← Chapters

လိုက်ဖက်တဲ့လူတွေ

Vol. 102 Ch. 1517

လိုက်ဖက်တဲ့လူတွေ

Vol. 102 Ch. 1517

“ ဟင် … အိမ်ဝယ်လာခဲ့ပေးတယ်ဟုတ်လား…”

ယခင်က သူမ နောက်နောက်ပြောင်ပြောင်နှင့် ပြောလိုက်သည် ဆိုသော်ငြားလည်း သူ့အစ်ကိုနှင့် ယောင်းမက တကယ်ကြီး ဝယ်ပေးကြလိမ့်မယ်လို့ ကော်နင်ယွဲ့ ထင်မှတ်မထားခဲ့ချေ။

ကော်နင်ယွဲ့၏ အတန်းဖော် သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များလည်း အံ့အားသင့်ကုန်ကြ၏။

ဘယ်လို အိမ်အမျိုးအစားပဲ ဖြစ်ဖြစ် ခန်းဝင်လက်ဆောင်အနေနဲ့ အိမ်တစ်လုံး ဝယ်ပေးတယ် ဆိုတာနဲ့တင် အထင်ကြီးဖို့ ကောင်းနေပြီ။

“ နင်က လက်ထပ်တော့မှာလေ… အစ်မတို့နှစ်ယောက်ကလည်း နင့်ရဲ့ ခန်းဝင်လက်ဆောင်အတွက် တစ်ခုခုတော့ ဝယ်ပေးဦးမှပေါ့…”

ကျီချင်းရန်သည် ပိုင်ဆိုင်မှု စာချုပ်ကို ကော်နင်ယွဲ့ လက်ထဲသို့ ကမ်းပေးလိုက်သည်။ အခြားသူများက အနားသို့ ဝိုင်းအုံလာကြပြီး မည်သို့သော အိမ်မျိုး လက်ဆောင် ဝယ်ပေးခဲ့သလဲဆိုတာကို စူးစမ်းချင်နေကြတော့၏။

“ ယွင်ရှန်း ဗီလာ ….. “

မိန်းကလေးများအားလုံး တညီတညွှတ်တည်း မြည်တမ်းမိလိုက်ကြ၏။

မူလတုန်းက သူမတို့ စိတ်ထဲတွင် စတုရန်းမီတာ ဒါဇင်ခန့်ရှိသည့် အိမ်လေး တစ်လုံး ၊ တိုက်ခန်းလေး တစ်ခန်း ဝယ်ပေးလျှင်ပင် တော်တော်လေး ကောင်းနေပြီဟု တွေးထင်နေခဲ့ကြသော်လည်း လင်းရီက ဗီလာ ဝယ်ပေးလာခဲ့လိမ့်မည်လို့ သူမတို့တွေ မျှော်လင့်မထားခဲ့ကြချေ။

ထို့ပြင် ၎င်းက ရန်ချိန်တွင် နာမည်ဂုဏ်သတင်း ကြီးလှပါဘိ ဆိုသည့် ယွင်ရှန်းက ဗီလာကြီးပင်။

“ ကိုကြီး … ဒါ ပိုက်ဆံတွေ အများကြီး ပေးခဲ့ရမှာပေါ့…”

“ ဘယ်လောက်ပေးရလဲကို ခေါင်းထဲ ထည့်မနေနဲ့…” လင်းရီ ပြောလိုက်ပြီး “ ဒီဗီလာကို မင်းအစ်မကိုယ်တိုင် သေချာ ရွေးပေးထားတာ … မင်းရဲ့ အိတ်ကို သယ်ပြီး ဒီတိုင်း ပြောင်းလိုက်တော့ … မင်း အစ်မရဲ့ အမြင်ကိုတော့ မင်း ယုံကြည်တယ်မလား….”

