← Chapters

အမှတ်တရဒင်္ဂါး! ဘုရင်လှည့်စားခံရ!

Vol. 48 Ch. 716

အမှတ်တရဒင်္ဂါး! ဘုရင်လှည့်စားခံရ!

Vol. 48 Ch. 716

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

ချင်လင်က ဂိမ်းဇာတ်ကောင်အား ငါးမျှားခြင်း၊ ပျားရည်စုခြင်း၊ သစ်ပင်ခုတ်ခြင်းစသော ပုံမှန်နေ့စဉ်တာဝန်များကိုအပြီးသတ်စေသည်။

ဒီနေ့ သူအတော်လေးကံကောင်းနေပုံရသည်။ သစ်ပင်ခုတ်ရင်း နောက်ထပ်အဝါရောင်သစ်မွှေးထပ်ရသည်။ တောင်တန်းထွက်ကုန်ရှာသောအခါတွင်လည်း ချူကီနှင်းဆီတစ်သုတ်ထပ်ရသည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကတ်တီ ၁၀၀ စိမ်နိုင်ပြီ။

ချူကီနှင်းဆီရပြီး ချင်လင်လည်း ဝိုင်သိုလှောင်ခန်းထဲသွားလိုက်သည်။

ဝိုင်သိုလှောင်ခန်းထဲဝင်ပြီးနောက် သူ့ဂိမ်းဇာတ်ကောင်အား အသစ်ရထားသောသစ်မွှေးကို စမ်းသပ်ခန်းမထဲယူသွားစေပြီး သစ်ဖြတ်စက်တွင် ဝိုင်စင်လုပ်ခိုင်းလိုက်သည်။

ခဏအကြာ သူကဂိမ်းထဲဝင်လိုက်သည်။ သူပြန်ပေါ်လာသောအခါ ဝိုင်သိုလှောင်ခန်းထဲတွင် သစ်မွှေးဝိုင်စင်နှစ်စင်တိုးလာသည်။

ထို့နောက် ချင်လင်ကဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲသွားလိုက်သည်။

အသစ်ရထားသောချူကီနှင်းဆီမှာ စင်္ကြံတွင်ရှိနေသည်။ ဂိမ်းထဲတွင် ဝိုင်နှင့်ဝိုင်ဖောက်ကိရိယာများရှိ၍ ချင်လင်လည်း ချူကီနှင်းဆီကိုဆေးဖက်ဝင်ဝိုင်စိမ်လိုက်သည်။

ထို့နောက် ရွှေ၊ငွေ၊ကြေးနီသက်တမ်းရင့်ဝိုင်ပုလင်းများပြည့်နေသောဘေးနားသွားလိုက်သည်။

သတ္တုတွင်းနှစ်တွင်းမှတန်ဖိုးရှိပစ္စည်းများကိုတစ်ကြိမ်သာတူးဖော်ရပြီးထပ်မပေါ်သော်လည်း ရွှေ၊ငွေ၊ကြေးနီစများမှာ အဆက်မပြတ်ရနေသဖြင့် သတ္တုစပြတ်လပ်ခြင်းမရှိပေ။

ချင်လင်ကရှေးဟောင်းဝိုင်ပုလင်းတစ်လုံးယူပြီး တခြားဝိုင်စည်နားရွှေ့လိုက်သည်။ ထိုဝိုင်စည်မှာ နှစ် ၄၀ ကျော်သက်တမ်းရှိသောချင်းလင်ဆေးဖက်ဝင်ဝိုင်နောက်ဆုံးအသုတ်ဖြစ်သည်။

အခုဝိုင်စင်နှစ်ခုတိုးလာပြီဖြစ်၍ ဝိုင်တချို့ထုတ်ပြီး စင်ပေါ်ဖြည့်ရန်ပြင်သည်။

ဂန္တဝင်ဝိုင်ပုလင်းများကိုတစ်လုံးချင်းဖြည့်ပြီး ဂိမ်းထဲမှထုတ်လိုက်သည်။ ဤသို့အကြိမ်ကြိမ်လုပ်၍ ဝိုင်စည်ထဲမှဝိုင်အားလုံးဖြည့်ပြီးနောက် သစ်မွှေးဝိုင်စင်နှစ်စင်ပြည့်သွားသည်။

