← Chapters

ဒေါ်လာ သန်း ၁၀၀၀ တန် စီးပွားရေး

Vol. 102 Ch. 1524

ဒေါ်လာ သန်း ၁၀၀၀ တန် စီးပွားရေး

Vol. 102 Ch. 1524

နောက်ပိုင်းတွင် လင်းရီသည် ကျီချင်းရန်ကို အလုပ်က ကြိုလာခဲ့၏။ သူမတွင် လုပ်စရာ အလုပ်တို့က များစွာ ရှိနေသော်လည်းပဲ အိမ်ရှိ ရေခဲသေတ္တာထဲတွင် ပစ္စည်းသိပ်မကျန်တော့သည်ဖြစ်ရာ စူပါမားကတ်သို့ သွား၍ အစားအသောက်တစ်ချို့ ဝယ်ရန် ဟန်ပြင်လိုက်၏။

အလုပ်က အရေးကြီးသော်လည်းပဲ ကျီချင်းရန်အဖို့ လင်းရီနှင့်အတူ ဈေးဝယ်ထွက်ရင်း ဘဝ၏ အခိုက်အတန့်ကို တွေ့ကြုံခံစားသည်က ပိုပြီး အရေးကြီးသည်။

“ ဟုတ်ပါပြီ ဟုတ်ပါပြီ … ဒီနေ့ ငါ ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ခေါက်ဆွဲထုပ်တွေ မဝယ်ဘူး … ဟင်းခတ် အမွှေးအကြိုင်လေးတွေပဲ ဝယ်မယ်..” ကျီချင်းရန် ပြောလိုက်သည်။

“ ကိုယ့် ယောက္ခမကြီးတို့ရော စားပြီးပြီလားမသိဘူး … ငါတို့လည်း ဒီရောက်လက်စနဲ့ အစားအသောက် တစ်ချို့ ဝယ်သွားပြီး မျက်နှာလုပ်ရင် မကောင်းဘူးလား…”

“ နင့်ပခုံး ဒဏ်ရာက အပြည့်အဝ သက်သာလာသေးတာ မဟုတ်ဘူး … သက်သာတော့မှ ပြော… အဲ့ခါကျ အခွင့်အရေးတွေ အများကြီး ရှိတယ်…”

“ ငါလေ နင့်ကို တကယ် အထင်ကြီးမိတယ်သိလား .. ဒီလောက်အေးတာကိုတောင်မှ တောထဲသွားပြီး အမဲလိုက်ချင်စိတ်က ရှိသေးတယ်… ကံကလည်း အတော်လေး ကောင်းချင်တော့ ဝက်၀ံမည်းနဲ့ တိုးပြီး အကုတ်ခံခဲ့ရသေးတယ် ဟုတ်လား … နင်သိပ်တော်တယ် လင်းရီ…”

“ အာ… ငါလည်း ကိုယ့်ကိုယ်ကို တော်တော်လေး ကံဆိုးတယ်လို့ ထင်တယ်…” လင်းရီ ရယ်သွမ်လိုက်၏။ “ ဒါပေမယ့် ငါ မနေ့က သတင်း တစ်ပုဒ်မှာ မြင်လိုက်ရတာ မြောက်ပိုင်းက ငါသွားခဲ့တဲ့ တောအုပ်ထဲမှာ ခရီးသွားတစ်ယောက် မန်ချူးကျားသစ် တစ်ကောင်နဲ့ ပက်ပင်းတိုးခဲ့တယ်ဆိုပဲ .. အဲ့တာမြင်တော့ ချက်ချင်းလက်ငင်း ခံစားလို့ ကောင်းသွားပြန်ရော…”

“ ဟွန့် … နင့်လို လူစားမျိုးတွေက နင်တို့ အရင်ဘဝက လုပ်ခဲ့တဲ့ အလုပ်တွေကို ဆင်ခြင်ဖို့ ကောင်းတယ် သိလား … အဲ့လောက် ရှားရှားပါးပါး ဖြစ်ရပ်နဲ့ ကြုံတွေ့တာကို ယုံတောင် မယုံကြည်နိုင်ဘူး…”

လင်းရီ ပြောစရာ စကား ကင်းမဲ့သွားရသည်။

ကြည့်ရသည်မှာ သူ့အရင်ဘဝက မကောင်းမှုတို့ တော်တော်လေး ပြုခဲ့ဟန်ပင်။

“ ဒါ ငါလုပ်ခဲ့တာတွေနဲ့ ဘာမှ မဆိုင်ဘူး … အားလုံးက မင်းကြောင့်ပဲ…”