“ ဒါပေါ့ …” ကော်နင်ယွဲ့ အပြုံးလေးဖြင့် ပြောလျက် “ ယောင်းမရဲ့ အမြင်က ကိုကြီးထက် အများကြီးသာတယ်…”

“ ငါ ခုလေးတင် ရှာကြည့်လိုက်တာ ဒီ ယွင်ရှန်း ဗီလာက ယွမ် သန်း ၇၈၀ ပေါက်ဈေး ရှိသလိုပဲ…” ကျန်းရာ တိုးညှင်းစွာ ပြောလိုက်၏။

အခန်းထဲရှိ လူတိုင်း ငြိမ်သက်ကုန်ကြ၏။ နင်ယွဲ့ အစ်ကိုက ဘာအလုပ်များ လုပ်တာပါလိမ့်။

သိပ်ချမ်းသာလွန်းတယ်။

ခင်ပွန်းသည်ဘက်က ပစ္စည်းတွေ လက်မခံဖို့ ယုံကြည်ချက် ပြည့်ဝနေတာ မဆန်းတော့ပါဘူး။ လက်စသတ်တော့ သူကလည်း ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီး တစ်ဦး ဖြစ်နေလို့ကိုး။

‘ ငါလေးလည်း ဒီလို ချမ်းသာတဲ့ အစ်ကိုတစ်ယောက်လောက်တော့ ပိုင်ဆိုင်ထားချင်တယ်လေ ’

“ အိုက်ယား … နင်တို့ ဘာတွေ စောင့်နေကြတာလဲ… ခုသွားကြမယ်လေ…” ကော်နင်ယွဲ့ စိတ်လှုပ်ရှားကြီးစွာဖြင့် ဆော်ဩလိုက်၏။

“ ဗီလာကို သွားပြီး အိမ်အသစ်ကို အလှဆင်ကြတာပေါ့… ငါလည်း အိမ်က ဘယ်လိုမျိုးလဲ သိချင်တယ်…”

ကောင်မလေးများအားလုံး စိတ်လှုပ်ရှားကုန်ကြသည်။ သူမတို့ တစ်သက်တာတွင် ယခုက ပထမဆုံးအကြိမ် ဗီလာတစ်လုံးထံသို့ အလည်အပတ် သွားရမည် ဖြစ်၏။

“ ကိုကြီး …………”

ကော်နင်ယွဲ့သည် ကျီချင်းရန်အား လျစ်လျူရှု၍ လင်းရီ၏ လက်မောင်းကို တွယ်မှီကာ ချွဲနွဲ့လိုက်၏။

“ ဘာတုန်း…”

“ အားရင် ညီမတို့ကို အဲ့ဒီ ခေါ်သွားပေးပါလားလို့…”

“ မင်း အစ်ကိုကြီးကို သွားပြော… ငါ မအားဘူး …”

“ ဟာ … သူက တစ်နေ့လုံး အလုပ်ပင်ပန်းထားတာ … ဒီနေ့ မနက်လည်း အစောကြီး ထထားရတာဆိုတော့ ခု အိပ်နေတယ်… သူ့ကို သွားခေါ်ရမှာ အားနာလို့…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ပြီးတော့ ကိုကြီးက အိမ်ဝယ်ပေးတဲ့သူလေ… လူကို ခေါ်သွားပြီးမှတော့ လိုက်ပြသင့်တာပေါ့လို့…”

ကျီချင်းရန်က လင်းရီကို မသိမသာ ဆွဲဆိတ်လိုက်သ်ည။ “ မြန်မြန် လိုက်သွားပေးလိုက်… နင့် ညီမက မကြာခင် လက်ထပ်ရတော့မှာ…”

ကျီချင်းရန်ကပါ ပြောလာသဖြင့် လင်းရီလည်း ရွေးချယ်စရာမရှိ။ အသစ်ဝယ်ထားသည့် ဗီလာသို့ သူမလေးအား လိုက်ပို့ပေးရတော့သည်။

တီ တီ…

လင်းရီ၏ ကား မီးလင်းလာသည်ကို မြင်တော့ ကော်နင်ယွဲ့နှင့် ကျန်သူများအားလုံး ကြက်သေသေကုန်ကြသည်။

“ ကိုကြီး နင် ဒီကို ကားနဲ့ လာခဲ့တာပေါ့…”

“ ဒီခရီးကို ကားနဲ့သာ လာရလို့ကတော့ ပင်ပန်းသေရချည်ရဲ့ … ကားကို ဝန်ဆောင်မှုပေးတဲ့ ထရပ်နဲ့ တင်လာတာ … မင်း မင်္ဂလာဆောင်ကျရင် ငါက ရှေ့ဆုံးကနေပြီး မင်းအတွက် လမ်းရှင်းပေးမှာလေ…”

“ ကိုကြီး …….. “

ကော်နင်ယွဲ့ သူမလည်ချောင်းထဲ ထုံထိုင်းသွားသလို ခံစားလိုက်ရပြီး မျက်ရည်ပင် ဝဲတက်လာတော့၏။

