← Chapters

သန်း ၂၀၀က မလောက်ဘူး ၊ ငါ သန်း ၁၀၀၀ လိုချင်တယ်

Vol. 102 Ch. 1523

သန်း ၂၀၀က မလောက်ဘူး ၊ ငါ သန်း ၁၀၀၀ လိုချင်တယ်

Vol. 102 Ch. 1523

“ မင်းက အများသိအောင် ကြေညာချင်လို့လား…”

“ အင်း … ဒီလို ကိစ္စကြီးကို အများသိအောင် ကြေညာတာက ပိုကောင်းတယ်လေ… ဒါက လူတွေအများကြီးကို ဆွဲဆောင်နိုင်တယ်…”

“ အင်တာဗျူးမှာ မင်းငါ့ကို ကိုယ်စားပြုပြီး ဖြေလို့ရတယ်… ငါမင်းကို သတင်းထောက်တွေနဲ့ ချိတ်ပေးမယ်…” လင်းရီ ပြောလိုက်ပြီး “ တုံးစန်းကောင်တီက အခြေအနေ အရပ်ရပ်ကို ကြိုတင်ပြီးမှတော့ ပြောပြထားပေါ့… မဟုတ်ရင် အင်တာဗျူးက သိပ် အဆင်ပြေမှာ မဟုတ်ဘူး…”

“ ကောင်းပြီလေ.. ဒါဆို ကျုပ် ဥက္ကဌလင်းဆီက သတင်းကို စောင့်နေပါ့မယ်…”

လင်းရီ ခေါင်းညိမ့်ပြီး သဘောတူလိုက်သည်။

သူ ရန်စီကို အင်တာဗျူးခွင့် ပြုပေးဖို့ရာ ဆုံးဖြတ်ထား၏။ သို့မှသာ သူမကို အကျိုးအမြတ်ရှိစေမည်။

ထို့ပြင် အကုန်လုံးက တစ်လှေတည်း စီးနေကြသူများ ဖြစ်သဖြင့် သူတို့ကို မည်သို့ အင်တာဗျူးမလဲဆိုတာက သူမ လက်ထဲတွင် ရှိနေသည်။ ဤသည်က ယခင်ကကဲ့သို့ မျက်နှာနှစ်ဖက်နှင့် သတင်းထောက်များကို ကာကွယ်ပြီးသား ဖြစ်လိမ့်မည်။

ထိုညတွင် လင်းရီနှင့် ကျန်သူများက စီစဉ်ထားသည့်အတိုင်း မထွက်သွားဖြစ်ခဲ့ကြပေ။

သူတို့အားလုံး ရန်ချိန်တွင် တစ်ညနေ၍ နိုက်ကလပ်သွားကာ နောက်တစ်နေ့ နေ့လည်ခင်းအထိ အိပ်စက်ပြီး ကျိုးဟိုင်သို့ ပြန်လာခဲ့ကြ၏။

“ အန်တီဝမ်… အန်ကယ်ကျောက် … သမီးတို့ သွားနှင့်ပြီ… နောက်ရက်နည်းနည်းဆို နှစ်သစ်ကူးရောက်ပြီဆိုတော့ အဲ့ခါကျရင် တစ်ခေါက်လာခဲ့ဦးမယ်နော်…”

မထွက်ခွာမီ၊ ကျီချင်းရန်က ဝမ်ချွေ့ပင်း၏ လက်ကို ကိုင်ပြီး ပြောလိုက်သည်။

“ ဒီနှစ်တော့ မလာနဲ့တော့… အန်တီ မနှစ်က ဒီမှာပဲ နှစ်ကူးခဲ့တာဆိုတော့ ဒီတစ်ခေါက်တော့ သမီးတို့အိမ်ဆီ အန်တီလာခဲ့မယ်… ဒါမှ မျှတမှာပေါ့…”

ဝမ်ချွေ့ပင်း၏ စာနာမှုကြောင့် ကျီချင်းရန် ရင်ထဲ နွေးထွေးသွားခဲ့ရသည်။

တကယ်တော့ သူမလည်း နှစ်သစ်ကူးကို သူမ မိသားစုနှင့် အချိန်ကုန်ဆုံးချင်ပါသည်။

စကား ခေတ္တ ပြောပြီးနောက် နှစ်ယောက်သား တက္ကစီစီး၍ လေဆိပ်သို့ ထွက်လာခဲ့ကာ ကျိုးဟိုင်သို့ ပျံသန်းလာခဲ့ကြ၏။

