← Chapters

အမှတ်တရဒင်္ဂါး! ဘုရင်လှည့်စားခံရ! ၂

Vol. 48 Ch. 717

အမှတ်တရဒင်္ဂါး! ဘုရင်လှည့်စားခံရ! ၂

Vol. 48 Ch. 717

ဝန်ဆောင်သူက ဖြူဖြူစင်စင်နှင့် အလွန်ချစ်စရာကောင်းသည်။ အထူးသဖြင့် ရင်ကဖွံ့ထွားပြီး LPS အတော်များများသဘောကျသောပုံစံမျိုးပင်။

သို့ရာတွင် မိန်းကလေးကိုအနီးကပ်ကြည့်လိုက်သောအခါ ရင်းနှီးနေသလိုလို။

အဲဒါ ချန်လီရဲ့သမီး ချန်ရှောင်ရူမလား?

ကောင်မလေးက အရမ်းစွာသည်။ စကားပြောရင် ရိုက်ချင်စိတ်ပေါက်ပေါက်လာသည်။ ဒီနှစ်တက္ကသိုလ်ကျောင်းသူဖြစ်လိမ့်မည်။

နှစ်သစ်ကူးနွေရာသီအားလပ်ရက်တွင် စံအိမ်လာပြီးအလုပ်လုပ်တတ်သည်။

“???”

ချင်လင်က တစ်ခုခုမှားနေသလိုခံစားရသည်။

အစက ချန်ရှောင်ရူမှာအလွန်ပိန်ပြီး လေယဉ်ပြေးလမ်းလိုဖြောင့်နေသည်။

ကောလိပ်ရောက်ပြီးမှဘာလို့ရုတ်တရက်ကြီးဒီလောက်ဖွံ့ထွားလာတာလဲ?

သူဝန်မခံရဲသလောက်ပင်။

ဘာမှထူးထူးခြားခြားစားထားတာမဟုတ်ရင် ဝန်ဆောင်မှုယူထားတာဖြစ်မည်။

ကျောက်မိုချင်းနေ့တိုင်းဝန်ဆောင်မှုယူထားသလို၊ အရင်ထက်အများကြီးပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းသည်။

ဒီခေတ်မိန်းကလေးတွေ လန်းချက်။

ချန်ရှောင်ရူကထွက်လာရင်း မိုက်ကရိုဖုန်းကိုင်ပြီး စပြောနေသည်_

"အားလုံးပဲ... ချင်းလင်စံအိမ်ကကြိုဆိုပါတယ်... ကျွန်မတို့ငါးပြတိုက်ကိုအလည်လာတဲ့အတွက်ကျေးဇူးပါ... ခရီးသည်တွေကိုတုံ့ပြန်တဲ့အနေနဲ့ ပူဖောင်းရတနာသိုက်ကကံကောင်းစေတဲ့အမှတ်တရဒင်္ဂါးပြားတွေရှိပါတယ်... စံအိမ်မှာ ယွမ် ၅၀၀ အထက်ပိုသုံးရင် တစ်ပြားဝယ်နိုင်ပါတယ်ရှင်!''

ထိုစကားကြောင့် လူများစိတ်ဝင်စားသွားသည်။ ငါးပြတိုက်လာသူများက ချင်းလင်စံအိမ်မှကွိုင်ငါးပူဖောင်းအကြောင်းသိသည်။ အရွယ်အစားကြီးခြင်း ကလေးများကိုအသဲပူဖောင်းမှုတ်ပြနိုင်ခြင်း၊ ဒင်္ဂါးပြားကိုက်၍ရတနာသိုက်ဆောက်နိုင်ခြင်းကြောင့် အင်တာနက်ပေါ်တွင်ရေပန်းစားသော နံပါတ်တစ်ငါးဖြစ်လာသည်။

သန်းချီတန်သောချင်းလင်စံအိမ်၏နဂါးနီနှစ်ကောင်တောင် သူ့အောက်ရောက်နေသည်။

နောက်ပြီး ပူဖောင်း ရတနာသိုက်လုပ်သောအမှတ်တရဒင်္ဂါးကလည်း အင်တာနက်ပေါ်တွင်အလွန်ရေပန်းစားသည်။ ထို့ကြောင့် ချင်းလင်စံအိမ်လာသူတိုင်း ဒင်္ဂါးတစ်ပြားယွမ် ၅၀ ဆိုရင်တောင် သုံးလေးပြားဝယ်ကြလိမ့်မည်။

ချင်လင်က တက်ကြွနေသောခရီးများသည်ကိုကြည့်ရင်း ပြုံးလိုက်သည်။ အင်တာနက်တွင်ပေါက်နေသည်မှာ ငါးပြတိုက်မှူးလင်းရွှမ်ဖန်တီးထားခြင်းပင်။



