← Chapters

အမြတ်ကြီးစားရေမွှေး! လီဖေးဆိုသူရောက်လာ! ၂

Vol. 48 Ch. 720

အမြတ်ကြီးစားရေမွှေး! လီဖေးဆိုသူရောက်လာ! ၂

Vol. 48 Ch. 720

"မင်းရေမွှေးအကြောင်းပါ... ဟွမ်ရှင်း.. မင်းကိုမစ္စတာဝမ်နဲ့မိတ်ဆက်ပေးဦးမယ်''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်_

"သူကချင်းလင်အစားအသောက်ကုမ္ပဏီရဲ့အဓိကကိုယ်စားလှယ်... မင်းရေမွှေးကိုရောင်းဖို့ သူ့မှာအဆက်အသွယ်ရှိတယ်''

"ဝမ်ရန်.. ဒါကဟွမ်ရှင်း... သူကရေမွှေးတာဝန်ခံပဲ... အဲဒီအကြောင်းပြောလို့ရတယ်''

ဝမ်ရန်ကချက်ချင်း ဟွမ်ရှင်းကိုဝမ်းသာအားရလက်ဆွဲနှုတ်ဆက်လိုက်ပြီး_

"ဟယ်လို CEO ဟွမ်... ခင်ဗျားရေမွှေးက တကယ်ပစ္စည်းကောင်းပဲ''

ချင်လင်လည်း သူတို့ကိုလက်ဖက်ရည်စားပွဲဆီဖိတ်ပြီး ဟွမ်ရှင်းနှင့်ဝမ်ရန်ကိုအသေးစိတ်စကားပြောစေသည်။ သူကအရည်အသွေး ၂ အူလုံလက်ဖက်ခြောက်ထုတ်ပြီးနှပ်လိုက်သည်။

ကျန်းလင်းလင်းနှင့်ချူကျားနန်ကမူ ဝမ်ရန်ဘေးတွင်တိတ်တိတ်လေးထိုင်ပြီး ဝင်မနှောင့်ယှက်ရဲ။ သူတို့ကအလွန်အကင်းပါးသူများဖြစ်၍ သူတို့ပြောစရာမရှိမှန်းသိသည်။

ချင်လင်ကလက်ဖက်ရည်ဖျော်ပြီး ဟွမ်ရှင်းနှင့်ဝမ်ရန်အတွက်လက်ဖက်ရည်ငှဲ့ပေးသည်။ ကျန်းလင်းလင်းနှင့်ချူကျားနန်အတွက်လည်း လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဌချင်!''

"ကျေးဇူးအများကြီးတင်ပါတယ် ဥက္ကဌချင်!''

မိန်းကလေးနှစ်ဦးက ယဉ်ယဉ်ကျေးကျေးပြောပြီး လက်ဖက်ရည်ခွက်များယူလိုက်သည်။ သူတို့လည်း လက်ဖက်ရည်နှပ်တတ်သည်။

ဥက္ကဌချင်ကအမြဲတမ်းလက်ဖက်ရည်နှပ်တတ်၍ သူဌေးကြီးကိုဧည့်ခံရမည်ဖြစ်သောကြောင့် ဝမ်ရန်က သူတို့ကိုလက်ဖက်ရည်နှပ်နည်းသင်ပေးထားသည်။

ဝမ်ရန်နောက်လိုက်ပြီး လက်ဖက်ရည်ဘယ်လိုနှပ်ရမလဲလေ့လာထားရသည်။ လက်ဖက်ရည်အနုပညာသင်တန်းတောင် စာရင်းသွင်းထားသည်။

သို့ရာတွင် လက်ဖက်ရည်ပါးစပ်ထဲရောက်သောခဏ၌ အံ့ဩပြီး အမျိုးသမီးနှစ်ယောက်၏နှုတ်ခမ်းနီနီများဖူးထွက်လာသည်။

