အမှတ်တရဒင်္ဂါး! ဘုရင်လှည့်စားခံရ! ၃
Vol. 48 Ch. 718
ကျန်းလင်းလင်းကညုတုတုကြည့်ပြီး အိတ်ထဲမှချင်းလင်အားဖြည့်လက်ဖက်ရည်ပုလင်းထုတ်ကာ ဝမ်ရန်အားပေးလိုက်သည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်ကြည့်ပြီး ဝမ်ရန်စိတ်ထဲကကြိတ်ပျော်သွားသည်။
တော်သေးလို့၊ သူ့မှာဒါရှိတာ။
ဒါပေမဲ့ ဥက္ကဌချင်ပို့မှာ ဘယ်လိုရေမွှေးမျိုးလဲ?
တစ်ရက်ကုန်လွန်သွားသည်။
ချူကျားနန်က ရုံးဝတ်စုံစကတ်တိုတိုနှင့် ဝမ်ရန်ကုမ္ပဏီထဲလျှောက်ဝင်လာသည်။ အရင်က သူ့ဘိုးတော်ဆီမှ ချင်းလင်အားဖြည့်လက်ဖက်ရည်ပုလင်း ၂၀၀၀၀၀ အော်ဒါရအောင် အစ်ကိုရန်ကိုကူညီခဲ့ဖူးသည်။ သူမလည်း အစ်ကိုရန်၏စစ်သည်တစ်ဦးဖြစ်လာပြီး သန်မာသောအမျိုးသမီးဟန်လုပ်ရသည်။
အခုဘိုးတော်ကိုပလစ်ပြီး ကိုယ်ပိုင်ငွေရှာနိုင်ပြီ။ ဘယ်သူ့ကိုမှအားကိုးချင်စိတ်မရှိတော့။
ချုကျားနန်လက်ထဲတွင် အထုပ်နှစ်ထုပ်ပါသည်။ တစ်ထုပ်က သူမအတွက်၊ နောက်တစ်ထုပ်က အစ်ကိုရန်အတွက် ယူလာခဲ့သည်။
ကုမ္ပဏီထဲဝင်ဝင်ချင်း မိန်းမပျက်ကျန်းလင်းလင်းက အစ်ကိုရန်ရုံးခန်းအပြင်ထွက်လာသည်။
သူမနည်းနည်းအူတိုသွားသည်။ ဒီမိန်းမက အစ်ကိုရန်နဲ့ရှုပ်နေတာ အားလုံးအသိ။ တစ်ခါတလေ သူနဲ့ရှုပ်ပြီး အစ်ကိုရန်လာကြောင်း တမင်သက်သက်သူတို့ဆီပါးစပ်အရသာခံလာပြောသေးသည်။
ကျန်းလင်းလင်းမှာ ဘာအခွင့်အရေးရှိလို့လဲ?
အရင် သူမဘိုးတော်ဆီမှချင်းလင်အားဖြည့်လက်ဖက်ရည်ပုလင်း ၂၀၀၀၀၀ အော်ဒါရထားသည်။
သူမက ပုလင်း ၂၀၀၀၀၀ အော်ဒါမရထားတာကျလို့။
ချူကျားနန်ကတွေးတောရင်း နှာခေါင်းစည်းတပ်ပြီး ဝမ်ရန်ရုံးခန်းထဲသွားလိုက်သည်။ အခန်းတံခါးပိတ်ပြီးနောက် သူမစကပ်အရမ်းတိုသည်ကိုဂရုမစိုက်ဘဲ မြင်သာအောင် ဝမ်ရန်စားပွဲပေါ်တွင် ကနွဲ့ကလျထိုင်ချလိုက်သည်။

နိုက်ကလပ်တွင် တစ်ယောက်အကြောင်းတစ်ယောက်သိပြီးမှတော့ ဘာဂရုစိုက်နေမလဲ?
"အစ်မကျားနန်... ဘာကိစ္စလဲ?''