“ ဟင်… နင် ဘာတွေ လာပြောနေတာ… ငါ့ကြောင့်ဆိုတဲ့ အပိုင်းလေးကို ငါလွတ်သွားခဲ့သလိုပဲ…”

“ ဘာကြောင့်ဆိုတော့ မင်းနဲ့ ဆုံတွေ့ဖို့ကို ကိုယ့်ရဲ့ ကံကောင်းမှုတွေ အကုန်လုံး သုံးလိုက်ရလို့လေ… ဒီဘဝတင် မကဘူး … နောက်ဘဝအထိပါ ကံဆိုးနေမယ့်ကိန်းရှိတယ်…”

လင်းရီ၏ ရုတ်ချည်း ရိသဲ့သဲ့ လာလုပ်သည့် စကားများကို ကျီချင်းရန် အချိန်မီ မတုံ့ပြန်နိုင်လိုက်ချေ။ သူမ၏ မျက်နှာတစ်ပြင်လုံး ရှက်သွေးဖြန်းသွားခဲ့တော့၏။

“ အချိုလေးတွေ ပြောရမယ်ဆိုရင်တော့ နှစ်ယောက်မရှိဘူး …”

“ ဒါဆို ညအိပ်တဲ့ အချိန်ကျရင်ရော အတူတူပဲ မဟုတ်လား… ကိုယ်က ပန်းသီးချဉ်ရိုင်းလေးကို အပေါ်ကနေ ဖိထားတဲ့ ပန်းသစ်တော်လေးလိုလေ… ဘယ်သူကမှ ကိုယ်နဲ့ မယှဉ်နိုင်ဘူး …”

“ နင်သေချင်လည်း တိတ်တိတ်လေးပဲသေ… ဒီနေရာက စူပါမားကတ်… နင် ပေါက်ကရတွေ လျှောက်မပြောနဲ့…”

“ ကိုယ် ဘာမှားတာတွေ ပြောမိလို့ … ကိုယ်တို့နှစ်ယောက်က စုံတွဲတွေပဲဟာ အဲ့အပြင်လူတွေကို အတင်းတုပ်နိုင်မယ့် အခွင့်အရေး ပေးသင့်တာ မဟုတ်ဘူးလား…”

လင်းရီ ပြောလိုက်ပြီး “ သူတို့ ယောက်ျားတွေသာ ကိုယ့်လို စကေးနဲ့ နည်းစနစ်တွေရှိလို့ကတော့ ညသန်းခေါင် အိပ်နေရင်းတောင် ပြုံးရယ်နေကြလိမ့်ဦးမယ်… မင်းသာ ကိုယ့်ကိုယ် တန်ဖိုးထားရကောင်းမှန်းမသိတာ… ဟင်း … ဘယ်လို ဖြုန်းတီးလိုက်လဲ…”

“ သွားသွားသွား … ဒီလာပြီး မဟုတ်တာတွေ လျှောက်ပြောမနေနဲ့….”

ကျီချင်းရန်သည် လင်းရီကို အလျင်အမြန် ဆွဲခေါ်သွားပြီး စူပါမားကတ်ထဲက ပစ္စည်းများအား ဆက်လက်ရွေးချယ်သည်။ အနီးအနားရှိ လမ်းဘေးဆိုင်တွင် စားကောင်းသည့်အရာ တစ်ခုခု ဝယ်စားပြီး ည ၇ နာရီထိုးတော့ အိမ်ရောက်လာခဲ့ကြ၏။

အိမ်သို့ ပြန်ရောက်လာပြီးနောက် ကျီချင်းရန်က လင်းရီ၏ ပခုံးကို ဆေးထည့်ပေးသည်။ သက်သာ ပျောက်ကင်းလုနီးပါး ဖြစ်သော်လည်းပဲ တချို့ နေရာအစိတ်အပိုင်းတို့က သွေးစိမ့်ထွက်နေဆဲ ဖြစ်၏။ သို့သော် ကျီချင်းရန်မှာ နေသားကျသွားခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူမ၏ လက်များက တုန်ယင်မနေတော့ချေ။