လက်ဖက်ရည်က အရသာရှိလွန်းသောကြောင့်ပင်။

ဘယ်လိုအရသာရှိမှန်းပြောမပြနိုင်။ အစ်ကိုရန်က လက်ဖက်ရည်ဆိုင်မှတန်ဖိုးကြီးလက်ဖက်ခြောက်များဝယ်လာဖူးသော်လည်း ဘယ်ဟာမှဒီလောက်အရသာမရှိပေ။

ဒီပုဂ္ဂိုလ်ရဲ့လက်ဖက်ရည်တောင် ထူးခြားသည်။

ဟွမ်ရှင်းက ဝမ်ရန်နှင့် ရေမွှေးအကြောင်းစပြောသည်။

ချင်လင်ကဒါမျိုးတွေသိပ်မသိသော်လည်း သူတို့နှစ်ယောက်ကမူ စကားကောင်းနေကြသည်။ ထို့ကြောင့် ဝမ်ရန်နှင့်ဟွမ်ရှင်းကိုနေ့လယ်စာဧည့်ခံပြီးနောက် သူတို့ကိုကုမ္ပဏီသွားဆွေးနွေးစေသည်။

နှစ်ဦးနှစ်ဖက် မြန်မြန်ဆန်ဆန်သဘောတူလိုက်ကြသည်။



ထို့နောက် ဟွမ်ရှင်းကဝမ်ရန်အား ချင်းလင်အပန်းဖြေစံအိမ်ခေါ်ပြီး နောက်ထပ်အကြီးအကဲစားပွဲနှင့်ဧည့်ခံပြန်သည်။

ဝမ်းအသာဆုံးက ကျန်းလင်းလင်းနဲ့ချူကျားနန်ပင်။

လာလည်လည်ချင်း အကြီးအကဲစားပွဲနှစ်ပွဲစားလိုက်ရသည်။ ပုံမှန်အတိုင်းဆို ဒီလိုအစားအစာမျိုးမစားနိုင်။

သို့ရာတွင် ဝမ်ရန်ကစားနေရင်း ချင်လင်အားအလောတကြီးနှင့်_

"ဥက္ကဌချင်... ကျွန်တော်အရေးကြီးတောင်းဆိုစရာရှိတယ်... ဒီတစ်ခေါက် ချင်းလင်ဆေးဖက်ဝင်ဝိုင်နည်းနည်းရောင်းပေးပါလား?''

ချင်လင်က ကျန်းလင်းလင်းနှင့်ချူကျားနန်ကိုအမှတ်တမဲ့ကြည့်ပြီး သဘောပေါက်လိုက်သည်_

"အင်း... ပြီးရင် ယူပေးမယ်''

"ကျေးဇူးအများကြီးတင်ပါတယ် ဥက္ကဌချင်!''

ဝမ်ရန်က ချက်ချင်းကျေးဇူးတင်လိုက်သည်။

ဒါလုံးဝအသက်ကယ်ဆေးပဲ။

အစ်မလင်းလင်းနဲ့အစ်မကျားနန်က သူနဲ့ပါလာသည်။ ဒီဝိုင်မရှိဘဲ မနက်ဖြန်လမ်းမလျှောက်နိုင်မှာစိုးရသည်။

သူတို့နည်းတွေကို သူတထစ်ချယုံကြည်ထားသည်။

…

နောက်အပတ်တွင် ချင်လင်ကရေမွှေးအကြောင်းမေ့မေ့ပျောက်ပျောက်ရှိနေစဉ် ဟွမ်ရှင်းကပြုံးရွှင်ပြီးရောက်ချလာသည်။

"ပြုံးရွှင်နေတာပဲ... ရေမွှေးကုမ္ပဏီက သတင်းကောင်းရှိလို့လား?''

ချင်လင်ကပြုံးပြီးမေးသည်။

ဟွမ်ရှင်းကပြုံးပြုံးနှင့်_

"ချင်လင်... မင်းမိတ်ဆက်ပေးတဲ့အဲဒီဝမ်ရန်က တကယ်အရည်အချင်းရှိတယ်... လုံးဝလေးစားသွားပြီ... တစ်ပတ်ပဲရှိသေးတယ်... ပုလင်း ၅၀၀၀၀ အော်ဒါပေးနေပြီ''

"ဒါအမြတ်ကြီးမလား?''