နောက်ရက် အနည်းငယ်ကြာသည်ထိတိုင်အောင် လင်းရီ၏ အလုပ်တို့က တော်တော်လေး လွယ်ကူနေသည်။ အချိန်အများစုကို ကုမ္ပဏီ၌ ကုန်ဆုံးနေတတ်၏။

ထွေထူးရှိသည်ကတော့ စက်မှုဇုန်၏ ဆောက်လုပ်မှု ယန္တရားကို အရှိန်တိုးမြင့်ထားပြီး လုပ်ငန်းက အနည်းဆုံး တစ်ပတ်အကြာတွင် စတင်တော့မည် ဖြစ်သည်။ အင်တာဗျူးအတွက်ကတော့ နောက်ဆုံးနေ့တွင် ပြုလုပ်ဖို့ စီစဉ်ထားလိုက်၏။

အခြားတစ်ဖက်တွင်တော့ ကျီချင်းရန်မှာ အနည်းငယ် အလုပ်ရှုပ်နေသည်။

ချောင်ရန်အုပ်စုက ကော်မာရှယ် အိမ်ခြံမြေ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု အဖြစ် အသွင်ကူးပြောင်းတော့မည် ဖြစ်သောကြောင့် သူမထံတွင် လုပ်စရာတို့က တောင်ပုံယာပုံ ရှိနေသည်။ အိမ်သို့ ပြန်ရောက်သည့် အချိန်၌ပင် မနားရဘဲ အချိန်ပိုဆင်းနေရပြီး လင်းရီကိုလည်း အဖော်မပြုပေးနိုင်တော့ချေ။

ညနေခင်း ရှစ်နာရီ အချိန်တွင် လင်းရီသည် အသီးပန်းကန် တစ်ချပ် ယူလာ၍ ကျီချင်းရန်၏ စာကြည့်ခန်းထဲသို့ ပို့လာခဲ့ပေးသည်။

“ ငါ ခုနောက်ပိုင်း ပြဿနာ တစ်ချို့ကို သတိထားမိတယ်…”

အလွန်အမင်း အလုပ်များနေသည့် ကျီချင်းရန်သည် အသံကြား၍ သူမ၏ အကြည့်ကို လင်းရီထံ ရွေ့လိုက်၏။

“ ဘာပြဿနာလဲ… ကုမ္ပဏီက ပြဿနာ တစ်ခုခု တက်နေလို့လား….”

“ ခုတလော မင်းငါ့ကို ပစ်ထားသလိုပဲ … ငါတို့ရဲ့ ဆက်ဆံရေးမှာ တစ်ခုခုတော့ မှားနေပြီ… ဒီမိသားစုက ဒီလိုပုံစံနဲ့ဆို ဆက်မဖြစ်တော့ဘူး … ဒီတော့ ငါ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီ…”

ကျီချင်းရန်မှာ ခေတ္တမျှ ကြက်သေသေသွားပြီးနောက် ကိုးရို့ကားယားနိုင်သည့် အမူအရာ ဖြစ်သွားခဲ့တော့သည်။

“ ငါနင့်ကို သတ်မိတော့မယ်…”

သူမနောက်ရှိ ခေါင်းအုံးကို ဆွဲ၍ လင်းရီထံ ပစ်ပေါက်လိုက်၏။

“ သွား သွား … ငါ အလုပ်လုပ်နေတာကို လာမရှုပ်နဲ့..”

ခေါင်းအုံးကို ဖမ်းပြီး လင်းရီ အပြုံးလေးဖြင့် စာကြည့်ခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ ဖုန်းနာရီရှိ ရက်စွဲကို တစ်ချက်ကြည့်မိတော့ ခရစ်စမတ် နီးကပ်လာပြီကို သတိပြုမိလိုက်သည်။

သူ စိတ်ထဲ မကျိန်ဆဲဘဲ မနေနိုင်ချေ။

“ အိမ်း… ခေါင်းစားရမယ့် အချိန်တော့ ရောက်လာပြန်ပြီ… ဒီတစ်ခါလည်း ငါ ဘာပေးရပါ့…..”