ချင်လင်က ပတ်ပတ်လည်ကိုကျေနပ်အားရစွာကြည့်လိုက်သည်။ ဝိုင်သိုလှောင်ခန်းတစ်ခုလုံးက တဖြည်းဖြည်းပြည့်သလောက်ရှိနေပြီ။

ထို့နောက် ဘေးနားကဝိုင်စင်သွားပြီး ကြေးညိုဆေးဖက်ဝင်ဝိုင်ပုလင်းကိုဝိုင်သိုလှောင်ခန်းထဲမှထုတ်လာကာ အပန်းဖြေစံအိမ်အရောင်းဆိုင်ထဲဖြည့်လိုက်သည်။



ရံဖန်ရံခါ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဧည့်သည်များအတွက်အံ့ဩစရာလက်ဆောင်အဖြစ်တင်ထားသည်။

"သူဌေး!''

ဆိုင်ထဲတွင် ဝန်ဆောင်ပေးသူရှိသည်။

ဧည့်သည်များပစ္စည်းလာဝယ်သောအခါ သူတို့အတွက်စီစဉ်ပြီး မီးဖိုချောင်ထဲပစ္စည်းယူသွားကာ ဟင်းပွဲချက်ပို့ပေးရသည်။

"ဒီဝိုင်ကိုအပေါ်တင်... စျေးနှုန်းကို ၁၀၀၀၀၀ ကပ်လိုက်''

ချင်လင်က ဝန်ဆောင်သူကိုချင်းလင်ဆေးဖက်ဝင်ဝိုင်ပေးလိုက်သည်။

"ကောင်းပါပြီ သူဌေး!''

ဝန်ဆောင်သူကခေါင်းညိမ့်ပြီး ဝိုင်ပုလင်းကွဲမည်စိုး၍ စားပွဲပေါ်သေချာတင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ၁၀၀၀၀၀ တန်ပုလင်း!

ချင်လင်လည်း ဝိုင်ပေးပြီး အပန်းဖြေစံအိမ်မှထွက်ကာ စံအိမ်ဘက်လှည့်လိုက်သည်။

နှစ်သစ်ကူးအားလပ်ရက်တွင် ခရီးသည်များတတ်ပြီး တောင်တန်းစံအိမ်ခရီးသည်အရေအတွက်လည်း ထိုးတက်နေသည်။

ချင်လင်ထွက်သွားပြီးနောက် လျိုရှန်းချွမ်းဆိုင်ထဲဝင်လာသည်။ လူကြီးက အပန်းဖြေစံအိမ်တွင် ကောင်းကောင်းအားဖြည့်ထားသည်။ ကြည့်ကောင်းလာပြီး ရောက်စကလိုပိန်ခြောက်မနေတော့။

ချင်းလင်အပန်းဖြေစံအိမ်၏ဝန်ဆောင်မှုထက်ပိုပြီးကျေနပ်စရာ လျိုရှန်းချွမ်းမှာမရှိပေ။ လေကသန့်၊ ပတ်ဝန်းကျင်ကကောင်း၊ အစားအသောက်ကကောင်း။ သူအမြဲတမ်းပိုစားနိုင်သည်။

ဥပမာ ရှန်းရွှေလက်ဆောင်ဆန်ပင်။ မင်မြို့တော်တွင် သူ့သားက လီဖေးဆီမှအမြည်းလောက်သာရသည်။

သို့သော် ဒီမှာမကြာခဏစားနိုင်သည့်အပြင် တစ်ခါတလေ ဆိုင်မှာရရင်တောင် သူစားဖို့ဝယ်ထားဦးမည်။ အရသာက လီဖေးထက်ပိုကောင်းသည်။

လီဖေးရောင်းတာ ရှန်းရွှေလက်ဆောင်ဆန်အစစ်မဟုတ်ဟုတောင် သံသယဝင်လာသည်။ ထိုကလီကမာကုန်သည်က သူတို့ဆီမှငွေသဲ့ယူချင်တာဖြစ်မည်။

"လူကြီးမင်းလျို ကြိုဆိုပါတယ်''

ဝန်ဆောင်သူက လျိုရှန်းချွမ်းကိုမြင်လျှင် ချိုချိုသာသာနှုတ်ဆက်သည်။



အပန်းဖြေစံအိမ်မှာလုပ်ရင် အပန်းဖြေစံအိမ်ဧည့်သည်များကိုမှတ်ထားပြီး ယဉ်ယဉ်ကျေးကျေးရှိရမည်။

လျိုရှန်းချွမ်းက ဆိုင်ပတ်ကြည့်ပြီး ဝိုင်စင်ပေါ်မှချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုစိတ်ဝင်စားသွားသည်_

"ဆိုင်မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်ရောင်းသေးတာလား?''