ပုံမှန်ဆိုပါက သူမတို့တွေ အမြဲတမ်း ရန်ဖြစ်လေ့ ဖြစ်ထ ရှိသော်လည်းပဲ မောင်နှမဆိုသည်က ထိုသို့ချည်းပင်။ သို့သော် တစ်ချိန်တည်းတွင် အရင်းနှီးဆုံး ရင်းချာကြီးများလည်း ဖြစ်ကြလေသည်။ တချို့သော သွေးရင်း၊သားရင်းများပင် သူမတို့ကဲ့သို့ ရင်းနှီးနေလို့မည်လို့ ကော်နင်ယွဲ့ မသေချာပေ။

“ ဘာလဲ … ဟတ်ထိသွားသလား … ဟားဟား လူကြီးဖြစ်လို့ အိမ်ထောင်ပြုရတော့မှာကို မျက်ရည်က လွယ်တုန်းပဲပေါ့ … လာသွားစို့ .. သူများတွေ စောင့်နေကုန်ပြီ…”

မိနစ် လေးဆယ်မျှ ကြာပြီးနောက် အုပ်စုမှာ ယွင်ရွှေ ဗီလာသို့ ရောက်လာခဲ့ကြသည်။

ဗီလာဧရိယာ အတွင်းရှိ လှပသည့် မြင်ကွင်းများနှင့် ခမ်းနားလှသည့် အတွင်းပိုင်း အပြင်အဆင်တို့ အားလုံးက ငွေ၏ အငွေ့အသက်ကို လွှတ်ထုတ်နေခဲ့ကြသည်။

ယင်းက ကျန်းရာ၊ ကျောက်ရူနှင့် အခြားသူများအား မနာလို ဖြစ်သွားစေတော့သည်။

သူတို့မှာလည်း ဘာလို့ ဒီလိုမျိုး ကောင်းတဲ့ အစ်ကိုတစ်ယောက် မရှိရတာလဲ။

အစ်ကိုကြီးက အဘိုးကြီးဆိုရင်တောင် သူလေးတို့ စိတ်မရှိပါဘူးနော်။

အိမ်က ကြီးမားလွန်းလေရာ လူတိုင်း ညသန်းခေါင်ကျော်သည်အထိ အလုပ်များနေခဲ့ကြ၏။ ထို့နောက် နောက်တစ်နေ့ ဆက်လုပ်ဖို့ရာ စီစဉ်လိုက်ကြတော့သည်။

နောက်တစ်နေ့တွင် အိမ်အသစ်ကို အလှဆင်မှုအပြင် လင်းရီသည် ချင်းဟန်နှင့် ကျန်သူများကိုလည်း သွားရောက်ကြိုဆိုခဲ့သည်။

လင်းရီ၏ ညီမ မင်္ဂလာဆောင်က သူတို့ ညီမလေး၏ မင်္ဂလာဆောင်ဖြစ်သည်ဟု မှတ်ယူထားသဖြင့် သူတို့အားလုံး မရှိလို့ မဖြစ်ပေ။

တစ်ချိန်တည်းတွင် ချီရှန်းကျောက်နှင့် ထျန်းရန်တို့လည်း ရောက်လာခဲ့ကြ၏။

လင်းရီကို အံ့အားသင့်မှု အဖြစ်စေဆုံးကတော့ ချင်းဟန်အပြင် အခြားသော ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးများနှင့် SR အသင်းက လူများလည်း ဤနေရာသို့ အပြေးအလွှား ရောက်လာခဲ့ကြခြင်းကိုပင်။

လူတစ်ရာကျော်လောက်က အမျိုးမျိုးသော ပြိုင်ကားများ၊ စူပါကားကြီးများ မောင်းနှင်နေကြပြီး မြင်ကွင်းက ရူးလောက်စရာကြီးပင်။

မင်္ဂလာဆောင်သည့် နေ့တွင် ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်ဖူတို့က ဂေဟာရှိ ကလေးများ၊ တချို့သော ဆွေမျိုးများနှင့်အတူ စုံစုံလင်လင် တက်ရောက်လာသည်။

လူတိုင်းက ပွဲတော်နေ့တွင် ပြုံးပျော်ရွှင်နေကြ၏။ မှန်သည်။ ကျောက်ချွမ်ဖူက လွဲ၍ပင်။

ဝမ်ချွေ့ပင်းက ကြိမ်းမောင်းထား၍သာ မဟုတ်ပါက သူသည် ယနေ့ မင်္ဂလာဆောင်သို့ပင် လာခဲ့လိမ့်မည် မဟုတ်ချေ။