ချင်လင်က တအံ့တဩနှင့်ပြောသည်။ ဒီရေမွှေးတန်ဖိုးကို ယွမ် ၁၅၀၀ ထားမည်ဟု ဟွမ်ရှင်းပြောတာ သူမှတ်မိသည်။

ဟွမ်ရှင်းကပြုံးပြီး_

"သူအတော်ရပါတယ်... ငါသူ့ကို ၁၃၀၀ နဲ့ပေးတာ... သူက ၁၅၀၀ ရောင်းတယ်... စျေးကွက်တန်ဖိုးက ၂၀၀... သူလည်း ဒီပုလင်း ၅၀၀၀၀ ကနေ ၁၀ သန်းရမှာ''

ဝမ်ရန်ပိုရလေလေ သူပိုရလေလေပေါ့။ သူ့ကို ၁၃၀၀ နဲ့ပေးရင် ပုလင်း ၅၀၀၀၀ က ၆၅ သန်း။

ရေမွှေးကုန်ကျစရိတ်က ထုတ်ပိုးမှုအပါအဝင် သိပ်မရှိ။ ယွမ် ၂၀၀ မကျော်ချေ။

ဒီအချက်မှ ဇိမ်ခံပစ္စည်းတွေဘယ်လိုလုပ်ကြောင်း ဒါမှမဟုတ် ဘယ်လိုအမြတ်ကြီးစားကြောင်း သိနိုင်သည်။



အင်္ဂလန်နေ့စဉ်မေးလ်က ဇိမ်ခံရေမွှေးတစ်ပုလင်းတန်ဖိုးသည် ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၃% သာရှိပြီး လက်လီစျေးနှုန်းမှရရှိသောအမြတ်ငွေမှာ ၉၅% အထိရှိနိုင်ကြောင်း စုံစမ်းတွက်ချက်ခဲ့ဖူးသည်။

ဒါကလည်း ဇိမ်ခံရေမွှေးကိုတစ်နှစ်ဒေါ်လာဆယ်ဘီလီယံချီရောင်းနိုင်သောအကြောင်းရင်းပင်။

၉၅% အမြတ်ကနည်းနည်းချဲ့ကားထားသည်ဆိုသော်လည်း ဘယ်လောက်မြတ်ကြောင်းသိသာသည်။

သို့ရာတွင် သူတို့နှစ်ဦးအဖို့ကောင်းသောကိစ္စပင်။

ဟွမ်ရှင်းကချင်လင်ကိုရှင်းပြပြီး အလောတကြီးထွက်သွားသည်။ လောလောဆယ် သူအလုပ်များနေသည်။ ဝမ်ရန်အော်ဒါထုတ်လုပ်ရေးစီစဉ်ရမည့်အပြင် လူလည်းထပ်ခေါ်ရမည်။

ဝမ်ရန်ကိုရေမွှေးရောင်းပြီးအများကြီးရမည်ဆိုသော်လည်း ရေမွှေးထောက်ခံချက်ရဖို့ကန့်သတ်ချက်တွေရှိမှန်းလည်းသိသည်။ ဇိမ်ခံပစ္စည်းလမ်းကြောင်းဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်မကြော်ငြာနိုင်။ အကျိုးအမြတ်ကအကန့်အသတ်ရှိနေသည်။

သို့ရာတွင် ချင်လင်ပေးသောရေမွှေးလုပ်နည်းက ပိုင်ရှင်မဲ့ရတနာသိုက်ပင်။ အမွှေးနံ့ပိုင်းကိုစစ်ထုတ်ပြီး ဖြည့်စွက်အာနိသင်ကိုဖယ်ရှားနိုင်သရွေ့ ဘရန်းအဖြစ်ထုတ်နိုင်သောဇိမ်ခံပစ္စည်းရနိုင်လိမ့်မည်။