ဝန်ဆောင်သူကခေါင်းညိမ့်ပြီး_

"သူဌေးကတစ်ခါတလေ စင်ပေါ်တစ်ပုလင်းလာတင်တတ်ပါတယ်''

"ဒီဝိုင်ယူမယ်''

လျိုရှန်းချွမ်းက မြန်မြန်ရှေ့တိုးပြီးဝိုင်ယူလိုက်သည်။

အပန်းဖြေစံအိမ်ကပုံမှန်ဖြည့်ကုန်များအပြင် ဒါဝယ်ရလိမ့်မည်ဟုမထင်မိ။

အံ့ဩကြည်နူးစရာ။

ဒီဝိုင်ဘယ်လောက်လဲ သူသိသည်။ မင်မြို့တော်မှာ ဒီဝိုင်ကိုဝယ်ချင်ပြီး လုံးဝလက်မရောက်နိုင်သူတွေ အရူးတပိုင်းဖြစ်နေသည်။ မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုမှဆေးဖက်ဝင်ဝိုင်ထက်တောင် ဝယ်ရခက်သည်။

သူလည်းသောက်ဖူး၍ ချင်းလင်ဆေးဖက်ဝင်ဝိုင်က တရုတ်တိုင်းရင်းဆေးမိသားစုနှစ်စု၏ဝိုင်ထက်ပိုကောင်းမှန်းသိသည်။

သွေးအားဖြည့်ခြင်း၊ချီဓာတ်မြှင့်ပေးခြင်းအာနိသင်က သူလိုလူကြီးတွေအတွက်နတ်ဆေးတစ်ခွက်ပင်။

…

ချင်လင်က ချင်းလင်စံအိမ်ထဲဝင်လိုက်သည်။ စံအိမ်တွင် ခရီးသည်များပြည့်ကြပ်နေသည်။

စံအိမ်ဖွင့်လာတာကြာပြီ​ဖြစ်၍ ဒီလိုခရီးသည်ပြည့်နေသောမြင်ကွင်းမျိုးမြင်နေကျပင်။

လူမစည်တဲ့ပွဲရှိလို့လား?

ချင်လင်ကငါးပြတိုက်ထဲဝင်လိုက်ရာ အလှမွေးငါးလေးများထည့်ထားသောငါးကန်များစွာတွေ့ရသည်။

ထိုငါးများမှာ ငါးပြတိုက်ညွှန်မှူးလင်းရွှမ်ပျိုးထောင်ထားသောအလှမွေးငါးပထမအသုတ်ဖြစ်သည်။ အားလုံး အကြီးမြန်သောအလှမွေးငါးများဖြစ်ပြီး ငါးမျိုးစိတ်က သူဂိမ်းထဲမှထုတ်လာသောသဘာဝအလှမွေးငါးမျိုးပင်။

ဂိမ်းထုတ်ကုန်အလှမွေးငါးမှာ ဂိမ်းအရည်အသွေးရှိ၍ အရည်အသွေးကျဆင်းသွားရင်တောင် လှနေဆဲ။

ထိုအလှမွေးငါးကိုဝယ်သော ခရီးသည်များစွာရှိသည်။ ဘာပဲဖြစ်ဖြစ် အများစုက ကလေးများနှင့်လာ၍ ကလေးပူဆာလျှင် မိဘများကပ်မနေနိုင်။ ငါးဝယ်ပြီး ငါးကန်နှင့်အစာလိုလာလိမ့်မည်။

ဒါတွေကလည်း ပိုက်ဆံလိုသည်။

ချင်လင်ထွက်မည်အပြုတွင် ဝန်ထမ်းတချို့က ပိတ်စအုပ်ထားသောစားပွဲကိုမပြီးလာနေသည်။ ယူနီဖောင်းဝတ်ထားသောဝန်ဆောင်သူတစ်ဦးက မိုက်ကရိုဖုန်းကိုင်ပြီးလိုက်လာသည်။

All Chapters