ဗီလာအပြင်ဘက်တွင် ထိုးရပ်ထားသည့် ရာကျော်သော ကားအကောင်းစားကြီးများကို မြင်တော့ အိမ်ရှိ ဆွေမျိုးများအားလုံး ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်။ အကြီးအကျယ် ရှော့ခ်ရကုန်ကြသည်။

တစ်ယောက်က လင်းရီကို သူ့ညီမ၏ မင်္ဂလာဆောင်အား ခမ်းခမ်းနားနား ၊ သိုက်သိုက်ဝန်းဝန်း ဖြစ်စေသဖြင့် ချီးမွမ်းစကား ဆိုလိုက်သည်။

ထိုအချိန် လင်းရီမှာမူ ချီရှန်းကျောက်နှင့်အတူ ဝိုင်ခွက်ကို ကိုင်၍ အတူရှိနေသည်။

“ ဥက္ကဌလင်း … Segby နဲ့ ဘရက်စကို ကုမ္ပဏီက ဟိုကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် လုပ်လိုက်ပါပြီ…”

လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းရီသည် လဲမွန်တော့နှင့် ဒန်ဂါ၏ နှောင့်ယှက်သည့် အမှုနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲ ကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ခြင်း မရှိဘဲ ချီရှန်းကျောက်နှင့်သာ လွှဲထားခဲ့လိုက်သည်။

“ အင်း … ဆိုစမ်းပါဦး…”

“ သူတို့ကို ခွင့်လွှတ်ပေးဖို့ အလဲအလှယ်အနေနဲ့ ကုမ္ပဏီ နှစ်ခုက ကျုပ်တို့နဲ့ အထူးသီးသန့် ကိုယ်စားလှယ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်…”

“ အထူးသီးသန့် သဘောတူညီချက် ဟုတ်လား …” လင်းရီ ပြောလိုက်ပြီး “ အဲ့တာက ဘာလဲ…”

“ ဒီလိုလေ.. ကျုပ်တို့က သူတို့ရဲ့ ရောင်းချတဲ့ ကိစ္စတွေမှာ ကူညီပေးနေတာ မဟုတ်ဘူးဆိုပေမယ့် သူတို့ရဲ့ ဟွာရှ စီးပွားရေး ကိစ္စတွေမှာတော့ ကျုပ်တို့ရဲ့ ခွင့်ပြုချက်ကို လိုတယ်…” ချီရှန်းကျောက် ရှင်းပြလိုက်ပြီး “ တခြားစကားနဲ့ ပြောရရင် ကျုပ်တို့မှာသာ ဝယ်လိုတဲ့ ဆန္ဒရှိတယ်ဆိုရင် သူတို့က ကျုပ်တို့ဘက်ကို ဦးစားပေး ရောင်းပေးမယ်… မလိုချင်ဘူးဆိုရင်တော့ တခြားသူတွေကို ရောင်းပေးမှာပေါ့…”

“ အခု ဟွာရန်အုပ်စုက ပြည်တွင်း စီးပွားရေးလုပ်ငန်းအတွက် အတွင်းပိုင် လည်ပတ်မှုကို ပုံဖော်နေပြီဆိုတော့ ဒီ သဘောတူညီချက်နဲ့သာဆိုရင် ကျုပ်တို့တွေ သီးသန့်နေရာကို ဆက်တိုက်ရထားသလို ဖြစ်နေတော့မှာ.. ဒါက အနာဂတ် အစီအစဉ်တွေ အတွက် အများကြီး အားသာချက်ရှိတယ်…”

ချီရှန်းကျောက်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဘာဖြစ်နေလဲဆိုတာ လင်းရီ သဘောပေါက်သွားတေ့သည်။

ဤ ရွေ့ကွက်က တော်တော်လေး ပြောင်မြောက်လှသည်ဟု ခံစားနေရ၏။

နယ်ပယ် တစ်ခုတည်းသာလျှင် ဆိုသော်ငြား ဟွာရန် အုပ်စု ကြီးထွားရန်အတွက် အရင်းအမြစ် အသစ်ပင်။ ဤသည်က ၎င်းတို့၏ ခွန်အားကို သိပ်သည်း သန်မာသွားစေလိမ့်မည်။