ဒီလိုရေမွှေးထုတ်နိုင်ရင် တကယ်အကျိုးအမြတ်ရပြီ။

သို့ရာတွင် သူတစ်ယောက်တည်းလေ့လာပါက အချိန်အများကြီးပေးရမည်ဖြစ်၍ ကျွမ်းကျင်အရည်အချင်းရှိသူများထပ်ခေါ်ရမည်။

ဒီလိုနှင့် ရေမွှေးစီးရီးကိုမြန်မြန်ဆန်ဆန်ထုတ်လာနိုင်မည်။

…

ရေမွှေးက ပထမဆုံးအရောင်းအဆက်အသွယ်ရလာ၍ ဟွမ်ရှင်းဝမ်းသာနေစဉ် တစ်စုံတစ်ယောက်က မပျော်မရွှင်ဖြစ်နေသည်။

ချင်းလင်စံအိမ်လာသောရုံချန်းလမ်းပေါ်တွင် ကတုံးဆံတောက်နှင့်လူတစ်ယောက်ကမျက်မှောင်ကြုတ်ပြီးသက်ပြင်းချနေသည်။

သူနာမည်က လီဖေး။ မင်မြို့တော်တွင် အဆင့်မြင့်စားဖွယ်များသီးသန့်ရောင်းသော ဇိမ်ခံပစ္စည်းဆိုင်ဖွင့်ထားသည်။ ဒီအပိုင်းတွင် အဆက်အသွယ်များသောကြောင့် ဘယ်အဆင့်မြင့်အစားအသောက်မဆို သူရနိုင်သည်။

ရှန်းရွှေလက်ဆောင်ဆန်အကြောင်းဗဟုသုတလည်းရှိသည်။

ထို့ကြောင့် သူ့ဇိမ်ခံပစ္စည်းကအမြဲနာမည်ရခဲ့သည်။

သို့သော် ဘယ်အချိန်ကစမှန်းမသိ၊ မင်မြို့တော်လူချမ်းသာအသိုင်းအဝိုင်းတွင် သူ့ဇိမ်ခံပစ္စည်းများကအရည်အသွေးညံ့သည်ဟုကောလာဟလထွက်နေသည်။ အတုဟူတောင်ဆိုကြသည်။



ထိုကောလာဟလများကြောင့် လုံးဝမတတ်သာသလိုခံစားရသည်။

သူ့ဖောက်သည်များက လူချမ်းသာမဟုတ်ရင် ဂုဏ်ရှိသူများဖြစ်၍ ဘာပဲဖြစ်ဖြစ်ပြန်မပြောနိုင်ချေ။

အခုတလော ချင်းလင်စံအိမ်မှအရည်အသွေးမြင့်ဟင်းသီးဟင်းရွက်များက သူ့ဇိမ်ခံပစ္စည်းများထက်ပိုကောင်းသည်ဟုပြောနေကြ၍ ချင်းလင်စံအိမ်ကိုတစ်ခေါက်သွားရမည်။

ချင်းလင်စံအိမ်က ပစ္စည်းတချို့တလေရနိုင်မရနိုင် သွားကြည့်ချင်သည်။

ဒီလိုဆိုရင် ဒီကောလာဟလဆက်မပြန့်နိုင်တော့ဘူးမလား? သူ့မှာလည်း ချင်းလင်စံအိမ်ကဇိမ်ခံပစ္စည်းရှိလာမည်လေ။

မကြာမီ လီဖေးကစံအိမ်ကားပါကင်ရောက်လာသည်။ ဟိုဒီလျှောက်မေးပြီး ဝန်ထမ်းတစ်ဦးရှိသောရုံးခန်းသွားလိုက်ရာ မာတီမီဒီယာဌာနတာဝန်ခံနှင့်တွေ့သည်။

…

ချင်းလင်စံအိမ်_

ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်ကိုငါးမျှားခိုင်းနေစဉ် လင်းလန်ဇီဖုန်းဝင်လာသည်။

"ဘာကိစ္စလဲ မန်နေဂျာလင်း?''