“ ကုမ္ပဏီက ခုတလော အလုပ်များနေလား…” ဆေးလိမ်းပေးရင်း ကျီချင်းရန် မေးလိုက်သ်ည။

“ သိပ် မများပါဘူး … ဘာလို့ …”

“ နင် ခုတလော ငူငူငိုင်ငိုင် ဖြစ်နေတာ တွေ့မိလို့လေ… အဲ့တာ နင် ဖိအား တစ်ချို့ ရှိနေလို့ မဟုတ်ဘူးလား…”

“ မင်းမြင်တယ်ပေါ့ …”

“ ဒါပေါ့ မြင်တာပေါ့…”

“ အင်း …. ကုမ္ပဏီက ဓာတ်ခွဲခန်းအတွက် ဆော့ဝဲအသစ် တစ်ချို့ တည်ဆောက်မလို့လေ… အဲ့ကိစ္စတွေ တွေးနေတာပါ…”

“ နင် အလျင်မလိုလည်း ရပါတယ် … ကိုယ့်စိတ်ကိုယ်လည်း ကောင်းကောင်း အနားပေးမှ… ပိုက်ဆံဆိုတာ တစ်နေ့တည်း ရှာရတာ မဟုတ်ဘူး …”

“ ကောင်းပြီလေ… မင်းပြောတာ နားထောင်မယ်…”

“ လိမ္မာလိုက်တာ … မွ….”

လင်းရီ၏ ပါးထက်တွင် နှုတ်ခမ်းနီရာ တစ်ခု ချန်ရစ်ပြီးနောက် ကျီချင်းရန်သည် ပိုးသတ်ဆေးနှင့် ပိတ်ကျဲကို အဝေးသို့ ပြန်ထားလိုက်သ်ည။

“ နင့်ဘာနင် တစ်ခုခု ကစားနေလိုက်တော့ … ငါ အလုပ်သွားလုပ်တော့မယ်…”

“ အိုကေ…”

ကျီချင်းရန် ထွက်ခွာသွားပြီးနောက် လင်းရီသည် ဖိနပ်စီး၍ ခြံထဲထွက်လာခဲ့လိုက်သည်။

ဟိုး အဝေး ကောင်းကင်ယံရှိ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် ကြယ်ကလေးများအား ငေးရင်း စိတ်အေးချမ်းဖွယ်ဖြစ်သော်လည်း လင်းရီ၏ စိတ်ဘဝင်မှာ မငြိမ်းအေးနိုင်ခဲ့ချေ။

အဆုံးတွင် ဝမ်မိသားစုဟူသော နှောင်ထုံးက မပျောက်ကွယ်သေးသည့်အပြင် ကျုံးဝေ့တပ်ဖွဲ့သည်လည်း ထင်မထားလောက်အောင် တည်ငြိမ်နေသည်။ သူတို့၏ လှုပ်ရှားမှု တစ်ခုစီတိုင်းက အစီအစဉ်တကျ ဖြစ်နေပြီး ကောင်းသည့်အရာ တစ်ခုဟု ထင်မှတ်ရသော်လည်းပဲ တည်ငြိမ်လွန်းလှ၏။

လှိုင်းမရှိသည့် ပင်လယ်ဟူ၍ မရှိ။ ကြပ်ခွပ်မထသည့် ကန်ဟူ၍ မရှိ။ လေတိုက်မခံရသည့် သစ်ကိုင်းဟူ၍ မရှိ။ ဝမ်မိသားစုသည်လည်း ၎င်းတို့၏ အလံနှင့် စည်များကို လက်လျော့လိုက်လိမ့်မည် မဟုတ်ချေ။ တစ်ချိန်မဟုတ် တစ်ချိန် စစ်စည်ကို တီးခတ်လာနိုင်သည်။

ဝမ်မိသားစုက ရန်ကျင်း၌ နှစ်ပေါင်းများစွာ ကြာအောင် နံပါတ်တစ် မိသားစုကြီး ဖြစ်ခဲ့သည်က မထူးဆန်းတော့ချေ။ သူတို့က အမှန်ပင် အစွမ်းအစရှိလှ၏။ မဟုတ်ပါက လင်းရီသည် ၎င်းတို့၏ အစီအစဉ်များကို ထွင်းဖောက် မြင်နိုင်ပြီး ဖြစ်သည်။