ကြည့်ရတာ အရည်အချင်းကမဆိုး။

ချင်လင်က စံအိမ်လျှောက်ကြည့်ပြီးအထွေအထူးမရှိမှ အပန်းဖြေစံအိမ်ပြန်လာသည်။

စံအိမ်ရောက်ရောက်ချင်း ဟွမ်ရှင်းလာရှာသည်။ ချင်လင်ရုံးခန်းရောက်သောအခါ_

"ချင်လင်... ရေမွှေးနမူနာရပြီ''

သူကပြောရင်းဆိုရင်း ရေမွှေးနှစ်ပုလင်းထုတ်လိုက်သည်။

ရေမွှေးပုလင်းက အလွန်အဆင့်အတန်းမြင့်ပြီး ခမ်းနားသည်။ လက်ရာသေသပ်သောပန်းရောင်ပုလင်းဖြစ်သည်။ ပုံစံနှင့်တင် အနုပညာဆန်သည်။

ပုလင်းအလယ်မှ'တော်ဝင်မောင်းမ'ဆိုသော ဘရန်းနာမည်က ကြည့်ရဆိုးနေခြင်းသာ။

ချင်လင်ကခေါင်းခါပြီး ဟွမ်ရှင်းတော့ နာမည်ဆိုးပေးပြန်ပြီဟုစိတ်ထဲမြည်တမ်းပြီးမှ မေးလိုက်သည်_

"ရေမွှေးကုန်ကျစရိတ်ကဘယ်လောက်လဲ?''

"ကုန်ကျစရိတ်ကမများဘူး... ဒါပေမဲ့ တစ်ပုလင်းယွမ် ၁၅၀၀ နဲ့ရောင်းဖို့စီစဉ်ထားတယ်''

ဟွမ်ရှင်းကရှင်းပြသည်။

“???”

ချင်လင်ကစျေးနှုန်းကြားပြီး မမေးဘဲမနေနိုင်တော့_

"ဟွမ်ရှင်း... ဝက်သတ်နေတာလား? ဒီလောက်စျေးကြီးတာဝယ်ပါ့မလား?''

ဟွမ်ရှင်းက ချက်ကျလက်ကျပြောပြသည်_

"ချင်လင်... မင်းကရေမွှေးလုပ်ငန်းမလုပ်ဖူးတော့မသိဘူး... ဘရန်းကြီးတွေက တစ်ပုလင်းယွမ် ၁၀၀၀ ကျော်နဲ့ရောင်းနေတာ... တချို့ဆို ယွမ် ၃၀၀၀ တောင်ကျော်သေးတယ်''

"ရေမွှေးက ဘာအတွက်လို့ထင်လဲ? ပြောဦးမယ်... ရေမွှေးရဲ့အဓိကရည်ရွယ်ချက်တစ်ခုက ချိန်းတွေ့တာအောင်မြင်ဖို့ ဒါမှမဟုတ် ယောက်ျားကိုဆွဲဆောင်ဖို့''

"အဲဒါကြောင့် ငါတို့ထုတ်ကုန်က ဒီအာနိသင်ကိုအပြည့်အဝရနိုင်တယ်... သုံးနိုင်တဲ့ပတ်ဝန်းကျင်ကန့်သတ်ထားတာတစ်ခုပဲ... ဒါပေမဲ့ အခက်အခဲထက်စာရင် ဖြေရှင်းစရာတွေများပါတယ်''

"မိန်းမတွေမှာ ယောက်ျားတွေကိုဖုံးကွယ်ထားတဲ့လှုပ်ရှားမှုတွေရှိမယ်ထင်လား? တမင်သက်သက်အရက်မူးဟန်ဆောင်မယ်... အိမ်လိုက်ပို့ခိုင်းမယ်... ကားထဲမှာရေမွှေးဖြန်းထားမယ်... အခန်းတောင်ယူရင်ယူထားဦးမယ်''

ချင်လင်ကချက်ချင်း ဟွမ်ရှင်းစိတ်ကိုပြောင်းလိုက်သည်။ သို့ရာတွင် ရေမွှေးကုမ္ပဏီလုပ်ငန်းကိုဝင်နှောင့်ယှက်ဖို့ရည်ရွယ်ချက်မရှိ။ ဒီလောက်စျေးသတ်မှတ်တာ ဟွမ်ရှင်းမှာအကြောင်းရင်းရှိရမည်။



"ရေမွှေးအသစ်ထုတ်နေတာ''