“ ကောင်းတာပေါ့ … ဘာပဲဆိုဆို အလကားရတဲ့ ဥစ္စာပဲမလား..” လင်းရီ ပြုံးလိုက်သည်။ “ တကယ်လို့များ ဒီလိုဖြစ်မယ်မှန်း သိလို့ကတော့ အဲ့တုန်းက ငါကိုယ်တိုင် မလှုပ်ရှားခဲ့ပါဘူး … ဒီကိစ္စကိုသာ နည်းနည်းလေး ပွထ စေလိုက်မယ်ဆိုရင် ငါတို့တွေ အကျိုးအမြတ် ပိုပြီးတောင် ရလိုက်ဦးမယ်…”

“ ဒါပေမယ့် ယွမ်ယွမ်လည်း အနည်းနဲ့အများတော့ ထိခိုက်နစ်နာမယ်မလား …” ချီရှန်းကျောက် အပြုံးလေးဖြင့် ဆိုလိုက်၏။

“ မင်းက ကလေးနဲ့ မခွဲရက်ဘူးဆိုရင် ဝံပုလွေကို မျှားနိုင်မှာ မဟုတ်သလို ကိုယ့်မိန်းမနဲ့ မခွဲရက်ဘူးဆိုရင်လည်း တဏှာရူးတဲ့ကောင်တွေကို ထောင်ချောက်ဆင်နိုင်မှာ မဟုတ်ဘူး … ကုမ္ပဏီအတွက်ပဲဟာ … ငါတို့ သူ့ကို စတေးသင့်ရင် စတေးရမှာပေါ့…”

“ ဥက္ကဌလင်း ပြောတာ မှန်တယ်…”

သူတို့နှစ်ယောက်က အချစ် - အမုန်း ဆက်ဆံရေးကို ဝေမျှနေမှန်း ချီရှန်းကျောက် နားလည်သည်။ ယခု အခိုက်အတန့်တွင်တော့ ဥက္ကဌလင်းကို ထောက်ခံရုံမှအပ တခြား ဘာစကား ပြောရမှန်း သူ မသိတော့ချေ။

“ စကားမစပ် ငါ မင်းကို ပိုလီ အုပ်စုအပေါ် မျက်စိ ဒေါက်ထောက် ကြည့်ခိုင်းထားတာ ဘာတွေ ထူးတုန်း …”

“ ပုံမှန်ပါပဲ… ဘယ်လို ထူးဆန်းတဲ့ ရွေ့ကွက်တွေမှတော့ မမြင်ရသေးဘူး…”

လင်းရီ နှုတ်ခမ်းကိုက်လိုက်သည်။ ရက်နှစ်ဆယ်ပင် ရှိပြီ ဖြစ်၏။ သိုသော် ဝမ်မိသားစုက လှုပ်ရှားလာမှု မရှိသေးချေ။ ယင်းက လင်းရီကို ပို၍ မသက်မသာ ဖြစ်အောင် ပြုလုပ်နေသည်။ သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိတော့ချေ။

တစ်ချိန်တည်းတွင် ချွီမိသားစု၏ ယာဉ်တန်းကလည်း ယွင်ရှန်း ဗီလာသို့ ဦးတည်လာနေသည်။

ကားအစီးရေ တစ်ရာကျော် ပါဝင်ပြီး ဈေးအပေါဆုံးက ယွမ် ၃ သိန်းကျော် ပေးရသည့် Cardillac ပင်။ ဦးဆောင်နေသည့် ကားကတော့ ယွမ် ၁၀ သန်းကျော် ပေးရသည့် Rolls Royce Phantom ဖြစ်သည်။

ရန်ချိန်ကဲ့သို့ မြို့ကြီး၌ပင် ဤကဲ့သို့ စီတန်းလှည့်လည်မှုက ဧရာမကြီးဟု သတ်မှတ်၍ရ၏။

ထိုအချိန်တွင် အဖြူရောင် လန်ခရူဇာလေး တစ်စင်းသည် ယာဉ်တန်းအတွင်း ဖြည်းညင်းစွာ မောင်းနှင်လျက် ရှိနေသည်။

“ ဒီ သတို့သမီး မိသားစုကလည်း ဘာကြီးလဲဟယ်… လာကြိုဖို့ကို အဲ့လောက်အဝေးကြီး လာနေရတယ်… လမ်းမှာသာ ယာဉ်ကြောတစ်ခုခု ဆိုလို့ကတော့ ပွဲအခမ်းအနားတောင် မှီမှာ မဟုတ်ဘူး …”

All Chapters