လင်းရီကို ငိုချင်းချစေချင်ဆုံကတော့ မနှစ်က မိချော လေးယောက်လုံးသည် သူ့အား တူညီသည့် ခါးပတ်များအား လက်ဆောင်ပေးလာခဲ့ခြင်းကိုပင်။

ယခု တစ်နှစ်ကုန်ဆုံးသွားပြီး ခါးပတ်နှစ်ခုမှာ ပတ်ကို မပတ်ရသေးချေ။

လက်ဆောင်အနေနှင့်ကတော့ သူ ဝမ်ရင်းနှင့် လီချူးဟန်ကို တစ်ယောက် အိမ်တစ်လုံးစီနှင့် ယွမ် သန်း ၂၀၀ ထည့်ထားသည့် ကတ်တစ်ခုစီ ပေးထားသည်။ ထိုလောက်ဆို သူမတို့အား ဂရုစိုက်သည်ဟု သတ်မှတ်၍ရ၏။

သို့သော် ကျီချင်းရန်နှင့် လျန်ရူရွှယ်ကိုတော့ ထိုသို့ ပိုက်ဆံလေးနှင့် နှစ်သိမ့်ပေး၍ မရချေ။

ယနေ့ခေတ်တွင် အမျိုးသား အများစုက အိမ်ထောင်မပြုချင်ကြဘဲ ချစ်သူရည်းစားမျှ ထားချင်ကြသည်က မထူးဆန်းလှပေ။ မိမိတို့ဘက်ကသာ စေးနှဲခြင်းမရှိ၊ ရက်ရောမည်ဆိုပါက ကျပန်း လက်ဆောင် ပေးရုံမျှဖြင့် အလွယ်တကူ ချွေးသိပ်လိုက်၍ ရသည်။ ၎င်းက အိမ်ရှိ ကျားမကြီးအား ကိုင်တွယ်ရသည်ထက် ပိုမိုလွယ်ကူသည်။

ဟင်း … အကြံကုန်တော့လည်း ဂဠုန် ဆားချက်ရုံ ရှိတော့တာပေါ့။

နောက်တစ်နေ့ နံနက်ခင်းတွင် သူတို့နှစ်ယောက်သည် ကုမ္ပဏီသို့ အတူရောက်လာခဲ့ကြသည်။ သို့ဖြစ်သည့်တိုင် လင်းရီသည် သူ၏ အချိန် အများစုကို အစည်းအဝေး ပြုလုပ်ခြင်း ၊ ချီရှန်းကျောက်နှင့် သုတေသန ဓာတ်ခွဲခန်း အတွက် ဆော့ဝဲ အသစ် တည်ဆောက်ရေးတို့ဖြင်သာ အချိန်ကုန်ဆုံးနေသည်။

သိပ္ပံပညာရှင် တစ်ဦး အနေနှင့် လင်းရီသည် နောက်ဆုံးပေါ် ခေတ်မှီနည်းပညာများကို စိတ်ဝင်တစား စူးစမ်းရှာဖွေရန် ဆန္ဒရှိ၏။ လျော့တိလျော့ရဲ ဟောက်ပက်ဖြစ်နေသည့် အုတ်မြစ်နှင့် ထပ်မြင့် အဆောက်အဦးသည် တံလျှပ်ကဲ့သို့ ဖြစ်သည်။ အခြားသူတို့က အနည်းငယ် တင်းကြပ် ကန့်သတ်လိုက်သည်နှင့် ရှေ့ဆက်တိုးရန် ခက်ခဲသွားတတ်၏။

ကနေဦးပိုင်းတွင် ငွေပုံအောပြီး သုတေသန ပြုရသော်လည်းပဲ လင်းရီ၏ အလုံးစုံကို ခြုံငုံကြည့်သည့် အမြင်နှင့် နည်းဗျူဟာ ကျသည့် အမြင်တို့က ချီရှန်းကျောက်ကိုပင် လေးစား အံ့အားသွားစေခဲ့သည်။ သူ့ ဘဝ တစ်သက်သာတွင် ယခုလို လူစားမျိုးနှင့် တွေ့ကြုံရသည်က ပထမဆုံး အကြိမ်ဖြစ်၏။

ထိုညခင်းတွင် လင်းရီသည် ကျီချင်းရန်ကို အလုပ်လာကြိုရင်း ရန်စီထံ ဖုန်းဆက်လိုက်၏။

“ ဥက္ကဌလင်း … ရှင့်မှာ နောက်ဆုံးတော့ ကျွန်မဆီ ဖုန်းဆက်ဖို့ အချိန်ရှိပြီပေါ့…”

လတ်တလောတွင် နှစ်ဦးလုံးက တော်တော်လေး အလုပ်များနေကြသည်။ ရန်စီ၏ မီဒီယာ ကုမ္ပဏီကလည်း မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး နယ်ပယ်ထဲတွင် ခိုင်မာစွာ ခြေကုပ်ယူလာနိုင်နေပြီ။