ဟွမ်ရှင်းကပြောသည်_

"ဒီရေမွှေးကိုအခြေခံပြီး အနံ့ထုတ်မှာ... ဒါပေမဲ့ ရေမွှေးအသစ်မထွက်ခင် ကုမ္ပဏီကရံပုံငွေထုတ်ဖို့လိုတယ်''

"ဒီရေမွှေးအတွက် သင့်တော်တဲ့အရောင်းအဆက်အသွယ်မရှိတာတစ်ခုပဲ... ဘာပဲဖြစ်ဖြစ် ဒီရေမွှေးကိုစိစစ်သူတွေက ကန့်သတ်ထားပြီ... ပုံမှန်ရေမွှေးအရောင်းကိုယ်စားလှယ်တွေနဲ့ မကြော်ငြာနိုင်ဘူး... အဲဒါကြောင့် မင်းဆီလာမေးတာ''

"အဆက်အသွယ်?''

ချင်လင်မှာဘာမှအဆက်အသွယ်မရှိ။

ရေမွှေးထောက်ခံချက်က ကန့်သတ်ထားပြီး ဆိုင်အသီးသီးတွင်ကြေညာရန် **ကိုသာသုံးနိုင်သည်။

ဒီလိုလိင်အသားပေးထုတ်ကုန်၊ကြော်ငြာတွေအပေါ် ကန့်သတ်ချက်ရှိသည်။ တချို့အသံများကိုတောင် ကန့်သတ်ထားသည်။

TV ရုပ်သံမှာကြေညာဖို့တိုက်တွန်းရင် TV ရုပ်သံက သူတို့မျက်နှာကြည့်ရလိမ့်မည်။ ပေးရမည့်တန်ဖိုးက စိတ်မကူးနိုင်လောက်အောင်ပင်။ အနည်းဆုံး အခုမေရှန်းကုမ္ပဏီကမတတ်နိုင်သေး။

သို့ရာတွင် ချင်လင်ကရုတ်တရက် တစ်ယောက်ယောက်ကိုတွေးမိသည်။ ဝမ်ရန်ပင်။

ဒီလူကနိုက်ကလပ်တက်လေ့ရှိပြီး မင်စီရင်စုတွင်နာမည်ကြီးပုံရသည်။ ဒီအပိုင်းမှာအဆက်အသွယ်များရှိမလား?

ထိုအတွေးနှင့် ချင်လင်ကဖုန်းထုတ်ပြီး ဝမ်ရန်ကိုဆက်လိုက်သည်။

ဖုန်းဝင်ဝင်ချင်း တစ်ဖက်မှဝမ်ရန်၏အမောတကောအသံကိုကြားရသည်_

"ဟယ်လို ဥက္ကဌချင်... ဘာညွှန်ကြားစရာရှိပါသလဲ?''

"အမောတကောနဲ့... ဘာလို့အားမရှိတာလဲ?''

ချင်လင်က စလိုက်ပြီးမှ_

"ရေမွှေးနှစ်ပုလင်းပို့လိုက်မယ်... အညွှန်းဖတ် စမ်းကြည့်ပြီးရင် အဆက်အသွယ်ရှိမရှိပြောပေးဦး''

ချင်လင်ကသိပ်ရှင်းပြမနေဘဲ ဖုန်းချလိုက်သည်။ သူ့ကိုပေးလိုက်တာနဲ့ အာနိသင်ကိုသိလိမ့်မည်။

မင်စီရင်စု_

ဝမ်ရန်ကဇဝေဇဝါနှင့် ဖုန်းချလိုက်သည်။ ဥက္ကဌချင်က ဘာလို့သူ့ကိုဖုန်းဆက်ပြီး ရေမွှေးပေးချင်တာလဲ သူနားမလည်။

ဥက္ကဌချင်က ရေမွှေးထုတ်ထားတာများလား?

သူကတွေးတောနေရင်း အသက်ပြင်းပြင်းရှူပြီး စိတ်လွတ်လက်လွတ်နေလိုက်သည်။

ခဏအကြာ ကျန်းလင်းလင်းက စားပွဲပေါ်မှထရပ်ပြီး နှုတ်ခမ်းကိုလျှာနှင့်သပ်လိုက်သည်။

"အစ်မလင်းလင်း... ကျွန်တော့်ကိုဒီလိုဖိအားမပေးပါနဲ့လား?''

ဝမ်ရန်က ကျန်းလင်းလင်းကိုမတတ်သာပုံနှင့်ကြည့်ပြီး_

"စုယွဲ့ကမွေးပြီးခါစ... လိုအပ်ချက်များတယ်... အစ်မနဲ့အားကုန်လို့မဖြစ်ဘူး''



All Chapters