ချင်လင်ကဖုန်းကိုင်လိုက်သည်။

လင်းလန်ဇီကချက်ချင်းတင်ပြသည်_

"သူဌေး... လီဖေးဆိုတဲ့လူလာရှာပါတယ်... မင်မြို့တော်ကစိန်နဲ့မြဇိမ်ခံပစ္စည်းများသူဌေးလို့ပြောပါတယ်!''

"လီဖေး?''

ထိုနာမည်ကြားပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။

ဒီနာမည်ကြားဖူးတာ ဒါပထမဆုံးမဟုတ်။ လောင်ချန်တို့စံအိမ်လာလည်တိုင်း လီဖေးဆိုသောနာမည်နှင့် သူ့ပစ္စည်းများကိုယှဉ်ကြသည်။

သို့သော် လီဖေးပစ္စည်းများကအစစ်။ သူ့ပစ္စည်းများက ဂိမ်းထဲမှဖြစ်သော်လည်း လီဖေးပစ္စည်းတွေမယှဉ်နိုင်၍ လောင်ချန်တို့က လီဖေးပစ္စည်းကိုအဆင့်နိမ့်သည်၊အတုဖြစ်သည်ဟုသဘောထားကြသည်။

အမှန်အတိုင်းဆိုရရင် ဘာဖြစ်နေမှန်းသူသိသော်လည်း ရှင်းမပြနိုင်။ လီဖေးကိုနည်းနည်းကိုယ်ချင်းစာမိသည်။

အခုလိုလီဖေး သူ့ဆီရောက်လာမည်ဟုမထင်မိပေ။

"မန်နေဂျာလင်း... လီဖေးကိုဒီခေါ်ခဲ့ပါ!''

ချင်လင်လည်း ဖုန်းထဲမှညွှန်ကြားလိုက်သည်။

"ကောင်းပါပြီ သူဌေး''

လင်းလန်ဇီကပြန်ဖြေပြီး ဖုန်းချလိုက်သည်။

မကြာမီ လင်းလန်ဇီက ကတုံးဆံတောက်နှင့်လူတစ်ယောက်ကို ချင်လင်ဆီခေါ်လာပြီးမိတ်ဆက်ပေးသည်_

"လူကြီးမင်းလီဖေး... ဒါကျွန်မတို့ဥက္ကဌချင်ပါ... သူဌေး သူကလူကြီးမင်းလီဖေးပါ''

လီဖေးက ချင်လင်ကိုမြင်ပြီး သူများတွေနည်းတူ အံ့ဩသွားသည်။ ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်ကငယ်လွန်းသည်။

ချင်လင်လည်း လီဖေးကိုအကဲဖြတ်ပြီး စူးစမ်းလိုက်သည်_

"လူကြီးမင်းလီဖေး... အရင်ကကြားဖူးပါတယ်... ဒီလာရင်းကိစ္စကိုသိပါရစေ?''

လီဖေးကတုံ့ဆိုင်းမနေဘဲ သူ့ရည်ရွယ်ချက်ကိုရှင်းပြသည်_

"ဥက္ကဌချင်... ကျုပ်ကမင်မြို့တော်မှာ အဆင့်မြင့်စားသောက်ကုန်လုပ်ငန်းလုပ်ပါတယ်... အထူးစားသောက်ဆိုင်ကြီးတောင်ရှိပါတယ်... ဒါပေမဲ့ ဘယ်အချိန်ကစမှန်းမသိ ကျုပ်ပစ္စည်းတွေကအတုတွေ အဆင့်နိမ့်တယ်ဆိုပြီး ကောလာဟလတွေထွက်လာပါတယ်... အဲဒါကြောင့် ပင်ရင်းအသစ်ကိုမဖြစ်မနေရှာရပါတယ်... ကျုပ်ကဒီလာပြီး တောင်းဆိုတာပါ''

ထိုစကားကြားပြီး ချင်လင်မှာအံ့ဩပုံပေါက်သွားလေသည်!



All Chapters