ဝမ်ရန်က ချူကျားနန်ကိုကြည့်ပြီး စနောက်လိုက်သည်။ ပန်းရောင်လေးကို ဝိုးတဝါးမြင်နေရသည်။
"အစ်ကိုရန်ရဲ့ပစ္စည်းပို့... ကျွန်မယူလာတာ''
ချူကျားနန်က ဝမ်ရန်ကိုပါဆယ်ပေးလိုက်သည်။
ဝမ်ရန်ကတစ်ခုခုတွေးမိပြီး ပါဆယ်ယူလိုက်သည်။ ပြေစာဖတ်ကြည့်သောအခါ ဥက္ကဌချင်ဆီမှရေမွှေးမှန်းသိလိုက်သည်။
သူကချက်ချင်းပါဆယ်ဖွင့်လိုက်ရာ အထဲမှရေမွှေးနှစ်ပုလင်းကိုတွေ့ရသည်။ သူကအာနိသင်ကိုသေချာမဖတ်ဘဲ တစ်ပုလင်းထုတ်ကာ ချူကျားနန်ဆီပေးရင်း_
"အစ်မကျားနန်... ဒီရေမွှေးကိုတစ်ချက်ကြည့်ပါဦး... ဥက္ကဌချင်ပေးလိုက်တာ''
ချူကျားနန်က 'ဥက္ကဌချင်'နာမည်ကြားပြီး ချက်ချင်းရေမွှေးယူလိုက်သည်။ အဲဒီဥက္ကဌချင်က အစ်ကိုရန်ရဲ့သူဌေး။
သူမကရေမွှေးဖွင့်ပြီး အနံ့စမ်းရန်ခါးနားဖြန်းလိုက်သည်။
ရေမွှေးနံ့ရရချင်း အနံ့ကောင်းလွန်း၍ အံ့ဩသွားသည်။ သူမသုံးတဲ့ရေမွှေးက ယွမ် ၂၀၀၀ ကျော်တန်တန်ဖိုးကြီးပစ္စည်းဖြစ်သော်လည်း အနံ့ကဒီလောက်မကောင်း။
"အစ်ကိုရန်... ဒီရေမွှေးနံ့က တကယ်ကောင်းတယ်... ရှူကြည့်''
ချူကျားနန်က ဝမ်ရန်နားတိုးပြီး သူမခါးကို ဝမ်ရန်နှာခေါင်းနားကပ်ပေးသည်။
ကြည်နူးစရာဆွဲဆောင်မှုရှိသောအနံ့က ဝမ်ရန်နှာခေါင်းနားပျံ့လာသည်။
အနံ့ကောင်းကြောင်း ဝန်ခံရပေမည်။ မိန်းမတွေအများကြီးနဲ့တွေ့ပြီး ရေမွှေးမျိုးစုံသုံးတာကြုံဖူးသော်လည်း ဘယ်ဟာမှဒီလောက်အနံ့မကောင်း။
သို့ရာတွင် အနံ့ရှူကြည့်ပြီး တစ်ခုခုမှားနေသလိုခံစားရသည်။ သူ့ခန္ဓာကိုယ်ကအချက်ပြလာပြီး မျက်လုံးက အစ်မကျားနန်၏**ကိုသာကြည့်ကြည့်နေမိသည်။ သူ့စိတ်ထဲမှာလည်း စောစောကမြင်ထားသောပန်းရောင်ကို မတွေးမိဘဲမနေနိုင်။
ဝမ်ရန်က နိုက်ကလပ်မင်းသားဖြစ်၍ အမျိုးသမီးများနှင့်ပတ်သက်လျှင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း၊ခုခံနိုင်စွမ်း သိပ်မမြင့်။ ထို့ကြောင့် ရေမွှေးအာနိသင်နှင့် အခြေအနေကသိသာနေသည်။

"အစ်ကိုရန်... ကျွန်မ**ကြည့်ကောင်းလား?''
ချူကျားနန်က ဝမ်ရမ်အကြည့်ကိုသတိထားမိပုံပေါ်သည်။ ကျန်းလင်းလင်း အစ်ကိုရန်နှင့်ရှုပ်ပုံကိုတွေးရင်း သူမကညုတုတုဖြစ်လာသည်။
"သော*က်.. သော*က်.. သော*က်''
ဝမ်ရန်ကရုတ်တရက် စိတ်လွတ်သွားသည်။
ချူကျားနန်က ဝမ်ရန်ကိုခုခံမည့်ပုံမရှိဘဲ သူ့ပေါင်ပေါ်ရဲရဲတင်းတင်းထိုင်ကာ လည်ပင်းလက်ချိတ်ရင်း_
"အစ်ကိုရန်... အရင်တုန်းကနေ့တွေလွမ်းလိုက်တာ... တစ်ခါတလေ ကျွန်မကိုအရမ်းဂရုစိုက်တာနော်''
ဝမ်ရန်စိတ်ထဲမှာ ရှိတာပေါ့။ ဒီအစ်မကျားနန်ကိုဂရုစိုက်ခဲ့တာပဲဟာ။ သူကဘယ်လိုဂရုစိုက်နိုင်မှာလဲ?
အတွင်းကျကျ!
ရေမွှေးအစွမ်းကြောင့် ဝမ်ရန်မှာပေါက်ကွဲတော့မတတ်ပင်။
ထို့ကြောင့် ...