ဗီလာ ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင် ကျီချင်းရန်သည် ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး လင်းရီကို ငုံကြည့်နေသည်။ အမျိုးအမည် မသိရသော အကြောင်းပြချက် တစ်ချို့ကြောင့် သူမ၏ရင်ထဲ ဆစ်ခနဲ နာကျင်လိုက်ရသည်။

သူက စီးပွားရေး ကိစ္စများ တွေးတောနေသည်ကို သူမ သိသည်။ သို့သော် သူမ တတ်နိုင်သည်ကား မရှိချေ။ မိမိကိုယ်ကိုယ် အပြစ်မတင်ဘဲ မနေနိုင်ချေ။

ကလင် ကလင် ကလင် …

လင်းရီ ထိုအကြောင်း ကိစ္စများ တွေးတောနေစဉ် အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။ ရန်စီက ဖုန်းခေါ်လာခဲ့ခြင်းပင်။

နာရီကို တစ်ချက်ကြည့်လိုက်တော့ ည ရှစ်နာရီပင် ကျော်နေချေပြီ။ အချိန်က စီးပွားရေး ကိစ္စများ ဆွေးနွေးလို့ ကောင်းသည့် အချိန်ပင် ဖြစ်သည်။

‘ တိုက်ဆိုင်ချင်တော့ ငါလည်း ခုတလော ပြဿနာတွေ့နေတာနဲ့ အတော်ပဲ … ဒီအခွင့်အရးကို အသုံးချပြီး စိုးရိမ်မှုတွေအားလုံး ဖြေလျော့ပစ်ရမယ်…’

“ ဒီ အချိန်ကြီး ဖုန်းခေါ်လာတယ်ဆိုတဲ့ ယွမ် သန်း ၁၀၀၀ တန်တဲ့ ပရောဂျက်‌တွေ အကြောင်း ဆွေးနွေးချင်လို့လား…”

“ အဲ့ ကိစ္စတွေက အရေးမကြီးဘူး…. ဒီခု ငါ နည်းနည်း‌‌ မူးနေတယ်… နင် လာကြိုပေးနိုင်လား …”

ရန်စီ၏ မောဟိုက်ရီ‌ဝေနေသည့် အသံကို ကြားတော့ လင်းရီ၏ အမူအရာသည် ချက်ချင်း လေးနက်လာခဲ့တော့၏။

“ မင်းဘယ်ရောက်နေတာ… ငါ အခု လာခဲ့မယ်…”

“ စတားပါရီ ဟိုတယ်မှာ… နင် ရောက်ရင် ဖုန်းခေါ်လိုက်…”

“ အိုကေ …”

ဖုန်းချပြီးနောက် လင်းရီသည် ဗီလာထဲသို့ ပြန်ဝင်၍ ရန်စီကို သွားကြိုရန် အဝတ်စား လဲလိုက်သည်။

တစ်ချိန်တည်းတွင် လင်းရီ၏ ဖုန်းပြောသံကို ကြားပြီးနောက် ကျီချင်းရန်သည် အပေါ်ထပ် စာကြည့်ခန်းမှ ဆင်းလာသည်။

“ နင် အပြင်သွားမလို့လား…”

“ စီးပွားရေး ပါတနာတစ်ယောက်နဲ့ တွေ့မလို့ … မင်းရော လိုက်ခဲ့ဦးမလား…”

လင်းရီက သဘောထားကြီးမြတ်လှ၏။ သို့ပေမယ့် သူ မကြောက်ဟု မဆိုလိုပေ။ ပြောလိုက်ရသည့် အကြောင်းအရင်းက သူပိုင်သောကြောင့်ဖြစ်သည်။ ကျီချင်းရန်တွင် လုပ်စရာ အလုပ်တို့က မနည်းမနော ရှိပြီး သူနှင့် စကားပြောရန်ပင် အချိန် မရှိပေ။ သူနှင့် အတူ လိုက်ရန် အဘယ်၌ အချိန်ရှိလိမ့်မည်နည်း။

“ မလိုက်တော့ပါဘူး … လမ်းမှာ ဂရုစိုက်ပြီးလည်း မောင်းဦး … မသောက်နဲ့ ….”

