ်ယောက်စ အာနိသင်ပြလာသည်။
သို့ရာတွင် နောက်ဆုံးစာမျက်နှာကိုဖတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
အမျိုးသားဘောလုံးအသင်းရဲ့စမ်းသပ်ချက်!
စမ်းသပ်ချက်ဖတ်ပြီး ဝန်ကြီးလုမဆဲဘဲမနေနိုင်တော့_
"လူကြီး ၃၀ နဲ့ လူငယ် ၄၀ အသင်းစာရင်း... တစ်ယောက်မှအာနိသင်မပြဘူး... ဘယ်လိုဖြစ်တာလဲ?''
သို့ရာတွင် ဆဲပြီးနောက် ဝန်ကြီးလုကမတတ်သာစွာသက်ပြင်းချလိုက်သည်။
အရင်က နံရံမဖြစ်နိုင်တဲ့ရွှံ့မရှိဘူးထင်ခဲ့တာ။ အခုတော့ တကယ်ယုံသွားပြီ။