များသောအားဖြင့် နှစ်ယောက်မှာ ဝီချက်ကတစ်ဆင့် စာပို့ရင်းသာ စကားပြောလေ့ ရှိပြီး လင်းရီကတော့ သူမ၏ ပြန်စာများကို လက်မ အီမိုဂျီဖြင့်သာ တုံ့ပြန်လေ့ရှိသည်။ ရလဒ်အနေဖြင့် နှစ်ယောက်ကြားတွင် နက်နက်ရှိုင်းရှိုင်း ပြောဆိုသည့် စကားဝိုင်းတို့ မရှိသည်မှာ ကြာခဲ့လေပြီ။

“ ခုတလော အလုပ်တော်တော် ရှုပ်နေလို့လေ… အဲ့တာ ဥက္ကဌရန် ဒီည အပြင်ထွက်ပြီး သောက်ဖို့ အချိန်အားမလားလို့ပါ…”

အိမ်သို့ ပြန်ရောက်ပြီးနောက် ကျီချင်းရန်က သူ့အလုပ်သူ လုပ်နေပြီး လင်းရီနှင့် ကစားပေးရန်အတွက် အချိန်မရှိချေ။ လင်းရီလည်း သွေးသား ဆန္ဒအရ တစ်စုံတစ်ရာ ပြုချင်လာသဖြင့် ရန်စီကို တွေ့ဖို့ ဖိတ်ခေါ်ရတော့သည်။

“ ဒီနေ့တော့ မရဘူး … ဒီည နယ်ပယ်ထဲက ဒိတ်ဒိတ်ကျဲကြီးတွေအားလုံး ရှိကြမယ့် လူမှုရေးပွဲတစ်ခု တက်စရာ ရှိတယ်… ငြင်းလို့လည်း မရတော့ မနက်ဖြန်မှ လုပ်ကြလို့ မရဘူးလား…”

“ ဘယ်အချိန်လုပ်လုပ် ကိစ္စ မရှိဘူး … ဒါနဲ့ နယ်ပယ်ထဲက အဲ့ဒီ ဒိတ်ဒိတ်ကျဲကြီးတွေဆိုတာ ဘယ်သူတုန်း … တယ်လီဗေးရှင်း နယ်ပယ်ကလား…”

“ အဲ့နယ်ပယ်ကို ကျောခိုင်းခဲ့တာ ကြာပြီလေ… ဘာလို့ ပြန်သွားရမှာ..” ရန်စီ ပြောလိုက်ပြီး “ အရင် variety show တွေ ရိုက်ကူးတုန်းက ပိုက်ဆံတင်မကဘူး … အဆက်အသွယ်နဲ့ ကျော်ကြားမှုတွေပါ စုဆောင်းမိခဲ့တယ်.. တလောတုန်းကပဲ ဇာတ်ကားတစ်ကားထဲမှာ ရင်းနှီးမြုပ်နှံထားပြီး ဖျော်ဖြေရေး နယ်ပယ်ထဲက လူတွေနဲ့ စပြီး အပြန်အလှန် တုံ့ပြန်နေတယ်..”

“ မင်းက ဇာတ်ကားတွေမှာ ရင်းနှီး မြုပ်နှံနေတယ်…”

ဤသည်က စပရိုက် အသေးစားလေးဖြစ်ပြီး မည်သူက မြှောက်ပေးလိုက်သလဲ ဆိုတာကို လင်းရီ သိချင်နေမိတော့သည်။

သူမက အမျိုးသားတစ်ဦးကဲ့သို့ ကိစ္စတိုင်းကို ထင်တိုင်းကျဲတတ်သည့် စရိုက်မျိုး မရှိသည်မှာ သေချာသည်။

“ Variety show တွေ ဖန်တီးတယ်ဆိုတာ အသေးအမွှား ကိစ္စလေးရယ်… ငါက အသက်လည်း ရလာပြီ… ဒီတော့ စွန့်စားမှုတွေပဲ ပြုနေလို့ ဘယ်ဖြစ်မှာ ဟုတ်တယ်မလား… အထင်သေး နိမ့်ချခံရမယ့် အကြည့်တွေကို ရှောင်ရှားဖို့ တခြားနည်းလမ်းတစ်ခု စဉ်းစားရမယ်လေ…”