လင်းရီ ဖုန်းထဲတွင် ပြောသွားသည်က ယွမ် သန်း ၁၀၀၀ တန် ပရောဂျက် တစ်ခုအကြောင်း ဆွေးနွေးချင်သည်ဟူ၍ပင်။ ပမာဏက အသေးအမွှား မဟုတ်သော်လည်းပဲ လင်းရီ၏ အစွမ်းအစ တစ်ခုတည်းဖြင့် ကိုင်တွယ်နိုင်လိမ့်မည်လို့ သူမ ယုံကြည်သည်။ နောက်က လိုက်ပါပေးဖို့ မလိုအပ်ချေ။

“ ဒါဆို ငါ သွားတော့မယ်… ခဏဆို ပြန်လာခဲ့မယ်…”

“ အွန်း… သွား …”

အဝတ်လဲပြီးနောက် လင်းရီသည် ကျိုကျုံးဗီလာထဲက ထွက်လာခဲ့သည်။

မိနစ် လေးဆယ်အတွင်းမှာပဲ ကျိုးဟိုင် စတားပါရီ ဟိုတယ်သို့ ရောက်ရှိလာသည်။

ကားပါကင် ထိုးပြီးနောက် ဟိုတယ်၏ ခန်းမထဲသို့ ဝင်လာပြီး သူ ရောက်ပြီ ဖြစ်ကြောင်းကို ရန်စီထံ ဖုန်းဆက် အကြောင်းကြားလိုက်သည်။

…………

စတားပါရီ ဟိုတယ်၊ အခန်း ၁၇၀၄။

သီးသန့်ခန်းက အလွန်အင်မတန် ကျယ်ဝန်းလှပြီး အနည်းဆုံး ၂၀၀ စတုရန်း မီတာလောက်ရှိ၏။

အတွင်းပိုင်း အပြင်အဆင်က ဟွာရှန့် စတိုင် ဖြစ်ပြီး ခြင်္သေ့ရုပ် ၊ နဂါးရုပ်၊ အနီရောင် ကာလာတို့ဖြင့် အလှဆင်ထားသည်။ အနီရောင် ဖီးနစ်ကလည်း အတောင်ကို ဖြန့်ကျက်ထားပြီး တော်ဝင်ခန်း တစ်ခုနှင့်ပင် ဆင်တူနေသည်။

ဤနေရာရှိ အစားအသောက်တို့၏ အရသာကို ဘေးချိတ်ထားလျှင်ပင် အပြင်အဆင် တစ်ခုတည်းနှင့် နေရာကို ကြည့်ကောင်းစေဖို့ လုံလောက်နေပြီး ဖြစ်၏။

သီးသန့်ခန်းထဲတွင် ဧရာမ စားပွဲဝိုင်းကြီး တစ်ခု ရှိသည်။ အမျိုးသားနှင့် အမျိုးသမီး ဆယ်ယောက်ကျော်တို့က အသီးသီး ထိုင်နေသည်။

အမျိုးသားများက အနောက်တိုင်း ဝတ်စုံနှင့် ရှူးဖိနပ်ကို ဝတ်ဆင်ထားပြီး အထက်တန်းဆန်သည့် အရှိန်အဝါတို့အား ထုတ်လွှတ်နေလျက် ရှိသည်။ သူတို့အားလုံးက ရှဲ့ကွမ်းခွန်၏ ဆံပင်ကေနှင့် ဖြစ်ကြ၏။

နှိုင်းယှဉ်ကြည့်မည် ဆိုပါက အမျိုးသမီး သုံးယောက်က သာ၍ လှနေသည်။

အထူးသဖြင့် ရန်စီသည် ဝိုင်နီရောင် ဝတ်စုံနှင့် အသားရောင် စတော်ကင်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ကတ်ရှ်မီးယား ကုတ်ကို အပေါ်က ထပ်ထားသည်။ သူမက သူမကိုယ်သူမ အတတ်နိုင်ဆုံး နွေးနွေးထွေးထွေး ရှိအောင် ဝတ်စားထားသည့်ပုံ ပေါ်သည်။

ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာက အနည်းငယ် နီစွေးနေပြီး အများအပြား သောက်ထားသည်မှာ သိသာလှကာ သူမ၏ လစ်မစ်ရောက်နေပြီ ဖြစ်၏။

“ အားလုံးပဲ … စိတ်မရှိကြပါနဲ့ … ကျွန်မ ချစ်သူက လာကြိုတော့မှာဆိုတော့ ဒီနေ့တော့ ဒီလောက်ပဲပေါ့ … နောက်တစ်နေ့ကျမှ အားလုံးကို ဧည့်ခံပြီး အတူ စုဝေးကြတာပေါ့…”

All Chapters