…
တစ်နာရီကြာပြီးနောက်_
အဝတ်အစားသပ်သပ်ရပ်ရပ်ပြင်နေသောချူကျားနန်ကိုကြည့်ရင်း ဝမ်ရန်က ရေမွှေးပါဆယ်ကိုအောင့်သီးအောင့်သက်နှင့်ကောက်ယူကာ အညွှန်းစာဖတ်ကြည့်လိုက်သည်။
သူ့ကိုယ်သူထိန်းချုပ်မှုဒီလောက်နည်းမည်ဟု သူမထင်မိ။ ပထမဆုံးသူတွေးမိသည်က ရေမွှေးကိစ္စပင်။
အညွှန်းစာဖတ်ပြီးနောက် သူ့မျက်နှာသူအုပ်လိုက်သည်။ တကယ်ရေမွှေးကြောင့်ပဲ။
ဥက္ကဌချင်က သူ့ကိုဒုက္ခပေးနေတာလား?

ဒါပေမဲ့ တွေးကြည့်မှ ဥက္ကဌချင်က အညွှန်းစာအရင်ဆုံးဖတ်ဖို့သတိပေးခဲ့သည်ထင်သည်။
ဒါ ...
"အစ်ကိုရန်... ရှေ့လျှောက်လိုအပ်ရင် ကျန်းလင်းလင်းကိုမရှာနဲ့... အရသာပြောင်းလိုက်... ကျွန်မသူ့ထက်မညံ့ဘူး''
ချူကျားနန်က ကျေနပ်အားရသောမျက်နှာနှင့်ပြောသည်။
အစ်ကိုရန်က အရင်ထက်ပိုသန်မာသလိုလို။ ဒါကြောင့် ကျန်းလင်းလင်းမျက်စိကျနေတာကိုး။
စောစောက အကာအကွယ်မသုံးသောကြောင့် ဝမ်ရန်ဘယ်လိုပြန်ဖြေရမှန်းမသိ။ သူက_
"ဆေးသောက်ဖို့မမေ့နဲ့'' ဟုသာ သတိပေးလိုက်သည်။
"မသောက်ဘူး!''
ချူကျားနန်ကပြောသည်။
ဝမ်ရန်ကချက်ချင်းဖြောင်းဖျဖို့ကြိုးစား၏_
"အဒေါ်ကြီး... မရှုပ်နဲ့... သေလိမ့်မယ်''
"တစ်ယောက်ယောက်သေရင် ရိုးရိုးသားသားကောင်လေးရှာပြီး လက်ထပ်မယ်''
ချူကျားနန်ကပြောသည်_
"သူက ကလေးအဖေပဲ''
"သော*က်''ဘုရင် ပါးစပ်ပိတ်သွားသည်။
ထို့နောက် တစ်ခုခုတွေးမိပြီး ချက်ချင်းချင်လင်ဖုန်းနံပါတ်ရှာကာ ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူကအလောတကြီးနှင့်_
"ဥက္ကဌချင်... ရေမွှေးဖြန့်ဝေခွင့်ပေးလို့ရမလား? ချင်းလင်စံအိမ်လာပြောပါမယ်''
ဖုန်းချပြီးနောက် ကြီးပွားလမ်းမြင်ပြီး ဝမ်ရန်မျက်လုံးများအရောင်တောက်လာသည်။
ဒီရေမွှေးအသုံးနှင့်စျေးကွက်ကိုသူမြင်သည်။ ဒီအပိုင်းမှာ သူကျွမ်းသည်။
ဘေးမှချူကျားနန်က ဝမ်ရန်စကားကြားပြီး မျက်လုံးများအရောင်လက်သွားကာ ချွဲပြစ်ပြစ်အသံနှင့်_
"အစ်ကိုရန်... လုပ်ငန်းကိစ္စနဲ့သွားမှာလား? ကျွန်မလိုက်မယ်... ရှင်ကျန်းလင်းလင်းကိုခေါ်သွားပြီးပြီ... ဘက်မလိုက်ရဘူး''
နောက်ဆုံးတစ်ခွန်းကြောင့် ဝမ်ရန်မှာမတတ်သာပုံနှင့်သက်ပြင်းချကာ_
"ကားပြင်ထား!''
"ဟုတ်ပြီ အစ်ကိုရန်!''
ချူကျားနန်က ပြုံးရွှင်ပြီးပြန်ဖြေသည်။
ဝမ်ရန်မှာ သူ့ဘဝတော့လုံးပါးပါးပြီဟုတွေးရင်း လုံးဝလက်လျှော့လိုက်သည်။ ဒီတစ်ခါချင်းလင်စံအိမ်သွားရင် ဥက္ကဌချင်ကို ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းပိုရောင်းပေးဖို့ မဖြစ်မနေတောင်းဆိုရတော့မည်။
ယောက်ျားဖြစ်ရတာ ခက်ပါ့!
သူတော့ ဒီဘဝ ဒုက္ခပင်လယ်ဝေပြီ။