“ မင်းရဲ့ စကေးနဲ့ သက်လုံသာ အခြေအနေ မဆိုးရွားလာသေးသရွေ့တော့ ငါ့နှလုံးသားထဲမှာ မင်းက အမြဲတမ်း အကောင်းဆုံး သရုပ်ဆောင် မင်းသမီးပါပဲ…”

“ လဲသေလိုက် လဲသေလိုက် … နင့်ဘာနင်ပဲ မင်းသားလုပ်ပြီး ဖျော်ဖြေနေလိုက်…”

ရန်စီ၏ ပြစ်တင်ကြိမ်းမောင်းသည့် အသံကို ကြားတော့ လင်းရီသည် သူမ မည်မျှ နှံ့တံ့တံ့ ဖြစ်နေမည်ကို မြင်ယောင်ကြည့်နေမိ၏။

“ အိုးဟုတ်သားပဲ … ငါမေ့နေတာ … နင် ငါ့ကို ဘာပြောစရာရှိလို့ ဖုန်းဆက်လာခဲ့တာလဲ…”

“ ငါတို့ ကုမ္ပဏီက လတ်တလော ပရောဂျက် အသစ် တစ်ခုမှာ ရင်းနှီး မြုပ်နှံထားပြီးမှ ပြီးလည်း ပြီးစီးတော့မှာ… အထူးသီးသန့် အင်တာဗျူး လုပ်ပေးမယ့်သူကို ရှာနေတာ အဲ့တာ မင်းရဲ့ ကုမ္ပဏီက လုပ်ပေးနိုင်မလားလို့ပါ….”

“ ဥက္ကဌလင်းက ပြောလာမှတော့ ကျွန်မ လက်မခံနိုင်ရင်တောင် ဖြစ်မြောက်အောင် လုပ်နိုင်မယ့် လမ်းမမြင်ပါဘူး … ပြီးတော့ မစ်ရှင်ကို ထူးချွန်မှတ်တွေနဲ့ ဖြတ်သန်းနိုင်ဖို့ကလည်း ရှိသေးတယ်မလား…”

“ မင်း သိထားတာ ကောင်းတယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းရဲ့ ဒီနေ့ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး ငါမင်းကို ယွမ် သန်း ၂၀၀ တန် ပရောဂျက် တစ်ခုနဲ့ မိတ်ဆက်ပေးမယ်…”

သန်း ၂၀၀ ….

“ သန်း ၂၀၀ လေးတည်းလား .. နည်းလိုက်တာ …” ရန်စီ ပြောလိုက်ပြီး “ ဒီက အနည်းဆုံး သန်း ၁၀၀၀ လောက် လိုချင်တာ… နင် တတ်နိုင်တာ အဲ့လောက်ပဲ ဆိုရင် ဒီည ငါ့ဆီ မလာခဲ့နဲ့ .. ဒီ အစ်မက ကြည့်ကောင်းပြီး အသုံးမဝင်တဲ့ လူတွေကို စိတ်မဝင်စားဘူး ..”

“ ချီးပဲ … သိပ် အံ့ဩဖို့ ကောင်းနေတယ်ပေါ့.... ငါ တကယ်ကြီး အချိန်တစ်ခုပေးပြီး မင်းနဲ့ အချီသုံးရာလောက် တိုက်ပွဲရင်ဆိုင်ပေးမှ ရတော့မယ်နဲ့တူတယ်…”

“ ကဲပါ… လူပါး လာဝမနေနဲ့ … ခဏနေ ပွဲတက်ဖို့ အဝတ်လဲလိုက်ဦးမယ်… တစ်ခုခုလိုအပ်ရင် ခေါ်လိုက်နော်…”

“ ပြဿနာ မရှိဘူး …”

“ ပြီးတော့ နောက် သုံးလေးရက်လောက်အထိ အပြင်ထွက်ပြီး ခြေမရှုပ်နဲ့ … နင့်ရဲ့ ပရောဂျက် အကြီးကြီးတွေရော .. လုပ်ငန်း အသေးလေးတွေရော ငါနဲ့ လွှဲထားလိုက်…” ရန်စီ ဖျော့တော့စွာပြုံး၍ ပြောလိုက်သည်။

“ မင်း သေချာလား…”

“ ငါ အားလုံး လက်ခံမယ်… ငါက ဒီတိုင်း နင်ငါ့ကို တင်းတိမ်အောင် လုပ်နိုင်မလားဆိုတာ သိချင်လို့ ”

All Chapters